People's Voices

People's Voices People's Voices(PV) come back!!!

“အာဏာရှင်အဆုံးသတ်နိဂုံး(EOD)”- People’s Voices (EOD058) အဖြစ် ဂုဏ်ယူစွာ တာဝန်ထမ်းဆောင်ပါမည်။- ပထမဆုံး အနေနဲ့ မင်းအောင်လှ...
05/05/2022

“အာဏာရှင်အဆုံးသတ်နိဂုံး(EOD)”

- People’s Voices (EOD058) အဖြစ် ဂုဏ်ယူစွာ တာဝန်ထမ်းဆောင်ပါမည်။

- ပထမဆုံး အနေနဲ့ မင်းအောင်လှိုင်ရဲ့ အင်လျားလမ်း၊ ခြံအမှတ်(၁၄) ကို ရောင်းချမှာဖြစ်ပါတယ်။

- USD 100 ကနေစပြီး ဝယ်လို့ရမှာပါရှင့်။ (PV ကနေပြီး ဝယ်မယ်ဆိုရင် 1 USD ကို ကျပ် ၂၂၀၀ ကျသင့်မှာ ဖြစ်ပါတယ်)

- လက်ရှိ ခြံတန်ဖိုးရဲ့ ၃ ပုံ၊ ၁ ပုံစာသာ ရောင်းချမှာ ဖြစ်တဲ့အတွက် share ဝယ်ယူသူသည် အမြတ်အစွန်းရရှိဖို့ သေချာသလောက်ရှိပြီးသားမို့ ရေရှည်တွက် ရင်းနှီးမြှုပ်နှံထားသင့်ပါတယ်။

- bond နဲ့ မတူတဲ့ ကွာခြားချက်အနေနဲ့က bond က USD 100 ဝယ်ရင်၊ နောက်ပိုင်း ပြန်ထုတ်ရင် ၁၀၀ ပဲ ပြန်ရမှာပါ။ EOD share တွေကတော့ နောက်ပိုင်း ရောင်းချလို့ မြတ်ရင် မြတ်သလို အမြတ်စွန်း ပြန်ရမှာဖြစ်ပါတယ်ရှင့်။

- ပြည်တွင်း၊ ပြည်ပ currency မျိုးစုံတဲ့ ညီမတို့ PV ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်ရှင့်။

- ကံတရားက page reach ချထားလည်း အစွမ်းရှိငလောက်ကြိုးစားပြီး ပေးအပ်တဲ့ တာဝန်ကို ကျေအောင် ထမ်းဆောင်မှာ ဖြစ်ပါတယ်ရှင့်။

- စရောင်းမယ့်နေ့ ထပ်ကြော်ငြာပေးပါမယ်နော်ရှင့်။

- အင်းလျားလမ်းမှာ ခြံဝယ်ဖို့ R U Ready??????

People's Voices

05/05/2022

“ရန်ကုန် UG တွက် တရက်စာ အလှူငွေ ကျပ် ၁၅ သိန်း နီးပါးရရှိ”

Post reach ကျနေပြီး
တမနက်စာ အလှူငွေ ၃၁၀၀၀ ပဲ ရသေးတယ်လို့
တင်လိုက်ပြီးနောက်ပိုင်း
ပြည်တွင်း/ပြည်ပ အလှူငွေ
စုစုပေါင်း ၁၅ သိန်း နီးပါး တက်လာခဲ့ပါတယ်။

ဒီနှုန်းတိုင်းဆိုရင် ၃ ရက်စာကို
ကျပ်သိန်း ၅၀ လောက် မျှော်လင့်လို့ ရမလားရှင့်။

အရင်ဆို campaign တခုကို
သိန်း ၁၀၀ နီးပါးရလေ့ရှိပါတယ်။
အခုတဝက်စာလေးပဲ မျှော်မိတာပါရှင့်။
(Campaign တခုကို သိန်း ၂၀ တောင် မကျော်တော့တဲ့ထိ ဖြစ်နေခဲ့ရလို့ပါရှင့်။ စိတ်ဓာတ်တောင် ကျမိပါတယ်)

အဖက်ဖက်က ပိတ်ဆို့ခံနေရလည်း
ပြည်သူတွေအားနဲ့ တွန်းတဲ့ ဒီတော်လှန်ရေးက
ညီမတို့ မြေအောက် UG တွေကို
စိတ်မပျက်စေဘူးလို့ ယုံကြည်ပါတယ်။

ပြည်သူအားလုံး ဆက်တွန်းပေးကြပါနော်

အရေးတော်ပုံအောင်ရမည်။

People's Voices

“ကျပ် ၁၀၀၀ မှစ ကြိုက်သလောက်ကူ”(၅.၅.၂၀၂၂ မှ ၈.၅.၂၀၂၂ ထိ)- ရန်ကုန် Special Task Force(STF/PDF) ထောက်ပို့တပ်သားလေး ပြန်လာပါ...
05/05/2022

“ကျပ် ၁၀၀၀ မှစ ကြိုက်သလောက်ကူ”
(၅.၅.၂၀၂၂ မှ ၈.၅.၂၀၂၂ ထိ)

- ရန်ကုန် Special Task Force(STF/PDF) ထောက်ပို့တပ်သားလေး ပြန်လာပါပြီ။

- ရန်ကုန်ဟာ သွေးမအေးကြောင်း ကျုပ်တို့ပျောက်ကြားရဲဘော်တွေကို သက်သေပြလိုက်ကြရအောင်ပါ။

- တဖြည်းဖြည်းနည်းလာတဲ့ အလှူငွေတွေကြားတောင့်ခံရင်း ရန်ကုန်ဟာ ဆက်ချီတက်နေပါတယ်။

- တယောက် တလက်ဝိုင်းလို့ကူရင်း ပန်းတိုင်ကို အရောက်သွားကြပါစို့နော်။

- ငွေလွှဲမည့် ပမာဏနှင့် လွှဲမယ့် ဘဏ်လေး PV page messenger မှာ ရေးပေးထားပါနော်ရှင့်။

- တဦးချင်းဆီကို စီစစ်ပြီး ပြန်လည်ဖြေကြားပေးမှာဖြစ်တဲ့အတွက် reply ကြာရင် သည်းခံပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ရှင့်။

- အမှတ်တရသိမ်းထားဖို့ certificate များလည်း ထုတ်ပေးမှာ ဖြစ်ပါတယ်ရှင့်။

People's Voices

“PV ရဲ့ စတုတ္ထမြောက် နွေဦး baby”- PV မှာ ထောက်ပံ့နေတဲ့ PDF များ၊ CDMer များ ကလေးမွေးလို့ အခက်ခဲရှိတိုင်း ကူပေးခဲ့တာ ဒါဆိ...
04/14/2022

“PV ရဲ့ စတုတ္ထမြောက် နွေဦး baby”

- PV မှာ ထောက်ပံ့နေတဲ့ PDF များ၊ CDMer များ ကလေးမွေးလို့ အခက်ခဲရှိတိုင်း ကူပေးခဲ့တာ ဒါဆို ၄ ယောက်မြောက်ရှိပါပြီရှင့်။

- တလရတွင်း တလရသမားများ အခက်ခဲရှိပါက အကုန်လုံးတွက် မကူညီနိုင်ဘူးဆိုပေမယ့် PV နဲ့ လက်လှန်းမှီသလောက်တော့ နိုင်သလောက်ကူပါတယ်။

- PV member (ရွာသားများ) ရဲ့ လစဉ်ထောက်ပံ့ငွေထဲမှ ကျပ် ၅ သိန်း ကူပေးခဲ့တဲ့ နွေဦးbaby လေးဖြစ်ပါတယ်။

- ကဲ… အနာဂတ်ရဲ့ ကလေးငယ်တွေတွက် ဘယ်တော့မှ၊ ဘယ်သူမှ အာဏာမသိမ်းရဲတဲ့ နိုင်ငံလေး အမွေပေးနိုင်ဖို့ ညီမတို့တွေ ဆက်တော်လှန်ကြရအောင်ပါ။

ဒို့ရွာသားတွေ ညီရဲ့လားဟေ့ ✊🏻✊🏻✊🏻

People's Voices

“ချစ်သောမြို့တွက် ဂုဏ်ယူလျက် (သို့) ရန်ကုန်”- ရန်ကုန်ဟာ သွေးမအေးဘူး။-ရန်ကုန်ဟာ သွေးမကြောင်ဘူး။- တော်လှန်နေဆဲ၊ တော်လှန်နေ...
04/13/2022

“ချစ်သောမြို့တွက် ဂုဏ်ယူလျက် (သို့) ရန်ကုန်”

- ရန်ကုန်ဟာ သွေးမအေးဘူး။

-ရန်ကုန်ဟာ သွေးမကြောင်ဘူး။

- တော်လှန်နေဆဲ၊ တော်လှန်နေလျက်။

- ရန်ကုန် Special Task Force (STF/PDF) အနေနဲ့ အန္တရာယ်ကြားထဲ အသက်ကိုပေးဖို့ ဆုံးဖြတ်ခဲ့တာ နောင်တ မရစေတဲ့မြို့။

- တူးပို့သံ ကြားရရင် ငိုမိမယ်လို့တွေးခဲ့သမျှ ပြောက်ကြားရဲဘော်တွေကို မငိုစေတဲ့မြို့။

- ချစ်တယ် ရန်ကုန်ရေ….

- ကျုပ်တို့ရဲဘော်တွေ ဆက်တော်လှန်မယ်။ ခင်များတွက် ကျုပ်တို့ ကာကွယ်မယ်။

- ကျုပ်တို့ မြို့ရဲ့ သင်္ကြန် နောင်နှစ်မှာ ကျုပ်တို့ ပြန်ပေးနိုင်အောင် ကြိုးစားပါမယ် ရန်ကုန်ရေ။

- အားတင်းထားပါ။

- ကျေးဇူးတင်တယ်။

- ချစ်တယ် ရန်ကုန်။

ရှင်အေးဘုံ**

People's Voices

Photo credit 🙏🏻

04/10/2022

ပြောခဲ့ပါတယ်…
ပျံလွှားတွေ ငြိမ်နေတာမဟုတ်ကြောင်းနဲ့ အားကုန်ပျံတက်မှာမို့ အင်အားစုနေတာမို့ ရန်ကုန်ကို ဝန်းရံပေးပါဖို့ လိုကြောင်း။

ကဲ…
“နန်းထိုက်အောင်”စစ်ဆင်ရေးနဲ့အတူ ပျံလွှားတွေ ပြန်လာကြပြီနော်။

စိုးဝင်းနဲ့ မင်းအောင်လှိုင်တို့ နေအိမ်ဝန်းအနီး အစောင့်ဂိတ်တဲကို ပစ်ခတ်ရာ စခ ဘယ်နှကောင် ဘာဖြစ် မသိရသေးကြောင်း။

ရန်ကုန်သင်္ကြန်ကဲမယ့် သူတွေ ပျံလွှားတွေကိုငဲ့ပြီး အိမ်ထဲမှာသာ နေသင့်ကြောင်း PV မှ အကြံပြုပါရစေ။

ကပွဲတွေ ရှယ်ကြမ်းတော့မှာ သိကြပါတော့။

စွပုနဲ့ ဇော်မဲလုံးတို့လည်း မမေ့ပါနဲ့
“ကျုပ်တို့အားလုံး ကိုမောင်ကျော်တွေကြီးပဲ”

People's Voices

04/07/2022

“တော်လှန်သင်္ကြန်ဆင်နွှဲရန်”

(အေးဘုံရေ ပြည်သူတွေကို တော်လှန်သင်္ကြန်ဆင်နွှဲဖို့ ဆော်ဩပါဦး)

- ဘာပြောရမလဲ။ ဘယ်လိုပြောရမလဲ။

- ညီမတို့ နိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတရားသတ်ဖြတ်ခံရတာတွေ၊ မတရား ဖမ်းဆီးထိန်းသိမ်းခံရတာတွေ အများကြီးဆိုမှ အများကြီး(မနေ့ကတင် ထောက်ပို့ထဲက ကိုခေါခေါတို့ ပါသွားပြန်ပြီ)

- ထောက်ပို့ငွေ ရှားပါးလာတာနဲ့ အမျှ အလှူခံရင်လည်း တဝက်လောက်ပဲရလာတော့တဲ့ အနေထား။

- ပြည်သူတွေ တော်လှန်ရေးကို အားမရော့ဖို့ နည်းမျိုးစုံ နဲ့ တိုက်တွန်းနေရဆဲပါ။

- ဒီကြားထဲ မြို့ပြကြီးက ရေပေါ်ဆီတသိုက်ကို ကျေးရွာတွေ မီးရှို့ဖျက်ဆီး ခံနေရတာတွေ တင်ပြပါတယ်။
မနာတတ်ကြသေးပါဘူး။

- အရာအားလုံး နိုင်ရင်တောင် ပုံမှန်ပြန်မဖြစ်တော့မယ့် ဘဝတွေ ကြား ပျော်နိုင်ရက်သူတွေကို ပြောစရာ စကားလုံးမဲ့နေပါပြီ။

- နိုင်ငံရေး ရေချိန်ကွာတယ်။ မပျော်ရတာ ကြာနေလေပြီ။

- အင်းပေါ့။ ပြည်သူတွေလေနော်။ ပျော်ကြပါစေပေါ့။

- တလရထဲ ကျုပ်တို့ ဆန္ဒ၊ ကျုပ်တို့ရွေးချယ်ခွင့်နဲ့ ကျုပ်တို့ ပါခဲ့ပြီးပြီပဲ။ မပါတဲ့သူတွေလည်း သူတို့ ရွေးချယ်ခွင့်ပေါ့။ (တရားမျှတ လွတ်လပ်ခြင်းနဲ့ မသွေ)

- အင်းပါ။

- ကျဆုံးရဲဘော်တွေရဲ့ သွေးနဲ့ ပက်မယ့် သင်္ကြန်၊

- အိမ်ပြန်မလာနိုင်သေးတဲ့ သားသမီးတွေတွက် မိဘတွေ ကျတဲ့ မျက်ရည်တွေနဲ့ ပက်မယ့်သင်္ကြန်၊

- ကျုပ်တို့တွေ အထီးကျန်လွန်းလို့ အော်မြည်သံတွေနဲ့ DJ တီးပြီး “က” ပြီး ပျော်ရက်နိုင်ကြမယ့် သင်္ကြန်၊

- GenZ တွေပါ auto Gen Lee ဖြစ်မယ့် သင်္ကြန်။

- ပျော်နိုင်ရက်သူတွေ ပျော်ကြလိမ့်ဦးမှာမို့ ပျော်ကြပါစေ။

- မပျော်နိုင်သူတွေ နာတတ်ကြသူတွေ အသည်းနှလုံးရှိတဲ့သူတွေတွက်တော့ တော်လှန်သင်္ကြန်ဖြစ်မှာပါလေ။

- တော်လှန်ရေး ရေချိန်မြှင့်ဖို့ တော်လှန်ရေး တပ်သားတွေမှာသာ တာဝန်ရှိပြီး၊ ပြည်သူတွေရဲ့ ဆန္ဒတွက် ဘာနဲ့မှ မိုးပြီး မချုပ်ကိုင်ချင်တာမို့ ပြည်သူတွေ ပျော်ကြပါစေတော့။

- မြို့ပြပျောက်ကြား mission တွေတွက်လည်း ပြည်သူတွေကို မထိခိုက်စေပဲ ပျော်နိုင်အောင်စီစဉ်ပေးပါလို့ပဲ PV ကနေ မေတ္တာရပ်ခံပေးပါရစေ။

- ပြည်သူတွေဟာ ပြည်သူတွေပေးမို့ ကျုပ်တို့ပဲ နားလည်ပေးလိုက်ကြရအောင်ပါ ညီအကိုတို့ 🙏🏻

ရှင်အေးဘုံ**

People's Voices

“ခေတ်သစ် နည်းပညာဖြင့် တော်လှန်ခြင်း”မင်္ဂလာပါရှင့်🙏🏻PV admin ဖြစ်တဲ့ ညီမ ရှင်အေးဘုံရဲ့ Revolution Profile ကို NFT အနေနဲ့...
04/03/2022

“ခေတ်သစ် နည်းပညာဖြင့် တော်လှန်ခြင်း”

မင်္ဂလာပါရှင့်🙏🏻

PV admin ဖြစ်တဲ့ ညီမ ရှင်အေးဘုံရဲ့ Revolution Profile ကို NFT အနေနဲ့ လေလံတင် ရောင်းချထားပါတယ်ရှင့်။

လေလံတင် ရရှိငွေ အားလုံးကို စစ်ကိုင်းတိုင်းအတွင်းသို့ ပေးပို့လှူဒါန်းသွားမှာဖြစ်တဲ့ အတွက် NFT စုဆောင်းရင်း တလရတွင်း ပါဝင်အားဖြည့်နိုင်ပါပြီရှင့်🙏🏻

ရှင်အေးဘုံ**

People's Voices

လေလံဝင်ဆွဲနိုင်ရန် link;

https://opensea.io/assets/0x495f947276749ce646f68ac8c248420045cb7b5e/114402004147364287913249989278503637440122493009406062086130027015039474466817/

“ပြည်သူကို မျက်နှာမူပါ”- ဒီမိုကရေစီတွက် တိုက်ပွဲဝင်နေချိန် လူထုအသံကို နားစွင့်ပြီး တော်လှန်ရေးတပ်သားတွေနဲ့ ရင်ဘတ်ခြင်းနီ...
03/31/2022

“ပြည်သူကို မျက်နှာမူပါ”

- ဒီမိုကရေစီတွက် တိုက်ပွဲဝင်နေချိန် လူထုအသံကို နားစွင့်ပြီး တော်လှန်ရေးတပ်သားတွေနဲ့ ရင်ဘတ်ခြင်းနီးစေချင်တယ်။

- တိုက်နေတာက ဒီမိုကရေစီတွက်၊ လုပ်နေတာကျတော့ အာဏာရှင်ဖြစ်လို့မရပါဘူး။ ကင်မရာတောင်ငှါးပြီး ဖြစ်သလိုရိုက်တာတို့၊ လိုအပ်လို့ရသလို လုပ်တာတို့။ ဘယ်နေရာမှာ ဝင်မကူပဲ လလလလ ဝေဘင်ဖို့ပဲ တတ်တယ်တို့။

- ပြည်သူတွေကို ခုထိ နားမလည်သေးတာလားဗျာ။ လိုအပ်လို့ ရိုက်တယ်ဆိုလည်း ရိုက်ပါ။ PVTV ကဆိုလည်း အဆင်ပြေတယ်။ တိုက်ပွဲ အလည်ရောက်နေတဲ့ ကာကွယ်ရေးကတော့ ဖြစ်သင့်ပါသလား။

- ဒါမှမဟုတ် ပြည်သူတွေ ပြောနေတဲ့ တောင်းဆိုနေတဲ့ သတင်းနှင့် ပြန်ကြားရေးဌာနလေး ဖြစ်ဖြစ် စီစဉ်ပြီး လုပ်သင့်တယ် ထင်တာပါပဲ။

- ကာကွယ်ရေးအစိုးရပီပီ uniform ဝတ်ပြီး လန ကိုင်ရတော့မယ့် အချိန်ရောက်နေပါပြီဗျာ။

- လှေသမား ကျွဲကျောင်း။

- အလှူငွေတွေနဲ့ ရိုက်လို့ ဆူနေတာမဟုတ်ကြောင်းနဲ့ တိုက်ပွဲ အလည်မှာ ရောက်နေချိန် ကာကွယ်ရေးဟာ ရုပ်ရှင်ရိုက်နေလို့ ပြောနေရတာသာ ဖြစ်ကြောင်းလေးလည်း ထပ်လောင်း ပြောပါရစေ။

- ပြည်သူတွေကို ခုထိ နားမလည်သေးရင် ပြည်သူ့အစိုးရဆိုတာ ဘယ်လိုဖြစ်နိုင်မလဲနော်။

- ပြည်သူတွေ ဝေဘင်ရင် စဆရက လား။ မင်းဘာလုပ်လည်းလို့ တဖက်ပိတ်လော်ဘီတွေက ပြောကြဦးမယ်။

- အဖက်ဖက်က ဖိနှိပ်ခံနေရတဲ့ ပြည်သူတွေကိုလည်း သနားကြပါ။

- ပြည်သူတွေကို မျက်နှာမူပါ။

- တော်လှန်ရေး ရဲဘော်တွေနဲ့ ရင်ဘတ်ချင်း နီးနိုင်ပါစေ။

ရှင်အေးဘုံ**

People's Voices

Photo credit 🙏🏻

“ရေပေါ်ဆီတွေကြား သွေးမအေးတဲ့ရန်ကုန်”“ကျပ် ၁၀၀၀ မှ စပြီး ကြိုက်သလောက်လှူ campaign ထပ်တိုးရက် ကြော်ငြာခြင်း”မင်္ဂလာပါရှင့်...
03/27/2022

“ရေပေါ်ဆီတွေကြား သွေးမအေးတဲ့ရန်ကုန်”

“ကျပ် ၁၀၀၀ မှ စပြီး ကြိုက်သလောက်လှူ campaign ထပ်တိုးရက် ကြော်ငြာခြင်း”

မင်္ဂလာပါရှင့် 🙏🏻

- မူလ (23.3.2022 ~ 25.3.2022) ထိ သတ်မှတ်ထားသော်လည်း (27/28.3.2022) ထပ်တိုးသတ်လိုက်ပါတယ်ရှင့်။

- သွေးမအေးကြောင်း ဝိုင်းပြကြတဲ့ ပြည်သူတွေပို့ထားတဲ့စာ အစောင်ရေ အမြောက်မြား လက်ခံရရှိပါတယ်ရှင့်။

- စာပြန်ဖို့တွက် ညီမ အဆင်မပြေတဲ့အတွက်မပြန်နိုင်ခဲ့ပါဘူး။ ဒီနေ့အကုန်ပြန်ပေးပါမယ်ရှင့်။ အဲ့တွက် ရက်ထပ်တိုးလိုက်တာဖြစ်ပါတယ်ရှင့်။

- ထပ်မံထောက်ပို့ ပါဝင်ချင်ပါကလည်း page messenger မှာ ထည့်ဝင်မယ့်ငွေ ပမာဏနှင့် ဘာနဲ့ငွေလွှဲလို့ အဆင်ပြေမယ်ဆိုတာလေးပဲ ပို့ပေးရုံပါပဲရှင့်။

သွေးမအေးတဲ့ ပြည်သူတွေကြောင့် အရေးတော်ပုံအောင်ရမည်။

People's Voices

မကြာခင် ကျုပ်တို့လက်နဲ့ ပြန်ဖြိုပြမယ်။အာဏာရူးနဲ့ လက်ပါးစေတွေတွက် အထိမ်းမှတ်ဆိုတာ မရှိစေရ။ရှင်အေးဘုံ**People's Voices
03/26/2022

မကြာခင် ကျုပ်တို့လက်နဲ့ ပြန်ဖြိုပြမယ်။

အာဏာရူးနဲ့ လက်ပါးစေတွေတွက် အထိမ်းမှတ်ဆိုတာ မရှိစေရ။

ရှင်အေးဘုံ**

People's Voices

🎊🎉 Happy Birthday 🎉🎊🧁 အရာရာစိတ်ရှည်ပြီး သင်ပြပေးသူ 🎂🎂 လေပြည်အေးအေးနဲ့ ဖြောင်းဖျပေးနိုင်သူ 🧁🧁 နိုင်ငံတော်အပေါ် အမြဲကောင်း...
03/26/2022

🎊🎉 Happy Birthday 🎉🎊

🧁 အရာရာစိတ်ရှည်ပြီး သင်ပြပေးသူ 🎂

🎂 လေပြည်အေးအေးနဲ့ ဖြောင်းဖျပေးနိုင်သူ 🧁

🧁 နိုင်ငံတော်အပေါ် အမြဲကောင်းစေချင်ခဲ့သူ 🎂

🎂 ချစ်တဲ့သူတွေအတွက် ရင်ဘတ်ကြီးနဲ့ မိုးပေးသွားသူ🧁

🧁 ခေါင်းဆောင်ကောင်း၊ မိတ်ဆွေကောင်း၊ သူရဲကောင်း 🎂

🎂 ကိုယ်ပါသွားခဲ့ရင်တောင်၊ ကိုယ့်အစားပိုလုပ်ပေးပါ။ မရပ်လိုက်နဲ့။ ဒီတော်လှန်ရေး အောင်မှာ🧁

🧁 စိတ်ချစွာနေပါ။ ကျုပ်တို့ ရန်ကုန်တမြို့လုံး ကိုမောင်ကျော်တွေကြီးပဲ ဖြစ်စေရမယ်🎂

🎂 ဘယ်သူ့ ဘယ်သူမှ ဗိုလ််မရှိဘူး၊ ကိုယ်တို့တွေအားလုံး ရဲဘော်တွေကြီးပဲ🧁

🧁 ကိုယ်တို့အားလုံး တော်လှန်ရေးရဲဘော်🎂

🎂 တနေ့တနေ့ စင်မြင့်ထက်မှာ ခင်များ မားမားမတ်မတ်ပြန်ရပ်နိုင်စေရမယ်🧁

🧁 ခင်များချစ်တဲ့ နိုင်ငံ🎂

🎂 ခင်များချစ်တဲ့ ရန်ကုန် 🧁

🧁 ခင်များချစ်တဲ့ ကျုပ်တို့တွေအားလုံး🎂

🎂 မကြာခင်တနေ့ ပြန်ဆုံမယ်၊ ရန်ကုန်🧁

🎊🎉 Happy Birthday ဘဲကြီး🎉🎊

🎈🎈ပြန်ဆုံမယ့် ရန်ကုန် 🎈🎈

ရှင်အေးဘုံ**

People's Voices

Address

New York, NY

Telephone

+16314988117

Website

Alerts

Be the first to know and let us send you an email when People's Voices posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to People's Voices:

Share