Support for Myanmar CDM USA

Support for Myanmar CDM USA Support for Myanmar CDM USA is an organization that has been providing humanitarian assistance in Myanmar.

11/07/2023

ချစ်သူရည်းစားဖြစ်ဖြစ် ၊ သူငယ်ချင်းဖြစ်ဖြစ်
မကောင်းရင် စွန့်ပစ်ပါ ။ မကောင်းမှန်းသိသိနဲ့ အားနာပြီး ဆက်မပေါင်းဖြစ်ပါနဲ့ ။ အားနာပြီး ဆက်ပေါင်းရင် ကိုယ်ပဲ ဆက်ပြီး ခံနေရမှာပါ ။

ကိုယ့်အပေါ် စော်ကားတဲ့လူတွေကို မုန်းဖို့တော့ မလိုအပ်ဘူး မပတ်သက်ဘဲ နေနိုင်ဖို့ပဲ လိုတာပါ ။

ကျွန်တော်ကတော့ အဲလိုလူတွေကို ချစ်ခြင်း ၊ မုန်းခြင်း
မရှိဘဲ လမ်းလျှောက်ထွက်ရင်း မျက်မှန်းတန်းမိလို့
ပြုံးပြနှုတ်ဆက်တဲ့ လူတစ်ယောက် အဆင့်လောက်မှာပဲ
ထားဖြစ်တော့တယ် ။ မစွန့်လွှတ်နိုင်သေးလို့ ၊ သူတို့ မရှိရင်
မဖြစ်လောက်ဘူးလို့ ခင်ဗျား ထင်ကောင်းထင်နေလိမ့်မယ် ။ မထင်ပါနဲ့ ။ ဘဝထဲက ထုတ်ပစ်လိုက်ပါ ။

တစ်ခါတလေကျတော့ ကိုယ့်အနားမှာ မကောင်းတဲ့သူတွေ
ရှိနေရင် ကောင်းတဲ့သူတွေကပါ ကိုယ့်ကို
ရှောင်သွားတတ်ကြပါတယ် ။ ဒီတော့ ပိုကောင်းတဲ့သူတွေ အနားရောက်လာဖို့ ကိုယ့်အနားက မကောင်းတဲ့လူတွေကို ဘဝထဲက ထုတ်ပစ်လိုက်တာ အကောင်းဆုံးပါပဲ။



#တန်ဖိုး SGD7$
MK Book Store & စင်္ကာပူ

အခုဆိုရင် မြန်မာပြည်သူတစ်ရပ်လုံးဟာ မအလ စစ်အာဏာရှင်ကို မြန်မာတစ်ပြည်လုံးအုံကြွတွန်းလှန်လာကြတာ ခြောက်လကျော်ထဲရောက်လာပါပြီ။...
08/20/2022

အခုဆိုရင် မြန်မာပြည်သူတစ်ရပ်လုံးဟာ မအလ စစ်အာဏာရှင်ကို မြန်မာတစ်ပြည်လုံးအုံကြွတွန်းလှန်လာကြတာ ခြောက်လကျော်ထဲရောက်လာပါပြီ။

တော်လှန်ရေးဟာ ဘယ်လောက်အထိကြာနိုင်မလဲ ဘယ်သူမှမသိနိုင်သေးပါဘူး။ ဒါပေမယ့် သေချာတာတစ်ခုကတော့ ကျွန်တော်တို့ဟာ ဒီတော်လှန်ရေးကို မနိုင်မချင်းတိုက်မှာပါ။ နိုင်ကို နိုင်ရမယ်ဆိုတဲ့စိတ်နဲ့ တိုက်မှာပါ။

တော်လှန်ရေးဟာ ကြာရင်ကြာသလောက် ပြည်သူတွေ ပင်ပန်းရပါတယ်။ ဒီလိုကာလထဲမှာ ကိုဗစ်ကလည်းဝင်မွှေနေပါသေးတယ်။ ကိုဗစ်ကြောင့် ပြည်သူတွေပိုပြီး လက်ပန်းကျရပေမယ့် တော်လှန်ရေးကို အားလျှော့လိုက်လို့ လုံးဝမဖြစ်ပါဘူး။ အားလျှော့ရင် ကျွန်တော်တို့ ရှုံးပြီနော်။

ကောက်ကျစ်စဥ်းလဲတဲ့ မအလဟာ ဒီတော်‌လှန်ရေးမှာ တော်ရုံနဲ့ အလျှော့ပေးမယ့်ပုံ လုံးဝမရှိပါဘူး။ ဒါကြောင့် တော်လှန်ရေးရဲ့ ခံတပ်ဖြစ်တဲ့ CDM ဝန်ထမ်းတွေကိုသာမက၊ ဒီမအလကိုရော အာဏာရှင်စနစ်ဆိုးကိုရော အမြစ်ကမြေလှန်ပစ်မယ့် PDF တွေကို ကျွန်တော်တို့ ပိုပြီးထောက်ပံ့ကြရအောင်ပါ။

ယခုလို ထောက်ပံ့ရာမှာ ပိုမို ထိရောက်နိုင်ရေးအတွက် ကျွန်တော်တို့အဖွဲ့ဟာ CRPH ရဲ့ Official Fund-raising program နဲ့လက်တွဲခဲ့ပါတယ်။ July 13 ရက်နေ့မှာ OFP Certificate ရခဲ့ပါတယ်။ အလှူရှင်များရဲ့ လှူဒါန်းမှူများကို ယခုလမှ စတင်ကာ CRPH မှ official email ပြန်လည်ပို့ပေးပါမယ်။

ကျွန်တော်တို့အဖွဲ့ကို လှူဒါန်းလိုပါလျှင် ယခု ဖော်ပြပါ ဖုန်းနံပါတ်များသို့ Zelle or Venmo or PayPal မှတဆင့် ပေးပို့ လှူဒါန်းနိုင်ပါသည်။

CRPH email receipt ကိုလက်ခံယူလိုသူများက လှူဒါန်းပြီးလျှင် [email protected] သို့ လှူဒါန်းသူအမည်နှင့် လှူဒါန်းခဲ့‌သော ငွေပမာဏ ကို email ပေးပို့ပေးပါ။ ကျွန်တော်တို့အဖွဲ့မှ တစ်ပတ်အတွင်း CRPH certified email ပြန်လည်ပေးပို့ပေးပါမည်။ ကူညီလှူဒါန်းပေးသော အလှူရှင်များအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

We’re all in this together! Solidarity! ✊✊✊





Myanmar junta executes democracy activists in first such killings in decades Democracy figures, including a former lawma...
07/25/2022

Myanmar junta executes democracy activists in first such killings in decades Democracy figures, including a former lawmaker in Aung San Suu Kyi’s party, executed after being accused of carrying out ‘terror acts’
Credit: The Guardian

Never forget, never forgive
We will fight until the end.

အမေစု ကျန်းမာပါစေ။ အချုပ်အနှောင်မှ အမြန်ဆုံးကင်းလွတ်ပါစေ။
06/19/2022

အမေစု ကျန်းမာပါစေ။ အချုပ်အနှောင်မှ အမြန်ဆုံးကင်းလွတ်ပါစေ။

PRF Teamမှ ဇွန်လ ၁၉ ရက်နေ့မှာကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇)န...
05/31/2022

PRF Teamမှ ဇွန်လ ၁၉ ရက်နေ့မှာကျရောက်မယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၇)နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် ဇွန်လအတွင်း Member အဖြစ်ပါဝင်သူများအားလုံးကို အမေစု Design logo လေးနဲ့ email ပေးပို့မှာဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်။

ပြည်သူ့တော်လှန်ရေး မုချအောင်ရမည်။


#ထောက်ပို့PRF

#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
++++++++++++++
ထောက်ပို့ PRF member အဖြစ် ဝင်ရောက်ရန်
🇫 fb.me/prf4pdf
m.me/prf4pdf

https://www.facebook.com/100515129248465/posts/135509905748987/?sfnsn=mo

နှလုံးရည်ဖြင့် ​တော်လှန်ကြသူများပြည်သူ့​တော်လှန်​ရေး ​ထောက်ပို့မိသားစု People's Revolution Supply Family - PRF ရဲ့ စတုတ္...
05/05/2022

နှလုံးရည်ဖြင့် ​တော်လှန်ကြသူများ

ပြည်သူ့​တော်လှန်​ရေး ​ထောက်ပို့မိသားစု People's Revolution Supply Family - PRF ရဲ့ စတုတ္ထအကြိမ်မြောက် မိသားစုစကားဝိုင်းအစီအစဥ်အဖြစ် ​အကြမ်းမဖက်သောနည်းလမ်းများကနေ တော်လှန်​ရေးကြီးမှာ ဘယ်လိုပါဝင်တော်လှန်နိုင်မလဲဆိုတာကို

🌟ဒေါက်တာဖြိုးသီဟ - Author/ Trainer/ Moderator
fb.me/drphiothiha
🌟​ကိုမိုးခ - Author/ CDMer/ Fundraiser
လက်ထောက်ညွှန်ကြားရေးမှူး၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ (ယခင်) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန
fb.me/moe.kha.140
🌟ချစ်သုဝေ - အဆိုတော်/ ရုပ်ရှင်သရုပ်ဆောင်
fb.me/ChitThuWaiOfficial
🌟ကိုနန်းလင်း - စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု - AJAY
fb.me/nlin1996 နဲ့
🌟Moana - သွေးစွန်းငွေ လှုပ်ရှားမှု
fb.me/BloodMoneyCampaignMM
တို့မှ ပါဝင်ဆွေးနွေးကြမှာဖြစ်ပါတယ်။

အစီအစဥ် - ပြည်သူ့​တော်လှန်​ရေးမိသားစု စကားဝိုင်း
နေ့ရက် - မေလ ၈ ရက် ၂၀၂၂ (တနင်္ဂနွေနေ့)
အချိန် - ည ၇ နာရီ (မြန်မာနိုင်ငံစံတော်ချိန်)

PRF ရဲ့ page မှာ စောင့်မျှော်ကြည့်ရှု အားပေးနိုင်ပါတယ်။ မဇ္ဈိမ သတင်း၊ PVTV နဲ့ DDay Channel, MOD page, OFP page တို့မှာလည်း တပြိုင်တည်းထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

ပြည်သူ့တော်လှန်ရေး မုချ အောင်ရမည်။

#ထောက်ပို့PRF

#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု
++++++++++++++
ထောက်ပို့ PRF member အဖြစ် ဝင်ရောက်ရန်
🇫 fb.me/prf4pdf
💬 m.me/prf4pdf

https://www.facebook.com/100515129248465/posts/129061356393842/

https://www.facebook.com/101176172128315/posts/249481833964414/
01/04/2022

https://www.facebook.com/101176172128315/posts/249481833964414/

မလွတ်လပ်သော လွတ်လပ်ရေးနေ့

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ မှာရရှိခဲ့တဲ့ မြန်မာ့လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လွန်ခဲ့တဲ့ ၇၄ နှစ်တာကာလမှာ တကယ့်လွတ်လပ်မှုကို မခံစားရဘဲ လွတ်လပ်ရေးနေ့ပျော်ပွဲရွှင်ပွဲတွေ၊ အားကစားပြိုင်ပွဲတွေကို နှစ်စဥ်ကျင်းပခဲ့ကြပါတယ်။ ဒီနှစ်မှာတော့ နှစ်စဥ်ကျင်းပနေကျ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားကစားပြိုင်ပွဲတွေအစား မိမိတို့ရဲ့ တကယ့်လွတ်လပ်ရေးကိုရရှိစေမယ့်ပန်းတိုင်ဆီ အရောက်ပြေးကြမယ့် ကလစ်မာရသွန်ပြိုင်ပွဲလေး ပြုလုပ်ကြဖို့ဖိတ်ခေါ်ချင်ပါတယ်။ အဲဒီပြိုင်ပွဲကတော့ ဒီနေ့လို မလွတ်လပ်သောလွတ်လပ်ရေးနေ့မှာ စစ်မှန်သောလွတ်လပ်ရေးဖြစ်ပေါ်လာမယ့် လမ်းကြောင်းပေါ်ကိုရောက်ရှိဖို့ လက်တွေ့ကျတဲ့ကြိုးပမ်းချက်တွေဖြစ်တဲ့
🎯 click2donate ရဲ့ 1M View Challenge မှာပါဝင်မယ် (YouTube link ကို first comment မှာကြည့်ပေးပါရန်)
🎯 PRF Member အဖြစ်နီးစပ်ရာ Fundraiser များမှတဆင့် ပါဝင်မယ် (https://ofp.crphmyanmar.org)
🎯 PRF Membership Program (bit.ly/prf4pdf) အကြောင်းကိုလူအများသိအောင် သတင်းဖြန့်ဝေပေးကြမယ် ဆိုတဲ့ပြိုင်ပွဲတွေမှာ မိမိတို့ဘယ်လောက်ပါဝင်နိုင်မလည်းဆိုတာ ပြိုင်ဆိုင်ကြဖို့ပဲဖြစ်ပါတယ်။

ကဲ.. အခုပဲ လွတ်လပ်ရေးနေ့ ကလစ် မာရသွန်ပြိုင်ပွဲမှာ ပါဝင်အားဖြည့်ရင်း မလွတ်လပ်တဲ့လွတ်လပ်ရေးနေ့ကို ဖြတ်သန်းလိုက်ကြရအောင်…

ပြည်သူ့တော်လှန်‌ရေး မုချ အောင်ရမည်။

# #အရေးတော်ပုံအောင်ရမည်



🇲🇲🇺🇸 မဂ်လာပါ။ PRF (People's Revolution Family) Member အဖြစ်နဲ့ နွေဦးတော်လှန်ရေးကြီး အောင်မြင်သည်အထိ  ပြည်သူ့တော်လှန်ရေး ...
12/13/2021

🇲🇲🇺🇸 မဂ်လာပါ။ PRF (People's Revolution Family) Member အဖြစ်နဲ့ နွေဦးတော်လှန်ရေးကြီး အောင်မြင်သည်အထိ ပြည်သူ့တော်လှန်ရေး သူရဲကောင်းတွေကို လစဉ်ထောက်ပံ့ပေးနိုင်ဖို့ North America Region, USA မှ အဝေးရောက် မြန်မာပြည်သားများ အနေနဲ့ ကျွန်တော်/ကျွန်မတို့ရဲ့ Support for Myanmar CDM (USA) မှတဆင့် ပါဝင်နိုင်ပါပြီ။

👉 ကျွန်တော်တို့ Page မှ တဆင့် PRF Member အဖြစ် ဘယ်လိုပါဝင်နိုင်မလဲ။ 👈

မိမိရဲ့ နာမည်၊ email နှင့် လှူဒါန်းလိုတဲ့ ပမာဏကို ကျွန်တော်တို့ Page ရဲ့ chat box မှ တဆင့် ပေးပို့ပေးပါ။ Page မှ ငွေလွှဲပေးရန် instruction ကို ပြန်လည်ပို့ပေးပါမယ်။

ငွေလွှဲပြီးလျှင် Transaction Screen Shot ကို Page Chat Box မှာ ပြန်ပို့ပေးပါ။ ဒါဆိုရင်ရပါပြီ။ 👍

PRF Member Card ကို email မှတဆင့် 24-48 hr အတွင်း ပြန်လည်ပို့ပေးသွားပါမယ်။ 🤗

PRF Member နဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို‌ အောက်မှာ ဖော်ပြထားတဲ့ CRPH-OFP ရဲ့ link ကတဆင့် အသေးစိတ်ဖတ်ရှူနိုင်ပါတယ်။

https://www.facebook.com/101176172128315/posts/235801611999103/

https://www.facebook.com/101176172128315/posts/235898511989413/

မှတ်ချက်။ ။ ကျွန်တော်/ကျွန်မ တို့ Page မှ လစဉ် လက်ခံပေးနိုင်တဲ့ PRF Member အရေအတွက် အကန့်အသတ်ရှိတဲ့အတွက် လိုအပ်ရင် တခြား OFP Team များကို refer ပြုလုပ်ပေးပါမယ်။

အားနာစွာနဲ့ နောက်ထပ် ပြောလိုတာတခုကတော့ ကျွန်တော်/ကျွန်မတို့ Page ကို ဆက်သွယ်လာသော individual request များကို လှူဒါန်းခြင်းများ ရပ်နားထားပါတယ်။ ဒီ့အတွက် နားလည်ပေးစေလိုပါတယ်။

"We are all in this together" "Solidarity"

#အရေးတော်ပုံအောင်ရမည်။



စစ်အာဏာရူးတွေကို အမြစ်ကတိုက်ထုတ်ပစ်ဖို့ နောက်ထပ် အားဖြည့်မယ့် ပြည်ပရောက်မြန်မာပြည်သူပြည်သားတွေအတွက် CRPH OFP ရဲ့ Program...
12/08/2021

စစ်အာဏာရူးတွေကို အမြစ်ကတိုက်ထုတ်ပစ်ဖို့ နောက်ထပ် အားဖြည့်မယ့် ပြည်ပရောက်မြန်မာပြည်သူပြည်သားတွေအတွက် CRPH OFP ရဲ့ Program တစ်ခု မကြာခင်လာပါတော့မယ်။

အရေးတော်ပုံ အောင်ရမည်။







https://www.facebook.com/101176172128315/posts/233361952243069/

မဂ်လာပါ။ ကျွန်တော်/ကျွန်မတို့အဖွဲ့မှ ဝယ်ယူထားသော raffle ticket များအားလုံး ကို တိုက်ကြည့်ပြီးပါပြီ။ ကျွန်တော်တို့ Page မ...
09/06/2021

မဂ်လာပါ။ ကျွန်တော်/ကျွန်မတို့အဖွဲ့မှ ဝယ်ယူထားသော raffle ticket များအားလုံး ကို တိုက်ကြည့်ပြီးပါပြီ။ ကျွန်တော်တို့ Page မှ ဝယ်ယူထားသူများထဲမှ ပေါက်တဲ့သူမရှိပါဘူး။

ပေါက်သွားတဲ့သူတွေအတွက်လည်း ဝမ်းသာရပါတယ်။ Congratulations ပါ။ အရေးတော်ပုံအတွက် ပြည်သူတွေ အားသွန်ခွန်စိုက် ဝိုင်းဝန်းပံ့ပိုးပေးကြတာ အားရစရာပါ။ ကျေးဇူးလည်း တင်ပါတယ်။ ဒီတခါနိုင်ကိုနိုင်ရပါမယ်။

https://www.facebook.com/101176172128315/posts/175113401401258/

https://ofp.crphmyanmar.org/

Ticket တွေအများကြီး ဝယ်ထားသူတွေ အနေနဲ့ ဒီအောက်က link မှာ ဝယ်ထားတဲ့ Ticket တွေအားလုံးကို upload လုပ်ပြီး တစ်ခါတည်း တိုက်လို့ရပါတယ်။ ဒီ ticket tracking website ကိုဆွဲပေးတဲ့ Ko Maw Paing Thu ကို Credit ပေးပါတယ်။

https://maungreporter.github.io/check_raffle/?date=2021/09/05

ယခု Live ထုတ်လွှင့်ပြသွားတဲ့ ကံစမ်းမဲ​ဖောက်ပွဲမှာ ဆုရရှိသွားတဲ့ လက်မှတ်နံပါတ်များအားလုံးကို ​https://ofp.crphmyanmar.org တွင် ဝင်​ရောက်ကြည့်ရှုနိုင်​ကြောင်း အသိ​ပေး​အပ်ပါတယ်။
ကံထူးသူ အလှူရှင်များအားလုံးကိုယ်စား အထူးဝမ်း​မြောက်ဂုဏ်ယူ​ပါကြောင်း ​ပြောကြားပါရ​စေ။




Address

New York, NY

Website

Alerts

Be the first to know and let us send you an email when Support for Myanmar CDM USA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Support for Myanmar CDM USA:

Share