IBEC-Office New York

IBEC-Office New York Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from IBEC-Office New York, Nonprofit Organization, 20 Dongan Place, 115, New York, NY.

Celebrating of IBEC Day (15) နှစ်မြောက် IBEC နေ့အထိမ်းအမှတ်ပွဲတော်နှင့်IBEC ဆရာတော် ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန် စတော့ဟုမ်...
06/17/2023

Celebrating of IBEC Day

(15) နှစ်မြောက် IBEC နေ့အထိမ်းအမှတ်ပွဲတော်နှင့်
IBEC ဆရာတော် ကမ္ဘာ့ငြိမ်းချမ်းရေးသံတမန် စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာအရှင်သောဘိတ၏သက်တော်(53)နှစ်ပြည့်အထိမ်းအမှတ်ပွဲတော်။

အားလုံးကိုဖိတ်ကြားပါသည်

နံနက်(6:00) နာရီမှ နေ့ (12:00) နာရီအထိ
18-6-2023

Opening Ceremony of IBEC-SWO Office in Thailand IBEC-လူမူကူညီရေးအသင်းရုံးဖွင့်ပွဲကို ထိုင်းနိုင်ငံတောင်ပိုင်းစွန်ခလာခရို...
07/24/2022

Opening Ceremony of IBEC-SWO Office in Thailand

IBEC-လူမူကူညီရေးအသင်းရုံးဖွင့်ပွဲကို ထိုင်းနိုင်ငံတောင်ပိုင်းစွန်ခလာခရိုင် ဟတ်ယိုင်မြို့တွင် သာသနာတော်နှစ် 2566 ၊မြန်မာကောဇာသက္ကရာဇ် 1384 ခုနှစ် ဝါဆိုလပြည့်ကျော်(12)ရက် ခရစ်နှစ်2022 ခုနှစ်ဇူလိုင်လ(24) ရက် နံနက် (9:00) ကိုးနာရီနာရီ(00:09) ကိုးမိနစ်အချိန်တွင်စတင်ဖွင့်လှစ်လေသည်။

အဆိုပါအခမ်းအနားသို့ IBEC ဆရာတော် (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ ကမ္ဘာ့ကုလသမဂ္ဂငြိမ်းချမ်းရေးသံတမန်-စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်) ကျွန်းလှဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်သောဘိတဦးဆောင်သောရဟန်းတော်များဖြစ်သည့် လူမူကူညီရေးအသင်းနာယက အရှင်စန္ဒန၊ IBEC-အရှင်တိလောကသာရ(MA, MCU), အရှင်ရေဝတ(MCU) အရှင်ဓမ္မာနန္ဒတို့ကြွရောက်ချီးမြှင့်ကြလေသည်။

ထိုင််းနိုင်ငံရှေ့နေကြီးမစ္စတာပန်နဝတ်ချိုင်၊ဟတ်ယိုင်မြို့မိမြို့ဖ မစ္စတာမိကရော့ဂျာဟိုလ ၊ ထိုင်းနိုင်ငံစစ်ဖက်ရေးရာဌာန-မစ္စတာဖတ်တလဒတ်ဖတ် တို့နှင့်ထိုင်းမိသားစုများ မြန်မာမိသားစုများကြွရောက်ချီးမြှင့်ကြလေသည်။

IBEC-SWO Office News23- July 2022IBEC ဆရာတော် (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ ကမ္ဘာ့ကုလသမဂ္ဂငြိမ်းချမ်းရေးသံတမန်-စတော့ဟုမ်းကမ္...
07/23/2022

IBEC-SWO Office News

23- July 2022
IBEC ဆရာတော် (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ ကမ္ဘာ့ကုလသမဂ္ဂငြိမ်းချမ်းရေးသံတမန်-စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်) ကျွန်းလှဗုဒ္ဓတက္ကသိုလ် ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်သောဘိတသည် 2022 ခုနှစ် ဇူလိုင်လ(23)ရက်နေ့ ဘန်ကောက်စံတော်ချိန် နေ့လယ်(1:25) နာရီတွင် ဒွန်မောင်းပြည်ပြည်ဆိုင်ရာလေဆိပ်မှထိုင်းနိုင်ငံဒွန်မောင်းလေဆိပ်သို့မြန်မာအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခလာခရိုင် ၊ ဟတ်ယိုင်မြို့သို့ IBEC-SWO နာယကဆရာတော် အရှင်စန္ဒန ၊ IBEC မော်ကွန်းထိန်း ဆရာတော် ဦးတိလေကသာရ ၊ ဦးရေဝတ၊ ဦးဓမ္မာနန္ဒ ၊ ဦးအောင်ဇော် ( ကထိက) ၊ ကိုလင်းအောင် (IBEC TVnews)တို့နှင့်အတူ ထွက်ခွါမည်ဖြစ်သည်။

ယခုခရီးစဉ်သည် ထိုင်းနိုင်ငံတောင်ပိုင်းဟတ်ယိုင်မြို့တွင်လူမူကူညီရေးအသင်း IBEC SWO Office ကို (24-7-2022) ရက်နေ့တွင်ဖွင့်လှစ်ရန်ကြွရောက်ခြင်းဖြစ်သည်။ IBEC ဆရာတော်နှင့်အိုင်ပက်ဆိုအသင်းသားများသည် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ၏ဘဝအခက်အခဲများသာရေးနာရေးကိစ္စများ ပညာရေး ကျန်းမာရေးကိစ္စများ ထိုင်း-မြန်မာချစ်ကြည်ရေးဗုဒ္ဓသာသနာပြုကျောင်းတည်ထောင်နိုင်ရေးအတွက်ဆောင်ရွက်မည်ဖြစ်သည်။

IBEC ဆရာတော်တည်ထောင်သောနိုင်ငံတကာအဖွဲ့အစည်းများသည် ကမ္ဘာ့ကုလသမဂ္ဂ၏လူမူရေးနှင့်စီးပွါးရေးကောင်စီအောက်တွင်အကျုံးဝင်လာမည်ဖြစ်သည်။

IBEC သည် ပညာရေး ငြိမ်းချမ်းရေး ဗုဒ္ဓသာသနာပြန့်ပွါးရေးနှင့် လူသားအကျိုးပြုလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိသည်။ လာမည့်2022 ခုနှစ်ဩဂုတ်လ(4-5)ရက်များတွင် စစ်ကိုင်းတောင်ရိုး မင်းကွန်းတောင်ရိုး မင်းဝံတောင်ရိုးရှိရဟန်းသာမဏေသီလရှင်များအားနဝမအကြိမ်ပဲအလှူတော်လှူဒါန်းမည်ဖြစ်သလို ဥရောပတိုက် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တော်၌ကျင်းပမည့် International World Peace Conference-2022 တွင် ငြိမ်းချမ်းရေးမိန့်ခွန်းတစ်ရပ်ကိုပြောကြားဦးမည်ဖြစ်ကြောင်း IBEC သတင်းနှင့်ပြန်ကြားရေးဌာနကသတင်းထုတ်ပြန်အပ်ပါသည်။



07/16/2022

နွေဦးတော်လှန်ရေး သံဃကွန်ရက်၏ စွပ်စွဲပုတ်ခတ်မှုကို ငြင်းဆိုကြောင်း
IBEC ၏ သဘောထားထုတ်ပြန်ချက်

သာသနာတော်နှစ် - ၂၅၆၆ ခု၊ ကောဇာသက္ကရာဇ် - ၁၃၈၄ ခုနှစ်၊ ဝါဆိုလပြည့်ကျော် (၅) ရက်၊ ခရစ်နှစ် - ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်။
IBEC ဆရာတော်သည် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီး၏ ငြိမ်းချမ်းရေးသံတမန် ရဟန်းတော်တစ်ပါးဖြစ်သည့်အတွက် ၂၀၂၂-ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်ထံသို့လည်းကောင်း၊ ၂၀၂၂-ခုနှစ်၊ ဇူလိုင်လ (၆) ရက်နေ့တွင် အမေရိကန်အစိုးရထံသိစေရန် National Democratic Institute(NDI)ဥက္ကဋ္ဌ မစ္စတာဒဲရစ်မစ်ချယ်ထံသို့လည်းကောင်း လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေးပဋိပက္ခများကို ဖြေရှင်းနိုင်ရန် တွေ့ဆုံဆွေးနွေးတင်ပြခဲ့ ပါသည်။
ထိုသို့တင်ပြရာတွင် ဘက်မပါသောမြေပြင်အခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါသည်။ IBEC တည်ထောင်သည့် (၁၅) နှစ်တာကာလခရီးတွင် မည်သူ့ကိုမျှ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်းမရှိသလို မည်သည့်အာဏာရှင်ကိုမျှ အားပေးထောက်ခံခြင်း မပြုခဲ့ပါ။
ပညာရေး ငြိမ်းချမ်းရေး ဗုဒ္ဓသာသနာတော်ပြန့်ပွားရေးနှင့် လူသားအကျိုးငှါသာ ဆောင်ရွက်ခဲ့ ဆောင်ရွက်ဆဲ ဆောင်ရွက်နေပါသည်။
၂၀၂၂-ခုနှစ်၊ ဇူလိုင်လ(၁၁)ရက်နေ့ ည(၈း၀၀)နာရီတွင် နွေဦးတော်လှန်ရေးသံဃကွန်ရက်မှ မင်းသုည(ဗုဒ္ဓတက္ကသိုလ်)၊ ဦးဝါယမ၊ ဦးအဂ္ဂ အစရှိသော ပုဂ္ဂိုလ်များက IBEC ဆရာတော်အား “စတော့ဟုမ်းငြိမ်းချမ်းရေးဆုရှင်ဆိုသူ သောဘိတ ဘယ်လဲ ဘာလဲ” ခေါင်းစဉ်ဖြင့် အမည်တပ်၍ စွပ်စွဲပုတ်ခတ် မှုများကို မီဒီယာများမှတဆင့် ပြုလုပ်ခဲ့ပါသည်။
၂၀၂၂-ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့တွင်လည်း နွေဦးတော်လှန်ရေး သံဃကွန်ရက်မှ ဦးဝါယမ ဆိုသူသည် ပုဂ္ဂိုလ်ရေးထပ်မံစွပ်စွဲပုတ်ခတ်ခဲ့ပါသည်။
မန္တလေးမြို့ မြဝတီမင်းကြီးဆရာတော် ဦးအရိယာဘိဝံသမှလည်း “သောဘိတ ဖာခေါင်းက နိုင်ငံရော သာသနာကို မုဒိန်းကျင့်တယ်” ဟု စွပ်စွဲပုတ်ခတ်ခဲ့ပါသည်။
၂၀၂၂-ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့တွင် သံဃသမဂ္ဂ(မန္တလေး)မှ သစ္စဝါဒီ အရှင်ရဋ္ဌပါလ ကလည်း မဟုတ်မမှန်သော အပုတ်ချမှုများ ပြုလုပ်ခဲ့ပါသည်။
နယ်သာလန်နိုင်ငံနေ ဒီမိုကရေစီတက်ကြွလှုပ်ရှားသူအမည်ခံ ဦးလှမြင့်နိုင်မှလည်း လုပ်ကြံ သတင်းများဖြင့် ဝါဒဖြန့်လျှက်ရှိပါသည်။
နယ်သာလန်နိုင်ငံနေ နွေဦးတော်လှန်ရေး သံဃကွန်ရက်မှ ဆရာတော်တစ်ပါးကလည်း အမြဲပုဂ္ဂိုလ်ရေးတိုက်ခိုက်လျှက် ရှိပါသည်။
အထက်ဖော်ပြပါ ပုဂ္ဂိုလ်များအားလုံး၏ စွပ်စွဲပုတ်ခတ်မှုမှန်သမျှ မမှန်ကန်ပါကြောင်း IBEC ဆရာတော်နှင့် IBEC ကျောင်းတော်က ငြင်းဆိုပါကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။
IBEC ကျောင်းတော်သည် ခေတ်အဆက်ဆက် တိုင်းပြည်ဖွံ့ဖြိုးရေး၊ ပညာရေး၊ ငြိမ်းချမ်းရေး ကိစ္စများကိုသာ ဆောင်ရွက်ခဲ့ပါသည်။ မည်သည့်အဖွဲ့အစည်းများ၏ နိုင်ငံရေးအရောင်ဆိုးခြင်းကို လက်မခံပါ။ ဆရာတော်များအနေဖြင့် မိမိတို့ယုံကြည်ရာဆောင်ရွက်ကြသည်ကိုလည်း မဝေဖန်ပါ။ မိမိသမိုင်း မိမိရေးကြသည်သာ ဖြစ်ပါသည်။ IBEC ကျောင်းတော်သည် စစ်တပ်နှင့်သော်လည်းကောင်း နိုင်ငံရေး တော်လှန်ရေးကိစ္စများနှင့်သော်လည်းကောင်း ကင်းရှင်းပါကြောင်းနှင့် ဓမ္မဝိနယနှင့်အညီ ဆောင်ရွက်လျှက်ရှိပါကြောင်း အများသူငှါသိစေရန် ထုတ်ပြန် ကြေညာအပ်ပါသည်။
လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးတို့အနေဖြင့်လည်း ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို အကြောင်းမဲ့ဖျက်စီးသတ်ဖြတ်ခြင်းများကို မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ် ပါသည်။

IBEC ဆရာတော်နှင့် IBEC ကျောင်းတော်
IBEC (Myanmar, USA , Netherlands, Nepal, Thailand)
သတင်းနှင့်ပြန်ကြားရေးဌာန

Website - www.ibecmyanmar.edu.mm
KBU Website - www.kbumyanmar.edu.mm
YouTube - www.youtube.com/c/ibecmyanmar?sub_confirmation=1
KBU YouTube Channel - https://www.youtube.com/channel/UCKho1fYTnwrim80TfIcdqGQ...



#သတင်းနှင့်ပြန်ကြားရေးဌာန
#အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ


သာသနာတော်နှစ်-2566ကောဇာသက္ကရာဇ်-1384 ခုနှစ်ဝါဆိုလပြည့်ကျော်(1)ရက်ခရစ်နှစ်-2022 ခုနှစ်ဇူလှိုင်လ(13)ရက်၊ညနေInternational B...
07/13/2022

သာသနာတော်နှစ်-2566
ကောဇာသက္ကရာဇ်-1384 ခုနှစ်ဝါဆိုလပြည့်ကျော်(1)ရက်
ခရစ်နှစ်-2022 ခုနှစ်ဇူလှိုင်လ(13)ရက်၊ညနေ
International Buddhist Education Center
အပြည်ပြည်ဆိုင်ရာဗုဒ္ဓဘာသာပညာရေးစင်တာ
စစ်ကိုင်းတောင်ရိုး၊စစ်ကိုင်းမြို့
ပုရိမဝါဆိုဝါကပ်ပွဲအခမ်းအနားပုံရိပ်များ

တို့ယဉ်ကျေးမူ တို့ရဲ့မွန်မြတ်တဲ့အစဉ်အလာကိုထိန်းသိမ်းကြရမယ်။Fullmoon day of WasoGeneral Assembly of IBEC အဓမ္မ-ကို- ဓမ္မ ...
07/12/2022

တို့ယဉ်ကျေးမူ တို့ရဲ့မွန်မြတ်တဲ့အစဉ်အလာကို

ထိန်းသိမ်းကြရမယ်။

Fullmoon day of Waso

General Assembly of IBEC

အဓမ္မ-ကို- ဓမ္မ လို့ ကြွေးကြော်ကြ

ဓမ္မကို အဓမ္မလို့ကြွေးကြော်ကြ

ယဉ်ကျေးမူကိုဖျက်စီး

ပညာရေးကိုဖျက်စီး

လူမူအရင်းအနှီးတွေဖျက်စီး

ဗုဒ္ဓဘာသာကိုစော်ကား

မိဘ/ဆရာ အကြီးအကဲကိုစော်ကား

အဲ့လို လူတန်းစားထဲ မပါဖို့

တန်ဖိုးရှိတဲ့ဓမ္မတရားတွေကိုထိန်းသိမ်းကြရမယ်ကွ။

လူသတ်ဝါဒဟာ ဒီမိုကရေစီမဟုတ်သလို လူထုကိုဒုက္ခပေးသူမှန်သမျှအာဏာရှင်ပဲ။

တို့ဗုဒ္ဓကအစွန်းနှစ်ပါးကိုရှောင်ခိုင်းတယ်။ တို့တိုင်းပြည်မှာ ဟိုဖက်ဒီဖက်အစွန်းသမားတွေများတယ်။ တော်လှန်ရေးသမားစစ်စစ်ကလူထုကိုဒုက္ခမပေးဘူးကွ။ လူထုကိုဒုက္ခပေးသူမှန်သမျှအတုတွေပဲ။

တစ်တိုင်းပြည်လုံး ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမူကိုချနင်းနေကြတယ်။

သားတို့သမီးတို့ဘုန်းဘုန်းတို့ အဲ့ဒီအစွန်းရောက်ဟိုဖက်ဒီဖက်သမားတွေရှောင်ပြီး ကိုယ့်အလုပ်ကိုယ်လုပ်ကြမယ်။

IBEC ဆရာတော်ဩဝါဒ
12-7-2022

သာသနာတော်နှစ် ၂၅၆၆  ခု၊ ဝါဆိုလပြည့်နေ့၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၁၂)ရက်။ဓမ္မစကြာအခါတော်နေ့၊ IBEC  Headquarter Sagaing တွင်ဝါဆိ...
07/12/2022

သာသနာတော်နှစ် ၂၅၆၆ ခု၊ ဝါဆိုလပြည့်နေ့
၂၀၂၂ခုနှစ်၊ ဇူလိုင်လ(၁၂)ရက်။

ဓမ္မစကြာအခါတော်နေ့၊ IBEC Headquarter Sagaing တွင်
ဝါဆိုသင်္ကန်း၊ ဝါဆိုပန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားပုံရိပ်များ။

ဓာတ်ပုံ _ Mg Chan Myae

စင်္ကာပူမှာတစ်နေ့တစ်ညတာအမေရိကားကအပြန်လေယာဉ်ပျံပေါ်(18) နာရီလေယာဉ်စောင့်ချိန်ပါတွက်ရင်(24) နာရီကြာငုတ်တုတ်မေ့ကာထိုင်ရင်းခ...
07/09/2022

စင်္ကာပူမှာတစ်နေ့တစ်ညတာ

အမေရိကားကအပြန်
လေယာဉ်ပျံပေါ်(18) နာရီ
လေယာဉ်စောင့်ချိန်ပါတွက်ရင်
(24) နာရီကြာ
ငုတ်တုတ်မေ့ကာထိုင်ရင်း
ချန်ဂီလေဆိပ်ဆင်းတော့
ငယ်သူငယ်ချင်းမိသားစု
ကိုသူရနဲ့မမြင့်လှိုင်တို့က
ခရီးဦးကြိုဆိုကြပေါ့။

အာရုဏ်ဆွမ်းနေ့ဆွမ်းဆက်ကပ်ပြီး
ခေတ္တခဏအိပ်လိုက်တာ
ညနေ(5) နာရီမှာနိုးထ
ပင်ပန်းသမျှအတိုးချအိပ်စက်မိ
စင်္ကာပူရဲ့တစ်နေ့တာညနေအထိ။

အိပ်ရာနိုးထချိန်
စင်္ကာပူမြို့လည်
ကိုသူရနဲ့မမြင့်လှိုင်က
လိုက်ပို့ချင်တယ်ဆိုတော့
အိုကေ—သွားကြတာပေါ့လို့ဆိုပြီး
တစ်ညတာစင်္ကာပူခရီးမှာ
လှပသာယာတဲ့ရှုခင်းတွေ့ကြည့်ပြီး
မြန်မာပြည်အပြန်ခရီး
တစ်နေ့တစ်ညတာပြီးစီးတော့မယ်
ကျေးဇူးတင်ပါတယ်
ဒကာဒကာမတို့။

အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်စ် ကုလသမဂ္ဂ နယူးယောက်၊ NY 10017 အကြောင်းအရာ- မြန်မာနိုင်ငံအခြေအနေများနှင့် ...
07/07/2022

အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်စ်
ကုလသမဂ္ဂ
နယူးယောက်၊ NY 10017

အကြောင်းအရာ- မြန်မာနိုင်ငံအခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးတင်ပြခွင့်ချိန်းဆိုတောင်းဆိုခြင်း။

လေးစားအပ်ပါသော အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာဂူတာရက်စ်။

ကျွန်ုပ်သည် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးဖြစ်ပြီး စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်၊ နိုင်ငံတကာ ဗုဒ္ဓဘာသာပညာရေးစင်တာကို တည်ထောင်သူနှင့် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံရှိ ကျွန်းလှဗုဒ္ဓတက္ကသိုလ်၏ ဒုတိယအဓိပတိလည်း ဖြစ်ပါသည်။ New York City မှာ International Buddhist Education Center ရုံးခွဲဖွင့်ဖို့ တစ်ပတ်လောက်ကြာအောင် နယူးယောက်ကို သွားလည်ဖို့ စီစဉ်နေပါတယ်။ 2022 ခုနှစ် ဇွန်လကုန်တွင် နယူးယောက်မြို့သို့ ကျွန်ုပ်ရောက်ရှိရန် စီစဉ်ထားပါသည်။

ကမ္ဘာ့ကုလသမဂ္ဂအထွေခေဍထွအတွင်းရေးမှူးချုပ်နဲ့ တွေ့ဆုံခွင့်ရပြီး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ မြေပြင်အခြေအနေတွေအကြောင်း အကျဉ်းချုံး တင်ပြလိုပါတယ်။ လူကြီးမင်းအနေနဲ့အလုပ်ရှုပ်နေတယ်ဆိုတာ ကျွနုပ်အပြည့်အဝ နားလည်ပါတယ်။

ဇူလိုင်လ 1-7 ရက်၊ 2022 ခုနှစ်အတွင်း 10 မိနစ်ခန့် အချိန်မရွေး သင်နှင့် တွေ့ဆုံလိုပါတယ် ။ကျွန်ုပ်နှင့်တွေ့ဆုံခွင့်ဖြစ်နိုင်ပါမည်လား။

လူကြီးမင်းစဉ်းစားနိုင်ရန်အတွက် ကျွန်ုပ်၏ CV ကို ပူးတွဲပေးပို့လိုက်ပါတယ်။ကျေးဇူးပြု၍ ကျွန်ုပ်၏တောင်းဆိုမှုကို ထည့်သွင်းစဉ်းစားပါ။ မစ္စတာအန်တိုနီယိုဂူတာရက်ဆီကအပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကို ကျွန်ုပ်မျှော်လင့်ပါတယ်။

ကမ္ဘာသူ ကမ္ဘာသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ရိုးသားစွာဖြင့်,
ဒေါက်တာ Ven Sobhita
စတော့ဟုမ်းကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင်
Kyunhla Buddhist University (KBU) ဒုတိယအဓိပတိ၊
အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာပညာရေးစင်တာ (IBEC) တည်ထောင်သူနှင့် ဥက္ကဋ္ဌ၊
(မြန်မာ)၊
ကုလသမဂ္ဂ ကမ္ဘာ့ငြိမ်းချမ်းရေးအဖွဲ့
ငြိမ်းချမ်းရေး သံတမန် (UPF၊
စစ်ကိုင်းတောင်တန်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မြန်မာနိုင်ငံ

ဆိုပြီး2022 ခုနှစ်ဇွန်လ(22)ရက်နေ့မှာကမ္ဘာ့ကုလသမဂ္ဂသို့ပေးပို့ခဲ့ပါတယ်။

2022 ခုနှစ်ဇူလှိုင်လ(5) ရက်နေ့မှာ အကြောင်းပြန်ကြားစာကိုရရှိခဲ့ပါတယ်။အဲ့ဒီစာကတော့—

လေးစားအပ်ပါသော ဒေါက်တာ Ven. Sobhita

2022 ခုနှစ် ဇွန်လ 28 ရက်နေ့တွင် ဆရာတော်ငြိမ်းချမ်းရေးသံတမန်၏စာကိုလက်ခံရရှိပါတယ်။ဆရာတော်၏စာတွင် ဖော်ပြထားသည့်အတိုင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံရန် တောင်းဆိုချက်အား ကြိုဆိုဂုဏ်ပြုပါသည်။ ကံမကောင်းစွာဖြင့်၊ အထွေထွေ အတွင်းရေးမှူးချုပ်သည် ယခင်ကတည်းက ကတိကဝတ်များနှင့် တောင်းဆိုမှုများကြောင့် ဆရာတော်အား တွေ့ဆုံရန် အချိန်အခက်အခဲရှိပါသည်။ ၎င်းအစား ကုလသမဂ္ဂ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးဌာန (DPPA) နှင့် တွေ့ဆုံရန် အကြံပြုထားသည်။

DPPA တွင်အလုပ်လုပ်သော ကျွန်ုပ်၏လုပ်ဖော်ကိုင်ဖက် Mr.Johnette ကိုကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကိုယ်စား ဤအစည်းအဝေးကိုစီစဉ်ရန် တိုက်ရိုက်ဆက်သွယ်နိုင်သူဖြစ်သည်။

နားလည်ပေးမှုများအတွက် စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်စွာဖြင့်၊

___

Emilie Maurice
ပရိုဂရမ်အရာရှိ
အမှုဆောင်ရုံး အတွင်းရေးမှူးချုပ်

Address

20 Dongan Place, 115
New York, NY
NY10040

Alerts

Be the first to know and let us send you an email when IBEC-Office New York posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share