Spring Myanmar Society

Spring Myanmar Society SMS - Spring Myanmar Society - နွေဦးမြန်မာအသင်း အဖွဲ့ 🔥
(4)

ရေဘေးကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ တဲအိမ်တွေကို ပြန်လည်ဆောက်လုပ်ပေးနိုင်ဖို့ စီစဉ်ထားပါတယ်။ဒီမိသားစုတွေဟာ ရေဘေးဒဏ်ကို ...
08/14/2026

ရေဘေးကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ တဲအိမ်တွေကို ပြန်လည်ဆောက်လုပ်ပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

ဒီမိသားစုတွေဟာ ရေဘေးဒဏ်ကို ထပ်မံခံစားနေရတဲ့အပြင် ကာလရှည် စစ်ဘေးရှောင်ဘဝနဲ့ ရပ်တည်နေကြရသူတွေလည်း ဖြစ်ပါတယ်။ အခက်အခဲတွေကြားကနေ တည်ဆောက်ထားခဲ့တဲ့ ခိုလှုံရာအမိုးအကာလေးတွေဟာ ရေဘေးကြောင့် ပျက်စီးသွားခဲ့ရပါတယ်။

မိသားစုတစ်စုအတွက် တဲတစ်လုံးကို ကျပ် (၁၀) သိန်း သတ်မှတ်ပြီး လိုအပ်နေတဲ့ မိသားစုတွေအတွက် ခိုလှုံရာ အမိုးအကာလေးတွေ ပြန်လည်တည်ဆောက်ပေးသွားမှာပါ။

တဲတစ်လုံးစာ ကျပ် (၁၀) သိန်းအပြည့် မတတ်နိုင်လည်း စိတ်မပူပါနဲ့။ တစ်သောင်း၊ ငါးသောင်း၊ တစ်သိန်း… ကိုယ်တတ်နိုင်သလောက် ပါဝင်မျှဝေပေးကြပါ။

လူအများရဲ့ စေတနာလေးတွေ စုပေါင်းလိုက်တဲ့အခါ မိသားစုတစ်စုအတွက် အမိုးအကာ ခိုလှုံစရာလေးတစ်ခု ဖြစ်လာနိုင်ပါတယ်။

🙏 တတ်နိုင်သလောက် ပါဝင်လှူဒါန်းပေးကြပါ။
🙏 ဒီပိုစ့်ကို မျှဝေပေးခြင်းဖြင့်လည်း ကူညီပေးကြပါ။

#အညာရေဘေး
#ပြန်လည်ထူထောင်ရေး
#တဲအိမ်ပြန်လည်တည်ဆောက်ရေး
#မျှဝေခြင်းသည်မေတ္တာ


⚠️ ရေကြီးရေလျှံလျက်ရှိသော ဒေသများမှ ပြည်သူများ လိုက်နာဆောင်ရွက်ရန် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များ (ဩဂုတ်လ၊ ၂၀၂၆ ခုနှစ...
08/13/2026

⚠️ ရေကြီးရေလျှံလျက်ရှိသော ဒေသများမှ ပြည်သူများ လိုက်နာဆောင်ရွက်ရန် ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များ (ဩဂုတ်လ၊ ၂၀၂၆ ခုနှစ်)

ရေကြီးသည့် နေရာဒေသများတွင် ကူးစက်ရောဂါများ ကူးစက်ခံရနိုင်ပြီး ဓာတုဗေဒအန္တရာယ်များ၊ ထိခိုက်ဒဏ်ရာများနှင့် အကောင်ကိုက်ခံရခြင်းတို့လည်း ဖြစ်ပွားနိုင်ပါသည်။

🟥 ရေကြီးသည့်နေရာတွင် ကားမမောင်းရ

ရေကြီးသည့်နေရာများတွင် အရဲစွန့်ပြီး ရေထဲသို့ ကားဖြတ်မောင်းခြင်း မပြုလုပ်သင့်ပါ။ ရေစီးနှင့်အတူ မျောပါသွားနိုင်ပါသည်။

🟥 ရေတိမ်နစ်တတ်သည်

ရေကူးတတ်သည်နှင့်မဆိုင်ဘဲ ရေတိမ်သော်လည်း ရေလမ်းကြောင်း လျင်မြန်စွာ ပြောင်းလဲနိုင်သည့်အတွက် အသက်အန္တရာယ်ရှိနိုင်ပါသည်။ အထူးသဖြင့် မည်မျှပင် ရေတိမ်စေကာမူ ကလေးငယ်များအတွက် အန္တရာယ်ရှိသည်သာ ဖြစ်ပါသည်။

🟥 ရေနှင့် ဝေးဝေးနေပါ

တက်နေသည့် ရေထဲတွင် မည်သည့်အရာများ ရှိနေသည်ကို မသိရှိနိုင်ပါ။ အထူးသဖြင့် အဆိုပါရေထဲတွင် လျှပ်စစ်ဓာတ်ကြိုးများရှိနိုင်ပြီး ဓာတ်လိုက်နိုင်သလို လူနှင့် တိရစ္ဆာန်တို့၏ အညစ်အကြေးများလည်း ရှိနေနိုင်ပါသည်။ လူနေအိမ်များ၊ ဆေးရုံဆေးခန်းများ၊ စက်ရုံများက ထွက်ရှိသည့် အညစ်အကြေးများလည်း ရှိနိုင်ပြီး လူကို ဒုက္ခပြုနိုင်ပါသည်။ အာဆင်းနစ်၊ ခရိုမီယမ်နှင့် မာကျူရီတို့ကဲ့သို့ အချို့ဓာတုပစ္စည်းများက ကင်ဆာရောဂါကိုပင် ဖြစ်စေနိုင်ပါသည်။ ရောဂါပိုးမွှားများလည်း ပါရှိနိုင်ပြီး လူကို မနာမကျန်းဖြစ်စေနိုင်သည်။ လူကို ထိခိုက်ဒဏ်ရာ ရစေနိုင်သော သစ်တိုသစ်စများ၊ သံတိုသံစများလည်း ရှိနေနိုင်သည်။ ကြွက်နှင့် မြွေတို့ကဲ့သို့ အကောင်များလည်း အကိုက်ခံရနိုင်သည်။

🟥 ညစ်ညမ်းသည့် ရေနှင့်ထိတွေ့မိပါက

အနာများကို ရင်းစေနိုင်ခြင်း၊ အရေပြား ဓာတ်မတည့်ခြင်း၊ အနီစက်ထွက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ မေးခိုင်ရောဂါ၊ လက်ပတိုစပိုင်ရိုးစစ်နှင့် မယ်လီယိုဒိုစစ်တို့ကဲ့သို့ ကူးစက်ရောဂါများလည်း ကူးစက်ခံရနိုင်ပါသည်။

🟥 ရေကြီးသည့်နေရာမှ ရေများနှင့် ထိတွေ့မိပါက

သန့်ရှင်းသော ရေ၊ ဆပ်ပြာတို့ဖြင့် အမြန်ဆုံး ဆေးကြောပစ်ပါ။ ဆပ်ပြာမရှိပါက အယ်လ်ကိုဟော ပါဝင်သော ပိုးသန့်စင်ဆေးရည်ကို အသုံးပြု၍ ဆေးကြောနိုင်ပါသည်။ အနာရှိပါက ဂရုစိုက်ပြီး လိုအပ်ပါက ကုသမှုခံယူရပါမည်။ ညစ်ညမ်းသွားသော အဝတ်အစားများကိုလည်း ပြန်မဝတ်မီ ရေနွေးနှင့် အဝတ်လျှော်ဆပ်ပြာတို့ဖြင့် လျှော်ဖွပ်သင့်ပါသည်။ ညစ်ညမ်းသော ရေထဲသို့ မဖြစ်မနေ ဆင်းရမည်ဆိုပါက ရာဘာလည်ရှည်ဖိနပ်နှင့် လက်အိတ်များ၊ မျက်မှန်များ ဝတ်ဆင်သင့်ပါသည်။

🟥 နာမကျန်းမှုနှင့် ထိခိုက်ဒဏ်ရာများမှ ကာကွယ်ခြင်း

✅ ထိခိုက်ဒဏ်ရာများမှ ကာကွယ်ခြင်း

ရေကြီးသည့် ရေထဲတွင် ချွန်ထက်သော အရာဝတ္ထုများ ပါဝင်နိုင်ပြီး လူကို ထိခိုက်ဒဏ်ရာ ရစေနိုင်ကာ ပိုးဝင်စေနိုင်ပါသည်။ ရှေးဉီးသူနာပြုစုကုသနည်းဖြင့် အမြန်ကုသပါက သေးငယ်သော ဒဏ်ရာများကို သက်သာစေနိုင်ပြီး ပိုးဝင်ခြင်းမှ ကာကွယ်နိုင်ပါသည်။ အပေါက်ဖြစ်သွားသော အနာများနှင့် မစင်၊ မြေကြီး၊ တံတွေးတို့ဖြင့် ညစ်ညမ်းသွားသော အနာများရရှိခဲ့ပါက မေးခိုင်ကာကွယ်ဆေး ထိုးသင့်ပါသည်။

✅ အနာနှင့် အရေပြားအနီစက်များမှတစ်ဆင့် ပိုးဝင်မှုကို ကာကွယ်ခြင်း

မိမိတွင်ရှိပြီးသော အနာများမှတစ်ဆင့် အရေပြားပိုးဝင်နိုင်ပြီး အနာရှိပါက ရေကြီးနေသည့် ရေနှင့် မထိတွေ့မိအောင် နေပါ။ သန့်ရှင်း၍ ရေလုံသော ပတ်တီးဖြင့် ဖုံးအုပ်ထားပါ။ အနာကို သန့်အောင်ထားပြီး ဖြစ်နိုင်ပါက ဆပ်ပြာနှင့် သန့်ရှင်းသော ရေတို့ဖြင့် ဆေးကြောပါ။ အနာက ရဲလာ၊ ရောင်လာပါက ကျန်းမာရေးဝန်ထမ်းနှင့် ပြသပါ။

✅ အောက်ပါအခြေအနေများတွင် ကျန်းမာရေးဝန်ထမ်းနှင့် အမြန်ဆုံးပြသရန် လိုအပ်ပါသည်။

➤ အနာထဲတွင် မြေကြီး၊ သစ်သားစ၊ သံစနှင့် အခြားပြင်ပအရာများ နစ်ဝင်နေပါက
➤ ခွေးကိုက်ခံရခြင်း သို့မဟုတ် ညစ်ညမ်းသော အရာဝတ္ထုဖြင့် ထိခိုက်မိခြင်း
➤ အနာဟောင်းများတွင် ပိုနာလာခြင်း၊ ရောင်လာ ရဲလာခြင်း၊ အရည်ထွက်ခြင်း၊ ဖျားခြင်းတို့ကဲ့သို့ ပိုးဝင်သည့် လက္ခဏာများက ပေါ်ပေါက်လာပါက

🟥 ဝမ်းပျက်ဝမ်းလျှောရောဂါများမှ ကာကွယ်ပါ

ရေကြီးသည့် ရေထဲတွင် အညစ်အကြေးများပါဝင်နိုင်ပြီး အဆိုပါရေဖြင့် ညစ်ညမ်းနေသည့် အစားအစာနှင့် ရေတို့ကို စားသောက်မိပါက ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားနိုင်သည်။ အောက်ပါနည်းလမ်းများဖြင့် ကာကွယ်နိုင်ပါသည်။

➤ ရေကြီးသည့် ရေနှင့် ထိတွေ့ပြီးလျှင်ဖြစ်စေ၊ အစာမစားမီဖြစ်စေ လက်ကို ဆပ်ပြာ၊ ရေတို့နှင့် ဆေးကြောပါ။
➤ ရေကြီးသည့် ရေထဲတွင် ကလေးများကို ဆော့ကစားခြင်း မပြုစေရ။
➤ ရေကြီးသည့်ရေနှင့် ထိတွေ့ထားသော ကစားစရာအရုပ်များနှင့် ကလေးများကို ဆော့ကစားခြင်း မပြုစေရ။
➤ ရေကြီးသည့် ရေအပါအဝင် အဆိုပါရေများဝင်ရောက်နေသည့် မြစ်၊ ချောင်း၊ ကန်များတွင် ရေချိုးခြင်း မပြုရ။

🟥 တိရစ္ဆာန်နှင့် အင်းဆက်ပိုးကောင်များ ကိုက်ခံရခြင်းမှ ကာကွယ်ပါ

ရေကြီးရေလျှံပါက ခြင်နှင့် ယင်ကဲ့သို့ အင်းဆက်ပိုးမွှားများ ပေါက်ပွားခြင်း၊ တိရစ္ဆာန်များနှင့် မြွေကဲ့သို့ အကောင်များ နေရာရွှေ့ပြောင်းစေနိုင်သည့်အတွက် အကိုက်မခံရစေရန် သတိထားပါ။

ရေကြီးပြီးနောက် ခြင်ပေါက်ပွားမှုနှုန်း ပိုများလာနိုင်ပြီး ခြင်လိမ်းဆေး လူးခြင်း၊ အင်္ကျီရှည်၊ ဘောင်းဘီရှည်ဝတ်ခြင်း၊ ခြင်ထောင်နှင့်အိပ်စက်ခြင်းတို့ဖြင့် ကာကွယ်ပါ။

ကြွက်များလည်း မိမိတို့နေအိမ်အတွင်း ဝင်ရောက်နိုင်သည့်အတွက် အိမ်နံရံအပေါက်များကို ပိတ်ဆို့ပါ၊ စားကြွင်းစားကျန်များကို အဖုံးပါသော အမှိုက်ပုံးထဲတွင် စွန့်ပစ်ပါ၊ အစားအစာများကို လုံခြုံစွာ သိမ်းဆည်းပါ၊ ရေကျသွားပါက မိမိနေအိမ်ပတ်ဝန်းကျင်ရှိ အမှိုက်သရိုက်များကို ရှင်းလင်းပါ၊ ကြွက်ထောင်ချောက်များ အသုံးပြုပါ။

🟥 မြွေကိုက်ခံရခြင်းမှ ကာကွယ်ပါ

ရေကြီးရေလျှံပြီးပါက မြွေများသည် မူလနေရာများမှ နေရာသစ်များသို့ ရွှေ့ပြောင်းလာနိုင်ပြီး မိမိတို့နေအိမ်အတွင်းသို့လည်း ဝင်ရောက်လာနိုင်သည့်အတွက် အကိုက်မခံရစေရန် သတိထားပါ။ မြွေများသည် အပျက်အစီးအမှိုက်များအောက်တွင်လည်း ပုန်းအောင်းနေနိုင်ပါသည်။ မြွေကို တွေ့ပါက နောက်သို့ ဖြည်းဖြည်း ဆုတ်ပါ၊ မြွေကို မထိ၊ မကိုင်ပါနှင့်။ ရေထဲတွင် အကောင်တစ်ခုခု အကိုက်ခံရသည်ဟု ထင်ပါက အောက်ပါမြွေကိုက်ခံရသည့် လက္ခဏာများကို သတိပြုပါ။

အနာနေရာတွင် အပေါက်နှစ်ခု ဖြစ်နေခြင်း၊ နီရဲပြီး ရောင်နေခြင်း၊ ကိုက်ခံရသည့်နေရာတွင် အလွန်နာခြင်း၊ ပျို့ခြင်းနှင့် အန်ခြင်း၊ အသက်ရှူရ ခက်ခြင်း၊ အမြင် ဝါးခြင်း၊ တံတွေးနှင့် ချွေးအထွက်များခြင်း၊ မျက်နှာနှင့် ခြေလက်တို့တွင် ထုံကျင်ခြင်း

🟥 မြွေကိုက်ခံရပါက

မြွေအရောင်နှင့် ပုံစံကို သိပါက ကုသရာတွင် အကူအညီဖြစ်နိုင်ပါသည်။ မြွေဆိပ် အမြန်မပျံ့စေရန် အကိုက်ခံရသူကို တည်ငြိမ်အေးဆေးအောင် ထားပါ။ ကျန်းမာရေးဝန်ထမ်းဆီ အမြန်သွားပါ။ ဆေးရုံဆေးခန်းသို့ ချက်ချင်းမသွားနိုင်သေးပါက အကိုက်ခံရသူသည် ကိုက်ခံရသည့်နေရာအား နှလုံးရှိသည့် ရင်ဘတ်အောက်သို့ နှိမ့်ထားသည့် ပုံစံဖြင့် လှဲခြင်း သို့မဟုတ် ထိုင်ခြင်းပြုနိုင်ပါသည်။ အနာကို ဆပ်ပြာရေနွေးဖြင့် ချက်ချင်း ဆေးကြောပြီး သန့်ရှင်းစွာ ဖုံးအပ်ထားပါ။

🟥 မြွေကိုက်ခံရပါက မပြုလုပ်ရမည့်အရာများ

အခြားသူများ ထပ်အကိုက်မခံရစေရန် မြွေကို ဖမ်းခြင်းမပြုရပါ။ Tourniquet (သွေးထိန်းကြိုး) မစည်းရ။ အနာကို ဓားနှင့် ခွဲထုတ်ခြင်း၊ အနာကို ပါးစပ်ဖြင့်စုပ်ခြင်း၊ အနာကို ရေခဲ သို့မဟုတ် ရေထဲတွင် စိမ်ထားခြင်း၊ အနာသက်သာအောင် အရက်သောက်ခြင်း၊ ကဖင်းဓာတ်ပါဝင်သော ဖျော်ရည်များသောက်ခြင်း မပြုရပါ။

🟥 ဓာတုပစ္စည်းအန္တရာယ်ကို သတိပြုပါ

ရေထဲတွင် ဂက်စ်အိုးများ၊ ဘူးများ တွေ့ပါက မီးလောင်ပေါက်ကွဲနိုင်သည့်အတွက် ကျွမ်းကျင်သူများကိုသာ ကိုင်တွယ်ခိုင်းပါ။ ဘက်ထရီအိုးများကိုလည်း အက်ဆစ်များ၊ လျှပ်စီးများ မထိတွေ့စေရန် လျှပ်မကူးနိုင်သော အကာအကွယ် လက်အိတ်ဖြင့် သတိပြုကိုင်တွယ်ပါ။

🟥 ဓာတ်လိုက်မှုအန္တရာယ်ကို ကာကွယ်ပါ

မိမိနေအိမ်တွင် လျှပ်စစ်နှင့် ဂက်စ်အိုးများကို ပိတ်ထားပါ။ ပြုတ်ကျနေသည့် ဓာတ်ကြိုးများကို မထိတွေ့ရ။ ရေထဲတွင် ဓာတ်ကြိုးရှိနေပါက ရေနှင့်မထိတွေ့ရ၊ ကားဖြတ် မမောင်းရ။

ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားညီညွတ်ရေးအစိုးရ

Reference: US CDC



08/12/2026

အညာ ရေဘေး အတွက်ဘာလိုလဲ

အစားအသောက်
အဝတ်အထည်
နေစရာ တဲ
သွားကယ်ဖို့လှေ
အသက်ကယ်အင်္ကျီ

လိုအပ်‌ချက်တွေ အများကြီးပါ။

Clean Yangon, မြေပြင်အဖွဲ့အစည်းတွေနှင့် ပူးပေါင်းပြီး လိုအပ်ချက်များကို ပို့ပေးနေပါတယ်။

ကူကြပါဦး။

ဒီနေ့က Aug 12, 2026🔺ဩဂုတ်လအတွက် တာဝန်ထမ်းဆောင်လို့ ရပါပြီ ရဲဘော် 🔺တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပ...
08/12/2026

ဒီနေ့က Aug 12, 2026

🔺ဩဂုတ်လအတွက် တာဝန်ထမ်းဆောင်လို့ ရပါပြီ ရဲဘော် 🔺

တော်လှန်ရေးထောက်ပို့တပ်သားတာဝန်ထမ်းဆောင်ရန် သတင်းပို့ပါ။

အရေးတော်ပုံ အောင်ရမည်။


#လာပါငါတို့အတူတူရုန်းမယ်
#ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRF
#တနိုင်ငံလုံးPDFတကမ္ဘာလုံးPRF
#ထောက်ပို့လစဥ်အောင်ပွဲဝင်
#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု

#ထောက်ပို့PRF⁩⁩⁩

အညာကို ကူကြပါ။*ဆည်တွေ ဖောက်ချတော့ ရွာတွေရေနစ်ကုန်တယ်ရေနစ်နေသူ တုတ်နှင့် ထိုးသလို*လူတွေရေနစ်နေချိန် လူမှုကယ်ဆယ်ရေးသမားတွေ...
08/11/2026

အညာကို ကူကြပါ။

*ဆည်တွေ ဖောက်ချတော့ ရွာတွေရေနစ်ကုန်တယ်

ရေနစ်နေသူ တုတ်နှင့် ထိုးသလို
*လူတွေရေနစ်နေချိန် လူမှုကယ်ဆယ်ရေးသမားတွေ မရောက်နိုင်အောင် တားမြစ်တယ်။
*ရေနစ်နေတဲ့ရွာတွေပေါ် ဂျက်လေယဉ်နှင့် ကျဲတယ်။

စကစ က အစွမ်းကုန် မိုက်ရိုင်းနေပြီလေ။

လစ်လျူ မရှူနိုင်တာက ကိုယ်တွေ တော်လှန်ရေးဘက်တော်သားတွေပဲ။ စာနာတတ်တဲ့ နှလုံးသားပိုင်ရှင် တော်လှန်ရေးဘက်တော်သားတွေက ရေဘေးအတွက် ကူဖို့ အတွက် Clean Yangon အဖွဲ့နှင့် လက်တွဲပြီး ကူကြရအောင်။

Clean Yangon မှတဆင့် မြေပြင်‌ေတာ်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ ရေဘေးကယ်ဆယ်ရေးများကို လုပ်ဆောင်ပါမယ်။

(ရေဘေးကူဖို့ ရန်ပုံငွေထည့်ခြင်း၊ ဒီ post ကို like ပေးခြင်း၊ Comment ရေးခြင်း၊ Share ပေးခြင်းဖြင့် ဝိုင်းကူကြပါ။)



08/11/2026

အညာရေးဘေး

တတ်နိုင်သလောက် ပါဝင်ပေးကြပါ။

ငွေကြေးနဲ့မဟုတ်ရင်လည်း ဒီပို့စ်လေးကို မျှဝေပေးခြင်းနဲ့ ကူညီပေးနိုင်ပါတယ်။


အညာဒေသ ရေဘေး အတွက် ဒုက္ခရောက်နေသူများ ကို ကူလို့ ရပါပြီ။CB မှာ လာမေးလို့ရပါတယ်။ (Clean Yangon မှတဆင့် ဖြန့်ဖြူးပါမယ်)
08/10/2026

အညာဒေသ ရေဘေး အတွက် ဒုက္ခရောက်နေသူများ ကို ကူလို့ ရပါပြီ။

CB မှာ လာမေးလို့ရပါတယ်။ (Clean Yangon မှတဆင့် ဖြန့်ဖြူးပါမယ်)

မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအားလုံးနှင့် လက်တွဲ၍ "ပြည်သူ့ခုခံတွန်းလှန်စစ်"မှသည် "မဟာဗျူဟာထိုးစစ်"သို့ တ...
08/07/2026

မဟာမိတ် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအားလုံးနှင့် လက်တွဲ၍ "ပြည်သူ့ခုခံတွန်းလှန်စစ်"မှသည် "မဟာဗျူဟာထိုးစစ်"သို့ တက်လှမ်းနိုင်‌ရေး ဦးတည်ပြင်ဆင် ဆောင်ရွက်သွားကြရန် လုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြသည်။

တပ်မှူးကြီးများ အစည်းအဝေး (၂/၂၀၂၆)
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

08/06/2026

Address

New York, NY

Telephone

+16034611576

Website

Alerts

Be the first to know and let us send you an email when Spring Myanmar Society posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Spring Myanmar Society:

Shortcuts

Share