Peace & Justice Committee

Call Directions Website Contact the organization

Peace & Justice Committee Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Peace & Justice Committee, Nonprofit Organization, 2900 Springdale Road, Louisville, KY.

The mission of Peace and Justice Committee is to advocate internationally for reconciliation, religious freedom, and human rights in accordance with democratic principles on behalf of the Chin and wider communities in Burma.

Peace and Justice Committee, CBCUSA riantuannak hmanthalk cheukhat. Kan mipi sin ah update kan tuah lonak a sau ngai ko ...
11/04/2024

Peace and Justice Committee, CBCUSA riantuannak hmanthalk cheukhat. Kan mipi sin ah update kan tuah lonak a sau ngai ko na in, PJC riantuannak cu tthawng ngai in a kal cuahmah ko. Advocacy rian kan tuah cuahmah ko. Teinak kan hmuh i kan ram ah federal democracy rimhmui a karh tiang kan tuan peng rih ko lai.

ချင်းပြည်နယ် ချင်းတော်လှန်ရေး လက်ရှိအခြေအနေနှင့် ပတ်သက်၍ ထုတ်ပြန်ကြေညာချက် (၁၀/၂၀၂၄)ဇူလိုင်လ ၁၅၊ ၂၀၂၄၁။ နွေဦးတော်လှန်ရေး...
07/15/2024

ချင်းပြည်နယ် ချင်းတော်လှန်ရေး လက်ရှိအခြေအနေနှင့်
ပတ်သက်၍ ထုတ်ပြန်ကြေညာချက် (၁၀/၂၀၂၄)

ဇူလိုင်လ ၁၅၊ ၂၀၂၄

၁။ နွေဦးတော်လှန်ရေး စတင်ချိန်မှစ၍ ယနေ့တိုင်အောင် ချင်းနှစ်ခြင်းခရစ်ယာန်အသင်းချုပ် USA ၏ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကော်မတီသည် ငြိမ်းချမ်းရေး၊ တရားမျှတမှု ရှိရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ရန် ရန်ရွယ်ချက်ဖြင့် ချင်းပြည်နယ်၏ နိုင်ငံရေးအခြေအနေကို အနီးကပ် စောင့်ကြည့်လေ့လာကာ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများတွင် မြန်မာ့နွေဦး တော်လှန်ရေးကို ပြင်းပြင်းထန်ထန် ထောက်ခံ အားပေးမြှင့်တင်မှုများကို လုပ်ဆောင်လျက်ရှိပါသည်။

၂။ ယခုလက်ရှိအချိန်တွင် ချင်းတော်လှန်ရေးတပ်များက ချင်းပြည်နယ်၏ မြို့၊ ရွာများစွာကို အာဏာရှင် မင်းအောင်လှိုင်နှင့် ၎င်းဦးဆောင်သည့် အကြမ်းဖက်လက်နက်ကိုင်တပ်များထံမှ တပ်စခန်းများကို တစ်ခုပြီးတခု သိမ်းပိုက်ထိန်းချုပ် ထားနိုင်သည့်ကာလဖြစ်သည်။ ချင်းပြည်နယ်သည် အာဏာရှင် အကြမ်းဖက် စစ်အုပ်စု၏ အုပ်ချုပ်မှု သြဇာလွှမ်းမိုးမှု လက်အောက်မှ အပြီးလွတ်မြောက်ရန် လက်တကမ်း အလိုတွင် ရောက်ရှိနေပြီဟုပင် မှတ်ယူရမည်။

၃။ သို့ရာတွင် ချင်းတော်လှန်ရေးတွင် ချင်းညီအကိုများကြား အမြင်မတူညီမှုနှင့် သဘောထားကွဲလွဲမှု အချို့ရှိနေသည်ကို တွေ့ရှိနေရပါသည်။ ၎င်းသည် နွေဦးတော်လှန်ရေး၏ အဓိကရည်မှန်းချက် ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေးကို အဟန့်အတား ဖြစ်စေသည့်အပြင် ချင်းပြည်နှင့် ချင်းအမျိုးသား တည်ဆောက်ရေးကို နှောင့်နှေး ကြန့်ကြာစေနိုင်သည်။ သို့ဖြစ်၍ ချင်းတော်လှန်ရေးအဖွဲ့ ညီအစ်ကိုအချင်းချင်းကြား စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးကို အမြန်ဆုံး ဖော်ဆောင်ကြပါရန် ငြိမ်းချမ်းရေးနှင့် တရားမျှတရေး ကော်မတီမှ တိုက်တွန်း လိုက်ပါ သည်။ ချင်းတော်လှန်ရေးတပ်များ တစုတစ်စည်းတည်း ပူးပေါင်း၍ အာဏာရှင်ကို ချင်းမြေမှ အပြီး

တိုက်ထုတ်ကာ ချင်းတော်လှန်ရေး သမိုင်းသစ်ကို ရေးထိုးကြရန် တိုက်တွန်းအပ်ပါသည်။ ငြိမ်းချမ်းရေး နှင့် တရားမျှတရေး ကော်မတီသည် ချင်းအမျိုးသား ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး ရရှိရေး အတွက် အဘက်ဘက်မှ အစွမ်းကုန်ကြိုးစား ရပ်တည်သွားမည်ဟု ကြေညာအပ်ပါသည်။

၄။ ငြိမ်းချမ်းရေးနှင့် တရားမျှ တရေး ကော်မတီသည် အာရက္ခတပ်တော် (အေအေ) ၏ ချင်းပြည်နယ် အတွင်း ချင်းတော်လှန်ရေးတွင် ပါဝင်စွပ်ဖက်နေခြင်းကြောင့် ချင်းပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်အတွက် အထူးစိုးရိမ် ပူပန်လျက်ရှိနေပါသည်။ ချင်းတော်လှန်ရေးတွင် အာရက္ခတပ်တော် (အေအေ) ပါဝင်လာခြင်းက ချင်းပြည်နယ်နှင့် ချင်းလူမျိုးများ၏ စည်းလုံးညီညွတ်မှု ရရှိရေးအတွက် ကြီးမားသည့် အဟန့်အတား ဖြစ်လာစေသောကြောင့် အာရက္ခတပ်တော် (အေအေ)သည် ချင်းတော် လှန်ရေးတွင် ပါဝင်ပတ်သက်နေမှုကို ရှုတ်ချပြီး ချင်းတော်လှန်ရေးတွင် ပါဝင်ခြင်းမှ ချက်ခြင်း ရပ်တန့်ရန် သဘောထားထုတ်ပြန် တောင်းဆိုလိုက်ပါသည်။

၅။ အွန်လိုင်းမီဒီယာများတွင် ချင်းပြည်သူ ညီအစ်ကို မောင်နှမများကြား မုန်းတီးရေးဝါဒ တိုးချဲ့ ပြန့်ကား ကြီးမားလာစေရန် လှု့ဆော်မှု့ ပြုလုပ်နေကြသည့် မည်သူကိုမဆို ပြင်းထန်စွာ ရှုတ်ချပါသည်။ ငြိမ်းချမ်း ရေးဖြင့် စည်းလုံးညီညွှတ်ရေးကို တည်ဆောက်ဖော်ဆောင်နိုင်မည့် ဆွေးနွေးဖလှယ်မှုများကိုသာ ဦးစား ပေး ပြောဆိုကြပါရန် ချင်းပြည်သူများကို မေတ္တာရပ်ခံ၊ နိူးဆော်တိုက်တွန်းအပ်ပါသည်။

၆။ ချင်းနှစ်ခြင်းခရစ်ယာန် အသင်းချုပ် USA သည် အမေရိကန်နိုင်ငံရှိ ပြည်နယ် (၂၅) ခုတွင်တည် ရှိသော အသင်းတော်ပေါင်း (၁၂၀) ကျော်ဖြင့် စုပေါင်းဖွဲ့စည်းထားပြီး အသင်းဝင်ပေါင်း (၃၀,၀၀၀) ကျော်ရှိသည့် အဖွဲ့အစည်းကြီးဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ နံနက်တွင် စတင်ခဲ့သော အာဏာသိမ်းမှုကို တုံ့ပြန်သည့်အနေဖြင့် ချင်းနှစ်ခြင်းခရစ်ယာန် အသင်းချုပ်မှ ငြိမ်းချမ်းရေးနှင့် တရားမျှတမှု ကော်မတီ (ယခင် Chin Advocacy Committee (CAC))ကို နိုင်ငံရေးနှင့် လူမျိုးရေး ဆိုင်ရာ ကဏ္ဍအသီးသီးကို တာဝန်ယူရန် ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။

Media Inquiries:
Telephone : +1 (240) 786-2042
: +1 (502) 333-2776
Email : [email protected]

Burma ralhrang hna ruangah kan Chinram mitthli a tlak lio ah Pathian sin ah thlacam biktu cu kan Chin/Lai nu hna hi an s...
05/31/2024

Burma ralhrang hna ruangah kan Chinram mitthli a tlak lio ah
Pathian sin ah thlacam biktu cu kan Chin/Lai nu hna hi an si. An si khawh chung in fund an kawl. Harnak a tuarmi hna le rawltaam tihal in a ummi kan Chin ralkap hna le mipi caah chaw an kawl.

Vawlei ah kan Bawipa Jesuh Khrih A Pa rian a tuannak lio ah chaw va in a bawmtu hna Mary Magdalene le Jerusalem nu rual hna bantuk an si. DC area kan nule hna zong 5/16/2024 ah Pathian sin in thazaang an la ti hna. Kan miphun thazaang taktak ah an cang kho cang. Pathian nih thluachuah pe in hmang chin ko hna seh!

03/19/2024

The Chin College - Certificate in Christian Ministry Siangngakchia pawl he biahalnak tawite
---------

01/10/2024

ချင်းလူမျိုးများထံသို့ အိတ်ဖ္ငင့်ပေးစာ
_________________________

ချင်းလူမျိုးတို့သည် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ပင်လုံစာချုပ်ကို လက်မှတ် ရေးထိုးကာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို စတင်တည်ထောင်ရာတွင်ပါဝင်ခဲ့သည့် လူမျိုး တမျိုးဖြစ်သည်။ ယင်းသည် ကမ္ဘာ့အလယ်တွင် ဂုဏ်ယူဝံ့ကြွားထိုက်သည့် သမိုင်းဖြစ်ပါသည်။

၎င်းနည်းတူ ယနေ့တွင် အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို အဆုံးတိုင်တော်လှန်ပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ထူထောင်ရန် နွေဦးတော်လှန်ရေးတွင် အစပြုပါဝင်ခဲ့သည့် လူမျိုးအဖြစ်လည်း မှတ်တန်းတင်ပြီးဖြစ်သည်။

သို့ရာတွင် ယနေ့တွင် ညီနောင်ချင်းအမျိုးသားတို့သည် အတွင်းရေး (internal) ပြဿနာ/စိန်ခေါ်မှုများကို အကောင်းဆုံးဖြေရှင်းရန် တွေ့ဆုံဆွေးနွေးရေး (dialogue) အဖွဲ့အစည်းများအကြား အမြန်ဆုံးလုပ်ကြရမည်။ သို့မဟုတ်လျှင် (external) ပြင်ပစိန်ခေါ်မှုကို အောင်မြင်ကျော်လွှားနိုင်ဖို့ ခက်ခဲနေပါဦးမည်။

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို အဆုံးတိုင် တော်လှန်ရန် နွေဦး တော်လှန်ရေးတွင် အစပြုပါဝင်ခဲ့သည့် လူမျိုးများ နေထိုင်ရာ ချင်းပြည်နယ် သည် ဖက်ဒရယ်ပြည်ထောင်စု ဟူသည့် မျှော်လင့်ခြင်း အလင်း အမှေးမှိန်ဆုံး ပြည်နယ်အဖြစ် ယနေ့ တော်လှန်ရေးတွင် မှတ်တန်းတင်ခြင်း ခံရမည့် အခြေနေသို့ ရောက်ရှိလာနိုင်ပါသည်။

ချင်းပြည်သူများသည် ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်မှုကို အားပေးသည့် စိတ်ဓာတ်ကို မွေးကြရမည်။ စည်းလုံးညီညွတ်မှုကို မလိုလားသည့်/ ပျက်ပြား စေမည့် မည်သည့် အဖွဲ့အစည်းကိုမဆို လေးစားစွာ ရှုတ်ချကြရမည်။ အပြုသဘောဆောင်သည့် ဝေဖန်မှုမျိုးကို ပြုကြရမည်။ နွေဦးတော်လှန် ရေးသည် ပြည်သူ့တော်လှန်ရေး (People's Revolution) ဖြစ်သည်။ ချင်းတမျိုးသားလုံး စည်းလုံးညီညွတ်မှုကို ချင်းပြည်သူများက ဖန်တီးကြရမည်။

သို့ဖြစ်၍ ချင်းလူမျိုးများသည် စည်းလုံးညီညွတ်မှုဖြင့်သာ မိမိတို့၏ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ကြီးကို လှပစွာ ထုဆစ်ပုံဖော်နိုင်မည့် အားလျှော်စွာ “ညီနောင်ချင်း များ သွေးစည်းကြစို့” ဟုဖိတ်ခေါ်လိုက်ရပါသည်။

United We Stand, Divided We Fall.

လေးစားစွာဖြင့်

ဆလိုင်းဟင်နရီလျန်
ဇနဝါရီလ ၁၀၊ ၂၀၂၄

CHINLAND COUNCIL KONG BIARUAHNAK
12/14/2023

CHINLAND COUNCIL KONG BIARUAHNAK

Address

2900 Springdale Road
Louisville, KY
40206

Alerts

Be the first to know and let us send you an email when Peace & Justice Committee posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Peace & Justice Committee:

Shortcuts

Share