Parami Buddha Vihara

Parami Buddha Vihara Parami Buddha Vihara is a Non-Profit Burmese Theravada Buddhist Organization

အမေရိကန်ပြည်ထောင်စု California  ပြည်နယ် La Puente မြို့ ရှိ Parami Buddha Vihara ၌ကျေးဇူးတော်ရှင်အောင်လံဆရာတော်ဘုရားကြီး...
04/24/2026

အမေရိကန်ပြည်ထောင်စု California ပြည်နယ် La Puente မြို့ ရှိ Parami Buddha Vihara ၌ကျေးဇူးတော်ရှင်အောင်လံဆရာတော်ဘုရားကြီး၏ရခဲလှ သောအနိမိတ္တအခြေခံသမာဓိတရားကျင့်စဉ် နည်းစနစ်များကို Los Angeles နှင့် La Puente အနီးတဝိုက်ရှိ ဝေနေယျများအား အသေတတ်၍ အနေမြတ်စေခြင်းဌာ ရည်ရွယ်၍ တိုက်ခွဲ(၃၂)သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ ဌာနချုပ်USAမှမဟာနာယကဆရာတော်အရှင်ဓမ္မပါရဂူ၏ကြီးကြပ်မှုဖြင့် ကျင်းပသည့်ယောဂီသစ်အဓိဌာန်(၇)ရက်တရားစခန်းကိုApril 4th-12th, 2026 ထိကျင်းပခဲ့ပါသည်။
တရားစခန်းတည်နေရာ - Parami Buddha Vihara

ပါရမီကျောင်း ဂေါပကအဖွဲ့

ပါရမီဗုဒ္ဓဝိဟာရ လူငယ် ဗုဒ္ဓဘာသာနှင့် မြန်မာစာ ကျောင်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်တွင် အောင်မြင်...
04/06/2026

ပါရမီဗုဒ္ဓဝိဟာရ လူငယ် ဗုဒ္ဓဘာသာနှင့် မြန်မာစာ ကျောင်းဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီလ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်တွင် အောင်မြင်စွာ ကျင်းပဖွင့်လှစ်ခဲ့ပါသည်။ အခမ်းအနားအစီအစဉ်မှူးအဖြစ် ဆရာမ မအေးသန္တာမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး နမောတဿ သုံးကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည်။

ထို့နောက် ဆရာတော် အရှင်တေဇိန္ဒမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပါရမီဗုဒ္ဓဝိဟာရ ဂေါပက ဦးမိုက်ကယ်လ်မောင်နှင့် ပါရမီကျောင်းသား မိဘ ကိုဇင်လင်းထက် တို့မှလည်း ဖွင့်ပွဲအတွက် ကျေးဇူးတင်စကားများ ပြောကြားခဲ့ပါသည်။

အစီအစဉ်အရ ယခင် ၂၀၂၅ ခုနှစ်တွင် အခြေခံဗုဒ္ဓဘာသာ သင်တန်းကို သင်ယူပြီးမြောက်ခဲ့သော ကျောင်းသားကျောင်းသူများအား သင်တန်းအောင်မြင်ပြီးမြောက်ခြင်း လက်မှတ်များကို ဆရာတော် အရှင်တေဇိန္ဒမှ ပေးအပ်ခဲ့ပါသည်။ ထို့နောက် မြန်မာစာသင်တန်း သင်ယူပြီးမြောက်ခြင်း လက်မှတ်ပေးအပ်ခြင်းနှင့် အတန်းအလိုက် ဆုရရှိသော ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှောက်ခြင်း အစီအစဉ်များကို ဆက်လက် ကျင်းပခဲ့ပါသည်။

သင်တန်းအောင်မြင်ပြီးမြောက်ခြင်း လက်မှတ်များကို အခြေခံပထမတန်း ကျောင်းသားကျောင်းသူများအား ဆရာမ ဒေါ်အေးအေးငြိမ်း မှ လည်းကောင်း၊ အခြေခံဒုတိယတန်း ကျောင်းသားကျောင်းသူများအား ဆရာမ ဒေါ်ခင်သီတာနွယ် မှ လည်းကောင်း၊ အခြေခံတတိယတန်း ကျောင်းသားကျောင်းသူများအား ဆရာမ ဒေါ်ဝင်းသန္တာ မှ လည်းကောင်း ပေးအပ်ခဲ့ကြပါသည်။ ထို့အပြင် အတန်းအလိုက် ဆုရရှိသော ကျောင်းသားကျောင်းသူများအားလည်း အခြေခံပထမတန်းကို ဆရာ ဦးဝင်းမော် ၊ အခြေခံဒုတိယတန်းကို ဦးမိုက်ကယ်လ်မောင် နှင့် အခြေခံတတိယတန်းကို ဆရာမ ဒေါ်မိုးအုန်း တို့မှ အသီးသီး ပေးအပ်ဂုဏ်ပြုခဲ့ကြပါသည်။

ထို့နောက် စာသင်ကျောင်း၏ စည်းမျဉ်းစည်းကမ်းများကို ဖွင့်ပွဲသို့ တက်ရောက်လာသော အုပ်ထိန်းသူမိဘများ၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအား ပါရမီဗုဒ္ဓဝိဟာရ အတွင်းရေးမှူး ကိုပတ်ထရစ်မှ ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်သူ အားလုံးမှ ဗုဒ္ဓသာသနံကို သုံးကြိမ် ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

သင်တန်းနှစ်ခုစလုံးတွင် တက်ရောက်သင်ယူသော ကျောင်းသားကျောင်းသူ စုစုပေါင်း (၆၅) ဦးရှိပြီး လုပ်အားပေး ဆရာ၊ ဆရာမ (၁၅) ဦးမှ ပါဝင်အားဖြည့် ကူညီခဲ့ကြပါသည်။ သင်တန်းဖွင့်ပွဲ အခမ်းအနားပြီးဆုံးပြီးနောက် ကျောင်းသားကျောင်းသူများအတွက် ကြက်သားကင်နှင့် ပီဇာများကို မွေးနေ့ရှင် ကျောင်းသားများဖြစ်ကြသော မောင်ဘုန်းနေလရောင်ထွန်း မိသားစုနှင့် မောင်ထက်ဝဏ္ဏ မိသားစုတို့မှ ကုသိုလ်ဒါနအဖြစ် ကျွေးမွေး လှူဒါန်းခဲ့ကြပါသည်။ ကြာဇံချက် ကုသိုလ်ဒါနအဖြစ် BIC အဖွဲ့မှ ကုသိုလ်ပါဝင်ခဲ့ကြပါသည်။

Address

1842 Valinda Avenue
La Puente, CA
91744

Alerts

Be the first to know and let us send you an email when Parami Buddha Vihara posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Parami Buddha Vihara:

Shortcuts

Share