Myanmar Buddhist Association-ဓမ္မဗိမာန်

Call Contact the organization

Myanmar Buddhist Association-ဓမ္မဗိမာန် Buddhist Monastery and Dhamma Center Learning Center for Buddhism and Meditation

10/30/2026
 #မီးဘေးသင့်အကူ_အရေးပေါ်လိုNC-High Pointမြို့ မြန်မာဗုဒ္ဓဘာသာမိသားစု(ကိုချာလီ+မိလွန်း)အိမ် မီးလောင်မှုဖြစ်ပွါးခဲ့၍ အရေးပ...
10/18/2026

#မီးဘေးသင့်အကူ_အရေးပေါ်လို
NC-High Pointမြို့ မြန်မာဗုဒ္ဓဘာသာမိသားစု(ကိုချာလီ+မိလွန်း)အိမ် မီးလောင်မှုဖြစ်ပွါးခဲ့၍ အရေးပေါ် လိုအပ်သည်များကို ဝယ်ယူနိုင်ရန် အလှူအကူငွေများ လိုအပ်ပါသည်။ မိမိတို့ တတ်နိုင်သမျှ အလှူအကူငွေများ လှူဒါန်းနိုင်ပါကြောင်း နှိုးဆော်အပ်ပါသည်။ အောက်ပါအတိုင်း ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
ဘုန်းကြီးကျောင်း
☎️336-847-4462
ကိုဇော်ဦး
☎️ 336-802-0656
ကိုမင်းမင်း
☎️ 336-847-0798

10/12/2026

#သီတင်းကျွတ်စျေး_2026
ကျောင်းပွဲတိုင်း လိုလို အချင်းချင်းဆုံတဲ့အခါ ဟိုပစ္စည်း ဒီပစ္စည်းလေးတွေ ရောင်းကြ ဝယ်ကြ ဖလှယ်ကြ လုပ်တာလေးတွေ ကျောင်းထဲမှာ မြင်တွေ့ရပါတယ်။ အရင်ကဆိုရင် ဗုဒ္ဓဘာသာမဟုတ်သူများတောင် လာရောက်ပြီး ကျောင်းထဲမှာ ပစ္စည်းတွေ ရောင်းချတာမျိုးတောင် တွေ့ဘူးပါတယ်။ ဘုန်းဘုန်းအပါအဝင် ဘယ်သူကမှ မတားမြစ်ကြပါဘူး။ အဲ ကိုယ့်ဗုဒ္ဓဘာသာဝင် အချင်းချင်းကြရင်တော့ ဘုန်းကြီးကျောင်းလာပြီး စီးပွါးရေးရှာတယ်တို့ ဘာတို့နဲ့ စတာ လှောင်တာ အတည်ပြောတာတွေ လုပ်တတ်ကြပါတယ်။
ဘုန်းကြီးကျောင်းကို လှူမည့်အလှူငွေတွေဟာ စျေးသည်တွေ တွေ့တာနဲ့ စျေးဝယ်လိုက်ကြတော့ ကျောင်းထဲ အလှူမရောက်တော့လို့ အမေရိက အချို့ဘုန်းကြီးကျောင်းတွေက ကျောင်းထဲ စျေးရောင်းတာကို လုံးဝတားမြစ်ထားပါတယ်။
ယခုနှစ်ကစပြီး သီတင်းကျွတ်ပွဲတိုင်းမှာ #ဗုဒ္ဓဘာသာများအနေနဲ့ (အရက်သေစာ၊ မူးယဇ်ဆေးဝါး၊ သားစိမ်း ငါးစိမ်းများမှအပ)မိမိတို့ ရောင်းလိုတဲ့ ကုန်ခြောက်ကုန်မာပစ္စည်းများကို ရောင်းချနိုင်ပါတယ်လို့ အသိပေးပါတယ်။
(လာသမျှပရိတ်သတ်ကိုတော့ စတုဒိသာ အာကျောင်းကကုသိုလ်ပြုမှာမို့ အစားအစာများရောင်းချမှုကိုတော့ စဉ်းစားပြုလုပ်ကြစေလိုပါတယ်။
#ရောင်းလိုသူများ အောက်ပါဖုန်းများကို ဆက်သွယ် စုံးစမ်းနိုင်ပါတယ်
၁)ဂေါပကဖုန်း
336-802-0656 (ကိုဇော်ဦး)
336-847-0798 (ကိုမင်းမင်း)
၂)ဘုန်းကြီးကျောင်းဖုန်း
336-847-4462

09/14/2026
07/31/2026

#မျှမျှတတ_ပရဟိတ_စျေးရောင်းပွဲ_နိဒါန်း
-ကျောင်းဝင်းထဲမှာ စျေးရောင်းပွဲ ရပ်ထားတာ ကြာပါပြီ။
-မျှမျှတတ ပရဟိတ
(ကိုယ်ရောင်းရတာ ကိုယ်ကူလိုရာကူ)
ရန်ပုံငွေ စျေးရောင်းပွဲ နွေအကုန် ဆောင်းအကူး (September, 2026) ထဲမှာ
ပြုလုပ်နိုင်ရန် မြန်မာဗုဒ္ဓဘာသာအသင်းနှင့် သင်္ကြန်ပွဲ စျေးရောင်းကြသူများကို အကြံပေးထားပါတယ်။ မြန်မာပြည် မြန်မာ့အရေး ဆင်းရဲဒုက္ခရောက်နေသူတွေ အရေး၊ အရေးအားလုံးကို ကူညီစေချင်တဲ့ သဘောနဲ့ ဒီလိုပွဲကို လုပ်စေချင်တာပါ။
အသင်းအဖွဲ့ဝင်များရော အပြင်ကလူများပါ အားလုံးပါဝင်ရောင်းချနိုင်ရန် ဖွင့်ပေးမှာ ဖြစ်သည့်အတွက် အရင်က ကျောင်းရန်ပုံငွေ စျေးရောင်းပွဲမှာ ပါဝင်လိုကြောင်း စုံစမ်းထားသူများ ထပ်မံစုံစမ်းနိုင်ပါတယ်။
-ကျောင်းသင်္ကြန်ပွဲမှာတော့ ကျောင်းအတွက် ပြုပြင်ထိန်းသိမ်းတိုးချဲ့ရေးရန်ပုံငွေအတွက် လုပ်တာမို့ ဦးဆောင်အဖွဲ့က အပြင်စျေးသည်တွေကို ဘယ်သူ့မှ လက်မခံပါဘူး။ မရောင်းရလို့ ငြင်းခဲ့တာတွေကို နားလည်မည်လို့ ထင်ပါတယ်။
-အခုပွဲကတော့ ကိုယ်ရောင်းရတာ ကိုယ်ကူမို့ မည်သူမဆို (အရက်သေစာ မူးရစ်ဆေးဝါးစသည့် ရာဇဝတ်ဥပဒေမလွတ်ကင်းသောပစ္စည်များမှအပ) အစားအစာ၊ အဝတ်အထည်စသည်အားလုံး ရောင်းချနိုင်ပါတယ်။
-စျေးရောင်းလိုသူ မည်သူမဆို ဘယ်ကိုကူညီမည်ဆိုတဲ့ ရည်ရွယ်ချက်ကိုတော့
တင်ပြရပါလိမ့်မယ်။
-မျှမျှတတ၊ ပရဟိတ ဆိုတဲ့ ခေါင်းစဉ်အောက်က သွားမှာမို့ ကိုယ်ရောင်းတဲ့ပစ္စည်းရဲ့ စျေးမျှတမှု၊ ပစ္စည်းမှန်ကန်ကောင်းမွန်မှု၊ ကိုယ်ကျိုးမဖက် ပရဟိတအတွက်သာရည်ရွယ်ပြီးတကယ်ကူညီမှုများဖြစ်ရပါလိမ့်မယ်။
-စျေးရောင်းမည့်သူဦးရေ ၃၀-လောက်အနည်းဆုံး ရှိရမှာမို့ ရောင်းကြမည့်သူနှင့် အဓိကရောင်းမည့်ပစ္စည်းများ စာရင်းကြိုတင်ပေးရပါမယ်။
-စျေးရောင်းပွဲ လုပ်ဖြစ် မလုပ်ဖြစ် August, 2026 အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်မှာဖြစ်လို့ စိတ်ဝင်စားသူများ အကြံပေးလိုသူများ မက်ဆေ့ပို့နိုင်ပါတယ်။

Address

6612 Brass Road
Jamestown, NC
27282

Telephone

+13368474462

Website

Alerts

Be the first to know and let us send you an email when Myanmar Buddhist Association-ဓမ္မဗိမာန် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar Buddhist Association-ဓမ္မဗိမာန်:

Shortcuts

Share