09/03/2026
မီးရောင်မှိန်မှိန်အောက်က အသက်လုပွဲများ...
ဒီပုံလေးထဲမှာ မြင်ရတဲ့အတိုင်းပါပဲ။ ခေတ်မီပြည့်စုံတဲ့ ခွဲစိတ်ခန်းမရှိပေမယ့်၊ ရှိတဲ့ ဆေးကိရိယာလေးတွေ၊ အလင်းရောင် မှိန်ပျပျလေးတွေအောက်မှာ ရဲ.ဘော်တွေနဲ့ ပြည်သူတွေရဲ့ အသက်ကို အချိန်လုပြီး ကယ်တင်ပေးနေရတဲ့ နေရာလေးကတော့ Hector Hospital ပါ။
မကြာခဏ ဗုံးကြဲတိုက်ခိုက်ခံရမှုတွေ၊ စစ်.ကြောင်းထိုးခံရမှုတွေကြားကနေ ဆေးရုံသုံးပစ္စည်းတွေ ဆုံးရှုံးနေရတဲ့အပြင်၊ အရေးပေါ် ရွှေ့ပြောင်းပြေးလွှားရတဲ့အခါ သုံးဖို့ သယ်ယူပို့ဆောင်ရေးကား၊ မရှိမဖြစ်လိုအပ်နေတဲ့ X-ray စက်နဲ့ နေ့စဉ်သုံး ဆေးဝါးတွေ ဖြည့်တင်းနိုင်ဖို့ ကျွန်တော်တို့ ပြည်သူတွေရဲ့ အင်အား အရေးတကြီး လိုအပ်နေပါတယ်။
ဆရာဝန်တွေ၊ သူနာပြုတွေ ကိုယ်တိုင် စေတနာနဲ့ အခမဲ့ ကုသပေးနေရတဲ့ ဒီအသက်ကယ်ဆေးရုံလေး ဆက်လက်ရပ်တည်နိုင်ဖို့ဆိုတာ ပြည်သူတွေရဲ့ လက်ထဲမှာပဲ ရှိပါတယ်။
ဒီနေ့ဟာ Safe Hector Hospital ကမ်ပိန်းရဲ့ နောက်ဆုံးရက် ဖြစ်တာကြောင့်၊ အသက်ပေါင်းများစွာကို ဆက်လက်ကယ်တင်နိုင်ဖို့ ပါဝင်လှူဒါန်းပေးကြဖို့ အလေးအနက်ထား တိုက်တွန်းနှိုးဆော်အပ်ပါတယ်။