10/14/2026
📢 Suu Myat Than Foundation — ၂၀၂၇ ပညာသင်ဆု လျှောက်ထားနိုင်ပါတော့မည်
လက်ရှိ မြန်မာပြည်တွင် ကြုံတွေ့နေရသော အခြေအနေများကြောင့် တိုင်းပြည်၏ အနာဂတ်အတွက် အခြေခံအကျဆုံးဖြစ်သည့် လူသားအရင်းအမြစ်များ (Human Resources) ကြီးစွာ ဆုံးရှုံးလျက်ရှိပါသည်။ လူငယ်များ၏ ပညာရေးသည် တိုင်းပြည်တိုင်း၏ အနာဂတ်အတွက် အလွန်အရေးကြီးသော အခန်းကဏ္ဍတွင် တည်ရှိနေပါသည်။
ဤလိုအပ်ချက်များကို တတ်အားသရွေ့ ဖြည့်ဆည်းပေးနိုင်ရန် Suu Myat Than Foundation အနေဖြင့် ၂၀၂၄ ခုနှစ်မှစတင်ကာ နှစ်စဉ် ပညာသင်ဆုများ ချီးမြှင့်ထောက်ပံ့လျက် ရှိပါသည်။ ဖောင်ဒေးရှင်း၏ ထောက်ပံ့နိုင်မှု အနေအထားအရ အာရှနိုင်ငံများရှိ တက္ကသိုလ်များတွင် တက်ရောက်သင်ကြားနေသည့် မြန်မာကျောင်းသား/သူများအတွက်သာ သီးသန့် ကန့်သတ်ချီးမြှင့်ရခြင်း ဖြစ်ပါသည်။
🗓 လျှောက်လွှာ စတင်ဖွင့်လှစ်မည့်ရက် — ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၂) ရက်
🎓 ချီးမြှင့်မည့်ဆု အရေအတွက် — အနည်းဆုံး (၁၀) ဆု
📝 လျှောက်ထားနိုင်မည့်နေရာ — https://suumyatthan.org
လျှောက်ထားသူများအနေဖြင့် အောက်ပါ အခြေခံသတ်မှတ်ချက်များနှင့် ကိုက်ညီရပါမည် -
📍 မြန်မာနိုင်ငံသား ဖြစ်ရမည်။
🏫 အာရှနိုင်ငံများရှိ အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုတွင် အချိန်ပြည့် (Full-time) တက်ရောက်နေသူ ဖြစ်ရမည်။
💰 လက်ရှိ ပညာသင်ယူမှု ပြီးဆုံးရန် အမှန်တကယ် ငွေကြေးအကူအညီ လိုအပ်နေသူ ဖြစ်ရမည်။
📖 ပညာရေး ကြိုးစားအားထုတ်မှု ကောင်းမွန်ပြီး၊ ဤပညာသင်ဆု ရရှိပါက ဘွဲ့ရသည်အထိ ဆက်လက်သင်ယူနိုင်မည့် အခြေအနေရှိသူ ဖြစ်ရမည်။
🤝 မိမိပတ်ဝန်းကျင်နှင့် အများအကျိုးကို သယ်ပိုးထမ်းရွက်ခဲ့ဖူးသူများကို ဦးစားပေး ရွေးချယ်ပါမည်။
❌ မြန်မာနိုင်ငံတွင်းရှိ ကျောင်း/တက္ကသိုလ်များနှင့် အာရှနိုင်ငံမဟုတ်သော ကျောင်း/တက္ကသိုလ်များတွင် တက်ရောက်နေသူများ လျှောက်ထားခွင့် မရှိပါ။
🌐 အသေးစိတ် အချက်အလက်များ ကြည့်ရှုရန် — https://suumyatthan.org
💵 ပညာသင်ဆုအတွက် ပါဝင်လှူဒါန်းနိုင်ပါသည်
────────────────────
🎓 Full Sponsor ($1,200) — ကျောင်းသားတစ်ဦးအတွက် တစ်နှစ်စာ ပညာသင်ဆုအပြည့်
🌱 Half Sponsor ($600) — တစ်နှစ်စာ ပညာသင်ဆု တစ်ဝက်
💖 General Donation — မိမိတို့ တတ်အားသရွေ့ စေတနာသဒ္ဓါတရား ထက်သန်သလောက် ပါဝင်ကုသိုလ်ယူနိုင်ပါသည်
📱 Zelle: [email protected]
🌐 Website: https://suumyatthan.org
🧾 All donations are tax-deductible. (လှူဒါန်းမှုအားလုံးသည် အခွန်နုတ်ပယ်ခွင့် ရရှိနိုင်ပါသည်)