08/27/2026
မင်္ဂလာပါ ရွှေမြန်မာ အသိုင်းအဝိုင်းမှ လူကြီးမင်းတို့ခင်ဗျာ 🙏
လက်ရှိအချိန်တွင် ကျွန်ုပ်တို့အဖွဲ့အစည်းအနေဖြင့် အမေရိကန်ပြည်ထောင်စု တစ်ဝန်းလုံးရှိ ရွှေ့ပြောင်းနေထိုင်သူဆိုင်ရာ (Immigration) အမှုအခင်းများကို ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
သို့သော်လည်း မိသားစုရေးရာဥပဒေ (Family Law) နှင့် အလုပ်အကိုင်ဆိုင်ရာဥပဒေ (Employment Law) များအတွက်မူ လက်ရှိတွင် DC, MD နှင့် VA ဒေသများ၌သာ ဝန်ဆောင်မှု ပေးနိုင်ပါသေးသဖြင့် ယခုအချိန်တွင် ကျွန်ုပ်တို့၏ အခြေအနေကို နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျွန်ုပ်တို့နှင့် ရည်မှန်းချက်၊ ပန်းတိုင် တူညီသော အခြားပြည်နယ်အသီးသီးမှ ရှေ့နေများနှင့်လည်း ရှေ့ဆက်ပူးပေါင်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။
သို့သော်လည်း သင့်ဒေသအနီးအနားတွင် ရှေ့နေလိုအပ်နေပြီး ရှေ့နေရှာဖွေရန် အခက်အခဲရှိနေပါက ကျွန်ုပ်တို့ထံ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
သင့်လျော်သည့် ဥပဒေရေးရာအဖွဲ့အစည်းများ (Law Firms) နှင့် ချိတ်ဆက်ပေးနိုင်ရန် ကျွန်ုပ်တို့ ကူညီပေးနိုင်ပါသည်။ သို့ရာတွင် ထိုရှေ့နေများအနေဖြင့် သက်သာသော အတိုး/အရစ်ကျ ငွေပေးချေမှုစနစ်များ (Affordable payment plans) သို့မဟုတ် သက်သာသော တိုင်ပင်ဆွေးနွေးခများ ပေးနိုင် မပေးနိုင်ကိုမူ ကျွန်ုပ်တို့အနေဖြင့် အာမခံချက် မပေးနိုင်ပါ။
The Burmese American Resource Network offers community support, education, advocacy, and essential resources for Burmese Americans, helping families thrive and stay connected across the United States.