08/19/2026
Alhamdulillah!
၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၆) ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့ရှိ ဗလီကြီး၌ ကျင်းပပြုလုပ်ခဲ့သော ရန်ပုံငွေဈေးရောင်းပွဲတော် အောင်မြင်စွာပြီးမြောက်ခဲ့ပါသည်။
ထိုပွဲတော်ဖြစ်မြောက်ရေးအတွက် အဖက်ဖက်မှ ဝိုင်းဝန်းကူညီပေးခဲ့ကြသော သာသနာ့မိတ်ဆွေများ၊ ပါဝင်ရောင်းချလှူဒါန်းပေးခဲ့ကြသူများ၊ အလှူငွေ ထည့်ဝင်လှူဒါန်းကြသူများနှင့် ကြွရောက်အားပေးခဲ့ကြသည့် ဧည့်ပရိသတ်များ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။
ယခု ရန်ပုံငွေဈေးရောင်းပွဲမှ စုစုပေါင်း အလှူငွေ $11,226 (တစ်သောင်းတစ်ထောင် နှစ်ရာ့နှစ်ဆယ့်ခြောက် ဒေါ်လာ) ရရှိခဲ့ပါကြောင်း ဝမ်းမြောက်စွာ အသိပေးအပ်ပါသည်။
Alhamdulillah, our outdoor food fundraiser held on August 16, 2026, at BMECC was a great success!
We sincerely thank everyone who helped make this event possible, including our community members, food vendors, donors, volunteers, and everyone who came out to support us.
With your generous support, we are grateful to announce that we raised a total of $11,226.
May Allah reward everyone who contributed their time, effort, and generosity. Jazakum Allahu Khairan!