Friends O'Fly

Friends O'Fly Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Friends O'Fly, Charitable organisation, 737 Forbes Street, East Hartford, CT.

United in the timeless melodies of Christmas, we are a group of carolers from New York and Connecticut, spreading extra sparkles of holiday joy and harmonious tunes to raise donations for Internally Displaced Persons (IDPs) in Myanmar.

12/18/2024

ကျေးဇူးတင်သီချင်း

12/17/2024

Joy to the world

12/15/2024

Rudolph, The Red-Nosed Reindeer

12/14/2024

ဆောင်းညပုံနိမိတ် (Christmas Caroling by FOF 2024)

12/13/2024

Santa Claus Is Coming To Town (by FOF 2024)

12/12/2024

Feliz Navidad by FOF

12/11/2024

Silent Night by Friends O'Fly, 2024

Friends O’Fly (2024 Carol) တွင် ပါ၀င်ခဲ့သူများအား ကျေးဇူးတင်ရှိခြင်း ကမ္ဘာကြီးကို ပြောင်းလဲလိုလျှင် သေးငယ်သောအရာများမှ သ...
12/10/2024

Friends O’Fly (2024 Carol) တွင် ပါ၀င်ခဲ့သူများအား ကျေးဇူးတင်ရှိခြင်း

ကမ္ဘာကြီးကို ပြောင်းလဲလိုလျှင် သေးငယ်သောအရာများမှ သင်ကိုယ်တိုင်စတင်ပါ ဆိုတဲ့ စကားလိုပဲ ကိုယ်လုပ်နိုင်စွမ်းရှိသလောက်နဲ့ တစ်ပတ်အတွင်း စတင်ခဲ့တဲ့ (FOF) Friends O’Fly အတွက် အဖက်ဖက်မှ စိတ်စေတနာအပြည့်ဖြင့် ရင်ဘတ်ချင်းတူညီစွာ ပါ၀င်အားဖြည့်ပေးခဲ့သူ အားလုံးကို လေးနက်စွာကျေးဇူး အထူးတင်ရှိပါသည်။

အဖွဲ့နာမည်ပေးဖို့ပင် ၃-၄ရက်လောက် ခေါင်းစားခံခဲ့တဲ့ မစုနဲ့ မခစ် ၊ သီချင်းစာအုပ်အတွက် စီစဥ်ပေးခဲ့ရုံမက မအားလပ်တဲ့ကြားမှ ဖိတ်စာမျိုးစုံကို ဖန်တီးပေးခဲ့တဲ့ တီချယ်ခစ်၊ အားလုံးညီညာလှပစွာ ဆင်တူ၀တ်ဆင်နိုင်ဖို့ စဥ်းစားပေးခဲ့ပြီး အလှဆင်ပေးခဲ့တဲ့ ချစ်စု၊ Facebook မှ စာအရေးအသားတွေကို ပြင်ဆင် cross-check လုပ်ပေးသွားသော မဒေါ၊ အလုပ်နဲ့မိသားစုအတွက် မအားလပ်သော်လည်း သီဆိုမည့်အိမ်များကို ဆက်သွယ်ဖိတ်ကြားပေးရုံမက မိမိကားဖြင့်ပါ ပို့ဆောင်ပေးခဲ့သော ကိုနော်ဂျာ၊ အလုပ်တစ်ဖက်နဲ့ အပြေးအလွှားရောက်လာကြပြီး နားဆင်မ၀သောသံစဥ်များကို မမောနိုင် တီးခတ်ပေးပါသော ကိုမောင်မောင်နှင့် ကိုကျော်ကျော်၊ လိုအပ်ပါက အတီးဖြစ်စေ အဆိုဖြစ်စေ ကားမောင်းရန်ဖြစ်စေ လိုအပ်ရာများကို ဖြည့်ဆီးပေးရန် အဆင်သင့်ရှိရုံမက အကြံညာဏ်ကောင်းများ ပေးလေ့ရှိသော ကိုနိုနို၊ အလှူငွေများကို သိမ်းဆည်းတွက်ချက်ပေးသော မနိုနို၊ zelle ဖြင့် လှူဒါန်းသူများကို လက်ခံပေးပြီး အချိန်နှင့် တပြေးညီ update လုပ်ပေးနေသော တီခစ်၊ ကလေးများအတွက် သကြားလုံးများတာ၀န်ယူ ပေးဝေခဲ့သော မီးမီး၊ အချိန်မလစ်ဟင်းရအောင် သီချင်းများကို ဦးဆောင်ရွေးချယ် ပေးခဲ့သော စုစု၊ ပါ၀င်မှုအားဖြင့် အထူး အားဖြည့်သီဆိုပေးခဲ့ကြသော ကိုအားဖလက်နှင့် အန်ဒရူးတို့သာမက မိမိသားသမီးများကို တကူးတကလာရောက်ရန် အခွင့်ပြုပေးခဲ့သော NY မှ Ko John + Aunty Toe, & Ko Thomas + Aunty Thida တို့အားလည်းကောင်း၊ ခင်ပွန်းသည် (နှင့်ဇနီးသည်) ကို ကြည်ဖြူနားလည်စွာဖြင့် လိုက်ပါခွင့်ပေးခဲ့သော Roiseng, Susan, Saw Win တို့အားလည်း အထူးကျေးဇူးတင်ရှိပါသည်။

အလုပ်နှင့် အခြားတာ၀န်များကြောင့် သန်းခေါင်ချိန် Massachusetts နှင့် New York သို့ ညတွင်းချင်း ပြန်သွားကြသော စုစုနှင့် ခစ်ခစ်၊ နိုနို၊ မောင်မောင်တို့အားလည်း မဟာထပ်ဆင့် ကျေးဇူးတင်မိရင်း နောက်နှစ်မှာလည်း FOF မှ ဒုတိယအကြိမ်မြောက်အဖြစ် ဆက်လက်သီဆိုကြစေနိုင်ရန်လည်း သင်တို့အားလုံးကို ကြီးမားစွာ မျှော်လင့်မိရင်း...

အလှူငွေများ finalized စာရင်းရရှိခဲ့သော အလှူငွေစာရင်း မရှင်းပြခင် အချို့သောသူများ နေအိမ်သို့ နောက်ကျမှ ရောက်ရှိသွားခဲ့သည့...
12/09/2024

အလှူငွေများ finalized စာရင်း

ရရှိခဲ့သော အလှူငွေစာရင်း မရှင်းပြခင် အချို့သောသူများ နေအိမ်သို့ နောက်ကျမှ ရောက်ရှိသွားခဲ့သည့်အတွက် တောင်းပန်လိုပါသည်။

ညနေ ၅ နာရီမှ ၉.၃၀ ထိသာ ခရစ်စမတ်သီချင်းသီဆိုရန် စီစဉ်ထားသော်လည်း အလုပ်နှောင့်နှေးမှုများနှင့် တချို့မှာ ခရီးဝေးမှ တကူးတကလာကြရသည်ဖြစ်၍ သီချင်းပင် တစ်ခေါက်သာတိုက်ခဲ့ကြရပြီး ညနေ ၆ နာရီမှသာ စတင်နိုင်ခဲ့ကာ ၁၁.၃၀ ကျော်သွားသည်ကို နားလည်ပေးစေလိုပါသညါ။

ဆွေသဟာများရဲ့ စားသောက်ဖွယ်ရာများ ချစ်ခြင်းအားဖြင့် ပြင်ဆင်ကျွေးမွေးကြသည့်အတွက်လည်း ကျေးဇူးတင် ဝမ်းမြောက်မိပါသည်။ နေအိမ်မှသော်လည်းကောင်း၊ zelle မှသော်လည်းကောင်း ကူညီလှူဒါန်းပေးသောအယောက်စီတိုင်းအား ကျေးဇူးဥပကာရ အထူးတင်ရှိပါသည်။ ရရှိခဲ့သော အလှူငွေများမှာ အောက်ပါအတိုင်းဖြစ်ပြီး မကြာမှီ IDPs သို့ လှူဒါန်းသွားပါမည်။

နေအိမ်များမှရရှိသော အလှူငွေ $၁၀၉၀

Facetime မှ ရရှိသော အလှူငွေ $၃၈၅ (zelle)

သီးသန့်လှူ ဒါန်းငွေ $၁၅၀ (zelle)
(John Bosco (TX) နှင့် Saw Simon + Maria ပုလဲသွယ် (TN))

စုစုပေါင်း ရရှိငွေ $၁၆၂၅ ဖြစ်ပါသည်

ခရစ်စမတ်ကောင်းကြီးတော်များ အားလုံးအပေါ်သို့ သက်ရောက်ပါစေလို့ဆုတောင်းပေးပါတယ်။

Texas က John Bosco မှလည်း (Carol သီချင်းဖြင့် မနှုတ်ဆက်ရသော်လည်း) Friends O'Fly ၏ IDPs အလှူအတွက် $100 လှူဒါန်းခဲ့ပါတယ်။
12/08/2024

Texas က John Bosco မှလည်း (Carol သီချင်းဖြင့် မနှုတ်ဆက်ရသော်လည်း) Friends O'Fly ၏ IDPs အလှူအတွက် $100 လှူဒါန်းခဲ့ပါတယ်။

Address

737 Forbes Street
East Hartford, CT
06118

Telephone

+16178348951

Website

Alerts

Be the first to know and let us send you an email when Friends O'Fly posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Friends O'Fly:

Share