05/25/2026
CSI EduAid မှပေးအပ်သည့်ပညာသင်ဆုလျှောက်လွှာများပြန်လည်၍စတင်ဖွင့်လှစ်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါတယ်။
CSI EduAid မှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်ထောက်ပံ့မည့်ပညာသင်ဆုလျှောက်လွှာများကိုလက်ခံနေပြီဖြစ်ပါသည်။
CSI EduAid မှထောက်ပံ့သောပညာသင်ဆုများသည် ချင်းတိုင်းရင်းသားကျောင်းသားကျောင်းသူများပညာသင် ကြားရာ၌ငွေကြေးဆိုင်ရာအထောက်အပံ့အခက်အခဲရှိနေသောသူများအားရည်ရွယ်၍ပေးအပ်သောပညာသင်ဆုဖြစ်ပါတယ်သည်။
ပညာရေးတွင်အမှန်တကယ်စိတ်ဝင်စား၍စိတ်အားထက်သန်သောချင်းတိုင်းရင်းသားကျောင်းသားကျောင်းသူများအားပညာသင်ကြားရာ၌အခက်ခဲမရှိအဆင်ပြေချောမွေ့ကာအနာဂတ်တွင်မိမိ၏လူမျိုးနှင့်ဒေသချင်းပြည်နယ်အတွက်ဦးဆောင်နိုင်မည့်အရည်အချင်းရှိသောခေါင်းဆောင်းကောင်းများမွေးထုတ်ပေးနိုင်ရန်အတွက်ပညာသင်ဆုထောက်ပံ့ပေးသောအစီအစဉ်တစ်ခုဖြစ်ပါသည်။
CSI EduAid ပညာသင်ဆုလျှောက်ထားရန်အတွက်လိုအပ်သောအချက်အလက်များမှာအောက်ပါအတိုင်းဖြစ်ပါတယ်။
လျှောက်ထားသူများမှာ
၁။ ချင်းတိုင်းရင်းသားဖြစ်ရမည်။
၂။ လတ်တလောတွင်ချင်းပြည်နယ်၌ကောလိပ်နှင့်တက္ကသိုလ်တစ်ခုခုတွင်တက်ရောက်နေသူ (သို့မဟုတ်) မကြာမီတွင်ချင်းပြည်နယ်၌ကောလိပ်နှင့်တက္ကသိုလ်တက်ရောက်မည့်သူဖြစ်ရမည်။
၃။ ပညာရေးတွင်အမှန်တကယ်စိတ်ဝင်စား၍စိတ်အားထက်သန်ကြောင်းပြသနိုင်ရမည်။
၄။ အနာဂတ်တွင်မိမိလူမျိူးနှင့်ပြည်နယ်အတွ က်ပြန်လည်အသုံးချအကျိုးပြုနိုင်မည့်သူဖြစ်ရမည်။
ပညာသင်ဆုလျှောက်လွှာတင်ရာတွင်လုပ်ဆောင်ရမည့်အဆင့်များမှာအောက်ပါ
အတိုင်းဖြစ်ပါသည်။
၁။ လျှောက်ထားသူများသည်ဖော်ပြထားသောအွန်လိုင်းလျှောက်လွှာဖောင်
https://forms.gle/ceHDrKbcBz99W3op7
အားပြည့်စုံစွာတင်ပြရမည်။
၂။ စာတမ်းတင်ပြရမည့်အချက်များ
စာတမ်း (၂)ခုတင်ပြရန်ဖြစ်သည်။
(က) ပထမစာတမ်းတွင်အနည်းဆုံးစာလုံးရေ(၂၀၀) ပါဝင်ရမည်ဖြစ်သည်။ စာတမ်းတွင်ထည့်သွင်းရေးသားရမည့်အကြောင်းအရာမှာ ယနေ့သင်နေထိုင်ရာလူနေမှုအသိုင်းအဝိုင်းအဖွဲ့အစည်းတွင်တွေ့ကြုံနေရသောအရေးကြီးဆုံးပြဿနာကိုဖော်ပြပါ။ ထိုပြဿနာကိုသင်၏ပညာရေးနှင့်အတွေ့အကြုံကျွမ်းကျင်မှုများကိုအသုံးပြု၍လက်ရှိတွင်မည်သို့ဖြေရှင်းနိုင်မည့်အကြောင်းကိုဖော်ပြထားသောစာတမ်းဖြစ်ရမည်။
(ခ) ဒုတိယစာတမ်းတွင်အနည်းဆုံးစာလုံးရေ (၁၀၀) ပါဝင်ရမည်ဖြစ်သည်။ စာတမ်းတွင်ထည့်သွင်းရေးသားရမည့်အကြောင်းအရာမှာ သင်နှင့်ယုံကြည်မှုအယူအဆမတူညီသောသူတစ်ဦးနှင့်တွေ့ကြုံခဲ့ရသည့်အတွေ့အကြုံတစ်ခုကိုဖော်ပြရမည်ဖြစ်ပြီးထိုအခြေအနေအားသင်မည်သို့တုံ့ပြန်ခဲ့ကြောင်းနှင့်မည်သည့်အတွေ့အကြုံများသင်ယူခဲ့ရကြောင်းကိုဖော်ပြထားသောစာတမ်းဖြစ်ရမည်။
၃။ကိုယ်ရေးရာဇဝင်အကျဉ်း
၄။ သက်ဆိုင်ရာကောလိပ်(သို့မဟုတ်)တက္ကသိုလ်ဝင်ခွင့်လက်မှတ်
၅။ မိမိအားထောက်ခံ့ပေးသောအကြံပြုစာ(ယခုနှစ်အတွက်အသစ်ထပ်တိုးထားသောအချက်အလက်ဖြစ်သည်။)
လျှောက်ထားသူသည် အကြံပြုသူ၏ အချက်အလက်များကို လျှောက်လွှာဖောင်တွင် ထည့်သွင်းပေးရမည်။
CSI EduAid မှ အကြံပြုသူကို အီးမေးလ်မှတစ်ဆင့် တိုက်ရိုက် ဆက်သွယ်မည်ဖြစ်ပြီးထို့နောက် အကြံပြုသူသည် ပေးထားသော လင့်ခ်မှတစ်ဆင့် အကြံပြုစာကို တင်ပြရမည်။
ပညာသင်ထောက်ပံ့ဆု ရွေးချယ်ခံရသော ကျောင်းသားများအား တစ်နှစ်စာ သင်တန်းကြေးကိုသာ ထောက်ပံ့ပေးမည်ဖြစ်သည်။
ပညာသင်ဆုလျှောက်လွှာတင်ရန်လက်ခံသောအချိန်ကာလမှာ မေလ ၂၅ရက်နေ့မှ ဇွန်လ ၃၀ရက်နေ့၂၀၂၆ ခုနှစ်အတွင်းဖြစ်ပါသည််။
CSI EduAid ပညာသင်ဆုနှင့်ပတ်သတ်၍မေးခွန်းတစ်စုံတစ်ရာရှိခဲ့ပါကဆက်သွယ်ရန်:
Email – [email protected]
(သို့မဟုတ် ) CSI EduAid page သို့ တိုက်ရိုက်မက်ဆေ့ခ်ျပေးပို့၍မေးမြန်းနိုင်ပါသည်။
လျှောက်လွှာတင်ခွင့်ရှိသော ချင်းတိုင်းရင်းသားကျောင်းသားကျောင်းသူများအားလုံးလျှောက်ထားကြရန် အထူးတိုက်တွန်းအားပေးလိုပါသည်။
ပညာရေးသည် အနာဂတ်တောက်ပမှုကို ဖန်တီးသည့်သော့ချက်တစ်ခုပင်ဖြစ်သည်။
CSI EduAid မှကျောင်းသားကျောင်းသူများ၏ပညာရေးအားအလေးထားလျက်ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။