Buffalo Myanmar Association - BMA

Buffalo Myanmar Association - BMA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Buffalo Myanmar Association - BMA, Nonprofit Organization, 927 Tonawanda Street, Buffalo, NY.

"ရည်ရွယ်ချက်"

၁။ မူလဇာတိမြေ မြန်မာနိုင်ငံမှလာရောက်အခြေချသူများအချင်းချင်းအကြား ဘာသာရေး၊ လူမျိုးစုအရေး၊ ယဉ်ကျေးမှု မခွဲခြားဘဲ စည်းလုံးညီညွတ်စွာ အတူယှဉ်တွဲနေထိုင်ရင်း ခိုင်မာတောင့်တင်းသော လူ့ အဖွဲ့အစည်း တစ်ခုအဖြစ် ရေရှည်ရပ်တည်သွားကြရန်။

၂။ မူလဇာတိမြေမှရောက်ရှိလာပြီး အမေရိကန်ပြည်ထောင်စုတွင်ကြီးပြင်းသောလူငယ်များ၊ အမေရိကန် ပြည်ထောင်စုတွင်မွေးဖွားသည့် မြန်မာနွယ်ဖွားများနှင့် မိမိတို့၏ မျိုးဆက်သစ်လူင

ယ်များ၏ ပညာရေး၊ အဆင့်အတန်းမြင့်သော အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိရေး ကြိုးပမ်းဆောင်ရွက်သွား ကြရန်။

၃။ မိမိလက်ရှိနေထိုင်ရာဒေသမြို့များအတွင်း လူမှုအကျိုးပြုလုပ်ငန်းများကို အားလပ်ချိန်များတွင် လုပ်အားပေး ကူညီပေးသွားရန်။

၄။ အမေရိကန်နိုင်ငံပြည်တွင်းအနိုင်ငံရေးသာမက အနာဂတ်ကာလတွင် ကျွန်ုပ်တို့၏ သွေးချင်းများ နေထိုင်ရာ မြန်မာနိုင်ငံတွင် အာဏာရှင်စနစ်ကင်းရှင်း၍ စစ်မှန်သော ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်မြဲစွာ ရပ်တည် သွားနိုင်ရေးနှင့် မူလဇာတိမြေ မြန်မာနိုင်ငံ/ဗမာနိုင်ငံ၌ ယနေ့ဖြစ်ပေါ်နေမှုတို့နှင့် ပတ်သက်၍ အမေရိကန်အစိုးရ နှင့် လွှတ်တော်သို့ တင်ပြတောင်းဆိုမှုများ ပြုလုပ်ရာတွင် အသံတစ်သံတည်း (One Voice) ရပ်တည် တောင်းဆိုသွားကြရန်။

၅။ မူလဇာတိမြေ၏ လက်ရှိအခက်အခဲများနှင့် ပြန်လည်ထူထောင်ရေးကာလအခက်အခဲများကို မိမိတို့အဖွဲ့မှ နည်းလမ်းပေါင်းစုံသုံးကာ အဖက်ဖက်မှကူညီထောက်ပံ့ပေးသွားရန်။

BMAY ရဲ့ နွေရာသီ လှုပ်ရှားမှု စတင် 💕Rosewell Park Fundraising အတွက် ကူညီအားဖြည့်ပေးဖို့ ဒုတိယအကြိမ် စတင်ပြီး လမ်းလျှောက်...
05/30/2026

BMAY ရဲ့ နွေရာသီ လှုပ်ရှားမှု စတင် 💕

Rosewell Park Fundraising အတွက် ကူညီအားဖြည့်ပေးဖို့ ဒုတိယအကြိမ် စတင်ပြီး လမ်းလျှောက်၊ စက်ဘီးစီးတဲ့ လှုပ်ရှားမှုများကို မနက်ဖြန် 5/31/2026 Sunday မနက် ၉နာရီခွဲ BMA ရုံး 927 Tonawanda St Buffalo NY 14207 မှ စထွက်ပါမယ်။

BMAY နဲ့အတူ ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းပါတယ်။

BMAY’s summer activities are starting 💕

The second round of walk and bike fundraising events for Rosewell Park will begin tomorrow, 5/31/2026, Sunday, at 9:30 AM from the BMA office at 927 Tonawanda St, Buffalo, NY 14207.

We encourage everyone to join and participate with BMAY.

ကူညီလှူဒါန်းလိုသူများ အောက်ပါလင့်ခ် ကို နှိပ်ပြီး Donate က တဆင့် BMA Youth နာမည်နှင့် ပါဝင်ကူညီနိုင်ပါပြီ။

http://www.rideforroswell.org

steps:
1. Click on the link လင့်ခ်ကိုနှိပ်ပါ

2. Press "Donate" and enter the following information:
First name: BMA
Last name: Youth
Donate ကိုနှိပ်ပြီး အချက်အလက်မှာ BMA Youth နာမည်ရေးထည့်ပါ

3. Click the arrow button next to it and donate under us.
ရေးပြီးလျှင် ပုံမှာပြထားသည့်အတိုင်း Donate ကိုထပ်နှိပ်ပြီး BMA Youth လေးတွေရဲ့ Rosewell Park Fundraising ကိုလှူဒါန်းနိုင်ပါပြီ။

New York State Health Department ရဲ့ Medicaid အကြောင်း တစေ့တစောင်း 🌿ကျွန်တော်/မတို့ မြန်မာတိုင်းရင်းသား လူထုအတွက် Medica...
05/25/2026

New York State Health Department ရဲ့ Medicaid အကြောင်း တစေ့တစောင်း 🌿

ကျွန်တော်/မတို့ မြန်မာတိုင်းရင်းသား လူထုအတွက် Medicaid အကြောင်း သိရှိနားလည်စေရန် အပတ်စဉ် လာရောက်ကူညီဆောင်ရွက်ပေးနေတဲ့ ဝန်ဆောင်မှုကို BMA နဲ့အတူ ပူးပေါင်းလုပ်ဆောင်နေသူတစ်ဦးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Medicaid နဲ့ပတ်သက်ပြီး—
🔹 ဘယ်သူတွေ လျှောက်ထားနိုင်သလဲ
🔹 ဘယ်လို ကျန်းမာရေးဝန်ဆောင်မှုတွေ ရရှိနိုင်သလဲ
🔹 ကိုယ့်ရဲ့ ဝင်ငွေအခြေအနေအရ Medicaid အတွက် အကျုံးဝင်မဝင်
🔹 လျှောက်ထားရာမှာ ဘာတွေလိုအပ်သလဲ

စတဲ့အချက်အလက်တွေကို အသေးစိတ် ရှင်းလင်းဆွေးနွေးပေးပြီး လိုအပ်တဲ့ ဝန်ဆောင်မှုများကိုလည်း ကူညီဆောင်ရွက်ပေးနေပါတယ်။
လူထုအတွက် လုံခြုံစိတ်ချရတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ရရှိနိုင်စေဖို့ Medicaid တာဝန်ယူဆောင်ရွက်နေသူတစ်ဦးက BMA နဲ့အတူ အပတ်စဉ် လာရောက်ကူညီဝန်ဆောင်မှုပေးနေပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး သိလိုတာများရှိပါက
Medicaid တာဝန်ခံ : မနော်သော်
ဖုန်းနံပါတ် - ၇၁၆-၂၉၂-၃၀၇၄ သို့လည်းကောင်း
BMA သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ် 🤝

Honored to attend today’s AAPI Trailblazer Event at The Buffalo History Museum in celebration of Asian American and Paci...
05/18/2026

Honored to attend today’s AAPI Trailblazer Event at The Buffalo History Museum in celebration of Asian American and Pacific Islander Heritage Month.

The event recognized 18 outstanding AAPI leaders across our region, including our very own Dr. Thant, who was honored as a representative of the Burmese community. We are incredibly proud to see Burmese voices and contributions recognized and celebrated alongside so many inspiring leaders.

Thank you to CHAI for hosting such a meaningful and beautiful event that uplifted the strength, diversity, and impact of the AAPI community.

ယနေ့ Buffalo History Museum တွင်း ကျင်းပသည့် AAPI Trailblazer အခမ်းအနားသို့ တက်ရောက်ခွင့်ရသည့်အတွက် ဂုဏ်ယူပါသည်။

ဤပွဲတွင် ဒေသတွင်းမှ ထူးချွန်သော AAPI ခေါင်းဆောင် ၁၈ ဦးအား အသိအမှတ်ပြုခဲ့ကြပြီး၊ မြန်မာလူထုကိုယ်စားလှယ်အဖြစ် ဂုဏ်ပြုခံရသည့် ကျွန်ုပ်တို့၏ ဒေါက်တာသန့်အတွက် အထူးပင် ဝမ်းမြောက်ဂုဏ်ယူရပါသည်။ ယခုလို ခေါင်းဆောင်များနှင့်အတူ မြန်မာတို့၏ စွမ်းဆောင်မှုများကို ပူးတွဲဂုဏ်ပြုခံရခြင်းမှာ အလွန်ဝမ်းမြောက်စရာ ဖြစ်ပါသည်။

AAPI လူ့အဖွဲ့အစည်းကို မြှင့်တင်ပေးသည့် အခမ်းအနားကို စီစဉ်ပေးသည့် CHAI အား အထူးကျေးဇူးတင်ရှိပါသည်။

05/16/2026
🌸 မေလထဲမှာ ပြန်ဆုံမယ့် BMA Market Day 🌸မေလလို့ကြားလိုက်တာနဲ့ နွေနေ့ရက်လေးတွေကို သတိရမိသလိုလစဉ်စျေးရောင်းပွဲဆိုရင်လည်း BM...
05/11/2026

🌸 မေလထဲမှာ ပြန်ဆုံမယ့် BMA Market Day 🌸

မေလလို့ကြားလိုက်တာနဲ့ နွေနေ့ရက်လေးတွေကို သတိရမိသလို
လစဉ်စျေးရောင်းပွဲဆိုရင်လည်း BMA ကို မမေ့ကြနဲ့နော် ✨

ဒီလအတွက် အထူးမီနူးတွေကတော့ —

🍜 ရှယ်စားဖိုမှူး ကိုဇေယျာရဲ့ ရန်ကုန်မုန့်ဟင်းခါး
(လွမ်းနေသူတွေအတွက် must try!)

🍲 အထူးမီနူးအသစ် — ဝမ်တန်မီ

🥗 မသိန်းလှရဲ့ လတ်လတ်ဆတ်ဆတ် သင်္ဘောသီးထောင်း

🌶️ ထိုင်းစတိုင် ကြက်ခြေထောက်သုပ် (အရသာထူးထူးလေး)

မနက်စာအတွက် ☕ လက်ဖက်ရည် + အီကြာကွေး / ဆမူစာ

🍗 ကြက်ကြော် + ကောက်ညှင်း

🍤 အကြော်စုံ + အချဥ်ရေနဲ့ တွဲဖက်စားလို့ရမယ်

အချိုပွဲလည်း မမေ့နဲ့နော် 🍧
ရွှေရင်အေး၊ သာကူဟာလဝါ နဲ့ အချိုတည်းပြီး
အဆုံးသတ်လိုက်ရင် ပြီးပြည့်စုံပါတယ်

လူကိုယ်တိုင် လာရောက်နိုင်သလို
အော်ဒါတင်ပြီးလည်း ဝယ်ယူနိုင်ပါတယ်
(၅ပွဲအထက် delivery ရပါတယ်နော်) 🚗

နွေးနွေးထွေးထွေး စကားပြောရင်း
အမှတ်တရအချိန်လေးတွေ ဖန်တီးကြမယ့်
📅 Saturday, May 16 မှာ ဆုံကြမယ်နော်

✨ လာခဲ့ကြမယ် — BMA Market မှာ ပြန်ဆုံကြမယ် 🌸

-------------------------

🌸 “BMA Market Day in This May! 🌸

When we hear the word “May,” we think of warm sunny days and the joy of spring.
And when we think of our monthly market, we always think of BMA! ✨

This month’s special menu includes :
🍜 Yangon Mohinga by our talented chef Ko Zayar
(a must-try for anyone missing the taste of home!)

🍲 New Special Menu Item — Wonton Noodles

🥗 Fresh Papaya Salad by Ma Thain Hla

🌶️ Thai-Style Chicken Feet Salad with a unique and flavorful twist

Perfect breakfast options include:

☕ Burmese tea with E Kyar Kwae or Samosa

🍗 Fried Chicken with Sticky Rice

🍤 Assorted Fritters served with tangy dipping sauce

Don’t forget dessert! 🍧
Cool down with Shwe Yin Aye and Tharku Halawa
for the perfect sweet ending.

You are welcome to join us in person,
or place your order in advance.
( Delivery is available for orders of 5 items or more.) 🚗

Let’s enjoy delicious food, warm conversations,
and create wonderful memories together.
📅 See you on Saturday, May 16!

✨ Come join us — we look forward to seeing you again at BMA Market! 🌸

05/03/2026

အာရှနွယ်ဖွား အမေရိကန်နိုင်ငံသား ညီလာခံ နှင့်
Buffalo မှ မြန်မာနွယ်ဖွား လူငယ်များရဲ့ ထင်မြင်ယူဆချက်

The 2nd AAPI Summit hosted by senator Kirsten Gillibrand — learning, connecting, and representing our community. The BMA Youth shared their experience, voices, and inspiration from the day.

🌸 နွေဦးလေနဲ့အတူ ပြန်ဆုံမယ့် BMA စျေးရောင်းပွဲ 🌸 နွေဦးရဲ့ အနံ့အသက်၊ ချယ်ရီပန်းလေးတွေ၊ နေရောင်ပူပူနွေးနွေးလေးတွေနဲ့အတူ BMA...
04/23/2026

🌸 နွေဦးလေနဲ့အတူ ပြန်ဆုံမယ့် BMA စျေးရောင်းပွဲ 🌸
နွေဦးရဲ့ အနံ့အသက်၊ ချယ်ရီပန်းလေးတွေ၊ နေရောင်ပူပူနွေးနွေးလေးတွေနဲ့အတူ BMA လစဉ်စျေးရောင်းပွဲကို ပြန်လာပါပြီ ✨
ဒီလအတွက် အထူးမီနူးတွေကတော့—
🍜 မန္တလေးမြီးရှည် (ရှယ်စားဖိုမှူးလက်ရာ)
🍲 ကွေ့တီယို ကြက်/ ဝက် (ကွေ့တီယိုပရိသတ်များအတွက်)
🥗 မသိန်းလှရဲ့ လတ်လတ်ဆတ်ဆတ် တခါထဲ‌ထောင်းပေးတဲ့ သင်္ဘောသီးထောင်း
မနက်စာအတွက်
☕ လက်ဖက်ရည် + အီကြာကွေး / ဆမူစာ
🍗 မပါမဖြစ် အမာခံပရိသတ်အကြိုက် ကြက်ကြော် + ကောက်ညှင်း
🍤 မနှင်းဆီရဲ့ အကြော်စုံပူပူနဲ့ အရသာထိမိလှတဲ့ အချဥ်ရေ
အချိုပွဲလည်း အဆင်သင့်ပါပဲ
🍧 ရွှေရင်အေး၊ သာကူဟာလဝါ နဲ့ပါ အချိုတည်းပြီး စားလိုက်ရင် ပြီးပြည့်စုံသွားမယ်၊
လူကိုယ်တိုင် လာရောက်နိုင်သလို အော်ဒါတင်ပြီးလည်း ဝယ်ယူနိုင်ပါတယ် (၃ပွဲအထက် delivery ရပါတယ်နော်) 🚗 နွေးနွေးထွေးထွေး စကားပြောရင်း အမှတ်တရအချိန်လေးတွေ ဖန်တီးကြမယ့်
📅 Saturday, April 25 မှာ ဆုံကြမယ်နော်
927 Tonawanda St. Buffalo, NY 14207
------------------------------------------------------------------

🌸 BMA Monthly Marker with a Spring Breeze 🌸
With the scent of spring, blooming cherry blossoms, and warm sunshine,
the BMA Monthly Market is back again ✨
This month’s special menu includes—
🍜 Authentic Mandalay Mee Shay (chicken or pork, prepared by a skilled chef)
🍲 Kway Teow (for all Kway Teow lovers)
🥗 Daw Thein Hla’s freshly made papaya salad
For breakfast ☕ enjoy Burmese tea with E Kya Kway (fried dough sticks) or samosas
🍗 A crowd favorite: fried chicken with sticky rice
🍤 Ma Hnin Si’s assorted fritters, served hot with a perfectly flavorful dipping sauce
And don’t forget dessert 🍧
• Shwe Yin Aye and Sago Halawa for a sweet finish
You can join us in person or place an order
(Delivery is available for orders of 3 items or more) 🚗

Let’s gather, chat, and create warm memories together
📅 Join us on Saturday, April 25
927 Tonawanda St. Buffalo, NY 14207
✨ Come and reconnect with us at the BMA Monthly Market!

Address

927 Tonawanda Street
Buffalo, NY
14207

Alerts

Be the first to know and let us send you an email when Buffalo Myanmar Association - BMA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Buffalo Myanmar Association - BMA:

Share