MYTTA Foundation

MYTTA Foundation Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MYTTA Foundation, Nonprofit Organization, 8015 17th Avenue, Brooklyn, NY.

08/31/2026

🔥 🌹 Court သွားရမည့်သူတွေcourt မဝင်
ခင်ကြိုင်ပြင်ရမဲ့ဖ်ုင်တွဲကြီး။
ဒီဖ်ုင်ထဲမှာဘာစာရွက်တွေလိုမှာလဲ။အချက်၁၅ချက်ပါတဲ့ဖိုင်ထဲမှာဒီ(၁၅)မျိုးမပါရင်မရဘူး။”

Disclaimer: This video is provided for educational and informational purposes only. The information presented is based on general knowledge and may not reflect the most current legal developments. It is not intended to serve as legal advice, nor should it be relied upon as a substitute for consultation with a qualified immigration attorney or other legal professional.

08/28/2026

🚨 **Asylum လျှောက်ထားသူများအတွက် အရေးကြီးတဲ့ ပြောင်းလဲမှု! 🇺🇸**

USCIS ရဲ့ **Asylum System Rule Change** အရ အချို့သော Affirmative Asylum Case တွေမှာ **Asylum Interview မခေါ်ဘဲ Immigration Court ကို တိုက်ရိုက် Referral လုပ်နိုင်တဲ့ စနစ်** ရှိလာပါတယ်။

⚠️ ဒါပေမယ့် **Asylum လျှောက်ထားသူအားလုံးကို Interview မခေါ်တော့ဘူး** လို့ ဆိုလိုတာမဟုတ်ပါဘူး။ Case တစ်ခုချင်းစီအလိုက် USCIS က ဆုံးဖြတ်မှာဖြစ်ပါတယ်။

📌 ကိုယ့် Case ကို Court ကို Referral လုပ်လိုက်တာလား?
📌 NTA ရလာရင် ဘာလုပ်ရမလဲ?
📌 Immigration Court မှာ Asylum Case ကို ဘယ်လိုဆက်လက်လုပ်ဆောင်ရမလဲ?

ဒီလို **အရေးကြီးတဲ့ Immigration Update တွေကို မလွတ်တမ်းသိရှိနိုင်ဖို့ MYTTA Foundation ကို Follow လုပ်ထားပါ။** ❤️



Disclaimer: This video is provided for educational and informational purposes only. The information presented is based on general knowledge and may not reflect the most current legal developments. It is not intended to serve as legal advice, nor should it be relied upon as a substitute for consultation with a qualified immigration attorney or other legal professional.

08/27/2026

# # # 🛂 Asylum Interview မှာ ဒီ Questions တွေ မေးရင် ဘယ်လိုဖြေရမလဲ?

Asylum Interview မှာ မေးလေ့ရှိတဲ့ **အရေးကြီးတဲ့ Questions** တွေကို ကြိုတင်သိထားဖို့ အရေးကြီးပါတယ်။

**1) ဘာကြောင့် တစ်နှစ်အတွင်း Asylum မလျှောက်ခဲ့တာလဲ?**

Interview မှာ မေးလာနိုင်တဲ့ အရေးကြီးတဲ့ မေးခွန်းတစ်ခုပါ။

တစ်နှစ်အတွင်း မလျှောက်ခဲ့ရတဲ့ **အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း ပြောနိုင်ဖို့** ကြိုတင်ပြင်ဆင်ထားပါ။

**2) မြန်မာနိုင်ငံကို ပြန်သွားရင် ဘာကြောင့် အန္တရာယ်ရှိနိုင်တာလဲ?**

“ပြန်သွားရင် အန္တရာယ်ရှိတယ်” လို့ ပြောရုံနဲ့ မလုံလောက်ပါဘူး။

**ကိုယ့်ကိုယ်ပိုင်အခြေအနေ၊ ဖြစ်ရပ်တွေ၊ ခြိမ်းခြောက်ခံရမှုတွေ၊ နိုင်ငံအခြေအနေတွေနဲ့ ဆက်စပ်ပြီး ရှင်းပြနိုင်ဖို့** အရေးကြီးပါတယ်။

*3) ကိုယ့်ရဲ့ Case ပုံပြင်ကို မှန်မှန်ကန်ကန် ပြောနိုင်ရဲ့လား?**

Asylum Case မှာ **ကိုယ့်ရဲ့ ဖြစ်ရပ်အမှန်တွေကို တစ်သမတ်တည်း၊ ရှင်းရှင်းလင်းလင်းနဲ့ ပြောနိုင်ဖို့** အရေးကြီးပါတယ်။

Interview မတိုင်ခင် ကိုယ့် Case ရဲ့ Timeline နဲ့ အရေးကြီးတဲ့ ဖြစ်ရပ်တွေကို ပြန်လည်သုံးသပ်ထားပါ။

⚠️ **ဒီလိုအရေးကြီးတဲ့ မေးခွန်းတွေကို Interview မှာ မဖြေနိုင်တာက Case အပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။**

မိမိရဲ့ Asylum Case အတွက် ဘာတွေပြင်ဆင်ထားသင့်လဲ သိချင်ရင်
**MYTTA ကို Follow လုပ်ထားပါ။**
📌 Immigration နဲ့ပတ်သက်တဲ့ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို ဆက်လက်မျှဝေပေးသွားမှာဖြစ်ပါတယ်။

Disclaimer: This video is provided for educational and informational purposes only. The information presented is based on general knowledge and may not reflect the most current legal developments. It is not intended to serve as legal advice, nor should it be relied upon as a substitute for consultation with a qualified immigration attorney or other legal professional.

08/27/2026

🎉 **Asylum Interview အောင်မြင်ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်စွာ ဂုဏ်ပြုလိုက်ပါတယ်! 💙**

ကျွန်မတို့ရဲ့ Client တစ်ဦး **Asylum Interview ကို အောင်မြင်စွာ ဖြေဆိုပြီးမြောက်ခဲ့တဲ့အတွက်** အထူးဂုဏ်ယူဝမ်းမြောက်ပါတယ်။ 🎊

သူမဟာ **၂၀၂၁ ခုနှစ်မှာ အမေရိကန်နိုင်ငံကို ရောက်ရှိလာခဲ့ပြီး** ဒီနေ့အထိ Asylum လျှောက်ထားမှုခရီးစဉ်ကို စိတ်ရှည်၊ ဇွဲရှိရှိနဲ့ ဖြတ်သန်းလာခဲ့ပါတယ်။

ဒီနေ့လို အရေးကြီးတဲ့မှတ်တိုင်တစ်ခုကို ရောက်ရှိလာနိုင်တာအတွက် ကျွန်မတို့လည်း အရမ်းဝမ်းမြောက်မိပါတယ်။ 🥹✨

သူမရဲ့ ရှေ့ဆက်မယ့်ဘဝမှာ **လုံခြုံမှု၊ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုများ** အမြဲတမ်းရရှိပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🇺🇸❤️

🎉 **Congratulations ပါ! အောင်မြင်မှုများ ဆက်လက်ရရှိပါစေ!** 👏

📌 Asylum နဲ့ Immigration အကြောင်း သိရှိလိုသူများအတွက် MYTTA Foundation ကို Follow လုပ်ထားဖို့ မမေ့နဲ့နော်။

08/23/2026

🔥USCISက သင့်ထံကိုလာတဲ့စာတွေထဲမှာ
ဒါတွေမြင်ရင်အမြန်စလိုက်တော့….”
မင်သာPending တယောက်ဖြစ်ခဲ့ရင်…ပေါ့။
😳🥵😭
ငိုနေလို့မပြီးဘူ။
စာရှည်ပေမဲ့မင်းကိုကယ်မဲ့ဆေး။ပြီးအောင်ဖတ်။ရအောင်လုပ်။ဒါဘဲမင်းမှာထွက်ပေါက်ရှိတော့တယ်။

“USCIS / EOIR Notice Immediate Action”
✅မင်းဒါတွေသိလို့စလုပ်ရင်အောင်ပါပြီ။

🤝မေတ္တာကကြိုဆိုလိုက်ပါတယ်။
ခုတလောမေတ္တာကိုရောက်လာတဲ့ဒုက္ခနေသူတွေ။ဖမ်းခံရသူတွေ၊အောက်ရုံးမခေါ်ဘဲတရားရုံး တန်းတင်ခံရသူတွေ…
များလွန်းလို့ သူတို့။ ရူးမရူးမသိပါဘူး..မေတ္တာကိုယ်တိုင်တော့ ရူးတော့မလိုဖြစ်နေလို့ ..
အမြန်အောင်ရေးစီမံကိန်းကြီးပေးလိုက်ပြီ။
(လာတဲ့စာတွေကို အမြန်ကြည့် ကြဖို့။သေချာစစ်။စနစ်နဲ့ချ။မလွဲမသွေလုပ်မှရတော့မယ်။စိတ်ညစ်
ရင်း။အလုပ်လုပ်ရင်းရှေ့နေဘိုးငွေနဲနဲခြင်းစု။ကဲ!!!

⁉️️ဘာတွေက စကြမလဲ??
ပညာပေးဖြန်ဝေလိုက်တာနော်..
“လုံးဝကိုမအောင်နိုင်ပါဘူး”ဆိုတဲ့လူတွေတောင်အောင်ကုန်ကြပြီ။အရမ်းလိုက်နာလို့။ကြိုးစားလို့။
💢အားလုံးရဲ့သော့ချက်က Amendment ဘဲ။USCIS ဥပဒေကြီးကိုက ဘာပြီးဘာလုပ်လမ်းကြောင်းကြီးပြပြီးသား။

🚩နှစ်ပေါင်း(၂၀)နီးပါးကြုံတွေ့ခဲ့ရတဲ့
ရလာဒ်တွေထဲက အကျိုးတရားများကဒီကနေ့အခက်ခဲတွေနဲ့လူတွေကိုကျော်ဖြတ်စေနိုင်ပါပြီ။ဒါတွေနဲ့အထောက်ကူပြု ကာကွယ်ပေးရင်း..မေတ္တာကစနစ်တကျထပ်ကူလိုက်ပြန်ပြီ။
💢ဥပဒေပိုင်းနဲ့ပတ်သက်သမျှကိုတော့မေတ္တာရှေ့နေများသာမက သင့်အနီးရှိရှေ့နေများနဲ့မဖြစ်မနေဆက်လက်ဆွေးနွေးကြပါ။

🚩”USCIS က စာရောက်လာတာနဲ့ ချက်ချင်းထလုပ်ရမယ့် အချက်10 ချက်”ရှိပါတယ်။သိကောသိကြရဲ့လာ??မသင်ခုစလိုက်ပါ။

💢1. စာရတဲ့နေ့ကို မှတ်တမ်းတင်ပါ။
(envelope, email, USCIS account screenshot မိတ္တူတခါထဲကူး။)
2. စာအမျိုးအစားကို ခွဲ (RFE / NOID / Referral Notice / NTA / Notice of Hearing / Final Denial / IJ Order / BIA Decision )
3. Deadline ကို ချက်ချင်း highlight လုပ်
(response must be received by” သို့ “hearing date” တွေ့ရင်သေချာမှတ်)
4. A-Number, Receipt Number, Name, DOB, Address ငါ့ဟာလားပြန်စစ်ပါ။
typo/mismatch )ရှိမရှိကြည့်)
5. အမှုလမ်းကြောင်းကဘာလဲ)
(USCIS affirmative case လား၊ EOIR court case လား၊ detention case လား။)
6. မူရင်း I-589 + statement + prior amendments + evidence ငါ့မှာရှိသမျှအားလုံးစစ်)
7. Notice ထဲက အကြောင်းပြချက်ကို line-by-line သေချာဖတ်။(USCIS/EOIR က ဘာပြဿနာရှိတယ်လို့ရေးထားလဲ?မသိရင်
မေတ္တာကိုမေး။)
8. Original vs Problem vs Correction vs Evidence Table စလုပ်တော့။
9. ရှေနေနဲ့သာချက်ချင်းစ။
(legal strategy/pleadings/court representation ကို ရှေ့နေကလွဲမရ)
10. “written action plan “လုပ်ပြီး deadline calendar + backup reminder စလိုက်တော့။
ဒါတွေမစနိုင်ရင်မီးလောင်တာထက်ပူရနိုင်ပါတယ်။ဒါတွေကိုတခုစီခွဲရှင်းပြမယ်။တဆင့်ပြီးတဆင့် သေခြာကြည့်ပါ။မှတ်ပါ။လုပ်ပါ။

🚩စာတွေကိုသုံးသပ်ခြင်း

✅အဆင့်၁/-NOID စာရရင်ဘာစလုပ်မလဲ?
NOID = “Notice of Intent to Deny”
အင်တာဗျုးရပြီးဒီစာလာရင် မေတ္တာသမိုင်းမှာ တော့ဒီလူအောင်ဖို့၇၀./.ပါဘဲ။မိမိရှေ့နေကစကူနိုင်ဖို့ ၊လိုတာတွေပေးနိုင်ဖို့ ၊စကြိုးစားပါ။ဒါက final denial မဟုတ်ဖဲ ဘာကြောင့် USCIS က deny လုပ်ရမယ်လို့ ပြောပြီး အမှုဘသည်ဘက်က rebuttalနှင့် evidence တင်ဖို့ အခွင့်ပေးလိုက်တာဖြစ်တယ်။
မေတ္တာအမှု့သည်တွေက တော့ဒါ
ရရင် ”ဟေး!အောင်တော့မယ်ဟေ့”ဆိုပြီး
ရှေ့နေ ၊မေတ္တာ၊နဲ့ client တို့စာမျက်နှာ၃၀လောက်၁၀ရက်အတွင်းရူးမလောက် အမြန်လုပ် ပြန်တင်ကြရပါတယ်။စာတွေတကယ်တမ်း (၃၀)မကဘူး။နောက်ဆံုးမှာ အောင်ကြပါတယ်။
🔥ဒါပေမဲ့သတိပြုရမှာက
💢“အချိန်ရတာ။(၁၆)ရက်ဘဲ”ဒါကအသက်
မေတ္တာရှေ့နေကတကယ်လုပ်ရပါတယ်။
Client ဘက်ကလိုတဲ့သက်သေခံတွေမပေးနိုင်ရင်နားတော့။
💥NOID ထဲက reason တစ်ခုချင်းစီကို နံပါတ်တပ် တချက်စီပြန်တင်၊သက်သေပြဒါပါဘဲ။
* တစ်ချက်ချင်းအတွက် “Agree / Incorrect / Needs clarification / Missing evidence” ခွဲတယ် ။
* Original I-589 နဲ့ interview notes နဲ့သေချာနှိုင်းယှဉ်တယ် ။
* Contradiction ကွဲချက်ရှိရင် ဘာကြောင့်ဖြစ်တယ်ဆိုတာရှေနေကအဖြေရှာပေးတယ်။
* အမှု့သည်ကSupporting evidence ရသမျှစုပေးတယ် ။
* Response ကို NOID order အတိုင်း point-by-point client ကပြော၊မေတ္တာကမှတ် ။ရှေ့နေဆီပို့။
* အားလံးကDeadline နေ့ကို စက္ကန်နဲ့သွား။တကယ်ရတာက၁၀ရက်။(ရဖို့တော့တကယ်ခက်ပါတယ်။)
💥(အရေးကြီး:တာက NOID ရခဲ့ရင် statement ကိုအသစ်တစ်ပုဒ်မဖန်တည်းပါနဲ့ 💥အသက်ကသေခြာမှတ်ပါ။
✅၁-Response တခု→ Evidenceတခုနဲ့ပြန်ရေးမှအောင်မှာပါ။ကဲဒါကဖြတ်လမ်းကအောင်ဖိုဘအခွင့်ရေးပေးခံရတဲ့ NOID.

💢၂-လာပြီနော်..Referral Notice “
ဒါက မင်းကိုတရားရုံးပို့လိုက်ပြီလို့ပြောလိုက်တာမို့ ဒါရရင်တော့မြွေကိုက်ပြီ။ငွေကုန်ပြီ။ရှေ့နေရှာရပြီ။အားလုံးကအရမ်းခက်။
အဲဒီမှာ💔💔💔😭
💥Referral = asylum case ကို USCIS က Immigration Court လွှဲလိုက်တာမို့မဖြစ်မနေစရှာရမှာကငွေ။
ပြီးတော့ရှေ့နေ။ဒါကအရေးကြီးလိုသီးသန့်အသေးစိပ်ပြန်ရေးပါ့မယ်။ငွေထက်
အရေးကြီးတာကလူသက်သေနဲ့
စာသက်သေတွေ ပါဘဲ။ဒါကတရားရုံး။
လူသက်သေ Witnessပါတာ အကောင်းဆံု။
Asylum Pending ခြင်အပြန်လှန်ကူခြင်းက၂ဖက်
အကျိုးရှိဆံုးပါ။ ပြီးတော့

🚩စာသက်သေ။အကြောင်းရာတခုတိုင်းကိုပြနိုင်ရမှာ။စဉ်းစားနော်။သတိ။
ရှေ့နေတောင်အမှု့သည်ကပေးနိုင်ရင်
မနည်းလုပ်ရတာ။ရှေနေမဟုတ်တဲ့လဋက။ပွဲစားက၊မသိဘဲဝင်လုပ်နေပြီဆိုရင်
မင်းကိုယ်တိုင်ပြစ်မှု့မြောက်နေပြီ။ စီတီဇင်
ရဖို့မင်းတကယ်လိုချင်တာမှမဟုတ်တာ။EADကဒ်သာလာယူပြီးငွေလာရှာတာ။မင်းလိုလူတွေကိသတ်ဖို့ပွဲစားဆိုတဲ့လောကကြီးကြီးထွာရှင်သန်ရင်းမင်းတို့ကိုငရဲတွင်းကိုပို့ခံရတာ။
မြင်ကြပါအမှန်ကို။တကယ်လိုချင်ရင်
တကယ်လုပ်ဖို့ပညာပေးမျှဝေနေတာ။

💥စာအုပ်ပြာအတွက်ဆိုမင်းတကယ်လုပ်။အားချင်းစ။မင်းနောက်ကမေတ္တာရှိနေတယ်။
ကဲ!!လာပြီ။ဒုတိယလောင်မဲ့မီး ။လာပြီနောက်တဆင့်။

၃-🔥”Referral Notice “တဲ့တရားရုံးကိုပို့လိုက်ကြောင်းသတိပေးစာ။
ခုချိန်ကတော့ဒါရသူက ရုံးမလာရင်ဖမ်းဘဲ။
ဒီစာထဲက referral reason တွေကိုသိအောင်ဖတ်ပါ ။
* NTA ရှိ/မရှိ ။
* EOIR case docketed ဖြစ်/မဖြစ်
* Hearing Notice ရှိ/မရှိ သေချာ ကို စစ်။
* USCIS မှာတင်ထားခဲ့သော I-589, statements, amendments, exhibits အကုန်တစ်ဖိုင်တည်းစုစည်းဖို့စပါ။ဒီနေရာမှာAmendmentမရှိခဲ့၊မပါရင်နာပြီ။
* USCIS interview မှာ ကိုယ်ဖြေခဲ့တဲ့အချက်တွေပြန်ကိုက်၊လွဲမိတာတွေမှတ်မိသလောက်ချရေးထား ။problem areas ကို ပြန်စစ်။ရှေနေ့ကိုပြောပြ။(Court Correction တွေရသလောက်ပြင်နိုင်ဖို့)
* Court attorney(DHS)ထံ အမှုလွှဲနိုင်ဖို့ဖိုင်သစ်တခု preparation packet ပြင်
နိုင်ရေနေနဲ့အမြန်တိုင်ပင်ပါ။ဘာလုပ်ရမှန်းကိုမသိလို့ခေါင်းငိုက်စိုက်နဲ့အလုပ်သွား ငွေရှာဒါအဖြေမဟုတ်။
* အရေးကြီးဆုံးကAddress မှန်မမှန်စစ်။လူတိုင်းပြောင်းလိုက်ရတဲ့နေရာ။ကားလိုင်စင်ကတနေရာ။တရားရုံးကတနေရာ။လိပ်စာပြောင်းမရှိရင်သေဖို့။
Referral လာပြီး ရင်NTA ကို EOIR မှာ file လုပ်ပြီးတာနဲ့ court proceedings စပါပြီ USCIS က I-589 record ကို court ကိုပို့ပါလိုက်ပြီ။

🚩၄/-အခုရတာက NTA ။
“ဝရမ်းလာတာမို့ဖမ်းမယ်ဆိုတာချည်းလို့မှတ်။
🚩NTA = Form I-862, Notice to Appear
(မင်းမဖြစ်မနေလာကိုလာ ဒါဘဲ။ တဖက်
သတ်အမိန့်ကကြောက်စရာကြီး။)မင်းမလာရင်.??
✅ NTA ရလာတာနဲ့ စစစ်ရမယ့် အချက်(7 )ချက်ရှိတယ်။
▪️Allegationဆိုတဲ့မင်းကိုစွပ်ဆွဲထားတဲ့အချက်တခုစီကို 1, 2, 3… 4..နဲ့ တစ်ကြောင်းချင်းစစစ်ပါ။
၁-Charge of removability က ဘာ INA section ကဘာလဲ။
၂-Entry date / visa category / authorized stay date မှန်မမှန်စစ်ပါ။
၃-Address သေချာစစ်ပါ။
၄-Hearing date / time / court address အထပ်ထပ်စစ်ပါ။
၅-EOIR docket status စစ်ပါ။
၆-ရှေ့နေကို ရုံးတင်ဖို့ record အပြည့်လက်
နှက်အစုံငါပေးခဲ့ရဲ့လား။ရှေနေကိုတိုက်ပွဲထဲလက်ဗလာနဲဲ့လွှတ်လို့ကျရင်သူ့အပြစ်လားငါ့အပြစ်လားစဉ်းစားပေါ့)
NTA ထဲမှာ Calendar ၊ Master ၊Merit Hearing ရက်၊ အချိန်၊ ပါလို့မပျက်မကွက်တက်ပါ)ဒါမှImmigration Court က Notice of Hearing ထပ်ပို့မှာပါ။

၅/Notice of Hearing ရလာရင်ဘာလုပ်ရမ
လဲ??တရားရုံးအလုပ်ကြီးစတင်ပြီ။
💥အားချင်းစပါတော့။၃-ဦးညီမှရပါမယ်။
မိမိ၊ရှေ့နေ၊ကိုယ့်case ပြင်ဆင်သူcase Manager (ဥပမာမေတ္တာ)
▪️Hearing date / time / location ကို သေချာမှတ်။Countdown ရေတွက်နေ။
In-person လားOnlineလားမေး။)
* ဒါကMaster Calendar Hearing လား၊ Individual or Merits Hearing လား ခွဲပါ။
* Filing deadline ကို အမြဲတွက်ပါ။
* Prior court order တွေရှိရင် သီးခြားထပ်စစ်ပါ။
ပထမဆုံးအကြိမ် Master Hearing မှာ IJ ခေါ်တရားသူကြီးက ကိုယ့်rights တွေကိုရှင်းပြပြီး NTA allegations နဲ့ removability charges အပေါ် pleadings ယူနိုင်ကြောပြောမယ်)
🔥ဖမ်းခံထားသူမဟုတ်ရင်master calendar filings အချို့မှာ ruling ကို ကြိုတောင်းမယ်ဆိုရင် 15 days advance deadline ရှိနိုင်ပြီး individual hearing filings တွေအတွက် 30-day deadline ရှိတယ်။
🔥ထောင်သမားများဆိုရင်detained cases မှာ court က သီးခြား deadline သတ်မှတ်
နိုင်လို့အမြဲကြည့်ပါ။

၆/-ကတော့ Final Denial ရပြီဆိုရင်တော့….
▪️Final denial date မှတ်ပါ။
* NOID ရှိခဲ့/မရှိခဲ့ စစ်ပါ။
* NOID response နဲ့ final denial reason နှိုင်းယှဉ်ပါ။
* Client status ကိုစစ်ပါ။
* NTA issue/referral/court proceeding ရှိမရှိ စစ်ပါ။
* Reopen/reconsider/appeal/other remedy ရှိနိုင်မရှိကို attorney/qualified representative နဲ့ ချက်ချင်း review လုပ်ပါ။
* Deadline ကို decision notice အတိုင်း
အမြဲလိုက်စစ်ပါ။မေတ္တာကတောဒီအဆင့်မှာပြီးသွာအောင်သွားကြပါတယ်။
တရားရုံးပထမဆင့်ကျရင်ဒုတိယ
ဆင့် က BIAသွားတော့ပေါ့။BIAကဘာလဲ?ဒါကနဲနဲကြာဦးမယ်။ခုဟာက တရားစီရင်ခွင့်အဆင့်ဆင့်မရှိတော့ဘဲ ချက်ခြင်းပြန်လွတ်နေပြီမို့နောက်တခါရေးရမှာကဘယ်အချိန်
အမြန်နယ်နှင်ဒဏ်ပေးခံရလဲအသေးစိတ်ပြန်ရေးပါ့မယ်။
လိုက်နိုင်ကြပါသလား??
ကိုယ်စိုက်တဲ့အသီးကိုယ်ပြန်စားကြရအောင်..
❤️‍🩹ပြန်တွေ့ကြမယ်လေ။

💙မေတ္တာများနဲ့
💚မေတ္တာအဖွဲ့

💙မေတ္တာများနဲ့
💚မေတ္တာအဖွဲ့

08/21/2026

🚨 USCIS / EOIR စာရောက်ပြီ ဘာလုပ်မလဲ?
USCIS နဲ့ Immigration Court က အရေးကြီးစာတစ်စောင်ရလာတဲ့အခါ မကြောက်ပါနဲ့၊ မပေါ့ဆပါနဲ့။

Disclaimer: The information provided here in this webinar is meant for educational and informational purposes only and does not constitute formal legal advice. For specific guidance regarding your individual immigration case, please consult with a qualified immigration attorney

08/18/2026

လေဆိပ်မှာ ဖမ်းဆီးခံရနိုင်ခြေနှင့် ပတ်သက်၍ သတိပြုရန်

✈️ လေဆိပ်မှာ Immigration အရာရှိများက ဖမ်းဆီးစစ်ဆေးနိုင်ပါတယ်။

လေဆိပ်သွားမည့်သူများအနေဖြင့် မိမိ၏ အခြေအနေ၊ အမှုအခင်းနှင့် တရားဝင်စာရွက်စာတမ်းများကို ကြိုတင်စစ်ဆေးထားပါ။

⚠️ အထူးသဖြင့်
• Immigration Court အမှုရှိသူများ
• Removal Order ရှိသူများ
• Immigration status မသေချာသူများ
• ICE နှင့် ပတ်သက်သည့် အမှုရှိသူများ

အနေဖြင့် ခရီးမထွက်မီ ရှေ့နေ သို့မဟုတ် ယုံကြည်ရသော တရားဝင်အကြံပေးသူထံမှ အကြံဉာဏ်ရယူပါ။

📌 မိမိ၏အခွင့်အရေးများကို သိရှိထားပါ။
စာရွက်စာတမ်းများကို စနစ်တကျ ပြင်ဆင်ထားပြီး အရေးပေါ်အခြေအနေအတွက် မိသားစုဝင်များနှင့် ဆက်သွယ်ရန် အစီအစဉ်တစ်ခု ကြိုတင်ထားရှိပါ။

သတိထားပါ။ မသေချာဘဲ ခရီးမထွက်ပါနှင့်။
MYTTA Foundation မှ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို ဆက်လက်မျှဝေပေးသွားပါမည်။

Disclaimer: This video is provided for educational and informational purposes only. The information presented is based on general knowledge and may not reflect the most current legal developments. It is not intended to serve as legal advice, nor should it be relied upon as a substitute for consultation with a qualified immigration attorney or other legal professional.

🚨 USCIS / EOIR စာရောက်ပြီ ဘာလုပ်မလဲ?USCIS နဲ့ Immigration Court က အရေးကြီးစာတစ်စောင်ရလာတဲ့အခါ မကြောက်ပါနဲ့၊ မပေါ့ဆပါနဲ့။...
08/18/2026

🚨 USCIS / EOIR စာရောက်ပြီ ဘာလုပ်မလဲ?

USCIS နဲ့ Immigration Court က အရေးကြီးစာတစ်စောင်ရလာတဲ့အခါ မကြောက်ပါနဲ့၊ မပေါ့ဆပါနဲ့။

NOID, Referral Notice, NTA, Hearing Notice, Final Denial နဲ့ BIA Decision တွေကို ဘယ်လိုခွဲခြားမလဲ၊ Deadline မလွတ်အောင် ဘာတွေကို ချက်ချင်းစစ်ဆေးပြီး ဘယ်လိုပြင်ဆင်ရမလဲ ဆိုတာကို Webinar မှာ အဆင့်ဆင့်မျှဝေပေးသွားမှာဖြစ်ပါတယ်။
Disclaimer: The information provided here in this webinar is meant for educational and informational purposes only and does not constitute formal legal advice. For specific guidance regarding your individual immigration case, please consult with a qualified immigration attorney

08/18/2026

၂၀၁၇ကB-1Visaဖြင့် အမေရိကန်
ရောက်ခဲ့ကြတဲ့ သူ။(၉)ကြာမှသူအောင်ပြီ။ Asylum တင်ပြီးနှစ်များစွာEADမရခဲ့တဲ့အဖွဲ့။ပထမWinကဆရာWin Law Firmကြောင့်အားလုံုးပြန်ရကြ။ခုဆရာ့ကြောင့်(၉)နှစ်ကြာမှအောင်။ဘာကြောင့်လဲ။ဇွဲရှိတယ်။
စနစ်ကျတယ်။အဓိကသော့ချက်က Amendment ပါဘဲ။ ဖြေခါနီးအရမ်းအားအပါဆုံးကMock Interview ဘဲ။
ဒီစနစ်နဲ့သွားရမှာ။
ခုချိန်ဘာတွေဘဲအပြစ်လွဲချနေပါစေ။စနစ်ကမပြောင်းပါဘူး။တကယ်လုပ်
ရင်တကယ်အောင်ပါတယ်။

08/16/2026

Address

8015 17th Avenue
Brooklyn, NY
11214

Opening Hours

Monday 10am - 6pm
Tuesday 10am - 6pm
Wednesday 10am - 6pm
Thursday 10am - 6pm
Friday 10am - 6pm

Alerts

Be the first to know and let us send you an email when MYTTA Foundation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to MYTTA Foundation:

Shortcuts

Share