Myanmar American Musical Arts Society - မြန်မာ အမေရိကန် ဂီတအနုပညာအသင်းကြီး

  • Home
  • United States
  • Astoria, NY
  • Myanmar American Musical Arts Society - မြန်မာ အမေရိကန် ဂီတအနုပညာအသင်းကြီး

Myanmar American Musical Arts Society - မြန်မာ အမေရိကန် ဂီတအနုပညာအသင်းကြီး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myanmar American Musical Arts Society - မြန်မာ အမေရိကန် ဂီတအနုပညာအသင်းကြီး, Nonprofit Organization, Astoria, NY.

အပိုင်း(၄)   -ကျနော် ဘာလုပ်နေပါသလဲ -ကျနော်သည် ကျနော်၏အခန်းထဲတွင် တစ်ယောက်တည်းနေလျက် အမျိုးမျိုး တွေးနေတတ်ပေသည် . အမြဲတွေ...
02/19/2024

အပိုင်း(၄)
-
ကျနော် ဘာလုပ်နေပါသလဲ
-
ကျနော်သည် ကျနော်၏အခန်းထဲတွင် တစ်ယောက်တည်းနေလျက် အမျိုးမျိုး တွေးနေတတ်ပေသည် . အမြဲတွေးနေသည့်အထဲတွင် (၁)ငါသည် တွေးဘဲတွေးနေသည့် စဉ်းစားတာကိုပင်လုပ်နေတတ်တဲ့ အတွေးသမား (Thinker) လား . (၂) ဘာဖြစ်ဖြစ် လုပ်ဘဲလုပ်ချင်နေသည့် ပညာမပါဘဲ လုပ်နေရလျှင် ကျေနပ်နေတတ်တဲ့ အလုပ်သမားလား (Doer) လေလား . (၃) အစရတာနဲ့ မရပ်မနား ပြောနေတတ်တဲ့ အပြောသမား (Talker) များလား . အမြဲစဉ်းစားနေတတ်ပါသည် . ကျနော်ရဲ့အချိန်ဇယားတွင် လမ်းပေါ်ဆင်းသည့် အလုပ်မပါဝင်ပါ . လမ်းစာအပြင်စာ ခေါ်ကျွေးလျှင်လည်း ကျနော်မကြိုက်ပါ . မြန်မာပြည်တွင်နေသောကာလ ၅ နှစ်အတွင်း ကျနော့်သဘောနှင့်ကျနော် အပြင်ထွက်ချင်း အကြိမ်နှစ်ဆယ်ခန့်သာရှိပေသည် . အဖြစ်နိုင်ဆုံးမထွက်ရအောင်နေပါသည် . စကားများများပြောရသည့်ကိစ္စ ကျနော်မလုပ်ပါ . တစ်ယောက်စီ သေသေသပ်သပ်အကျိုးရှိသော စကားများသာ ပြောရမည့်အလုပ်နှင့် ပြောပါသည် . သင်တန်းပေးခြင်း . နေ့တိုင်းလတိုင်းပြောရမည့် အလုပ်များမရှိပါ . ထို့ကြောင့်ကျနော့်ဆီ ရောက်ဖူးသူများ အယောက်၃၀ ခန့်သာရှိပါသည် . ကျနော် ဘယ်သူလဲလို့ မေးလျှင် အခုပြောတဲ့အတိုင်းသာဖြစ်ပါသည် . လူသစ်တစ်ယောက် ရောက်လာလျှင်လည်း ကျနော်အခန်းတွင်ရှိနေတုန်း သူဘာလုပ်နေသလဲလို့ လေ့လာမှတ်သားနေတတ်ပါသည် .
သို့ရာတွင် ကျနော်မမျှော်လင့်ဘဲ ကိစ္စနှစ်ခု ရှိခဲ့ပါသည် . လွန်ခဲ့တဲ့ လေးနှစ်လောက်က ကျနော့်အား အရမ်းချစ်ခင်တဲ့ နိုင်ငံခြားမှ အမလိုနေသော အမျိုးသမီးတစ်ယောက် ကျနော့်အား လုံး၀ မဆက်ဆံတော့ဘဲ အဆက်အသွယ်ရပ် ပစ်ထားသည်မှာ ဒီနေ့အထိဖြစ်ပါသည် . တစ်ယောက်တစ်နိုင်ငံဆီ နေနေရင်းနှင့် လုံး၀ အဆက်ဖြတ် နေလိုက်ခြင်းက ကျနော်နှင့်စကားအတင်အကျမရှိ ရှင်းလင်းစွာ နေနေရင်းက ငှက်ပြောသီးကို ဓါးနှင့်ခုတ်သလို တိကနည်းပြတ်သွားတာဟာ ဘာကြောင့်ဘာလိမ့်လို့ စဉ်းစားလို့ မတတ်တော့ပါဘူးဗျာ .
နောက်တစ်ယောက်ကျတော့ . ကျနော့်ဆီတွင် ချည်းကပ်သင်ယူနေသော တစ်ပည့်တစ်ယောက်ဖြစ်ပါတယ် . တနေ့တွင် လူများရှေ့တွင် Video ရိုက်နေရင်း ချို့ယွင်းမှားယွင်းနေ၍ ပြောပြလိုက်တာကြောင့် ချက်ချင်း လူများအရှေ့တွင် အခန်းမှ ထွက်သွားခဲ့တဲ့အကြောင်းပါ . (အဲဒီအကြောင်းကို ကျနော်ရှင်းလင်းပွဲလုပ်ပါဦးမယ်) နောင်လာတဲ့အနာဂါတ်ကလေးတွေရဲ့ လုပ်တတ်တဲ့ စရိုက်လေးတွေကို သိစေချင်လို့ပါဗျာ . ပညာဘယ်လောက်ဘဲပေးပေး ပစ္စည်းဘယ်လောက်ဘဲပေးပေး သူတို့ထွက်ချင်ရင်မပြောမဆိုထွက်သွားတတ်တယ်ဆိုတာကို ဆရာတွေလည်း သိရအောင် ကျနော်နဲ့ဆက်နေရင် မအောင်မြင်နိုင်လို့ အောင်မြင်မဲ့ သူ့အထင်ဆီကို လွတ်လွတ်လပ်လပ် မပြောမဆိုထွက်သွားတယ်လို့ ပြန်သိရပါတယ် .
တကယ်တော့ မိမိသာအဓိကပါ . မိမိတော်ရင် ခြေတစ်ချောင်းထဲရှိတာဖြစ်ဖြစ် . လက်တစ်ချောင်းဘဲ ရှိတာဖြစ်ဖြစ် . လက်နှစ်ချာင်းလုံး မကောင်းနေတာဖြစ်ဖြစ် . မျက်စေ့ နှစ်ဖက်လုံးမမြင်တာဖြစ်ဖြစ် . နေ့ချင်းညချင်းအောင်မြင်နေကြပါတယ် . မိမိ မတော်ရင်တော့ ညတိုင်း ဘားဆိုင်မှာ ပေါင်နှစ်ဖက်လုံးပြပြီး တစ်ည ငါးသောင်း ခုနှစ်သောင်းနဲ့ ဆိုစားနေမှ အောင်မြင်မှာတော့ မဟုတ်ပါဘူး အရင်က မြန်မာ့အသံ နဲ့ ရုပ်မြင်သံကြားတွေမှာ အသံ စိစစ်တာ အရုပ်စိစစ်တာရှိပါတယ် . သီချင်းတစ်ပုဒ် ဓါတ်ပြားရဖို့ ရုပ်မြင်သံကြားမှာ တစ်ခါလွှင် ရဖို့ ခက်ခဲလှပါတယ် . အခုခေတ်မှာတော့ ဆိုချင်သလိုဆိုပြီး ဖေ့ဘွတ် . တစ်တော့ . ယူကျုတွေပေါ်မှာ ဘာမှ မစီစစ်ဘဲ တင်ချင်သလိုတင်ကုန်ကြပါတယ် . ကြည့်ကြရတဲ့သူတွေက ကိုယ့်လူကိုယ် Like ပေးရတာပေါ့ဗျာ . အရင်ခေတ်မှာတော့ အလှူရှင် ပွဲရှင်တွေက တေးသံရှင် ဘယ်သူဘယ်ဝါကို ခေါ်ပေးပါလို့ တောင်းဆိုတတ်ကြပါတယ် . အခုခေတ် မတတ်ဘဲဆိုစားတဲ့သူတွေဆိုရင်တော့ ကျနော်ကျမတို့ကို ဒီဘားမှာ ပေးဆိုဖို့ ဆိုပြပါရစေ တီးပြပါရစေလို့ အောက်ခြေကစ အလုပ်ရှာရပါတယ် . ဘားတွေမှာက အရက်သောက်တဲ့သူကို ဆိုင်ကရှာထားပြီးသားဆိုတော့ ဘာတွေဆိုပြပြ သောက်နေတဲ့သူတွေက ကြည့်မှာပါ . ဝတ်သားဆင်ယင်မှုက ပွင့်လင်းမြင်သာလေကောင်းလေပေါ့ဗျာ . တေးသံရှင်မဟုတ်တော့ဘဲ တေးသားရှင်တွေဖြစ်ကုန်ကြပါတယ်. ရှေးက စကားပုံလို . ဈေးအစ ဇာတ်အလယ် ဟိုဟာ အဆုံးပေါ့ဗျာ . နောက်ထပ်ပြောကြတဲ့ ဆိုရိုးရှိပါတယ် . အဲဒါလေးတွေက ဆိုတီးနေကြသူတွေက တတ်လို့လုပ်စားတာမဟုတ်ပါဘူး . ငတ်လို့လုပ်စားနေတာပါတဲ့ဗျာ . ပရိတ်သတ်က ကိုယ့်ကို ရှာဖွေပြီး ချီးမြှင့်တာ မဟုတ်တော့ဘဲ မူးယစ်သောက်စားသူများတဲ့ ဆိုင်တွေကို လိုက်ရှာ လုပ်စားနေကြတဲ့ အနုပညာတန်ဖိုး မသိတော့တဲ့ အရက်ဆိုင်ကိုအားပြုရတဲ့ ငတ်၍လုပ်စားသူတွေ ဖြစ်ကုန်ကြပါတယ်ဗျာ . မှန်တာပြောလို့ မုန်းမယ်ဆိုတာကိုလဲ မှန်းဆမိပါတယ် . အဓိကပြောချင်တာက မိမိတတ်ဖို့ တော်ဖို့ လုပ်ရမှာပါ . အနုပညာဆိုတာ မိမိရဲ့သင်ယူမှုအားများရင် . လေ့လာလေ့ကျင့်မှုအားများရင် . ကြားဆရာများရင် . သင်ဆရာရှိရင် မိမိထူးချွန်မှုကို တစ်ဦးဦးက မြေတောင်မြှောက်မှာပါ . အရွယ်မတိုင်မီ အသိုက်ပေါ်ကနေ လေပေါ်ကို စောစောထပြန်ရင် အားမသန်တော့တဲ့အခါ လာလမ်းအတိုင်းတောင် ပြန်လာလို့မရတော့ပါဘူးဗျာ . အနာဂါတ်လူငယ်များ အဖျားထိုင်ပြီး အရင်းကို မခုတ်ကြပါနဲ့ . မိမိကိုချစ်တဲ့ပရိတ်သတ်ကို ရှာပါ . စားသောက်ဆိုင်က ရှာထားတဲ့ ပရိတ်သတ်တွေနဲ့ မှီခိုလုပ်စားနေတဲ့အထဲမှာ မများတဲ့ညကြေးနဲ့ ရှငနေအောင်သာ ရှာစားမနေပါနဲ့ . အနုပညာသမားတွေက တိုင်းတစ်ပါးက ကော်ပီတေးတွေ . နာမည်ကြီးတေးသံရှင်တွေရဲ့ လူကြိုက်များသီချင်းတွေကို လိုက်ဆိုနေတာဟာ အောင်မြင်ခြင်းမဟုတ်ပါဘူး . သတိထားရမှာပါ .
စောစောက ပြောတဲ့အချက်တွေ စဉ်းစားနေတတ်ပေမဲ့ အခုတော့ မစဉ်းစားတော့ပါဘူး . အမှန်ပြောလွန်းတာက အချိန်တိုင်းမကောင်းပါဘူး . လူကြိုက်အောင်သာ ပြောနေတော့လည်း မကောင်းပါဘူး . အားလုံးဟာ ကိုယ်လုပ်တာကိုယ်ရမှာဆိုတော့ ဘယ်သူရဲ့အနာဂါတ်ကိုမှ ကျနော်မစီစဉ်ပေးတတ်ပါဘူး . မြန်မာ့အနုပညာဆိုတာဟာ တတ်ထားပြီးမှ မိမိကြိုက်တာကို ဆက်လုပ်သင့်တယ်လို့ အကြံပေးလိုပါတယ် .
တစ်ခါက "ဘဘလိုဖြစ်အောင် သားဘယ်လိုလုပ်ရမလဲ" ဆိုပြီး ကလေးတစ်ယောက်မေးခဲ့ဘူးပါတယ် .
အဖြေက ဘဘဒီအရွယ်တိုင်အောင် ဘာကိုမဆိုသေသေခြာခြာလေ့လာသင်ယူနေဆဲပါဘဲ . ဂီတအကြောင်း . ဘာသာစကားအကြောင်း . ဆေးပညာအကြောင်း . AI . ဘာသာရေး နှင့် Powerful Communication . Marketing .Motivation Speaker . စသဖြင့် နေ့စဉ် လေ့လာနေဆဲပါဘဲ . တစ်နေ့တစ်နာရီထက်ပိုမနားပါဘူး . တစ်ယောက်စီရဲ့ Online Group သင်ခန်းစာတွေလဲ လုပ်ရပါတယ် . အဲဒီလိုဆိုတော့ ဘာကောင်းသလဲဆိုရင် (၁) ကျနော့ကျန်းမာရေးအတွက် အသိပညာရတယ် .(၂) မြန်မာ့ဂီတနဲ့ ကမ္ဘာ့ဂီတ ယှဉ်မြင်လာတယ် (၃)ဘာသာရေးအလုပ်တွေကို အများကြီးလုပ်ဖြစ်တယ် (၄) လူငယ်တွေနဲ့ စဉ်းစားနည်း မြင်သာလာတယ် (၅) လောဘ. ဒေါသ မရှိသလောက်ရှားလာတယ် . ကျနော်နေတတ်လာပါတယ် .
အဲဒါတွေကြောင့် ကျနော်ပျော်ပါတယ် . ဘယ်သူတွေဝင်လာလာ . ဘယ်သူတွေ ထွက်သွားသွား သိပ်မသိသာလှပါဘူး . မကောင်းတာတစ်ခုက ကျနော် စာမရေးနိုင်တော့ပါဘူး . နောက်တစ်ခါ စာဆက်ရေးပါ့မယ် . ဒီကာလအတွင်းတော့ ဒီလောက်နဲ့ဘဲကြေနပ်ကြပါဗျာ .
အားလုံး ကျန်းမာကြပါစေ . စိတ်ဖိစီးမှုပြေပျောက်ကြပါစေ . မှန်တဲ့ဖက်ကနိုင်ပါစေ . ကိုယ်စိတ်ချမ်းသာပါစေဗျား .

12/15/2021

Immigration Physicals, DOT/School/Job physicals, Primary Care and General Medicine Services, Nephrology & Psychiatry Services.
Accept Fidelis, HealthFirst, MetroPlus, Medicare, AARP, United HealthCare, HealthCare Partners, HIP GHI Emblem, Aetna, Cigna, BC/BS, Wellcare, 1199, MagnaCare & Affordable Self Pay.
CALL (718) 278-5100 for appointment
Steinway Medical Associates, 31-17 41st Street, Astoria, NY 11103
Trains: M & R at Steinway Station, Broadway Exit
We speak Spanish, Bengali, Burmese and Arabic.

Int. Medicine: Zaw M. Oo, MD Radfan Gazali, MD
Yahya Ali, MD Nabeeh Hauter, MD Nephrology: Dilruba Nabi, MD Emad Alahiri, MD
Abdulrahman Muzib, MD
Psychiatry: Dalia Olivier, MD

12/17/2020

တောသူအချစ် လို့ အမည်ရတဲ့ သီချင်းကို ဂီတစာဆို (ဦး)ကိုသက်ဦး ရေးသားခဲ့တဲ့ နာမည်ကျော်ကြားသော တေးသီချင်းကို မူရင်းတေးသံရှင် ပန်တျာတင်တင်မြင့်က သီဆိုခဲ့ပါတယ်။ ခုများမှာ တီးသူ ဆိုသူ အလွန်နည်းတဲ့အတွက် ကျနော် တီးပြီးတင်ပေးပါတယ် . စည်းဝါး တီးဖို့ လေ့ကျင့်ပေးရင်း မြန်မာဟန်တွေကို တီးပြခဲ့ပါတယ် . . တေးသံရှင်များ အိမ်တွင်းအောင်းနေဆဲကာလမှာ ကျနော်ဘဲ တီးလိုက်ရပါတယ် . . ကလေးတေးသံရှင် တယောက်ကတော့ မဆိုရတာကြာလာလို့ လျှာမှိုတက်နေပြီ ဘဘ . . လို့ ပြောပါတယ်ဗျာ . .

12/16/2020

မလေးလက်ခတ်သံ တေးရေး အလင်္ကာကျော်စွာ စိန်ဝေလျှံ တေးသံရှင် ဆောင်းနတ်မယ် တေးဂီတ စန္ဒရားအောင်ဝင်း

12/06/2020

တေးရေးဆရာ (ဦး)ကိုသန်းအောင်ရဲ့ ဗျာပါဆံ သီချင်းကို တေးသံရှင် ဆောင်းနတ်မယ်ပြန်ဆိုထားပါတယ် . . မရိုးနိုင်တဲ့သီချင်းဟောင်း သီချင်းအကောင်းမို့ စန္ဒရားအောင်ဝင်း အဖွဲ့နဲ့ တင်ပေးပါရစေ . .နောင်များမှာ အတတ်ပညာရှင်တွေ အများကြီးစုစည်းပြီး တင်ဆက်ရတာ လွယ်မယ်မထင်ပါဘူးဗျာ . . အားလုံးရွှင်လန်းချမ်းမြေ့ပြီး ပျော်ရွှင်ကြပါစေဗျာ . .

Address

Astoria, NY

Alerts

Be the first to know and let us send you an email when Myanmar American Musical Arts Society - မြန်မာ အမေရိကန် ဂီတအနုပညာအသင်းကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Myanmar American Musical Arts Society - မြန်မာ အမေရိကန် ဂီတအနုပညာအသင်းကြီး:

Share