Laphathot Learning Lab - LLL

Directions Contact the organization

Laphathot Learning Lab - LLL We are a team of professional from different background.

07/07/2024

ဒီတစ်ပါတ်မှာတော့ Tufts University မှာ Community Health Bachelor Program တက်ရောက်ပြီးထားတဲ့ မအင်ကြင်းနဲ့တွေ့ဆုံမေးမြန်းထားပါတယ် ။ ဒီလို တွေ့ဆုံမေးမြန်းတဲ့ အခါမှာ သူမက IGCSE ပြင်ဆင်ခဲ့ပုံ ၊ P*P Program တက်ရောက်ခဲ့ပုံ ၊ ကျောင်းပြီးတဲ့အခါမှာ အလုပ်လျှောက်တဲ့ အတွေ့အကြုံတွေကို ဝေမျှပေးခဲ့ပါတယ် ။

06/23/2024

ဒီအပါတ်မှာတော့ University of Adelaide မှာ Master of Education တက်ရောက်နေတဲ့ မပန်းအိ နဲ့ တွေ့ဆုံမေးမြန်းသွားမှာဖြစ်ပါတယ် ။ ဒီ Talk Series မှာတော့ မပန်းအိက AusAID ပညာသင်ဆု လျှောက်တဲ့အချိန်မှာ လိုအပ်တဲ့ ပြင်ဆင်မှုတွေ ၊ အလုပ်အတွေ့အကြုံနဲ့ ၊ ကျောင်းရွေးချယ်မှုအပိုင်း ၊ program ရွေးချယ်မှု အပိုင်းတွေကို ဆွေးနွေးပြောပြပေးသွားမှာဖြစ်ပါတယ် ။

06/15/2024

ထိုင်းနိုင်ငံ မဟိဒေါတက္ကသိုလ်မှာ မဟာတန်းတက်ရောက်သင်ယူနေတဲ့ မရွှေသင်းက မဟာတန်းပညာသင်ဆု မလျှောက်ထားခင်မှာ ပညာရပ်ဆိုင်ရာအတွက် ကြိုတင်ပြင်ဆင်ပုံနဲ့ လုပ်သက်အတွေ့အကြုံပိုင်းဆိုင်ရာ ပြင်ဆင်ခဲ့ပုံတွေအပြင် ပညာသင်ဆုလျှောက်ထားတဲ့လုပ်ငန်းစဥ်မှာ အရေးကြီးတဲ့လိုအပ်ချက်လေးတွေကို အကြံပြုထားပါတယ်။ မဟိဒေါတက္ကသိုလ်မှာ ပညာသင်ယူဖို့ စိတ်ဝင်စားသူ၊ ဒါမှမဟုတ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရပ်နဲ့ပတ်သက်လို့ စိတ်ဝင်စားတဲ့သူတွေအနေနဲ့ မရွှေသင်းကို တိုက်ရိုက် ဆက်သွယ်ပြီးတော့လည်း မေးမြန်းနိုင်ပါတယ်။

06/08/2024

ဒီတပါတ်မှာတော့ Master of Science in Urban Strategies ကို ထိုင်းနိုင်ငံ Chulalongkorn University မှာ တက်ရောက်သင်ကြားနေတဲ့ Sang နဲ့ တွေ့ဆုံမေးမြန်းထားပါတယ် ။

Urban Strategies ကိုစိတ်ဝင်စားတဲ့သူတွေအတွက် Language Requirement ၊ Work Experiences အပြင် Scholarship နဲ့ Future Career စတဲ့ Opportunities တွေ ကို ဆွေးနွေးပေးသွားမှာဖြစ်ပါတယ် ။

ဒီ ဘာသာရပ်နဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ပိုမိုသိရှိလိုလျှင် email - [email protected] ကို ဆက်သွယ် မေးမြန်းလ်ို့ ရပါတယ် ။

05/11/2024

BRANDIES UNIVERSITY မှာ SUSTAINABLE INTERNATIONAL DEVELOPMENT ကို တက်ရောက် သင်ကြားနေတဲ့ မယမင်းဖြိုး က လက်ရှိတက်နေတဲ့ အတန်းတွေနဲ့ ဒီဘာသာရပ်ရှုထောင့်ကနေ မြန်မာနိုင်ငံနဲ့ ဘယ်လိုဆက်နွယ်မှုရှိနိုင်လဲ၊ မြန်မာနိုင်ငံ သို့မဟုတ် ဒေသတစ်ခုအတွက် ဘယ်လိုအကျိုးရှိနိုင်မလဲ ဆိုတာတွေကို ဒီတစ်ပတ်မှာ ဆွေးနွေးထားပါတယ်။

04/27/2024

GLOBAL HEALTH ဆိုတာ ဘာလဲ၊ နိုင်ငံတစ်နိုင်ငံအတွက် ဘယ်လောက်ထိ အရေးပါသလဲ၊
စတဲ့ အကြောင်းအရာတွေကို အနှစ်ချုပ် ဆွေးနွေးပေးထားတဲ့သူကတေ့ာ SEATTLE မြို့ UNIVERSITY OF WASHINGTON မှာ MASTER OF PUBLIC HEALTH, GLOBAL HEALTHနဲ့ ကျောင်းပြီးထားတဲ့ ကျောင်းသားဟောင်း တစ်ယောက်ဖြစ်တဲ့ ကိုသန်းထွဋ်အောင် ဖြစ်ပါတယ်။ မေးမြန်းဆွေးနွေးအကြံပြုလိုတာများ ရှိခဲ့ရင် မှတ်ချက်ပေးလို့လည်းရသလို ကိုသန်းထွဋ်‌အောင် ကိုလည်း တိုက်ရိုက် ဆက်သွယ် နိုင်ပါတယ်ခင်ဗျ။

04/20/2024

ဒီတပတ်မှာတော့ ပါရဂူတန်းတက်နေတဲ့ ကိုထက်လင်းနိုင်က သူ့ရဲ့ပညာရေးခရီးစဥ်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေအကြောင်းကို မျှဝေပေးထားတာဖြစ်ပါတယ်။ သစ်တောပညာနဲ့ မဟာတန်းနဲ့ ပါရဂူတန်းတွေ ဆက်လက်တက်ရောက်ချင်တဲ့သူများက ဒီထက်ပိုပြီးဆွေးနွေးမေးမြန်းချင်တာရှိတယ်ဆိုရင် ကိုထက်လင်းနိုင်ကို တိုက်ရိုက်ဆက်သွယ်လို့ ရပါတယ်။

မိမိအတွက် အကျိုးရှိမယ်ဆိုရင် ​အောက်ပါလင့်က​နေ ဒုတိယအသုတ် ​ဆွေး​နွေးဝိုင်း​တွေမှာ ပါဝင်နိုင်ပါပြီ​။ https://forms.gle/o5M...
04/19/2024

မိမိအတွက် အကျိုးရှိမယ်ဆိုရင် ​အောက်ပါလင့်က​နေ ဒုတိယအသုတ် ​ဆွေး​နွေးဝိုင်း​တွေမှာ ပါဝင်နိုင်ပါပြီ​။
https://forms.gle/o5M8GBEk8MC424BQ7

04/13/2024

ဒီတပတ်မှာတော့ မနွေးနွေးပိုင်က ကျန်းမာရေးကဏ္ဍမှာ အချက်အလက်မောင်းနှင်သောဆုံးဖြတ်ချက်ချမှတ်ခြင်း (Data driven decision making) အရေးကြီးပုံ၊ မြန်မာနိုင်ငံလို အရင်းအမြစ်တွေအားနည်းတဲ့အခြေအနေတွေမှာ ဆောင်ရွက်လို့ရတဲ့နည်းလမ်းများနဲ့ ကုန်ကျစရိတ်သက်သာတဲ့ သုတေသန အရင်းအမြစ်တွေအကြောင်းကို အသေးစိတ် ဆွေးနွေးပေးထားပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ပိုပြီးသိချင်တယ်ဆိုရင်လည်း မနွေးနွေးပိုင်ကို တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

04/07/2024

လက်ဖက်သုပ်စကားဝိုင်းမှာ ပထမဆုံးအနေနဲ့ ကိုသုတက သူတက်ရောက်သင်ကြားခဲ့တဲ့ ပညာရေးဆိုင်ရာ မဟာဘွဲ့ပရိုကရမ်အကြောင်းကို လိုတိုရှင်းလေး ဆွေးနွေးပေးထားပါတယ်။ ဗီဒီယိုလေးကို အဆုံးထိ နားထောင်ကြည့်လိုက်ပါ။ ဒီထက်ပိုပြီး စိတ်ဝင်စားတဲ့သူတွေအနေနဲ့ ကိုသုတကို တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

Address

81 Belchertown Road
Amherst, MA
01002

Website

Alerts

Be the first to know and let us send you an email when Laphathot Learning Lab - LLL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Organization

Send a message to Laphathot Learning Lab - LLL:

Shortcuts

Share