20/08/2026
19 August သည် ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အမှတ်တရနေ့တနေ့ ဖြစ်ပါတယ်။
လူသာားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ရပ်တွေဆိုတာ
အစားအစာ၊ ဆေးဝါးနဲ့ အမိုးအကာ ပေးရုံသာ မဟုတ်ပါဘူး။
ပဋိပက္ခနဲ့ အကျပ်အတည်းတွေကြားမှာ လူတဦးချင်းစီရဲ့ လုံခြုံမှု၊ ဂုဏ်သိက္ခာနဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးခြင်း ဖြစ်ပါတယ်။
ပဋိပက္ခနဲ့ ဆက်စပ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုတာဟာလည်း ပဋိပက္ခအတွင်း လူတွေရဲ့ လုံခြုံမှု၊ ဂုဏ်သိက္ခာနဲ့ လူ့အခွင့်အရေးကို ပြင်းထန်စွာ ထိခိုက်စေတဲ့ အကြမ်းဖက်မှုတရပ်လည်း ဖြစ်ပါတယ်။
ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုအတွက် အသက်ပေးခဲ့ကြသူတွေကို အမှတ်ရရင်း၊
ဘေးဒဏ်သင့်သူတိုင်းအတွက် လုံခြုံမှု၊ ဂုဏ်သိက္ခာနဲ့ တရားမျှတမှုရှိတဲ့ ကမ္ဘာတခုကို အတူတကွ တည်ဆောက်ကြပါစို့လားရှင့်။