11/02/2025
ငွေသား ထောက်ပံ့ကူညီပေးရန်အတွက် လျှောက်လွှာခေါ်ယူခြင်း
*************************************************
OIA-ဖေဖော်ဝါရီလ(၁၁)ရက်၊၂၀၂၅ခုနှစ်။
ဤလျှောက်လွှာကို ဝင်ရောက်မဖြည့်စွက်မီ အောက်တွင်ဖော်ပြထားသော စာများကို သတိပြုဖတ်စေလိုပါသည်။
-ဤအစီအစဉ်သည် အခက်အခဲဖြစ်သူများ (အထူးသဖြင့် အိမ်လစာ၊ ကလေးကျောင်းစရိတ်၊ ကျန်းမာရေးစရိတ် လိုအပ်နေသူများ) ကို ပံ့ပိုးကူညီရန် ဖြစ်ပါသည်။
-ဤအစီအစဉ်တွင်အမှန်တကယ် အခက်အခဲဖြစ်နေသော အိမ်ထောင်စု (၇၀) ခန့်ကို ပံ့ပိုးကူညီေပးသွားမည်ဖြစ်ပါသည်။
အိမ်ထောင်စု တစ်စုလျှင် လိုအပ်ချက်ပေါ်် မူတည်ပြီး ဘတ်ငွေ (၂၀၀၀ မှ - ၅၀၀၀ အတွင်း) ထောက်ပံ့ပေးမည် ဖြစ်ပါသည်။
-ဤလျှောက်လွှာကို (၂၀၂၁) ခုနှစ် နောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့်ရောက်ရှိလာသူများ ဝင်ရောက်လျှောက်ထားနိူင်ပါသည်။
-လျှောက်ထားသူများအနေဖြင့် မိသားစုတစ်စုလျှင် တစ်စောင်သာ လျှောက်ထားရန်လိုအပ်ပါသည်။
မိသားစုဝင်မဟုတ်ပဲ သူငယ်ချင်း မိတ်ဆွေများဆိုရင် တစ်ယောက်တစ်စောင်နှုန်းလျှောက်ထားရန်လိုအပ်ပါသည်။ (အိမ်လစာအတွက် လျှောက်ထားလိုပါက အတူတကွနေထိုင်သော သူငယ်ချင်းဆိုလျှင်တစ်စောင်တည်းတွင် စုပေါင်းလျှောက်ထားရန်လိုအပ်ပါသည်)
-လျှောက်ထားမည့်သူများသည် နာမည်အား နာမည်အရင်းဖြင့်သာ ဖြည့်စွက်ပေးရန် လိုအပ်ပါသည်။ နာမည်အရင်းမဟုတ်ပါက 'OIA' မှ ထည့်သွင်းစဉ်းစားပေးမည်မဟုတ်ပါ။
-ထောက်ခံပေးမည့် လူပုဂ္ဂိုလ်၏အမည် နှင့် ဖုန်းနံပါတ်ကို မိသားစုဝင်အချင်းချင်း (သို့) 'OIA' မှရုံးဝန်ထမ်း၏ အမည်နှင့် ဖုန်းနံပါတ်များ ဖြည့်စွက်လာသူများကို ထည့်သွင်းစဉ်းစားပေးမည်မဟုတ်ပါ။
-ထောက်ခံပေးမည့်သူသည် မိမိထောက်ခံပေးလိုက်သည့်လူနှင့်ပတ်သက်၍ OIA မှ ဆက်သွယ်မေးမြန်းစဉ် အဆိုပါပုဂ္ဂိုလ်၏ အချက်အလက်ကို ရည်ရွယ်ချက်ရှိရှိ လွဲမှားစွာ ဖြေဆိုပါက နောက်နောင်တွင် ထောက်ခံပေးသူအပါအဝင်၊ ထပ်မံထောက်ခံပေးမည့်သူများကိုပါ OIA မှ ဆောင်ရွက်မည့် ကိစ္စရပ်များတွင် လုံးဝထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
-မိမိဖြည့်စွက်လိုက်သော ဖုန်းနံပါတ်သည် အမှန်တကယ် ဆက်သွယ်၍ ရသောဖုန်းနံပါတ်ဖြစ်ရမည်။ အကယ်၍ ဆက်သွယ်လို့မရပါက ဤအစီအစဉ်တွင် ထည့်သွင်းစဉ်းစားပေးမည်မဟုတ်ပါ။
ရွေးချယ်ခံရပါက ထပ်မံလိုအပ်သော အချက်အလက်များကို ရုံးဘက်မှ ဆက်သွယ်မေးမြန်းလာချိန်တွင် ဖြေဆိုပေးနိူင်သူများ ဖြစ်ရန်အထူးလိုအပ်ပါသည်။
ဤအစီအစဉ်နှင့်ပတ်သက်ပြီး ဆက်သွယ်စုံစမ်းမေးမြန်းရန် OIA ရုံး Phone နံပါတ်
-062 750 3730
အဝေးရောက်ဧရာဝတီအသင်း OIA
လျှောက်ထားရန် Link
https://forms.office.com/Pages/ResponsePage.aspx?id=8KVuLYE3g0SOeoLwEqwmWNlzlIRqY1hCloIS6vkjsRJUMkJJWjgxNzBCVUJJVUtYMFQwR0E4MjdZSC4u