22/09/2026
ဖိလစ်ပိုင်တွင် အဓမ္မလုပ်အားပေးခိုင်းစေမှု တိုက်ဖျက်ရေး ILO နှင့် ကနေဒါ ပူးပေါင်း
စက်တင်ဘာ ၂၂၊ ၂၀၂၆
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ (ILO) နှင့် ကနေဒါအစိုးရတို့သည် ဖိလစ်ပိုင်နိုင်ငံတွင် အဓမ္မလုပ်အားပေးခိုင်းစေမှု ပပျောက်ရေးအတွက် လေးနှစ်ကြာ စီမံကိန်းတစ်ရပ်ကို စတင်လိုက်ကြောင်း ILO က ထုတ်ပြန်သည်။
PRIME PH ဟု အမည်ပေးထားသည့် အဆိုပါစီမံကိန်းသည် အလုပ်သမားများအား ကာကွယ်ပေးနိုင်ရေး၊ တရားမျှတမှုရရှိရေးနှင့် အဓမ္မလုပ်အားပေးခိုင်းစေမှု ဖြစ်စဉ်များကို ဖော်ထုတ်တားဆီးနိုင်ရေးအတွက် အစိုးရ၊ အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်ရှင်များနှင့် အခြားအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ထားသည်။
စီမံကိန်းသည် ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ခုနှစ် ဖေဖော်ဝါရီအထိ လုပ်ဆောင်သွားမည်ဖြစ်ပြီး စိုက်ပျိုးရေးနှင့် ထုတ်လုပ်ရေးကဏ္ဍများကိုလည်း အာရုံစိုက်သွားမည်ဖြစ်သည်။