Myanmar Humanitarian Action Centre

Myanmar Humanitarian Action Centre ကိုရဲမင်းဦးဆောင်သော MHAC

20/11/2025

နိုဝင်ဘာလ၁၈ရက်နေ့ လုပ်ငန်းခွင်အတွင်း ဖော့ကလစ်ကား(forklift)ကားပိပြီးဆုံးပါးသွားသည့် ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းလုပ်သား အမျိုးသားတစ်ဦးအတွက် ယနေ့ 𝐌.𝐇.𝐀.𝐂မဟာမိတ်အဖွဲ့ မှသွားရောက်ကူညီဆောင်ရွက်မှုများပေးခဲ့သည့်ရုပ်သံ

အေအေစီရဲမင်းဦးဆောင်သော
𝐌.𝐇.𝐀.𝐂မဟာမိတ်အဖွဲ့ ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ
20/11/2025

ိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ #အေအေစီရဲမင်းဦးဆောင်သောmhacမဟာမိတ်အဖွဲ့

အလုပ်လုပ်ကိုင်ခွင့်နှင့်နေထိုင်ခွင့်အထောက်ထားများ သိမ်းခံထားရသောအလုပ်သမား ၁၄ဦးအား 𝐍𝐔𝐆(အလုပ်သမားဝန်ကြီးဌာန)နှင့်𝐌.𝐇.𝐀.𝐂(...
12/09/2025

အလုပ်လုပ်ကိုင်ခွင့်နှင့်နေထိုင်ခွင့်အထောက်ထားများ သိမ်းခံထားရသောအလုပ်သမား ၁၄ဦးအား 𝐍𝐔𝐆(အလုပ်သမားဝန်ကြီးဌာန)နှင့်𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)ကူညီဆောင်ရွက်
= = = = = = = = = = = = = = = = = = = = = = = =
စက်တင်ဘာလ ၁၀ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် မြန်မာအလုပ်သမား၁၄ဦးအား အလုပ်လုပ်ခိုင်းပြီး ပိုက်ဆံမပေး၍ အလုပ်မှထွက်လိုသောကြောင့်အလုပ်ရှင်ထံ၌ အထောက်ထားစာရွက်စာတန်းများ ပြန်လည်တောင်းခဲ့ကြသည်။

ထိုသို့တောင်းခံ​​ခြင်းအပေါ် အလုပ်ရှင်မှမထုတ်ပေးသည့်အပြင် လာမည့်စက်တင်ဘာလ ၂၅ရက်နေ့မှစပြီးအလုပ်အဆောင်မှ ထွက်သွားရမည်ဟု ပြောဆိုလာသောကြောင့် အေအေစီကိုရဲမင်း ဦးဆောင်သော 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)ထံ အကူညီတောင်းခံလာခဲ့သည်။

ထို့ကြောင့် အဖွဲ့သားများမှ 𝐍𝐔𝐆(အလုပ်သမားဝန်ကြီးဌာန၏ညွှန်ကြားရေးမှုးဦးနိုင်ထွန်းဦး)နှင့်အတူ သွားရောက်ကူညီဆောင်ရွက်ကာ နယ်မြေခံ ကျဟာကန်ရုံးမှတစ်ဆင့် အလုပ်ရှင်ထံဆက်သွယ်၍ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ

𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)၊𝐍𝐔𝐆(အလုပ်သမားဝန်ကြီးဌာန၏ညွှန်ကြားရေးမှုးဦးနိုင်ထွန်းဦး)တို့နှင့်အတူ အလုပ်သမားများ
12/09/2025

အလုပ်ခွင်၌ ပြုတ်ကျသေဆုံးခဲ့သော်လည်း သူဌေးမှတာဝန်မယူသည့်အပြင် အမှုကိုပါလိမ်လည်တိုင်ကြားထားသည့် အမှုအား 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွ...
16/07/2025

အလုပ်ခွင်၌ ပြုတ်ကျသေဆုံးခဲ့သော်လည်း သူဌေးမှတာဝန်မယူသည့်အပြင် အမှုကိုပါလိမ်လည်တိုင်ကြားထားသည့် အမှုအား 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)မှ ကူညီဆောင်ရွက်
= = = = = = = = = = = = = = = = = = = = = = =
ဇွန်လ ၂၀ ရက်နေ့တွင် ထိုင်းနိုင်ငံအယုဒ္ဓရ ရှိ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေသော အသက်(၅၃)နှစ်အရွယ် မြန်မာအလုပ်သမားအမျိုးသားတစ်ဦး ၂လွှာအမြင့်မှ ပြုတ်ကျကာ ဆေးရုံး၌ သေဆုံးသွားခဲ့သည်။

သေဆုံးသွားခဲ့သော်လည်း သူဌေးမှ နာရေးအားတစ်ကြိမ်သာလာခဲ့ပြီးနောက် ထပ်မံလာရောက်တွေ့ဆုံခြင်း၊မေးမြန်ခြင်း၊တာဝန်ယူခြင်းများ မရှိခဲ့ပဲ လျော်ကြေးအနေဖြင့် ဘတ်၁သိန်းအား ၎င်း၏ရှေ့နေနှင့်တိုင်ပင်၍ပေချင်ပေးမည်ဟုသာ သေဆုံးသူ၏ ဇနီးဖြစ်သူအား တစ်ဆင့်ခံအကြောင်းကြားလာခဲ့သည်။

ထို့နောက်သူဌေးမှ ကိုယ်တိုင်တာဝန်ယူမည့်ပုံစံဖြင့် ပြောဆိုခဲ့ပြီး သူဌေးဖြစ်သူမှ ပကန်စခွန်ရုံး၌ အမှုအားလိမ်လည်၍ ဖွင့်ဆိုထားသောကြောင့် အမှုအားလိမ်လည်ဖွင့်ဆိုခံထားရမှုနှင့်အတူ ဥပဒေနှင့်အညီ ကူညီဆောင်ရွက်ပေးပါရန် ကိုရဲမင်းအေအေစီဦးဆောင်သော 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)ထံအကူညီတောင်းခံလာသည်။

ထိုသို့အကူညီတောင်းခံလာမှုအပေါ် 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)နှင့်𝐍𝐔𝐆(အလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦး) တို့မှ သက်ဆိုင်ရာနယ်မြေခံရုံး၌ သေဆုံးသူအမျိုးသား၏ မိသားစုနှင့်အတူ အမှုအားပြန်လည်ဖွင့်ကာ ကူညီဆောင်ရွက်ပေးခဲ့သည်။

𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ

ဓာတ်ပုံ။ 𝐌.𝐇.𝐀.𝐂(မဟာမိတ်အဖွဲ့)၊𝐍𝐔𝐆(အလုပ်သမားဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦး)နှင့်အတူ သေဆုံးသူအမျိုးသား၏မိသားစုဝင်

16.07.2027

အောက်ပါအဖွဲ့ထဲးကအလုပ်သမားများအမြန်ဆုံးဆက်သွယ်ပေးကြပါ0984435386
12/11/2024

အောက်ပါအဖွဲ့ထဲးကအလုပ်သမားများအမြန်ဆုံးဆက်သွယ်ပေးကြပါ0984435386

အလုပ်ရှင်မှ အပြစ်တစ်စုံတစ်ရာမရှိဘဲ အလုပ်သမားတစ်ဦးဦးအား အလုပ်မှထုတ်ပယ်လျင် နစ်နာကြေးပေးအပ်ရမည်ဟု ထိုင်းဥပဒေတွင် ပြဌာန်းထာ...
02/11/2024

အလုပ်ရှင်မှ အပြစ်တစ်စုံတစ်ရာမရှိဘဲ အလုပ်သမားတစ်ဦးဦးအား အလုပ်မှထုတ်ပယ်လျင် နစ်နာကြေးပေးအပ်ရမည်ဟု ထိုင်းဥပဒေတွင် ပြဌာန်းထား....
======================

ထိုင်းနိုင်ငံတွင် အလုပ်ရှင်မှ အပြစ်တစ်စုံတစ်ရာမရှိဘဲ အလုပ်သမားတစ်ဦး ဦးအား နစ်နာကြေးပေးအအလုပ်မှထုတ်ပယ်လျင် နစ်နာကြေးပေးအပ်ရမည်ဟုထိုင်းဥပဒေတွင် ပြဌာန်းထားသည်။

ထိုင်းဥပဒေအရ အလုပ်သမားသည် လုပ်ငန်းခွင်၌ ရက်ပေါင်း(၁၂ဝ)အထက် လုပ်ကိုင်ထားပြီး (၁) နှစ်အောက် လုပ်သက်ရှိပါက အလုပ်သမား၏ နောက်ဆုံးရရှိခဲ့သည့် လုပ်ခလစာအတိုင်း ရက် (၃၀) စာ လုပ်အားခနှင့် ညီမျှသော နစ်နာကြေးအား အလုပ်ရှင်မှ ပေးအပ်ရမည်ဖြစ်သည်။

အလုပ်သမားအနေဖြင့် လုပ်ငန်းခွင်၌ (၁) နှစ်အထက် အလုပ်လုပ်ကိုင်ခဲ့ပြီး ၃ နှစ်အောက် လုပ်သက်ရှိပါက အလုပ်သမား၏ နောက်ဆုံးရရှိခဲ့သည့် လုပ်ခ လစာအတိုင်း ရက် (၉၀) စာ လုပ်အားခနှင့်ညီမျှသော နစ်နာကြေးငွေအား အလုပ်ရှင်မှ ပေးအပ်ရမည်ဖြစ်သည်။

ထို့အတူ လုပ်ငန်းခွင်၌ (၃) နှစ်ဆက်တိုက် အလုပ်လုပ်ကိုင်ခဲ့ပြီး (၆) နှစ်အောက် လုပ်သက်ရှိသည့် အလုပ်သမားအား အပြစ်တစ်စုံတစ်ရာမရှိဘဲ အလုပ်မှထုတ်ပယ်ခဲ့ပါ အလုပ်ရှင်အနေဖြင့် ရက် (၁၈၀) စာ လုပ်ခလစာနှင့် ညီမျှသော နစ်နာကြေးငွေ ပေးအပ်ရမည်ဖြစ်သည်။

ထို့ပြင် အလုပ်သမားသည် လုပ်ငန်းခွင်၌ (၁၀) နှစ် (သို့မဟုတ်)၊ (၁၀) နှစ်အထက်လုပ်သက်ရှိပါက အလုပ်သမား၏ နောက်ဆုံးရရှိခဲ့သည့် လုပ်ခလ စာအတိုင်း ရက် (၃၀၀) စာ လုပ်အားခနှင့် ညီမျှသော နစ်နာကြေးငွေအား အလုပ်ရှင်မှပေးအပ်ရမည်ဟု ထိုင်းဥပဒေတွင် ပြဌာန်းထားသည်။

ဖတ်ပါ မှတ်ပါ လေ့လာကြပါ
အားလုံးသိစေရန် များများလေး
ပြန် Share ပေးကြပါ။

ချစ်မင်းထက်
MHAC မဟာမိတ်အဖွဲ့
(အမှုလိုက်၊အမှုစစ်တာဝန်နှင့်ပြန်ကြားရေးတာဝန်ခံ)

ဖြစ်စဥ်နှင့်ပက်သက်ပီး ပွဲစားမ တစ်ဦးအား 9.9.24မှာ ကန်ချနဘူရီ  ပုလိပ်ရုံးတွင်MHACအဖွဲ့မှအမှုဖွင့်ပေးခဲ့ခြင်း​ဖြစ်သည်။  အမ...
15/09/2024

ဖြစ်စဥ်နှင့်ပက်သက်ပီး ပွဲစားမ တစ်ဦးအား 9.9.24မှာ ကန်ချနဘူရီ ပုလိပ်ရုံးတွင်MHACအဖွဲ့မှအမှုဖွင့်ပေးခဲ့ခြင်း
​ဖြစ်သည်။ အမျိုးသမီး သုံးဦးထံမှ ယူထားသော ပါ့စပို့စ်စာအုပ် ၊စမတ်ကြေးငွေ တစ်ဦးလျှင် (13000)ဘတ်နှုန်းကောက်ယူထားသောငွေအမောက် (39000)ဘတ်နှင့်ကျဲန့်အော့များကို 13.9.24တွင်ပွဲစား အမျိုးသမီးမှပုလိပ်ရုံး၌လာရောက်ပီးပြန်လည်ပေးအပ်ခဲ့သည့်အတွက် မြန်မာရွေ့ပြောင်းအမျိုးသမီးသုံးဦး၏ စာအုပ် ၊ ဘတ်ငွေ ၊ကျဲန့် များပြန်လည်ရရှိခဲ့ပါသည်။

အေအေစီကိုရဲမင်း ဦးဆောင်သော
MHACမဟာမိတ်အဖွဲ့
မြန်မာရွေ့ပြောင်းလုပ်သာကူညီစောင့်ရှောက်ရေးကော်မတီ
ထိုင်းနိုင်ငံ အခြေစိုက်။

အလုပ်စမတ်ခ ဘတ်တစ်သိန်းခွဲနီးပါးလိမ်ယူထားသော မြန်မာပွဲစားအမျိုးသမီးတစ်ဦးအား MHAC မဟာမိတ်အဖွဲ့နှင့် ထိုင်းအာဏာပိုင်များ ပ...
12/09/2024

အလုပ်စမတ်ခ ဘတ်တစ်သိန်းခွဲနီးပါး
လိမ်ယူထားသော မြန်မာပွဲစားအမျိုးသမီး
တစ်ဦးအား MHAC မဟာမိတ်အဖွဲ့နှင့် ထိုင်း
အာဏာပိုင်များ ပူးပေါင်းဖမ်းဆီးနိုင်ခဲ့၊

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ဘော်ဝင်းနယ်မြေရှိ
ကျောက်ပြားစက်ရုံ၊ အီလက်ထရောနစ်စက်ရုံ
များတွင် အလုပ်သွင်းပေးမည် ဟု ဆိုကာ
မြန်မာလုပ်သား 22 ဦးထံမှ အလုပ်စမတ်ကြေး
ထိုင်းဘတ်ငွေ (14,8000)ဘတ် လိမ်ပြီး ပွဲစား
က ထွက်ပြေးတိမ်းရှောင်ခဲ့၊
ထိုင်းအာဏာပိုင်များရဲ့ ကြိုးစားမှု MHAC အဖွဲ့
၏ အမာခံနယ်မြေသတင်းပေးများကြောင့် ယခု
ဖမ်းဆီးနိုင်ခဲ့ပြီး ရဲစခန်းအချုပ်ထဲ ထိန်းသိမ်းခံ
ထားရ၊

MHAC အဖွဲ့ဘက်မှ မြန်မာအချင်းချင်း ငဲ့ညှာ
သောအားဖြင့် အစပိုင်းညှိနိူင်းခဲ့ပေမဲ့ ဂရုမစိုက်
တဲ့အထာနဲ့ ရှောင်တိမ်းနေတာကြောင့် ထိုင်းဥပ
ဒေပါအတိုင်း အမှုကို ဆောင်ရွက်ခဲ့ရ၊

ချွန်ဘူရီခရိုင် ရဲစခန်းအချုပ်ထဲ ရောက်တာနဲ့
ပွဲစားဖြစ်သူ မ ......... ဘက်မှ စမတ်ခကြေး
ယူထားငွေ တစ်ဝက်ပြန်ပေးခဲ့ပြီး ကျန်ငွေများ
ကို ယခုလကုန်ပေးမည်ဟု ပြောထားပါကြောင်း...

သူများအပူစာတွေ မစားကြပါနဲ့
ချစ်လို့ ပြောတာ မှတ်ပါ ပြည်ပမှာ
ကိုယ့်နိုင်ငံသားအချင်းချင်း ပြန်ဖမ်း
ရတဲ့ အလုပ်တွေ အေအေစီရဲမင်း
မလုပ်ချင်တော့ဘူး....
အေး...တစ်ခုတော့ ရှိတယ် အနှိမ်ခံ
နင်းပြားထိုင်းရောက်မြန်မာလုပ်သား
တွေရဲ့ ချွေးနဲစာတွေကို ခုလို လိမ်ညာ
မယ်ဆိုရင်တော့......

MHAC အဖွဲ့သားတွေ အိပ်ရေးပျက်ခံ
ရကြိုးတော့နပ်ခဲ့တယ်....
အလုပ်သမားရေးအတွက် အမုန်းတော်ခံ
ပင်တိုင်စံမင်းသားကြီး....

အေအေစီရဲမင်း ---
MHAC မဟာမိတ်အဖွဲ့ ဦးဆောင်စီစဥ်သူ။
12/9/2024

ပွဲစား အမျိုးသမီးတစ်ဦးသည်ကန်ချနဘူရီမြို့၊ ကြက်သားစက်ရုံတွင် အလုပ်ရှာပေးမည်ဟုပြောဆိုကာ အမျိုးသမီးအလုပ်သမား (၃) ဦးထံမှ ဘတ...
10/09/2024

ပွဲစား အမျိုးသမီးတစ်ဦးသည်
ကန်ချနဘူရီမြို့၊ ကြက်သားစက်ရုံတွင် အလုပ်ရှာပေးမည်ဟုပြောဆိုကာ အမျိုးသမီးအလုပ်သမား (၃) ဦးထံမှ ဘတ် ၃၃၀၀၀ လိမ်လည်သွားမှုဖြစ်စဥ်နှင့်ပတ်သက်၍(M.H.A.C)မဟာမိတ်ရုံးသို့ အကူ အညီတောင်းခံလာ

ပွဲစား အမျိုးသမီးဆိုသူသည်
ကန်ချနဘူရီမြို့၊ ကြက်သားစက်ရုံတွင် အလုပ်ရှာပေးမည်ဟုပြောဆိုကာ အမျိုးသမီးအလုပ်သမား (၃) ဦးထံမှ ဘတ် ၃၃၀၀၀ လိမ်လည်သွားမှုဖြစ်စဥ်နှင့်ပတ်သက်၍(M.H.A.C)မဟာမိတ်ရုံးသို့ အကူ အညီတောင်းခံလာပါသည်။

ဖြစ်စဉ်မှာ ကန်ချနဘူရီမြို့ရှိ ကြက်သားစက်ရုံတွင် အလုပ်လုပ်ကိုင်ရမည်ဟု ပြောဆိုကာ မြန်မာအမျိုးသမီး ၃ ဦးထံမှ စမတ်ကြေး တစ်ဦးလျှင် ဘတ်ငွေ ၁၃၀၀၀ နှုန်းဖြင့် စုစုပေါင်း ဘတ် ၃၃၀၀၀ တောင်းယူ၍ အလုပ်လျှောက်ရာ၌ အသုံးပြုရန်အတွက်ဟုဆိုကာ အလုပ်သမားများ၏နေထိုင်ခွင့်စာရွက်စာတမ်းများအား ယူဆောင်သွားပြီးနောက် အလုပ်မသွင်းပေးကြောင်း အလုပ်သမားများက ပြောပါသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး (M.H.AC) မဟာမိတ်ရုံးအဖွဲ့
နှင့် NUGအလုပ်သမားဝန်ဌာနတာဝန်ရှိသူများမှ နစ်နာသူ အမျိုးသမီး ၃ ဦးကိုခေါ်ဆောင်၍ ငွေကြေးလိမ် လည်ရယူသွားသူ ပွဲစား အမျိုးသမီးဆိုသူကို ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်နေ့က ကန်ချနဘူရီမြို့၊ ရဲစခန်းသို့သွားရောက် အမှုဖွင့်လှစ်ပေးခဲ့ပါသည်။

အေအေစီ ကိုရဲမင်းဦးဆောင်သော
M.H.A.C မဟာမိတ်အဖွဲ့
မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ
10.9.2024
အေအေစီ ရဲမင်း

ကိုရဲမင်းဦးဆောင်သောMHACရုံး၌အ​ကြောင်းအမျိုးမျိုးကြောင့် ခဏခိုလှုံနေသူများစားဝတ်နေရေးအဆင်ပြေစေရန်ကိုပြည့်ထွန်း+မအေးအေး တ...
05/09/2024

ကိုရဲမင်းဦးဆောင်သောMHACရုံး၌အ​ကြောင်းအမျိုးမျိုးကြောင့် ခဏခိုလှုံနေသူများစားဝတ်နေရေးအဆင်ပြေစေရန်
ကိုပြည့်ထွန်း+မအေးအေး တို့မှ (အသီးအရွက်)များ မမို့မို့အောင် မှ(ငါးခြောက်နှင့်လက္ဖ)များ ကိုပေးပို့လှူဒါန်းလာသဖြင့် MHACရုံးမှ အလှူရှင်များအားကျေးဇူးတင်ပါတယ်ရှင့်။

မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦး ထိုင်းထီပထမဆုကြီး ကံထူးရှင်ဖြစ်ခဲ့ MHAC အဖွဲ့မှ ထီဆုငွေများ နေ့ချင်းပြီးထုတ်ယူကူညီပေး...
03/09/2024

မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦး ထိုင်းထီ
ပထမဆုကြီး ကံထူးရှင်ဖြစ်ခဲ့ MHAC အဖွဲ့မှ ထီဆုငွေများ နေ့ချင်းပြီးထုတ်ယူကူညီပေးနိုင်ခဲ့...

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား ဇနီးမောင်နှံနှစ်ဦးဟာ ထိုင်းအစိုးရထီ ဘတ် (၆) သန်းဆုပေါက်ကာ ကံထူးရှင်ဖြစ်လို့ ထိုင်းရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်ပေးနေတဲ့ M.H.A.C မဟာမိတ်အဖွဲ့ထံ ထီဆုငွေများ
ထုတ်ယူပေးပါရန် အကူအညီတောင်းခံလာပါတယ်။

စက်တင်ဘာ ၁ ရက် မနေ့က ဖွင့်လှစ်ခဲ့တဲ့ ထိုင်းအစိုးရထီဖွင့်ပွဲမှာ ကံထူးရှင် ဇနီးမောင်နှံနှစ်ဦးဟာ ထိုင်းနိုင်ငံရဲ့ အမြင့်ဆုံးထီဆုကြီးကိုဆွတ်ခူးခဲ့တာပါ။

"ထီက ဆယ်စောင်ထိုးခဲ့တာပါ အဲဒီ ထီဆယ်စောင်ထဲက တစ်စောင်က ဘတ် ၆ သန်းဆု ပေါက်တာ မနေ့က ထီထွက်တော့ ထီတိုက်ကြည့်တယ် ထီပေါက်တာလည်းသိရော အခြားမယုံကြည်ရတဲ့သူတွေကိုပြောမိရင် အလိမ်ခံရမှာစိုးလို့ အေအေစီ ကိုရဲမင်းဆီ ဖုန်းနဲ့ဆက်ပြီးအကူညီတောင်းခဲ့ပါတယ်" လို့ ထီဆုပေါက်သူ ဇနီးမောင်နှံနှစ်ဦးက ပြောပါတယ်။

ထီဆုပေါက်သူ ဇနီးမောင်နှံနှစ်ဦးရဲ့အကူအညီတောင်းခံလာမှုကြောင့် ကိုရဲမင်း ဦးဆောင်တဲ့ M.H.A.C မဟာမိတ်အဖွဲ့မှ ဒီနေ့ စက်တင်ဘာလ ၂ ရက် နေ့ လယ်ပိုင်းက သက်ဆိုင်ရာ ဘဏ်ကြီးတွင်
ကံထူးရှင်နှစ်ဦးရဲ့ လုံခြုံရေးအပိုင်းကိုပါ တာဝန်ယူ
ထီဆုငွေများနေ့ချင်းပြီး ထုတ်ယူပြီးနောက်
ကာယကံရှင် ဇနီးမောင်နှံနှစ်ဦးရဲ့ လက်ဝယ်ကိုပေးအပ်ခဲ့ပါတယ်။

ကံထူးရှင် ဇနီးမောင်နှံနှစ်ဦးဟာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်ကနေ ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်မှာရှိတဲ့ အထည်ချုပ်စက်ရုံမှာ လာရောက်အလုပ်လုပ်ကိုင်နေတာ (၈) နှစ်ခန့်ရှိပြီဖြစ်ရာ ယခုတော့
ထိုင်းကနေအလုပ်သမားဘဝက လွတ်မြောက်
သွားပြီဖြစ်ပါတယ်။

အေအေစီကိုရဲမင်း အနေဖြင့် ယခင်အဖွဲ့နာမည်
AAC မဟာမိတ်အဖွဲ့မှ ယခု MHAC မဟာမိတ်
အဖွဲ့ အထိ ထိုင်းအစိုးထီအမြင့်ဆုံးဆု ဘတ် ၆ သန်း
ဆု နှစ်စောင်တွဲပေါက်သူ ၆ ဦးအပါအဝင် ပထမဆု
ကြီးပေါက်သူ ၅၂ ဦးတိတိ ထီဆုငွေများထုတ်ယူပေး
နိုင်ခဲ့ခြင်းဖြစ်ပါသည်။

ပုံ-ကံထူးရှင် ဇနီးမောင်နှံနှင့် အတူတွေ့ရသော
MHAC မဟာမိတ်အဖွဲ့ ခေါင်းဆောင်များ....
2/9/2024 ရက်နေ့

အေအေစီရဲမင်း ---
မြန်မာလုပ်သားကူညီရေး MHAC မဟာမိတ်အဖွဲ့
ထိုင်းအခြေစိုက်။
2/9/2024

MHACရုံးခန်းတွင်ခိုလှုံနေသောလုပ်သားများ၏လူမှုနေထိုင်ပုံလေး ကမိသားစုလိုနွေးထွေးစွာနေထိုင်ကြပီး စည်းကမ်းသည်လူ၏တန်ဖိုးဆိုသက...
03/09/2024

MHACရုံးခန်းတွင်ခိုလှုံနေသောလုပ်သားများ၏လူမှုနေထိုင်ပုံလေး ကမိသားစုလိုနွေးထွေးစွာနေထိုင်ကြပီး စည်းကမ်းသည်လူ၏တန်ဖိုးဆိုသကဲ့သို့ မိမိတန်ဖိုးကိုမိမိကိုယ်တိုင်မြှင့်တင်ခြင်းဖြစ်ပါတယ်။

ထိုင်းအလုပ်ရှင်က မြန်မာအလုပ်သမား ၈ ဦးကို အကြောင်းမဲ့အလုပ်ကထုတ် ထုတ်ပစ်ခဲ့သဖြင့် အလုပ်သမားများမှ M.H.A.C ရုံးသို့ အကူအညီတ...
03/09/2024

ထိုင်းအလုပ်ရှင်က မြန်မာအလုပ်သမား ၈ ဦးကို အကြောင်းမဲ့အလုပ်ကထုတ် ထုတ်ပစ်ခဲ့သဖြင့် အလုပ်သမားများမှ M.H.A.C ရုံးသို့ အကူအညီတောင်း ခံလာမှုနဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း

စက်တင်ဘာ ၃ ရက်၊ ၂၀၂၄ ခုနှစ်

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်မြို့၊ ပလတ်စတစ်ကော်စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမား အမျိုးသား ၆ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း အလုပ်သမား ၈ ဦးကို ထိုင်းအလုပ်ရှင်ဖြစ်သူက အကြောင်းမဲ့ အလုပ်ထုတ်ခဲ့မှုနှင့်ပတ်သက်၍ M.H.A.C မဟာမိတ်အဖွဲ့ကို အကူအညီတောင်းခံလာပါ သည်။

ကျွန်တော်တို့ M.H.A.C မဟာမိတ်ရုံးအဖွဲ့၏ စီစစ်တွေ့ရှိချက်အရ မြန်မာအလုပ်သမား ၈ ဦးသည် အဆိုပါ စက်ရုံ၌ အလုပ်လုပ်နေသည်မှာ လုပ်သက် ၆ လမှ ၄ နှစ်အထိရှိသူများဖြစ်သည်ကို စီစစ်တွေ့ရှိရသဖြင့် အလုပ်သမားများ၏ အကူအညီတောင်းခံမှုကို လက်ခံပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး၍အကြောင်းမဲ့ အလုပ်ထုတ်ခံခဲ့ရသည့် မြန်မာအလုပ် သမား ၈ ဦး၏ နစ်နာကြေးများ ပြန်လည်ရရှိရန်အတွက် ကိုရဲမင်းဦးဆောင် သည့် M.H.A.C မဟာမိတ်ရုံးအဖွဲ့နှင့် NUGအလုပ်သမားဝန်ကြီးဌာန
တာဝန်ရှိသူများမှ လိုက်ပါကူညီဆောင်ရွက် အမှုဖွင့်ပေးခဲ့သည်။

အေအေစီကိုရဲမင်း ဦးဆောင်သောMHACမဟာမိတ်အဖွဲ့
မြန်မာရွေ့ပြောင်းလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ
ထိုင်းနိုင်ငံအခြေစိုက်။

ที่อยู่

Samutsakhon
Samut Sakhon
74000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myanmar Humanitarian Action Centreผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์