Phoenix Fundraising Team

Phoenix Fundraising Team ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Phoenix Fundraising Team, องค์กรไม่แสวงหาผลกำไร, Phuket

နွေဦးတော်လှန်ရေးဆရာတော်နှင့် ပထုံဌာနီခရိုင်လမ်လုကာခေါင်(5) TSM ကြက်သားစက်ရုံ တရားပွဲအလှူရှင်များမှ နေ့လည်စာ အာဟာရအဖြစ် စ...
03/05/2024

နွေဦးတော်လှန်ရေးဆရာတော်နှင့် ပထုံဌာနီခရိုင်လမ်လုကာခေါင်(5) TSM ကြက်သားစက်ရုံ တရားပွဲအလှူရှင်များမှ နေ့လည်စာ အာဟာရအဖြစ် စစ်ရှောင်ပြည်သူ (၅၀၀) ယောက်အတွက် ကျွန်တော်တို့ PHOENIX အဖွဲ့သားများမှ ဝက်သားနီချက်ရယ် သီးစုံဟင်းရည်လေးရယ် ငရုတ်သီးသုပ်တို့ကို ယနေ့ကျွေးမွေးဖြစ်ခဲ့ပါတယ်ခဗျာ🙏🙏🙏

#ဦးနေ

ကျွန်တော်တို့ PHOENiX FUNDRAISING TEAMမှဒီမောဆိုရှိ စစ်ရှောင်ပြည်သူများနှင့် ရဲဘော်များအတွက် လောလောဆယ်ရေအလှူကား(၁၆) စီးဖ...
26/04/2024

ကျွန်တော်တို့ PHOENiX FUNDRAISING TEAMမှဒီမောဆိုရှိ စစ်ရှောင်ပြည်သူများနှင့် ရဲဘော်များအတွက် လောလောဆယ်ရေအလှူကား(၁၆) စီးဖြင့် လှူဒါန်းထားပါတယ်ခဗျာ🥰
မြေမြင်အခြေအနေတွေကြောင့် မှတ်တမ်းပုံလေးတွေက ယခုမှ ရရှိပါတယ်ဗျ🥰
ရေအလှူရှင်များအားလုံး ရေလိုအေးချမ်းကြပါစေခင်ဗျာ🙏🙏🙏
ရေအကျိုး ၁၀ ပါးအား ၇ ရက်သားသမီးများအားလုံး မတောင်းဘဲပြည့်စုံကြပါစေခဗျာ🙏🙏🙏
တော်လှန်ပြည်သူတွေရဲ့ စုပေါင်းအင်အားဖြင့် သာယခုလိုလှူဒါန်နိုင်တာပါဗျ နောကါကိုလဲ ပါဝင်လှူဒါန်းပေးကြပါအုံး ဖိတ်ခေါ်အပ်ပါတယ်ဗျ🙏🥰🥰


#ရေအလှူ

ယနေ့မွေးနေ့ရှင် 🎂🎉 အောကျူး ရဲ့ နေ့လည်စာ အာဟာရအဖြစ်ဒီမောဆိုရှိ စစ်ရှောင်စခန်းတစ်ခုမှ  လူဦးရေ(၁၂၃) ယောက်စာအတွက်အမဲသားဟင်းန...
10/04/2024

ယနေ့မွေးနေ့ရှင် 🎂🎉 အောကျူး ရဲ့ နေ့လည်စာ အာဟာရအဖြစ်
ဒီမောဆိုရှိ စစ်ရှောင်စခန်းတစ်ခုမှ လူဦးရေ(၁၂၃) ယောက်စာအတွက်အမဲသားဟင်းနှင့် အချဉ်ဟင်းလေး ကို Phoenix အဖွဲ့သားများက သွားရောက်ချက်ကျွေးဖြစ်ခဲ့ပါတယ်ခဗျာ🥰
စစ်ရှောင်ပြည်သူများနဲ့ ကလေး‌တွေအတွက် အာဟာရလေးကျွေးမွေးလှူဒါန်းပေးတဲ့ မွေးနေ့ကုသိုလ်ရှင်‌လေးလည်း စိတ်ချမ်းသာကိုယ်ကျန်းမာပြီး ဘေးကင်းပါစေကြောင်း ဆုမွန်ကောင်း
တောင်းလိုက်ပါတယ်ခဗျာ🥰🙏


#ဦးနေ

ယခုလို ပူပြင်းလှပြီဖြစ်တဲ့ နွေရာသီမှာ ရေလိုအပ်ကြပါတယ်ခဗျ စစ်ရှောင်ပြည်သူများအတွက် ‌လိုအပ်‌နေတဲ့ ရေအလှူအတွက်ရေကားတစ်စီးကိ...
18/03/2024

ယခုလို ပူပြင်းလှပြီဖြစ်တဲ့ နွေရာသီမှာ ရေလိုအပ်ကြပါတယ်ခဗျ
စစ်ရှောင်ပြည်သူများအတွက် ‌လိုအပ်‌နေတဲ့ ရေအလှူအတွက်
ရေကားတစ်စီးကို (၅၀၀၀၀)ကျပ်ဖြင့် လာရောက်လှူဒါန်းနိုင်ပါကြောင်းလည်း ချစ်တဲ့တော်လှန်ညီအကိုမိဘပြည်သူများကိုမေတ္တာရပ်ခံအပ်လိုက်ရပါတယ်
ခဗျာ🥰🥰🥰
ယနေ့မှာတော့ အလှူရှင် Pann Yaung & Nge မှ ချစ်သက်တမ်းလေး💕၄လပြည့် 💕အထိမ်းအမှတ်အဖြစ် ဘန်ကောက်စစ်ရှောင် camp အတွက် ရေကားတစ်စီးဖိုး လာရောက်လှူဒါန်းသွားပါတယ်ခဗျ🥰🥰🥰
အလှူရှင်လေးတွေလည်း ဘဝခရီးတစ်လျှောက်လုံးမှာ ရေလိုအေးချမ်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရင်း🙏 ပုံလေးတွေကြည့်ပြီး အေးချမ်းကြပါစေခဗျ🥰🥰

ယနေ့မွေးနေ့ရှင် 🎂🥳 မသူဇာပြုံး ရဲ့ နေ့လည်စာ အာဟာရအဖြစ်စစ်ရှောင်လူကြီး /ကလေး (၁၅၀) ယောက်အတွက် ကြက်သားဟင်း /ဘူးခါးဟင်းရည်လေ...
14/03/2024

ယနေ့မွေးနေ့ရှင် 🎂🥳 မသူဇာပြုံး ရဲ့ နေ့လည်စာ အာဟာရအဖြစ်
စစ်ရှောင်လူကြီး /ကလေး (၁၅၀) ယောက်အတွက် ကြက်သားဟင်း /ဘူးခါးဟင်းရည်လေး၊ ငရုတ်သီးသုတ်နှင့် ခရမ်းချဉ်သီးသုတ်လေး ကျွေးမွေးဖြစ်ခဲ့ပါတယ်ခဗျာ🥰
စစ်ရှောင်ပြည်သူများနဲ့ ကလေး‌တွေအတွက် အာဟာရလေးကျွေးမွေးလှူဒါန်းပေးတဲ့ ကုသိုလ်ရှင်များလည်း စိတ်ချမ်းသာကိုယ်ကျန်းမာပြီး ဘေးကင်းကြပါစေခဗျ🥰🙏
မွေးနေ့ရှင်အမလည်း ကျန်းမာ‌ပြီး ဘေးရန်ကင်းပါစေ🙏🙏🙏
ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခဗျာ🥰


#ဦးနေ

"တော်လှန်ရေးအလှူရှင်များ" ဆိုတဲ့နာမည်က‌လေးနဲ့ လူအယောက် ၃၀၀ အတွက် ညနေစာလေးကိုကျွန်တော်တို့PHOE NIXအဖွဲ့သားများမှ စစ်ရှောင...
05/03/2024

"တော်လှန်ရေးအလှူရှင်များ" ဆိုတဲ့နာမည်က‌လေးနဲ့ လူအယောက် ၃၀၀ အတွက် ညနေစာလေးကို
ကျွန်တော်တို့PHOE NIXအဖွဲ့သားများမှ စစ်ရှောင်များကိုချက်ကြွေးခဲ့လေးတွေကတော့ ငါးကြော်လေးရယ် ငပိချက်ရယ်🤤 အရွက်စုံသုပ်လေး😋ကို ကျွန်တော်တို့ရဲ့ 🥰အလှူရှင်လေးမှ ကျွေးမွေးဖြစ်ခဲ့တာလေးကို အလှူရှင်များနဲ့တကွ ပီတိဖြစ်ရ‌အောင် ပုံလေးတွေနဲ့အတူ မျှဝေလိုက်ပါတယ်ခဗျာ🥰
ကျွန်တော်တို့ရဲ့ အလှူရှင်များအားလုံးလည်း ကျန်းမာချမ်းသာပြီး ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေ🙏🙏🙏
နောက်ထပ်လည်း အများကြီးလှူဒါန်းနိုင်ကြပါစေခဗျာ🥰

NIX

ယနေ့အလှူရှင်လေးဖြစ်တဲ့ Linn Ko Linn ၏ နေ့လည်စာ အာဟာရဒါနအဖြစ် စစ်ရှောင် 100 ကျော်အတွက် ငါးကြော်၊ သရက်ချဉ်သုတ်နှင့် ပဲကြာဇ...
23/02/2024

ယနေ့အလှူရှင်လေးဖြစ်တဲ့ Linn Ko Linn ၏ နေ့လည်စာ အာဟာရဒါနအဖြစ် စစ်ရှောင် 100 ကျော်အတွက် ငါးကြော်၊ သရက်ချဉ်သုတ်နှင့် ပဲကြာဇံမုန်ညှင်းရောဟင်းရည် တို့ကို ကျွေးမွေးလှူဒါန်းပါတယ်ခဗျ🥰
အလှူရှင်လေးလည်း ကျန်းမာချမ်းသာပြီး ဘေးရန်ကင်းပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ရပါတယ်ခဗျာ🙏🙏🙏🥰

ကျွန်တော်တို့အဖွဲ့နှင့်အတူ ချိူးဖြူအဖွဲ့ရဲဘော်များမှလည်း လုပ်အားပါဝင်ကူညီသွားပါတယ်ဗျ🥰🥰

NIX

ဒီနေ့ကျွန်တော်တို့အဖွဲ့မှ မွေးနေ့ရှင်🎂ဆင်ကြီး ရဲ့အလှူဒါနလေးအဖြစ် စစ်ရှောင်ပြည်သူ‌အယောက် (၁၅၀)ကို ငါးဟင်းရယ် ငရုတ်သီးသုပ်...
14/02/2024

ဒီနေ့ကျွန်တော်တို့အဖွဲ့မှ မွေးနေ့ရှင်🎂ဆင်ကြီး ရဲ့အလှူဒါနလေးအဖြစ် စစ်ရှောင်ပြည်သူ‌အယောက် (၁၅၀)ကို ငါးဟင်းရယ် ငရုတ်သီးသုပ်လေးရယ် ဟင်းချိုလေးရယ်ငါးမစားတက်တဲ့ ကလေးများအတွက်ကိုလည်းကြက်ဉကိုပြုန်ပြီးခရမ်းချင်သီးအနှစ်းလေးနဲ့ကို အာဟာရဒါန‌ကျွေးမွေးခဲ့ပါတယ်ခဗျ🥰
မွေးနေ့ရှင်‌လေးလည်း ကျန်းမာချမ်းသာပြီး ဒီထက်မကလှူဒါန်းနိုင်ပါစေခဗျာ🙏ဘေးရန်လည်းကင်းပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ခဗျာ🙏ကျေးဇူးတင်ပါတယ်ခဗျာ🙏🥰

ကျွန်တော် Phoenix Fundraising Teamအဖွဲ့နဲ့ Vitamins -Monthly Program တို့နဲ့အတူ Collaboration Project အဖြစ် ပြုလုပ်ခဲ့တဲ...
07/02/2024

ကျွန်တော် Phoenix Fundraising Teamအဖွဲ့နဲ့ Vitamins -Monthly Program တို့နဲ့အတူ Collaboration Project အဖြစ် ပြုလုပ်ခဲ့တဲ့" မေတ္တာငွေ့ဖြင့် နွေးစေသော် "project လေးကနေရရှိတဲ့ တော်လှန်ပြည်သူတွေရဲ့ မေတ္တာငွေ့ငွေ့လေးတွေပါရှိတဲ့ နွေးထည်လေးတွေကို စစ်ရှောင်camp (၂)ခုဆီသို့ ပို့ဆောင်ပေးလိုက်ပြီဖြစ်ပါကြောင်း အလှုရှင်လေးတွေ‌လည်း ထပ်တူနွေးထွေးတဲ့ မေတ္တာတွေရရှိ‌ရအောင် ဝေမျှပေးလိုက်ရပါတယ်ခင်ဗျား🥰🙏
🥰ပါဝင်လှူဒါန်းပေးတဲ့ ညီအကိုမောင်နှမ တစ်ဦးတစ်ယောက်ချင်းဆီကို ကျေးဇူးအထူးပဲတင်ရှိပါတယ်ခဗျ🥰🙏

29/01/2024

မင်္ဂလာပါရှင်🥰

ဒီ video လေးကတော့ ရှေ့ကိုလည်းကူ နောက်ကိုလည်းလှူ Campaign ရဲ့မဲပစ္စည်းတွေကို မဲဖောက်ပေးခဲ့တဲ့ မှတ်တမ်းလေးဖြစ်ပါတယ်ရှင့်။ Admin တို့ဆီ ဒီ video လေးကအခုမှရောက်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင့်။ လိုင်းပြတ်တောက်မှုများကြောင့် ကြံ့ကြာသွားမှုတွေအတွက် တောင်းပန်အပ်ပါတယ်ရှင့်🥺

လက်မှတ်အစောင်ရေ 780 ကျော် ရောင်းထွက်ခဲ့ပြီး ရရှိခဲ့တဲ့အလှူငွေများကို ကရင်နီတစ်ခွင် စစ်ဘေးရှောင်များအတွက် ရိက္ခာများ ကူညီထောက်ပံ့လျက်ရှိပါတယ်ရှင့်။🙌

ပေါက်မဲနံပါတ်လေးတွေကတော့
ပထမဆု Phoenix-0273
ဒုတိယဆု Phoenix-0502
တတိယဆု Phoenix-0049 တို့ပဲဖြစ်ပါတယ်ရှင့်🥰

မဲပေါက်သွားတဲ့သူများကိုတော့ တာဝန်ခံမှ ဆက်သွယ်ပြီး ဖြစ်ပါတယ်ရှင့်။ ဝယ်ယူလှူဒါန်းပေးခဲ့ကြတဲ့ ပြည်တွင်းပြည်ပ အလှူရှင် တစ်ဦးတစ်ယောက်ချင်းဆီကို Phoenix Fundraising Team အဖွဲ့သားများမှ ကျေးဇူးအထူးပင်တင်ရှိအပ်ပါတယ်ရှင့်🥰

အလှူရှင်များအနေဖြင့် ကူညီလှူဒါန်းလိုပါက Phoenix Fundraising Team Page Messenger ဆီသို့ မေးမြန်းဆက်သွယ်နိုင်ပါတယ်ရှင့်။

ဘေးကင်းကျန်းမာပျော်ရွှင်ကြပါစေရှင့်❤️

#ကရင်နီစစ်ဘေးရှောင် #ကရင်နီ

မင်္ဂလာပါရှင့် Phoenix Fundraising Team ကပါ❤️ရှေးဦးစွာ မြေပြင်အဖွဲ့နဲ့ Admin တို့ရဲ့ အဆက်အသွယ်ပြတ်တောက်မှုတွေကြောင့် အချ...
17/01/2024

မင်္ဂလာပါရှင့် Phoenix Fundraising Team ကပါ❤️

ရှေးဦးစွာ မြေပြင်အဖွဲ့နဲ့ Admin တို့ရဲ့ အဆက်အသွယ်ပြတ်တောက်မှုတွေကြောင့် အချိန်နဲ့တပြေးညီ activities update များကို မတင်ပေးနိုင်ခဲ့ဘဲ ရပ်နားထားခဲ့ရတာ တောင်းပန်ပါတယ်ရှင့်။ အခုလဲ ချက်ချင်း မှတ်တမ်းတင်ဓာတ်ပုံတွေ ပို့ပေးလာတာနဲ့ တင်ပေးလိုက်ပါတယ်ရှင့်🥺

11.1.2024 ရက်နေ့ မှာ အလှူရှင် US ရောက် D” Thin Thin မှ ကရင်နီတစ်နေရာ စစ်ဘေးရှောင် Camp တွင်း ကလေးများကို မွေးနေ့ အာဟာရအလှူ အဖြစ် မုန့်ဟင်းခါး ကျွေးမွေး လှူဒါန်းသွားပါတယ်ရှင့်။ မွေးနေ့ရှင် US ရောက် D” Thin Thin ကိုလဲ Phoenix Fundraising Team အဖွဲ့သားများမှ ကျန်းမာချမ်းသာ ပျော်ရွှင်ပြီး စစ်ဘေးရှောင်ပြည်သူများကို ဒီထက်မက လှူဒါန်းထောက်ပံ့ပေးနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင့်🥰

လက်ရှိမြေပြင်အခြေအနေများအရ ကရင်နီမှာ စစ်ဘေးရှောင်ပြည်သူများ များပြားလာတဲ့အလျောက် စားနပ်ရိက္ခာ ဆေးဝါးနှင့် အဝတ်အထည် စောင်များ ပိုမိုထောက်ပံ့ပေးဖို့ လိုအပ်နေပါတယ်ရှင့်🙌

အလှူရှင်များအနေဖြင့် ကူညီလှူဒါန်းလိုပါက Phoenix Fundraising Team Page Messenger ဆီသို့ မေးမြန်းဆက်သွယ်နိုင်ပါတယ်ရှင့်။ Page မှာ activities တွေ မတင်ပေးနိုင်ပေမယ့်လဲ အမြဲတမ်းလှူဒါန်းပေးနေတဲ့ ပြည်တွင်းပြည်ပ အလှူရှင်များကို Phoenix Fundraising Team အဖွဲ့သားများမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင့်❤️

ဘေးကင်းကျန်းမာပျော်ရွှင်ကြပါစေရှင့်🥰

ที่อยู่

Phuket

เวลาทำการ

จันทร์ 06:00 - 22:00
อังคาร 06:00 - 22:00
พุธ 06:00 - 22:00
พฤหัสบดี 09:00 - 22:00
ศุกร์ 06:00 - 10:00
เสาร์ 06:00 - 22:00
อาทิตย์ 06:00 - 22:00

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Phoenix Fundraising Team โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์