Equal Rise - ညီတူ

Equal Rise - ညီတူ Equal Rise is a youth-led social impact organization to support the youth for equal skill development.

FYI
19/06/2025

FYI

💤 Sleep & Mental Health 🧠အိပ်စက်ခြင်းဆိုတာကျွန်တော်တို့ခန္ဓာကိုယ်အနားယူဖို့သာမက ကျွန်တော်တို့ရဲ့စိတ်ကျန်းမာရေးကိုထိန်းသိ...
26/05/2025

💤 Sleep & Mental Health 🧠

အိပ်စက်ခြင်းဆိုတာကျွန်တော်တို့ခန္ဓာကိုယ်အနားယူဖို့သာမက ကျွန်တော်တို့ရဲ့စိတ်ကျန်းမာရေးကိုထိန်းသိမ်းဖို့အတွက်အရေးပါတဲ့ အရာတစ်ခုဘဲဖြစ်ပါတယ်။ ကျွန်တော်တို့အိပ်ပျော်နေတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ဦးနှောက်တွေက စိတ်ခံစားချက်တွေကို ညီမျှအောင်ထိန်းညှိပေးကြပါတယ်။

အာ့‌တာကြောင့်ညဘက်မှာကောင်းကောင်းအိပ်စပ်ခြင်း ကကျွန်တော်တို့‌ကိုစိတ်ဖိစီးမှုတွေကို
လျှော့နည်းစေပြီးတော့ အာရုံးစူးဆိုက်မှုတွေကိုပိုမိုကောင်းမွန်စေပါတယ်။

ဒါပေမဲ့ကျွန်တော်တို့ကလုံလောက်အောင်မအိပ်ဘူးဆိုရင်တော့ကျွန်တော်တို့ရဲ့စိတ်ကျန်းမှာရေးကို
ထိခိုက်စေနိုင်ပါတယ်။ အိပ်ချိန်မလုံလောက်ခြင်းက စိတ်တိုလွယ်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် အာရုံစူးစိုက်ရန်ခက်ခဲခြင်းတို့ကိုပါဖြစ်စေနိုင်ပါတယ်။

သုသေသီတွေရဲ့လေ့လာတွေ့ရှိချက်အရလူတယောက်ဟာအမြဲတမ်းလုံလောက်တဲ့အိပ်စက်မှုကို
မရဘူးဆိုရင်ထိုသူဟာစိတ်ခံစားချက်တွေမတည်ငြိမ်တာ၊ခံစားချက်တွေပြောင်လဲမြန်တာမျိုးတွေ
သာမက ကိုယ့်ကိုယ် ကို အဆုံးစီရင်ခြင်တဲ့အတွေးတွေကိုပါဖြစ်စေနိုင်တယ်လို ဆိုပါတယ်။

အိပ်စက်ခြင်းနဲ့စိတ်ကျန်းမားရေးဆိုတာ အပြန်အလှန်အကျိုးသက်ရောက်မှုတွေကိုဖြစ်စေပါတယ်။ စိတ်ဖိစီးမှု၊ စိုးရိမ်မှု နဲ့ စိတ်ဓာဏ်ရာတွေက အိပ်ပျော်ဖို့ခက်ခဲစေနိုင်ပါတယ်။ အဲ့လိုဘဲ အိပ်စက်ချိန်မလုံလောက်မှုတွေကလဲ စိတ်ခံစားချက်ဆိုးဝါးလာစေနိုင်ပါတယ်။

အကယ်၍ကျွန်တော်တို့ရဲ့ စိတ်ကျန်းမားရေးကိုပိုမိုကောင်းမွန်းအောင်ထိန်းသိမ်းခြင်တယ်ဆိုရင်တော့၊ ကျွန်တော်တို့ရဲ့အိပ်ချိန်တွေကိုဂရုစိုက်ဖို့လိုအပ်ပါတယ်။ ပိတ်ရက်တွေအပါအဝင် နေတိုင် အချိန်မှန်အိပ်ပြီးတော့ အချိန်မှန်ထနိုင်အောင် ကြိုးစားပါ။

အိပ်ခါနီးအချိန်မှာ ဖုန်းကြည့်တာတို့ တီဗီကြည့်တာတို့‌ကိုရှောင်ပါ။ အိပ်ယာဝင်ခါနီးမှာအတွေးတွေများပြီး အိပ်ပျော်ဖို့ခက်ခဲနေတယ်ဆိုရင်တော့ စားအုပ်ဖတ်တာဘဲဖြစ်ဖြစ်၊ တီးလုံးသံနားထောင်တာဘဲဖြစ်ဖြစ်ပြုလုပ်‌ကြည့်ပါ။ ကျွန်တော်တို့ရဲ့အိပ်စက်ခြင်းကိုဂရုစိုက်ပေးခြင်းကလဲ စိတ်ကျန်းမားရေးကိုဂရုစိုက်တဲ့နည်းလမ်းတစ်ခုဘဲဖြစ်ပါတယ်။

🌟 The Importance of Loving Yourself🌟   ဒီနေ့သူငယ်ချင်းတို့ကို သူငယ်ချင်းတို့ရဲ့စိတ်ကျန်းမာရေးအတွက်အရေးကြီးတဲ့အချက်တစ်ခုဖ...
12/05/2025

🌟 The Importance of Loving Yourself🌟

ဒီနေ့သူငယ်ချင်းတို့ကို သူငယ်ချင်းတို့ရဲ့စိတ်ကျန်းမာရေးအတွက်အရေးကြီးတဲ့အချက်တစ်ခုဖြစ်တဲ့ ကိုယ့်ကိုယ်ကိုချစ်ခြင်း(self-love)အကြောင်းကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။💖

ကိုယ့်ကိုယ်ကိုချစ်ခြင်း (Self-love) ဆိုတာဘာလဲ?🤔

ကိုယ့်စိတ်ခံစားချက်တွေကို နားထောင်တတ်ခြင်း

ကိုယ့်ခန္ဓာကိုယ်နဲ့ ကျန်းမာရေးကို ဂရုစိုက်ခြင်း 🥗💪

ကိုယ့်လိုအပ်ချက်တွေအတွက် “အိုကေ” လို့ ခွင့်ပြုခြင်း ✅

မင်းကိုယ်ပိုင်စံနှုန်းနဲ့ နေတတ်ခြင်း

မင်းကိုယ်တိုင်ကို ပြန်လည်တန်ဖိုးထားတတ်ခြင်း

Self-Love က မင်းကို ပိုအားရှိစေပြီး၊ ပိုပျော်စရာဘဝတစ်ခု ရရှိစေပါတယ်။ ပြီးတော့ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလာစေပြီး၊စိတ်ကျန်းမာရေးကိုတိုးတက်စေနိုင်တဲ့အရာဖြစ်ပါတယ်။ လူအများစုကတော့ မိမိချစ်သူတွေ၊ မိသားစု၊ မိတ်ဆွေတွေကိုကောင်းမွန်စွာဂရုစိုက်တတ်ကြပေမယ့် ကိုယ့်ကိုယ်ကို ဂရုစိုက်ပေးချစ်ပေးဖို့ကိုမေ့နေတတ်ကြပါတယ်။

ဒါဆိုကိုယ့်ကိုယ်ကိုယ်ဘယ်လိုဂရုစိုက်ပြီးပိုချစ်ပေးရမလဲ။

🌟ကိုယ့်ကိုယ်ကိုကြင်ကြင်နာနာပြောဆိုပါ။ 🗣️

ကျွန်တော်တို့နေ့တိုင်းကိုယ့်ကိုယ်ကိုပြောလိုက်တဲ့စကားတွေကကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေအပေါ်အကျိုးသက်ရောက်မှုရှိစေပါတယ်။ ကျွန်တော်တို့ကကိုယ့်ကိုယ်ကို မကောင်းတာဘဲပြောမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတော့တာတွေ၊ အားနည်းလာတာတွေဖြစ်ပြီးတော့ စိတ်ဓာတ်ကျတာမျိုးတွေဖြစ်စေနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုဂရုစိုက်ချစ်ခင်ဖို့ဆိုရင် ကိုယ့်ကိုယ်ကိုကြင်ကြင်နာနာပြောဆိုဖို့ကလဲအရေးကြီးပါတယ်။

🌟တစ်ခုခုဆိုရင်ငြင်းဆိုဖို့ကိုအားမနာပါနဲ့🙅‍♀️

တခြားသူတွေအကူအညီတောင်းတဲ့အရာတိုင်းကိုကျွန်တော်တို့လိုက်လုပ်ပေးစရာမလိုပါဘူး။ ကျွန်တော်တို့ကိုစိတ်ဖိစီးစေနိုင်မဲ့အရာတွေ၊ ပင်ပန်းစေမဲ့အရာတွေကိုအားမနာဘဲငြင်းဆန်ဖို့လိုအပ်ပါတယ်။ ကိုယ်မလုပ်နိုင်တဲ့အရာတွေကိုငြင်းဆိုတာကလဲ ကိုယ့်ကိုချစ်ခြင်းရဲ့အခန်းကဏ္ဍတစ်ခုပါ။

🌟ကိုယ်ကြိုက်နှစ်သက်တဲ့အရာလေးတွေကိုလုပ်ပါ။🎨🎧🎮📖

ကိုယ့်ရဲ့အားလပ်ချိန်တွေမှာကိုယ်ကြိုက်နှစ်သက်တာတွေကိုလုပ်ပြီးတော့ဖြတ်သန်းပါ။ ဥပမာ- ပုံဆွဲတာတို့၊ သီချင်းနားထောင်တာတို့၊ ဂိမ်းဆော့တာတို့၊ စာအုပ်ဖတ်တာတို့။

🌟 ကိုယ့်ကျန်းမားရေးကိုဂရုစိုက်ပါ

ကိုယ့်ကိုယ်ကိုချစ်ဖို့ကြိုးစားမယ်ဆိုရင်ခန္ဓာကိုယ်ကျန်းမာ‌အောင်ဂရုစိုက်ပေးဖို့ကလဲအရေးကြီးပါတယ်။ ခန္ဓာကိုယ်အတွက် အစားကိုအချိန်မှန်စားပါ၊ ကိုယ်လက်လှုပ်ရှားပါ၊ ရေများများသောက်ပေးပါ၊ အသီးအရွက်တွေကိုလဲပုံမှန်စားသောက်ပေးပါ။စိတ်ကျန်းမာရေးကခန္ဓာကျန်းမှာရေးနဲ့ဆက်စပ်နေတာမို့လို့ ခန္ဓာကိုယ်ကျန်းမာမှသာလျှင်စိတ်လဲကျန်းမာ နိုင်မှာဘဲဖြစ်ပါတယ်။

🌟ကိုယ့်ကိုယ်ကို အခြားသူများနဲ့မနှိုင်းယှဉ်ပါနဲ့ 🚫

လူတိုင်မှာမတူညီတဲ့ဘဝတွေရှိကြပါတယ်။ အခြားသူတစ်ယောက်နဲ့ကိုယ့်ကိုနှိုင်းယှဉ်ခြင်းက ကိုယ့်ကိုယ်ကို သိမ်ငယ်စေပြီးတော့ မပျော်မရွှင်ဖြစ်စေနိုင်ပါတယ်။ အခြားသူတွေကလဲကိုယ်မြင်သလို ကောင်းတဲ့အရာတွေဘဲဖြစ်နေတာမဟုတ်ပါဘူး။

သူတို့မှာလဲကိုယ်မမြင်နိုင်တဲ့ အဆင်မပြေတဲ့အချိန်တွေ၊ ခတ်ခဲတဲ့အချိန်တွေရှိကြပါတယ်။

Positive Thinking Can Change Everything 🌟🧠အကောင်းမြင်စိတ်ဆိုတာ ကျွန်တော်တို့နေ့စဉ်ဘဝမှာအရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ အဲ့ဒါ...
06/05/2025

Positive Thinking Can Change Everything 🌟🧠

အကောင်းမြင်စိတ်ဆိုတာ ကျွန်တော်တို့နေ့စဉ်ဘဝမှာအရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ အဲ့ဒါက ကျွန်တော်တို့ရဲ့ လုပ်ဆောင်ပုံတွေ၊ ကျွန်တော်‌တို့ရဲ့ခံစားချက်တွေသာမက ကျွန်တော်တို့ရဲ့ဘဝတွေကိုပါပြောင်းလဲစေနိုင်ပါတယ်။ 🧘‍♂️✨

ကျွန်တော်တို့ နေ့စဉ်ကောင်းတဲ့အတွေးကိုဘဲတွေးမယ်ဆိုရင် ပျော်ရွှင်မှုနဲ့ မျှော်လင့်ချက်တွေ‌ပြည့်နေတယ်လို့ခံစားရပြီးတော့ကျွန်တော်တို့ရဲ့နေ့စဉ်လုပ်ငန်းတွေအတွက်ပါခွန်အားတွေဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ဆိုးတဲ့အတွေးတွေကိုပဲတွေးနေမယ်ဆိုရင်တော့ တချိန်လုံးစိတ်မပျော်မရွှင်ဖြစ်ပြီးတော့ အားနည်းလာသလိုခံစားရမှာဘဲဖြစ်ပါတယ်။

ဒါကြောင့်အကောင်းမြင်စိတ်ဆိုတာကျွန်တော်တို့ဘဝအတွက်အရမ်းကိုအကျိုးရှိတဲ့အရာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ဘဝတွေကအမြဲတမ်းလွယ်ကူနေတာတော့မဟုတ်ပါဘူး။ တစ်ခါတစ်လေမှာကောင်းတာတွေဖြစ်တတ်သလိုဘဲ တစ်ခါတစ်လေမှာကိုယ်မမျှော်လင့်ဘဲနဲ့ ဆိုးတဲ့အရာတွေဖြစ်တတ်ပါတယ်။ ကျွန်တော်တို့မှာအဲ့လိုအရာတွေကိုထိန်းချုပ်နိုင်စွမ်းမရှိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့မှာကျွန်တော်တို့ရဲ့ကိုယ်ပိုင်အတွေးတွေကိုထိန်းချုပ်နိုင်စွမ်းတော့ရှိပါတယ်။

ကျွန်တော်တို့ဘဝရဲ့ခက်ခဲနေတဲ့အချိန်မှာ ကျွန်တော်တို့ဟာအကောင်းမြင်စိတ်လေးနဲ့တွေးမယ်ဆိုရင် ထိုအခြေအနေကိုရင်ဆိုင်ဖို့အတွက်ခွန်အားတွေကိုရရှိပြီးတော့စိတ်ပူပန်မှုကိုလဲလျော့နည်းစေပါတယ်

အကယ်၍အဲ့လိုအခြေအနေမှာအကောင်းမြင်စိတ်နဲ့မတွေးနိုင်ဘဲ အဆိုးတွေကြီးကိုပဲတွေးနေမယ်ဆိုရင်တော့ ပိုဆိုးတာတွေကိုပဲခံစားနိုင်ရပြီတော့ မျှော်လင့်ချက်တွေပါပျောက်ဆုံးသွားနိုင်ပါတယ်။😔

🌟 နေ့တစ်နေ့ကိုကောင်းတဲ့အတွေးနဲ့စတင်ပါ

မနက်နိုးတဲ့အချိန်မှာကျွန်တော်တို့အတွက်ကောင်းတယ်လို့ခံစားရတဲ့အရာတစ်ခုခုကိုတွေးပါ။
ဥပမာ- ကိုယ့်ရဲ့မိသားစုဝင်အကြောင်းပဲဖြစ်ဖြစ်၊ ကိုယ်ချစ်တဲ့သူအကြောင်းပဲဖြစ်ဖြစ်၊ ကိုယ်ကြိုက်တဲ့သီချင်းအကြောင်းဘဲဖြစ်ဖြစ်၊ ဂိမ်းအကြောင်းဘဲဖြစ်ဖြစ် ကိုယ်ကြိုက်တာတစ်ခုခုကိုတွေးပါ။

အဲ့လိုမျိုးတစ်နေ့တာကိုကောင်းတဲ့အတွေးတစ်ခုခုနဲ့တွေးခြင်းက တစ်နေ့တာအတွက်ပျော်ရွှင်မှုနဲ့ခွန်အားတွေကိုရရှိစေပါတယ်။

🌟 ကိုယ့်ကိုယ်ကိုကြင်နာစွာပြောဆိုပါ

ကျွန်တော်တို့လူတိုင်းကတစ်ခါတစ်ရံတော့အမှားတွေလုပ်မိတတ်ကြပါတယ်။ အဲ့လိုအချိန်တွေမှာကိုယ့်ကိုယ်ကို ဆိုးလိုက်တာ ဘာညာတို့ပြောမဲ့အစား၊ “ဘာမှမဖြစ်ဘူး ငါနောက်တစ်ခါပိုကောင်းအောင်လုပ်နိုင်တယ်”လို့ပြောပေးခြင်းကလဲကိုယ်ကိုယ်တိုင်ရဲ့ခံစားချက်ကိုပိုမိုကောင်းမွန်စေပြီးတော့ခွန်အားတွေရရှိစေပါတယ်။

🌟 ကောင်းတဲ့အရာတွေဖြစ်ပေါ်လာလိမ့်မယ်လို့ယုံကြည်ပါ

ဒီနေ့ဟာဘယ်လောက်ပဲခက်ခဲနေပါစေ၊ မနက်ဖြန်ကြရင်ပိုမိုကောင်းလာနိုင်တယ်လို့တွေးပါ။ ကျွန်တော်တို့ရဲ့ဘဝတွေကအံ့ဩစရာတွေနဲ့ပြည့်နေတာပါ။

ဒါကြောင့်ကောင်းတဲ့အရာတွေကလဲဘယ်အချိန်မဆိုဖြစ်ပေါ်လာနိုင်ပါတယ်။ အဲ့လိုမျိုးကောင်းတဲ့အရာတွေဖြစ်လာမယ်လို့ယုံကြည်ခြင်းက ကျွန်တော်တို့ရဲ့နှလုံးသားထဲမှာမျှော်လင့်ချက်တွေဖြစ်လာစေပြီးတော့ အဲ့မျှော်လင့်ချက်တွေကပဲကျွန်တော်တို့ကိုရှေ့ဆက်နိုင်ဖို့အတွက်ခွန်အားတွေဖြစ်လာစေပါတယ်။

❝ What It Takes to Be a Great Leader ❞“ခေါင်းဆောင်” ဆိုတဲ့ စကားလုံးကိုကြားလိုက်တာနဲ့ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ၊ တိုင်းပြ...
02/05/2025

❝ What It Takes to Be a Great Leader ❞

“ခေါင်းဆောင်” ဆိုတဲ့ စကားလုံးကိုကြားလိုက်တာနဲ့ အဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေ၊ တိုင်းပြည်တွေကို ဦးဆောင်ပြီး ဘုံရည်မှန်းချက်ဆီကို ခေါ်ဆောင်သွားနိုင်တဲ့ ပုဂ္ဂိုလ်တွေကို မြင်ယောင်မိကြမယ်ထင်တယ်နော်။ 🧐

ဒါပေမယ့် တကယ်တမ်းမှာ ကောင်းမွန်တဲ့ ခေါင်းဆောင်တစ်ယောက်ဆိုတာက ရာထူးတစ်ခုကိုင်ထားရုံ၊ ဒါမှမဟုတ် အာဏာကိုသုံးစွဲရုံနဲ့ မလုံလောက်ပါဘူး။ တကယ်စစ်မှန်တဲ့ခေါင်းဆောင်မှုဆိုတာ အရည်အချင်းတွေ၊ စိတ်နေသဘောထားတွေနဲ့၊ လူမှုသဘောသဘာဝကို နားလည်ခြင်း စတာတွေ ပေါင်းစပ်ထားတဲ့ အရာဖြစ်ပါတယ်။ 💫

❝စစ်မှန်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် ဘာတွေလိုအပ်ပါသလဲ❞ ။ 💁🏻‍♀️✨

💡အမြင် (Vision) ရှိဖို့လိုအပ်ပါတယ်။

ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက် အနာဂတ်ကို မြင်နိုင်တဲ့ ဉာဏ်အမြင် (Vision) ရှိဖို့ အရေးကြီးပါတယ်။ ကိုယ် ဘယ်ကို ဦးတည်သွားမယ်ဆိုတဲ့ ပန်းတိုင်ကို ရှင်းရှင်းလင်းလင်း ဖော်ပြနိုင်ရပါမယ်။ ဒါ့အပြင် ကိုယ့်ရဲ့ ရည်မှန်းချက်ဟာ ကိုယ်တစ်ဦးတည်းအတွက် မဟုတ်ဘဲ၊ အဖွဲ့အစည်းတစ်ခုလုံးအတွက် ဖြစ်ရပါမယ်။ ခိုင်မာတဲ့ Vision ရှိမှသာ လူတွေက ယုံကြည်ပြီး နောက်က လိုက်ပါလာကြမှာပါ။

💬 ပြောဆိုဆက်သွယ်တတ်ပြီး နားထောင်တတ်ရမယ်

ခေါင်းဆောင်ကောင်းမှာ Vision ရှိရုံနဲ့တင် မလုံလောက်သေးပါဘူး။ အဲဒီ Vision ကို ကိုယ့်အဖွဲ့ဝင်တွေနဲ့ ပတ်ဝန်းကျင်က လူတွေ နားလည်အောင် ရှင်းရှင်းလင်းလင်း ပြောပြနိုင်တဲ့ ဆက်သွယ်ရေး စွမ်းရည် (communication skill) လည်း ရှိရပါမယ်။

ဒါ့အပြင် ကောင်းမွန်တဲ့ ခေါင်းဆောင်တစ်ယောက်ဆိုတာ စကားပြောဆိုတတ်ရုံတင် မဟုတ်ဘဲ နားထောင်တတ်သူလည်း ဖြစ်ဖို့လိုအပ်ပါတယ်။ ကိုယ့်အဖွဲ့ဝင်တွေရဲ့ အသံကို တန်ဖိုးထားပြီး နားထောင်ပေးတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ကလည်း အရေးကြီးတဲ့ အရည်အချင်းတစ်ခုပါ။

🎯 ပြတ်ပြတ်သားသား ဆုံးဖြတ်နိုင်ရမယ်။

အခက်အခဲတွေ ကြုံလာတဲ့အခါ ဘယ်လိုလုပ်ရမလဲဆိုပြီး ဝေခွဲမရ ဖြစ်မနေဘဲ တိတိကျကျ ဆုံးဖြတ်နိုင်ရပါမယ်။ သေချာ စဉ်းစားပြီး ကိုယ်ဘာလုပ်ရမယ်ဆိုတာ သေချာသိထားရပါမယ်။ ပြီးရင်တော့ ကိုယ့်ဆီရောက်လာတဲ့ ပြဿနာတွေကို ချက်ချင်း ဖြေရှင်းနိုင်ဖို့လိုအပ်ပါတယ်။
👥 ကိုယ့်အဖွဲ့သားတွေကို အားပေးကူညီ မြှင့်တင်ပေးရမယ်။

ခေါင်းဆောင်ကောင်းတစ်ယောက်ဟာ ကိုယ့်ရဲ့အဖွဲ့ဝင်တွေကို လုပ်ငန်းတာဝန်တွေ သင့်တော်သလို ခွဲဝေပေးတတ်ရပါမယ်။ ဒါ့အပြင် သူတို့ရဲ့ အရည်အချင်းတွေ ပိုပြီး ထွန်းတောက်လာအောင် သင့်လျော်တဲ့ တာဝန်တွေ ပေးအပ်ပြီး အခွင့်အလမ်းတွေလည်း ဖန်တီးပေးဖို့လိုအပ်ပါတယ်။

ဒီလို အရည်အချင်းတွေကို ပေါင်းစပ်ပြီး ကြိုးစားတည်ဆောက်သွားမယ်ဆိုရင် သူငယ်ချင်းတို့လည်း တစ်နေ့မှာ အများရဲ့ လေးစားယုံကြည်မှုကို ခံယူရရှိတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်လာနိုင်မှာ အသေအချာပါပဲ။ 💪

အခုလို Soft Skills နဲ့ ပတ်သက်ပြီး သူငယ်ချင်းတို့အတွက် အသုံးဝင်မယ့် ဗဟုသုတတွေကို Equal Rise-ညီတူ မှ အပတ်စဉ် ဝေမျှပေးသွားနေတာပဲဖြစ်ပါတယ်။ အခုလို ဗဟုသုတတွေကနေ သူငယ်ချင်းတို့အတွက် တစ်ခုခု ရရှိသွားမယ်လို့လည်း Equal Rise က မျှော်လင့်ပါတယ်။ 🙆🏻‍♀️💙

🛠️မေလ၁ရက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့🛠️ယနေ့မှ ကျရောက်တဲ့ အလုပ်သမားနေ့မှ ကမ္ဘာတဝှမ်းလုံးမှအလုပ်သမားများကို ဂုဏ်ပြုလိုက...
01/05/2025

🛠️မေလ၁ရက်၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့🛠️

ယနေ့မှ ကျရောက်တဲ့ အလုပ်သမားနေ့မှ ကမ္ဘာတဝှမ်းလုံးမှအလုပ်သမားများကို ဂုဏ်ပြုလိုက်ရပါတယ်။

အလုပ်သမားတစ်ဦးချင်းစီ၏ ကြိုးစားမှုနှင့် ဝိုင်းဝန်းအားထုတ်မှုကအဖွဲ့အစည်းတစ်ခုလုံး၊ နိုင်ငံတစ်နိုင်ငံကို တည်ဆောက်ရာမှာ အရေးကြီးဆုံး အခန်းကဏ္ဋတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ဟာ တရားမျှတတဲံ အလုပ်ခွင်၊ အလုပ်သမားအခွင့်အရေးတွေဟာ အရေးကြီးကြောင်းကို အသိမှတ်ပြုကြရမယ့် နေ့တစ်နေ့လဲ ဖြစ်ပါတယ်။

ဒီနေ့မှာ ကမ္ဘာတဝှမ်းမှ အလုပ်သမားများအားလုံးကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

🛠️May 1st , International Labour Day 🛠️

Today, we honor and recognize the hardworking people who build, support, and move our world forward.It is a day to recognize the importance of fair labor practices, workers’ rights, and solidarity.

Happy Labour Day to all the workers around the world.
#အလုပ်သမားနေ့

Equal Rise ရဲ့ မီဒီယာပါတနာ ဖြစ်သော Poe Sone Kyuu - Learning Studio ၏ "ငွေကြေးဆိုင်ရာ အသိပညာ" အခမဲ့အွန်လိုင်း သင်တန်းမိတ်...
30/04/2025

Equal Rise ရဲ့ မီဒီယာပါတနာ ဖြစ်သော Poe Sone Kyuu - Learning Studio ၏ "ငွေကြေးဆိုင်ရာ အသိပညာ" အခမဲ့အွန်လိုင်း သင်တန်းမိတ်ဆက်ပွဲကို စိတ်ပါဝင်စားသူ သူငယ်ချင်းများ တက်ရောက်လေ့လာနိုင်အောင် ပြန်လည်ဝေမျှလိုက်ပါတယ်။ 👇

“ငွေကြေးဆိုင်ရာ အသိပညာ” အခမဲ့ အွန်လိုင်း သင်တန်းမိတ်ဆက်ပွဲ ဖိတ်ကြားခြင်း
———————————————————————

Poe Sone Kyuu - Learning Studio မှ ဖန်တီးထားသော “ငွေကြေးဆိုင်ရာ အသိပညာ” အခမဲ့ အွန်လိုင်း သင်တန်းအား စတင်ပြီး တရားဝင်မိတ်ဆက်သည့် အထိမ်းအမှတ်အနေဖြင့် “သင်တန်းမိတ်ဆက်ပွဲ” ကျင်းပသွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

ဒီသင်တန်းဟာ ၁၃-၁၈ နှစ် ကလေးများအတွက် လွယ်ကူရှင်းလင်းစွာ ကိုယ်တိုင် လေ့လာနိုင်မည့် ပုံစံဖြင့် ဖန်တီးထားသော သင်တန်းဖြစ်ပြီး ၂၁ ရာစုမှာ မဖြစ်မနေလိုအပ်လာတဲ့ ငွေကြေးအသိပညာ နှင့် ငွေကြေးစီမံခန့်ခွဲမှု စွမ်းရည်ကို မြှင့်တင်နိုင်စေရန် နှင့် လက်တွေ့ အသုံးချနိုင်ရန် ရည်ရွယ်ထားပါတယ်။

ယခု သင်တန်းမိတ်ဆက်ပွဲ တွင်

- သင်တန်း အား မိတ်ဆက်ခြင်း
- သင်တန်း နှင့်ပတ်သက်သည့် အကြောင်းအရာများ နှင့် ပါဝင်သော သင်ခန်းစာများအကြောင်း
- သင်တန်း၏ အကျိုးကျေးဇူးများ နှင့်
အခြား သိလိုသော အကြောင်းအရာများကို အသေးစိတ်ရှင်းလင်း မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

လာမဲ့ မေလ ၄ ရက်နေ့မှာ အွန်လိုင်းမှ တစ်ဆင့် ကျင်းပ ပြုလုပ်သွားမှာဖြစ်တဲ့အတွက်

စိတ်ဝင်စားတဲ့ ကျောင်းများ၊ အဖွဲ့အစည်းများ ၊ မိဘ/ဆရာများ ၊ ကျောင်းသား/သူများ အားလုံးကို အောက်ပါ Registration Link မှတစ်ဆင့် စာရင်းသွင်း တက်ရောက်နိုင်ပါကြောင်း လေးစားစွာဖိတ်ကြားအပ်ပါတယ်။

📍နေရာ : Zoom Platform
⏰အချိန် : ညနေ ၃:၀၀ မှ ၄:၃၀ အထိ
📆နေ့ရက် : မေလ ၄ ရက်နေ့၊ ၂၀၂၅

စာရင်းသွင်းရန်: https://docs.google.com/forms/d/e/1FAIpQLSdev8gyuy9JgyrR6C0JWLDE14RSCTn3T61jpGz6aGm0c72hDA/viewform?usp=header

‼️မေလ ၃ ရက်နေ့ နောက်ဆုံးထားပြီး စာရင်းသွင်းပေးပါရန် မေတ္တာရပ်ခံ အပ်ပါတယ်။

ကလေးတွေအရဲ့ အနာဂတ်အတွက် အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုဟာ ငွေကြေးပညာရေး ဖြစ်ပါတယ်။

ဒီပညာရေးကို ဖြည့်ဆည်းပေးနိုင်ဖို့ Poe Sone Kyuu - Learning Studio နဲ့အတူ လုပ်ဆောင်ကြရအောင်။



#ငွေကြေးဆိုင်ရာအသိပညာသင်တန်း

ကျွန်တော်တို့တွေအောင်မြင်နေတဲ့သူတွေကိုကြည့်မယ်ဆိုရင် သူတို့အားလုံးမှာတူညီနေတဲ့အချက်တခုရှိတယ်ဆိုတာကိုသတိထားမိကြမှာပါ။ အဲ့...
21/04/2025

ကျွန်တော်တို့တွေအောင်မြင်နေတဲ့သူတွေကိုကြည့်မယ်ဆိုရင် သူတို့အားလုံးမှာတူညီနေတဲ့အချက်တခုရှိတယ်ဆိုတာကိုသတိထားမိကြမှာပါ။ အဲ့တာကတော့အောင်မြင်ဖို့အတွက်အဓိကလိုအပ်ချက်တစ်ခုဖြစ်တဲ့ သူတို့ရဲ့စိတ် ခံယူချက်ဘဲဖြစ်ပါတယ်။

အောင်မြင်မှုဆိုတဲ့အရာကကံကောင်းပြီးတော့ရနိုင်တဲ့အရာမဟုတ်ပါဘူး🍀🚫။ ကျွန်တော်တို့ရဲ့ကြိုးစားမှုတွေ၊အတွေးတွေ၊ စိတ်ထားတွေ အဲ့တာတွေအာလုံးပေါင်ပြီးမှရရှိနိုင်တာမျိုးဖြစ်ပါတယ်။

ဒီနေ့မှာတော့ Equal Rise- ညီတူကနေပြီတော့သူငယ်ချင်းတို့ရဲ့နေ့စဉ်ဘဝမှာအောင်မြင်မှုတွေရနိုင်အောင် ဘယ်လိုမျိုးစိတ်ခံယူချက်မျိုးတွေထားရမလဲဆို‌တာကိုဗဟုသုတအနေနဲ့မျှဝေပေးသွားမှာဘဲဖြစ်ပါတယ်💙။

1️⃣ ကိုယ့်ကိုယ်ကိုယုံကြည်ပါ။💪✨

ကိုယ့်ကိုယ်ကို သံသယ ဝင်ချင်းကအောင်မြင်မှုကိုရရှိနိုင်ဖို့အတွက်အကြီးမားဆုံးသောအတားအစီးတစ်ခုဘဲဖြစ်ပါတယ်။

ကျွန်တော်တို့ဟာအခတ်အခဲတစ်ခုခုကိုရင်ဆိုင်ကြုံတွေ့ရတဲ့အခါ "ငါမလုပ်နိုင်လောက်ဘူး"၊ "ငါဖြေရှင်းနိုင်မှာမဟုတ်ဘူး”လို့ တွေးတက်ကြပါတယ်။

အဲ့လိုမျိုးတွေးနေမယ်ဆိုရင် ဖြေရှင်ဖို့နည်းလမ်းကိုရှာတွေနိုင်ဖို့အတွက်ခတ်ခဲနိုင်ယုံသာမက အောင်မြင်မှုရရှိနိုင်ရန်လဲခတ်ခဲနိုင်ပါတယ်။ အဲ့လိုမျိုး "ငါမလုပ်နိုင်ဘူးလို့"‌ တွေးမဲ့အစာ၊ "ငါဖြေရှင်းနိုင်တယ်" "ငါလုပ်ကိုလုပ်နိုင်တယ်" လို့တွေးပေးပါ။
အဲ့လိုအမြင်ကိုထားခြင်းအာဖြင့်ပြသနာကိုဖြေရှင်းနိုင်ဖို့နည်းလမ်းကိုအလျှင်အမြန်ရှာတွေနိုင်ပါတယ်။ ပြီးတော့ ကိုယ်ကြိုးစားရင်ဘာမဆိုဖြစ်နိုင်တဲ့နည်းလမ်းရှိတယ်ဆိုတာကိုယုံကြည်ထားပါ🏆💯။

2️⃣ ကျရှုံးမှုတွေကနေသင်ခန်းစားယူပါ။📚🎓

ကျွန်တော်တို့လူတော်တော်များများက ပထမဦးဆုံးအကြိမ် ကျရှုံးတာနဲ့လက်လျှော့အရှုံးပေးလိုက်ကြပါတယ်😔။

ကျရှုံးမှုဆိုတာအောင်မြင်မှုရဲ့ဆန့်ကျင်ဘက်မဟုတ်ပါဘူး။ ကျရှုံးမှုဆိုတာအောင်မြင်မှုစီကိုရောက်ဖို့အတွက် လှေခါးထစ်လေးတွေဘဲဖြစ်ပါတယ်

ကျွန်တော်တို့ကကျရှုံးမှုကနေသင်ခန်းစားယူပြီးတော့ပြန်လည်ပြင်ဆင်နိုင်မှသာလျှင်အောင်မြင်မှုကိုရရှိနိုင်မှာဘဲဖြစ်ပါတယ်🏆 ။

3️⃣တစ်ခုခုကိုစတင်ဖို့အတွက်အချိန်မဆွဲပါနဲ့⏳🚀
ကျွန်တော်တို့တွေကတစ်ခုခုကိုစတင်လုပ်ဆောင်ဖို့အတွက် “သင့်တော်တဲ့အချိန်မရောက်သေဘူး”ဆိုပြီအချိန်ဆွဲတက်ပါတယ်။ တစ်ခုခုကိုစတင်ဖို့အတွက်သင်တော်တဲ့အချိန်ဆိုတာမရှိပါဘူး။ ကိုယ်စတင်ပြီးတော့လုပ်ဆောင်မှသာလျှင်အောင်မြင်မှုနိုင်မှာဘဲဖြစ်ပါတယ်🎯

ဒါကြောင်းတစ်ခုခုကိုစတင်လုပ်ဆောင်ဖို့အတွက်စဉ်းစားမိပြီဆိုရင်ချက်ချင်းဘဲစတင်လိုက်ပါ။

4️⃣ဘယ်တော့မှအရှုံးမပေးဘဲစိတ်ရှည်ရှည်ထားပြီးတော့ကြိုးစားပါ။🏆🔥

ကျွန်တော်တို့ဟာကိစ္စတစ်ခုခုမှာအောင်မြင်ချင်တယ်ဆိုရင်အဲ့အရာမှာ တော်နေဖို့အတွက်မလိုအပ်ပါဘူး။ လက်မလျှော့ဘဲကြိုးစားဖို့သာလို့အပ်ပါတယ် 💪🔥။ အောင်မြင်မှုဆိုတဲ့အရာကနေ့ချင်းညချင်းရရှိနိုင်တယ်မျိုးမဟုတ်ပါဘူး။ တချို့ကလအနည်းငယ်ဘဲကြာသလို⏳၊ တချို့ကနှစ်ပေါင်းများစွာကြာနိုင်ပါတယ်⏳။

အောင်မြင်မှုဆိုတာဟာကံကောင်ပြီးရနိုင်တဲ့ဟာမဟုတ်သလို၊ တ‌စ်စုံတစ်ယောက်စီကနေပေးအပ်ခြင်းခံရတာလဲမဟုတ်ပါဘူး။ အောင်မြင်မှုဆိုတာကိုယ်ကိုတိုင်ဖန်တီးမှသာလျှင်ရရှိနိုင်မှာဘဲဖြစ်ပါတယ်။ အဲ့တာကြောင့်ကျွန်တော်တို့ရဲ့အတွေးတွေကိုပြောင်‌လဲပြီးတော့အောင်မြင်မှုစီကိုလျှောက်လှမ်းလိုက်ကြပါစို့ဗျာ။

❝ How to Think Critically❓❞‌ဝေဖန်ပိုင်းခြားစဥ်းစားခြင်း (Critical Thinking) ဆိုတာဘာလဲ 🤔Critical Thinking ဆိုတာက ကိုယ်ဖတ်...
19/04/2025

❝ How to Think Critically❓❞

‌ဝေဖန်ပိုင်းခြားစဥ်းစားခြင်း (Critical Thinking) ဆိုတာဘာလဲ 🤔

Critical Thinking ဆိုတာက ကိုယ်ဖတ်ထားတာ၊ ကြားထားတာ၊ ပြောထားတာ၊ ရေးထားတာတွေ နဲ့ပတ်သတ်ပြီး မေးခွန်းထုတ်တာ၊ စစ်ဆေးတာ၊ အဓိပ္ပာယ်ဖွင့်တာ၊ အကဲဖြတ်တာ၊ ပြီးတော့ ဆုံးဖြတ်ချက်ချတာမျိုးဖြစ်တဲ့ စဥ်းစားတွေးခေါ်မှုတစ်မျိုးဖြစ်ပါတယ်။ “Critical” ဆိုတဲ့ စကားလုံးက ဂရိစကားလုံး “Kritikos” မှ ဆင်းသက်လာတာဖြစ်ပြီးတော့ စီရင်ဆုံးဖြတ်နိုင်ခြင်း သို့မဟုတ် ခွဲခြားသိမြင်နိုင်ခြင်း" ဆိုပြီးတော့ အဓိပ္ပာယ်ရပါတယ်။ ကောင်းမွန်စွာ ဝေဖန်ပိုင်းခြားစဉ်းစားတတ်ခြင်းဆိုတာက ယုံကြည်ရတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံပြီး ယုံကြည်ရတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တာပဲဖြစ်ပါတယ်။ 💁🏻‍♀️

ဒါဆို Critical Thinking Skills ကောင်းအောင် ဘယ်လိုလေ့ကျင့်ကြမလဲ။ 👇🏻

💭 မေးခွန်းတွေထုတ်ပါ။

အရာအားလုံးကို စူးစမ်းလိုစိတ်ရှိပါ။ သတင်းအချက်အလက်တစ်ခုကို လက်ခံရရှိတဲ့အခါမှာ ဘယ်သူ၊ ဘာ၊ ဘယ်မှာ၊ ဘယ်အချိန်၊ ဘာကြောင့်၊ ဘယ်လိုလဲ စသဖြင့်မေးခွန်းတွေထုတ်ပြီး သေချာနားလည်အောင်ကြိုးစားပါ။ အသေးစိတ်အချက်အလက်တွေ၊ သတင်းအချက်အလက်တွေ များများရလေ ဆုံးဖြတ်ချက်တွေ ချရာမှာ ပိုပြီး တိကျမှန်ကန်လေပဲ ဖြစ်ပါတယ်။

💭 တစ်ခြားသူတွေပြောတာကို တက်တက်ကြွကြွနားထောင်ပါ။

တစ်ခြားသူတွေပြောတာတွေကို တက်ကြွစွာနားထောင်ပြီး အခြေအနေကို ဖတ်ရှုလေ့လာဖို့ကလည်း အရေးကြီးပါတယ်။ သူတို့ပြောတဲ့ စကားလုံးတွေ၊ သူတို့ရဲ့ ကိုယ်ခန္ဓာဘာသာစကား၊ ကိုယ်ပြောတဲ့အရာတွေအပေါ် သူတို့ရဲ့ တုံ့ပြန်မှုတွေ စတာတွေကို သေချာလေ့လာပြီး အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်းနားလည်အောင်လုပ်ပါ။

💭 အချက်အလက်တွေကို သေချာစုဆောင်းစစ်ဆေးပါ။

ဆုံးဖြတ်ချက်တစ်ခု မချမှတ်ခင်မှာ သက်ဆိုင်ရာအချက်အလက်တွေကို တတ်နိုင်သမျှစုဆောင်းပါ။ စုဆောင်းထားတဲ့အချက်အလက်တွေ မှန်ကန်မှု ရှိ၊ မရှိ ကိုလည်း သေချာစစ်ဆေးပါ။

💭 မတူညီတဲ့ ရှုထောင့်တွေကို ထည့်သွင်းစဉ်းစားပါ။

ကိုယ့်ရဲ့ ကိုယ်ပိုင်အမြင်တွေ၊ ယုံကြည်ချက်တွေက ကိုယ့်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာ သက်ရောက်မှု မရှိအောင် သတိထားပါ။ အခြားသူတွေရဲ့ အမြင်တွေကို နားထောင်ပြီး သူတို့ရဲ့ အမြင်တွေကိုလည်း ထည့်သွင်းစဉ်းစားပါ။

Critical Thinking Skills ရဲ့အကျိုးကျေးဇူးတွေကတော့ သတင်းအချက်အလက်တွေကို သေချာစဉ်းစားသုံးသပ်ပြီး ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်တဲ့အတွက် မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ခြေနည်းသွားမှာဖြစ်ပါတယ်။ ပြီးတော့ ပြဿနာတစ်ခုကို ဘက်ပေါင်းစုံကနေ သေချာစဉ်းစားသုံးသပ်နိုင်တဲ့အတွက် ပြဿနာရဲ့ အရင်းအမြစ်ကို ရှာဖွေတွေ့ရှိပြီး အကောင်းဆုံးဖြေရှင်းနည်းကို ရှာဖွေနိုင်မှာပဲဖြစ်ပါတယ်။

ဒါတွေတင်မကပါဘူး။ ဝေဖန်ပိုင်းခြားတတ်ခြင်းက အတွေးအမြင်တွေကို ချဲ့ထွင်ပေးနိုင်တဲ့အတွက် တီထွင်ဖန်တီးနိုင်စွမ်းကို တိုးတက်စေမှာပဲဖြစ်ပြီးတော့၊ ကိုယ့်ရဲ့ အတွေးအမြင်တွေကို ပိုပြီး ရှင်းရှင်းလင်းလင်းနဲ့ ယုံကြည်မှုရှိရှိ ဖော်ပြနိုင်စေတဲ့အတွက် Communication Skills ကိုလည်း တိုးတက်စေမှာပဲဖြစ်ပါတယ်နော်။ 💡✨

အခုလို Soft Skills နဲ့ ပတ်သက်ပြီး သူငယ်ချင်းတို့အတွက် အသုံးဝင်မယ့် ဗဟုသုတတွေကို Equal Rise-ညီတူ မှ အပတ်စဉ် ဝေမျှပေးသွားနေတာပဲဖြစ်ပါတယ်။ အခုလို ဗဟုသုတတွေကနေ သူငယ်ချင်းတို့အတွက် တစ်ခုခု ရရှိသွားမယ်လို့လည်း Equal Rise က မျှော်လင့်ပါတယ်။ 🙆🏻‍♀️💙

Anxiety – Understand It, Face It, and Care for Your Mindစိုးရိမ်မှု(Anxiety)ဆိုတာလူတော်တော်များများခံစားရတဲ့စိတ်ခံစားချက...
19/04/2025

Anxiety – Understand It, Face It, and Care for Your Mind

စိုးရိမ်မှု(Anxiety)ဆိုတာလူတော်တော်များများခံစားရတဲ့စိတ်ခံစားချက်တစ်ခုဘဲဖြစ်ပါတယ်။ စိုးရိမ်မှု ဆိုတာက စိတ်ဖိစီးမှုဖြစ်ပေါ်လာတဲ့အခါ ဖြစ်ပေါ်လာတဲ့ခံစားချက်ဘဲဖြစ်ပါတယ်။

တစ်ချို့ကတော့စိုးရိမ်မှုကိုတစ်ခါတစ်ရံမှသာခံစားရပြီးတော့၊ တစ်ချို့ကတော့အမြဲလိုလိုခံစားနေရတတ်ပါတယ်။ အဲ့လိုစိုးရိမ်မှုကိုအမြဲခံစားနေရရင်တော့ ကျွန်တော်တို့ရဲ့ ကျန်းမာရေး၊ ကျောင်း၊ အလုပ်၊ အချစ်ရေး စတာတွေမှာပါထိခိုက်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။

အဲ့တာကြောင့်စိုးရိမ်မှုကိုနားလည်ပြီးတော့ကိုယ့်ကိုယ်ကိုဂရုစိုက်နိုင်ဖို့လိုအပ်ပါတယ်။
ဘယ်လိုအရာတွေကစိုးရိမ်မှုကိုဖြစ်စေနိုင်တာလဲ?🧐‌

ကျောင်း 📘၊ အလုပ် 🏢၊ မိသားစုပြဿနာ 👨‍👩‍👧 စတဲ့ကိစ္စတွေကနေ ဖြစ်ပေါ်လာတဲ့ စိတ်ဖိစီးမှုတွေ

⚫ အမှားလုပ်မိမှာစိုးရိမ်ခြင်း

⚫ တစ်ယောက်ယောက်က မကောင်းမြင်မှာ စိုးရိမ်ခြင်း

⚫ နေရာအသစ်ပြောင်းရွှေ့ခြင်း

⚫ ချစ်သူတစ်ဦးကိုဆုံးရှုံးခြင်း

⚫ အတိတ်အတွေ့အကြုံတွေ

⚫ အိပ်ရေးမလုံလောက်ခြင်း

⚫ ကိုယ့်ကိုယ်ကိုနားမလည်ခံစားခြင်း

⚫ အထီးကျန်မှုခံစားခြင်း စတာတွေကစိုးရိမ်မှုကိုဖြစ်ပေါ်စေပါတယ်။

🔍‌စိုးရိမ်မှုကိုခံစားရရင်ဘယ်လိုလက္ခဏာတွေဖြစ်တတ်လဲ?🔍‌

ကိစ္စသေးသေးလေးကိုတောင်အချိန်တိုင်းစိတ်ပူနေတာမျိုးတွေ‌၊
ရုတ်တရက်အသက်ရှူမြန်လာတာ ဒါမှမဟုတ် အသက်ရှူရခက်လာတာမျိုးတွေ‌၊
ညဘက်တွေအိပ်ဖို့ခတ်တာ ‌၊လွယ်လွယ်နဲ့ပင်ပန်းတာ၊
တစ်ခုခုကိုအာရုံစိုက်ဖို့ခက်ခဲတာတွေစတာတွေကစိုးရိမ်မှုရဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။

အဲ့တာဆိုစိုးရိမ်မှုကိုဘယ်လိုဖြေရှင်းရမလဲ?

1. အခြားသူတစ်‌ယောက်ယောက်နဲ့စကားပြောပါ။🗣️

ကိုယ့်ရဲ့စိုးရိမ်စရာကိစ္စတွေကို တစ်ယောက်ထဲမြိုသိမ့်မထားပါနဲ့။ ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်း ဒါမှမဟုတ် မိသားစုဝင်တစ်ဦးဦးကိုရင်ဖွင့်ပါ။ အဲ့လိုတစ်ယောက်ယောက်ကိုပြောပြလိုက်ခြင်းကကိုယ့်စိတ်ကိုပေါ့ပါးလာစေပါတယ်။

2. အိပ်ရေးဝအောင်အိပ်ပါ။🛌💤

အိပ်ရေးဝအောင်အိပ်ခြင်းကဦးနှောက်ကိုအနားပေးတဲ့နေရာမှာအထိရောက်ဆုံးနည်းလမ်းဖြစ်ရုံသာမက စိတ်ကိုလဲလန်းဆန်းစေပါတယ်။ ဒါကြောင့် ညဘက်တွေမှာ 7နာရီ ဒါမှမဟုတ် 8နာရီလောက်အိပ်ပျော်အောင်အိပ်ပါ။

3. လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ 🏃‍♂️🧘‍♀️

ကိုယ်လက်လှုပ်ရှားရတဲ့အားကစားတွေဖြစ်တဲ့ ပြေးတာ၊ လမ်းလျှောက်တာ၊ ယောဂကျင့်တာ၊ ကတာ စတာတွေကစိတ်ဖိစီးမှုကိုလျော့ကျစေပြီးတော့စိတ်ကိုပေါ့ပါးလန်းဆန်းစေပါတယ်။

4. ကိုယ်ကြိုက်နှစ်သက်တဲ့အရာလေးတွေကိုလုပ်ပါ။ 🎨🎧🎮📖

ကိုယ့်ရဲ့အားလပ်ချိန်တွေမှာကိုယ်ကြိုက်နှစ်သက်တာတွေကိုလုပ်ပြီးတော့ဖြတ်သန်းပါ။ ဥပမာ- ပုံဆွဲတာတို့၊ သီချင်းနားထောင်တာတို့၊ ဂိမ်းဆော့တာတို့၊ စာအုပ်ဖတ်တာတို့။ အဲ့လိုလုပ်ပေးခြင်းကလဲစိတ်ကိုပေါ့ပါးစေပြီးတော့ကြောက်ရွံ့မှုကိုလျော့နည်းစေပါတယ်။

စိုးရိမ်မှုကိုခံစားရတာကကျွန်တော်တို့အားနည်းလို့မဟုတ်ပါဘူး။🙅‍♂️ ကျွန်တော်တို့ဟာလူ‌သားတွေဖြစ်တဲ့အလျှောက် တစ်ခါတစ်ရံမှာတော့စိုးရိမ်မှု ဖိအားတွေကိုခံစားကြရမှာပါပဲ။အဓိကကတော့အဲ့တာတွေကိုနားလည်ပြီးတော့ကိုယ့်ကိုယ်ကိုဂရုစိုက်နိုင်မှသာ ကျွန်တော်တို့ဟာပိုမိုကောင်းမွန်တဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်မှာပါ။

🎊 Happy Thingyan Festival 🎊အတာသင်္ကြန်ဟာ မြန်မာတို့ရဲ့ အထွတ်အမြတ်ထားရာ ယဉ်ကျေးမှုအစဉ်အလာတစ်ခုဖြစ်ပြီး နှစ်ဟောင်းရဲ့ မကော...
13/04/2025

🎊 Happy Thingyan Festival 🎊

အတာသင်္ကြန်ဟာ မြန်မာတို့ရဲ့ အထွတ်အမြတ်ထားရာ ယဉ်ကျေးမှုအစဉ်အလာတစ်ခုဖြစ်ပြီး နှစ်ဟောင်းရဲ့ မကောင်းမှုတွေ၊ အညစ်အကြေးတွေကို ရေနဲ့အတူ ဆေးကြောသန့်စင်ကာ နှစ်သစ်ကို ကောင်းသော စတင်ခြင်းတွေနဲ့ စတင်တဲ့ အချိန်ကာလ တစ်ခု ဖြစ်ပါတယ်။ 💦

ဒီအချိန်ကာလမှာ မြန်မာလူမျိုးများက ရေကစားတာ၊ ဘုရားရေသပ္ပါယ်တာ၊ အတာရေလောင်းတာ၊ ဥပုသ်သီလ ဆောက်တည်တာ၊ အလှူအတန်းများ ပြုလုပ်တာ၊ မုန့်လုံးရေပေါ် လုပ်စားကြတာ၊ ပွဲလမ်းသဘင်များ ကျင်းပတာတွေ ပြုလုပ်လေ့ရှိကြပါတယ်။ 🦋✨

(၁၃၈၇) ခုနှစ်တွင် ကျရောက်သော မြန်မာ့နှစ်သစ်ကူး အချိန်ခါသမယမှာ သူငယ်ချင်းတို့အားလုံးလည်း ကိုယ်စိတ်နှစ်ဖြာ ချမ်းသာပြီး ကောင်းကျိုးမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း Equal Rise - ညီတူ မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ 🙏🏻💙

Thingyan is a cherished and sacred cultural tradition for the Myanmar people. It's a time when the impurities and misfortunes of the old year are washed away with water, marking the beginning of a new life filled with auspicious beginnings. 💦
During this time, Myanmar people traditionally enjoy splashing water, bathing Buddha statues, pouring water respectfully on elders, observing the Sabbath, making donations, preparing and eating 'Mont Lone Yay Paw' (Floating rice balls), and holding festive celebrations. 🦋✨
On this occasion of the Myanmar New Year (1387), Equal Rise - ညီတူ wishes all our friends peace of mind and body. May you be filled with all good fortune and blessings! 🙏🏻

ที่อยู่

Muang Chiang Mai

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เบอร์โทรศัพท์

+66988061129

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Equal Rise - ညီတူผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง Equal Rise - ညီတူ:

แชร์