HRDF Mahachai ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก HRDF Mahachai, องค์กรไม่แสวงผลกำไร (NGO), HRDF MAhachai : လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း, Maha Chai.

ပေးအပ်ချီးမြှင့်ခွင့်ရတာကို ဂုဏ်ယူမိပါတယ်ဒီနေ့ လူတိုင်းရဲ့ အပြုံးတွေကို မြင်တဲ့အခါကိုယ့်ရဲ့ဝမ်းမြောက်မှုက ပိုပြီးကြီးမား...
21/11/2025

ပေးအပ်ချီးမြှင့်ခွင့်ရတာကို ဂုဏ်ယူမိပါတယ်
ဒီနေ့ လူတိုင်းရဲ့ အပြုံးတွေကို မြင်တဲ့အခါ
ကိုယ့်ရဲ့ဝမ်းမြောက်မှုက ပိုပြီးကြီးမားသွားစေပါ

🎉 ဒုတိယအသုတ် စမွတ်ဆာခွန်က စေတနာ့ဝန်ထမ်း ခေါင်းဆောင်သင်တန်း စီမံကိန်းကို နွေးထွေးလှပစွာ ပိတ်သိမ်း။📅 4 ကြိမ်မြောက် နိုဝင်ဘ...
19/11/2025

🎉 ဒုတိယအသုတ် စမွတ်ဆာခွန်က စေတနာ့ဝန်ထမ်း ခေါင်းဆောင်သင်တန်း စီမံကိန်းကို နွေးထွေးလှပစွာ ပိတ်သိမ်း။

📅 4 ကြိမ်မြောက် နိုဝင်ဘာ 9 ရက် 2025
📍 နေရာ ဝပ်ထေစ်နော်ရာရာတ် ဘုန်းတော်ကြီးကျောင်းတွင်တည်ရှိသော ပညာရေးစင်တာ
ပြီးခဲ့သည့် ရှေ့နေအထောက်ကူပြု စေတနာ့ဝန်ထမ်းနှင့် ခေါင်းဆောင်သင်တန်းကို 2025 ခုနှစ်တွင် ဒုတိယအသုတ်အဖြစ် စေတနာ့ဝန်ထမ်း 25 ဦးတို့က လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ယာဉ်မတော်တဆဖြစ်မှုဆိုင်ရာအက်ဥပဒေ တရားမျှတမှုဆိုင်ရာကိစ္စရပ်များနှင့် လူမှုကာကွယ်စောင့်ရှောက် ရေးယန္တရားများ၊ စုပေါင်းညှိနှိုင်းဆောင်ရွက်မှု အစရှိသည့် အကြောင်းအရာများအပါဝင် ကနဦးကူညီ‌ ဆောင်ရွက်ပေးမှု နှင့် အချက်အလက်မှတ်တမ်းတင်ခြင်းနှင့် အကူညီလိုအပ်သူကို လွှဲပြောင်းပေးပို့ ကူညီဆောင်ရွက်ခြင်းတို့ကိုလည်း တက်ကြွစွာဖြင့် တက်ရောက်သင်ယူလေ့လာကြပါသည်။
💡ဒီတစ်ကြိမ်သင်ယူမှုခရီးစဉ်သည် “ဗဟုသုတ” ကို ဖန်တီးပေးရုံသာမက စေတနာ့ဝန်ထမ်းတို့၏ သင်ယူခဲ့သည့်အရာများကို မိမိတို့၏နေထိုင်ရာ အရပ်ဒေသတွင်းရှိ ပြည်သူများကိုကူညီရန်အတွက် အသိပညာ များကို သယ်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်သည့်အတွက် “နှလုံးသားဖြင့်နားလည်မှု” တို့ကိုလည်း ဖန်တီးပေး ပါသည်။
✨ စီမံကိန်း၏ Highlights အချက်များ
🌱 ရွှေ့ပြောင်းအလုပ်သမားများ၏ အခွင့်အရေးနှင့် တာဝန်ဝတ္တရားများကို နားလည်မှု မြှင့်တင်နိုင်ရန်။
🤝 အကူညီလိုအပ်သူများကို အကြံဉာဏ်ပေးခြင်းနှင့် လက်တွေ့အကူအညီများ ပေးအပ်နိုင်ရန်။
🌍 လူမှုအသိုင်းအဝိုင်း ပေါင်းစည်းမှုနှင့် ကူညီပံ့ပိုးနိုင်ရန် ကွန်ရက်များကို ထူထောင်နိုင်ခြင်း၊၊
💪 ရရှိထားသည့်အသိပညာများကို ဖွံ့ဖြိုးရေးဆိုတာထက် လူ့အဖွဲ့အစည်းကို အရွေ့တစ်ခုအဖြစ် ရှေ့သို့တွန်းပို့ရန် စေတနာ့ဝန်ထမ်းများကို "ဥပဒေရေးရာ ခေါင်းဆောင်များ" ဖြစ်လာစေရန်။
🎓 စီမံကိန်းကို အပြုံးများနှင့် ဂုဏ်ယူဝင့်ကြွားစွာဖြင့် အဆုံးသတ်ခဲ့ပြီး — HRDF သည်လည်း စေတနာ့ဝန်ထမ်း ၂၅ ဦးအား သင်တန်းဆင်းလက်မှတ်များနှင့် ရှပ်အင်္ကျီများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး စေတနာ့ဝန်ထမ်းတို့၏ အောင်မြင်မှုဖြင့် ဘဝတူအလုပ်သမားများအတွက် ပြည်သူ့အကျိုးပြု လုပ်ငန်းများဆက်လက်လုပ်ဆောင်ရန် အားပေးချီးမြှောက်ခဲ့ပါသည်။🕊️
စီမံကိန်းဆောင်ရွက်နေသည့် ကာလတလျှောက်လုံးတွင် ကျွန်ုပ်တို့ မြင်တွေ့ခဲ့ရသည့် အားအင်သည် အဖက်ဖက်က “ပူးပေါင်းဆောင်ရွက်ခြင်း” နှင့် “နှလုံးသားဖြင့်ပေးကမ်းခြင်း”တို့ဖြစ်ပြီး ဤစီမံကိန်း၏ နောက်ကွယ်ကနေပြီး အောင်မြင်အောင်ကူညီဆောင်ရွက်ပေးသူ၊ သင်တန်းပို့ချသူ၊ အဖွဲ့သူ အဖွဲ့သား အားလုံးတို့ကို ကျေးဇူးအထူးတင်ရှိပါသည်၊၊
💛 အကယ်၍ လူကြီးမင်းအနေဖြင့် ဤကဲ့သို့ ကောင်းမွန်သော ပရောဂျက်တွေ စဉ်ဆက်မပြတ် မြင်တွေ့လိုပြီး လူ့အဖွဲ့အစည်းထဲက အားနည်းတဲ့သူတွေနဲ့ အခွင့်အလမ်းတွေ၊ ဗဟုသုတတွေနဲ့ မျှော်လင့်ချက်တွေကို မျှဝေပေးချင်တယ်ဆိုရင်တော့ပြောင်းလဲမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နိုင်ပါတယ်။

ဘဏ်: လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း
ဘဏ်နံပါတ်: 091-0-09857-3
ဘဏ်အမျိုးအစား: ကရုမ်ထိုင် (Krung Thai Bank)
ที่อยู่ธนาคาร: 336 อาคารปรีชาคอมเพล็กซ์ ถนนรัชดาภิเษก แขวงสามเสนนอก เขตห้วยขวาง กรุงเทพฯ 10310
🌻 လူကြီးမင်းတို့ရဲ့ ပံ့ပိုးမှုဟာ ကောင်းမွန်တဲ့ အကြောင်းအရာတွေကို အကောင်အထည်ဖော်ပေးမယ့် စွမ်းအားဖြစ်ပါတယ်။
ဘယ်သူ့ကိုမှ ချန်မထားဘဲ လူ့အဖွဲ့အစည်းတစ်ခုတည်ဆောက်ရေးမှာ HRDF နဲ့ ပူးပေါင်းကြပါစို့။ 💫

#ဥပဒေရေးရာ စေတနာ့ဝန်ထမ်းများ #အလုပ်သမားအခွင့်အရေး #လူ့အခွင့်အရေး #စေတနာ့ဝန်ထမ်းစွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေး #လူမှုရေးအတွက် လှုံ့ဆော်မှု #မျှဝေမှု ကူညီဆောင်ရွက်ပေးမှု #ပူးပေါင်း၍ပြောင်းလဲမှုကိုဖန်တီးပါ

အသက် ၂၉ နှစ်အရွယ်မြန်မာအမျိုးသမီးတစ်ဦးသည် HRDF Mahachai page တွင် အကူညီတောင်းလာခဲ့သည်။ ထိုတိုင်ကြားသူသည် စင်္ကာ...
20/10/2025

အသက် ၂၉ နှစ်အရွယ်မြန်မာအမျိုးသမီးတစ်ဦးသည် HRDF Mahachai page တွင် အကူညီတောင်းလာခဲ့သည်။ ထိုတိုင်ကြားသူသည် စင်္ကာပူတွင်အိမ်အကူအလုပ်အဖြစ် ၅လကြာ လုပ်ကိုင်ခဲ့သည်။ ဒါပေမယ့်အလုပ်ထုတ်ခံရပြီးနောက် အလုပ်သစ်ရှာကာ စင်္ကာပူတွင် အလုပ်သစ်ရှာရန်‌ မြန်မာပွဲစားနှင့်သွားတွေ့ကာ လျှောက်လွှာကြေး စင်္ကာပူ‌ဒေါ်လာ 500 SGD ပေးရမည်ဟုပြောကာ ထိုတိုင်ကြားသူသည် လျှောက်လွှာကြေးပေးဆောင်ရန်သဘောတူ ခဲ့သည်။ ပြီးနောက် ပွဲစားက မိမိနိုင်ငံကို ပြန်ထွက်ရမယ်လို့အကြောင်းကြားခဲ့သည်။ ပြီးနောက် မြန်မာနိုင်ငံ သို့မဟုတ် ထိုင်းနိုင်ငံသို့ သွားရန်ရွေးချယ်နိုင်ပြီး အလုပ်ရရန်ထပ်စောင့်ဆိုင်းရမည်ဟုတ်ပြောသည်။ အကယ်၍ အလုပ်ရရှိပါက ပွဲစားဖြင့်လုပ်ငန်းစဥ်များဆက်လုပ်ရန် စင်္ကာပူသို့ပြန်လာရမည် ဖြစ်သည်။ ထို့ကြောင့် တိုင်ကြားသူသည် 2025 ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ရောက်လာကာ Phra Nakhon Si Ayutthaya ခရိုင်ရှိ ဆွေမျိုးများနှင့်အတူနေပြီး ပွဲစားခေါ်မှာကိုစောင့်ဆိုင်းနေခဲ့သည်။ နောက်ပိုင်းတွင် တိုင်ကြားသူသည် ပွဲစားကို အလုပ်သွားလုပ်လို့ရသည်မရသည်ကိုမေးသော်လည်း ပွဲစားမှ သူ၏အလှဲ့မရောက်သေးကြောင်းပြောခဲ့ပြီး အလုပ်အမြန်လိုပါက နောက်ထပ် စင်္ကာပူ‌ဒေါ်လာ 500 SGD ပေးရမည်ဟုပြောခဲ့သည်။ ဒါပေမယ့် တိုင်ကြားသူသည် ပွဲစားကိုပေးရန်ငွေမရှိတော့ဘဲ ထိုအချိန်မှစ၍ ပွဲစားကိုဆက်သွယ်လို့မရတော့ဘူး။ တိုင်ကြားသူတွင် နေထိုင်ရန်ငွေလဲမရှိတော့သလို မြန်မာနိုင်ငံပြန်ရန်အတွက်လဲငွေမရှိတော့ပါသဖြင့် မြန်မာနိုင်ငံသို့ပြန်ရန် အကူညီတောင်းခံခြင်းဖြစ်သည်။

လုပ်သက်ပင်စင်ခံစားခွင့် ထုတ်ယူရန်ကူညီ‌ေဆာင်ရွက်ပေးHRDF -စမွတ်ဆာခွန်2025 ခုနှစ် စက်တင်ဘာလ 29 ရက်နေ့ လူ့အခွင့်ရေးနှင့်ဖွိ့...
10/10/2025

လုပ်သက်ပင်စင်ခံစားခွင့် ထုတ်ယူရန်ကူညီ‌ေဆာင်ရွက်ပေး
HRDF -စမွတ်ဆာခွန်
2025 ခုနှစ် စက်တင်ဘာလ 29 ရက်နေ့
လူ့အခွင့်ရေးနှင့်ဖွိ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ ဝန်းထမ်းသည် လူမှုဖူလုံရေး အာမခံဌာနတွင် အသက်အရွယ်အရ အလုပ်မှပင်စင်ယူသည့် ဦးမြင့်စိုးအား ခေါ်ဆောင်၍ စမွတ်စာခွန် လူမှုဖူလုံရေးရုံးတွင် သက်ကြီးရွယ်အို(ပင်စင်) ခံစားခွင့်ထုတ်ယူရန်ခေါ်သွားခဲ့သည်။
ထို့နောက်ပင်စင် ခံစားခွင့်ဘတ်ငွေ ၄၆,၃၅၀.၇၁ ထုတ်ယူပေးခဲ့သည်။

မည်သည့်အလုပ်သမားမဆို လူမှုဖူလုံရေးရန်ပုံငွေမှ အာမခံပြုလုပ်ထားပါက အသက် 55 နှစ်ပြည့်ခြင်း နှင့် အလုပ်မှရပ်စဲပါကအတကိုယ်နှင့်နီးစပ်ရာ လူမှုဖူလုံရေးရုံးတိုင်းတွင် သက်ကြီးပင်စင်ခံစားခွင့်များကို လျှောက်လွှာပုံစံနှင့် ထောက်ခံချက်စာရွက်စာတမ်းများ တင်သွင်းနိုင် သည်။

YES or NO ဂိမ်းကစား​နေကြစဥ်
03/08/2025

YES or NO ဂိမ်းကစား​နေကြစဥ်

03/08/2025

La Min Ko Ko Htwe
Age-19
Grade -11
သင်တန်းတက်​ရောက်ပြီး သင်တန်းမှ ရလာ​သောအ​တွေ့အကြုံဗဟုသုတများကို သမီး​နေထိုင်ရာပတ်ဝန်းကျင်တဝိုက်ရှိ ဒုက္ခ​ရောက်​နေ​သော​ရွှေ့​ပြောင်းအလုပ်သမားမျာကို ပြန်လည်မျှ​ဝေပြီး အကူအညီ​ပေးချင်ပါသည်။

တက်ရောက်သူများအားလုံးမှ အချင်းချင်းမတ်ဆက်ပေးခြင်း
03/08/2025

တက်ရောက်သူများအားလုံးမှ အချင်းချင်းမတ်ဆက်ပေးခြင်း

ဒုတိယအကြိမ် အပတ်စဥ် (၁) လူငယ်နှင့် ‌‌ရွှေ့ပြောင်းအလုပ်သမားများအတွက် ဥပဒေဆိုင်ရာ စေတနာ့ဝန်ထမ်းတနင်္ဂနွေနေ့ ၃ ရက် သြဂုတ်လ ...
03/08/2025

ဒုတိယအကြိမ် အပတ်စဥ် (၁) လူငယ်နှင့် ‌‌ရွှေ့ပြောင်းအလုပ်သမားများအတွက် ဥပဒေဆိုင်ရာ စေတနာ့ဝန်ထမ်း
တနင်္ဂနွေနေ့ ၃ ရက် သြဂုတ်လ ၂၀၂၅ ခုနှစ်
ဝပ်ထေ့နော်ရရက် ကုသိုလ်ဖြစ်ပညာရေးစင်တာ အစည်းအဝေးခန်းမ (WTLC), စမွတ်စာခွန်ခရိုင်
အကြောင်းအရာ
လက်ရှိတွင် ထိုင်းနိုင်ငံရှိ ပြည်နယ်အသီးသီးတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် သူတို့၏ မှီခိုသူများအပြင် သားသမီးများ နှင့် အတူ အများအပြား လာရောက် အလုပ်လုပ်ကိုင်လျက်ရှိပြီး အဆိုပါ ‌ရွှေ့ပြောင်းအလုပ်သမားအများစုသည် ထိုင်းနိုင်ငံ၏ တရားဝင်အခွင့်အရေးများနှင့် လိုက်နာမည့်တာဝန်များကို မသိရှိ ကြသောကြောင့် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးနှင့် အခြားအခွင့်အရေးများကို ချိုးဖောက်ခံရမည့် အခြေအနေ ရှိနေသည်။ စမွတ်စခွန်ခရိုင်နှင့် အနီးတစ်ဝှိက်ဒေသများတွင်နေထိုင်သည့် ထိုထိရှလွယ်သော မြန်မာ‌ရွှေ့ပြောင်းလုပ်သားများ အတွက် လူမှုဘဝတိုးတက်လုံခြုံစေရန်အတွက် လူမှုပတ်ဝန်းကျင် အဆိုးမြင်သဘောထားများနှင့် ခွဲခြားဆက်ဆံမှုများ ကြောင့် အလုပ်သမားများ တရားဝင်ရပိုင်ခွင့် အခွင့်အရေးများ ရရှိရေးတွင် အတားအဆီးများဖြစ်လျက်ရှိသည်။
ထို့ကြောင့်နစ်နာသူများကို သက်ဆိုင်ရာအဖွဲ့အစည်းများထံ အကူအညီတောင်းခံပေးနိုင်အောင် HRDF ဖောင်း‌ဒေးရှင်းမှ နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးဥပဒေဆိုင်ရာများကို စမ်းသပ်ဖြေကြားခြင်း၊ အမှုကိစ္စစစ်ဆေးရာတွင် မှတ်တမ်း ရယူပုံ၊ အမှုကိစ္စအတွက် အချက်အလက်ရှာဖွေခြင်း၊ လူဝင်ကြီးကြပ်ရေးဆိုင်ရာ ဥပဒေများနှင့် ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေး ဥပဒေအကြောင်းများကို သင်တန်းပြု လုပ်ပေးခြင်းဖြစ်သည်။

28/03/2025

HRDF မှ မြေငလျင်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများ အတွက် အထူးဝမ်းနည်းကြောင်း အလုပ်သမားများအား တရားမျှတမှုနှင့် သင့်လျော်သော လျော်ကြေးများရရှိရန် တောင်းဆိုသည်။
ส่งแล้ว

ที่อยู่

HRDF MAhachai : လူ့အခွင့်အရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း
Maha Chai
74000

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ HRDF Mahachaiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง HRDF Mahachai:

แชร์