ပလပ်စတစ်ဆို ဝေး - Say No To Plastic

ပလပ်စတစ်ဆို ဝေး - Say No To Plastic ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก ပလပ်စတစ်ဆို ဝေး - Say No To Plastic, องค์กรเยาวชน, Mae Pa, Mae Sot.

"ပလပ်စတစ်ဆို ဝေး" ပရောဂျက်သည် ရွှေ့ပြောင်းအသိုက်အဝန်းများတွင် ပလပ်စတစ်အသုံးပြုမှု လျှော့ချရန် အာရုံစိုက်သော လူငယ်များဦးဆောင်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။
"Say No To Plastic" is a youth-led campaign focused on reducing plastic usage in migrant communitie.

ပလပ်စတစ်ဘူးခွံများကိုဘယ်လိုကောင်းမွန်ဆန်းသစ်စွာပြန်လည်အသုံးချမလဲ🤷🍃တစ်ခါတစ်လေ မိမိရဲ့အိမ်တွေမှာ၊ ပတ်ဝန်းကျင်တွေမှာ သန့်ရှ...
21/11/2025

ပလပ်စတစ်ဘူးခွံများကိုဘယ်လိုကောင်းမွန်ဆန်းသစ်စွာပြန်လည်အသုံးချမလဲ🤷

🍃တစ်ခါတစ်လေ မိမိရဲ့အိမ်တွေမှာ၊ ပတ်ဝန်းကျင်တွေမှာ သန့်ရှင်းပြီးပြန်လည်အသုံးပြုနိုင်လောက်တဲ့ ပလပ်စတစ်ဘူးခွံလေးတွေကိုမြင်ဖူးပါသလား။ နောက်ပြီး ကိုယ်ကိုယ်တိုင်ကဝယ်သောက်ပြီး ပစ်ထုတ်ရမယ့်ရေဘူးသန့်သန့်လေးတွေကိုကြည့်ပြီးဘာလုပ်သင့်လဲစဉ်းစားဖူးပါသလား။🤔

မင်္ဂလာပါ ဒီနေ့အကြောင်းအရာလေးကတော့မိတ်ဆွေတို့အတွက် ပလပ်စတစ်ဘူးခွံများကိုအသုံးပြုဖန်တီနိုင်ပြီး အထောက်အကူဖြစ်စေမယ့် အိုင်ဒီယာလေးတစ်ချို့ကိုလာရောက်ဝေမျှပေးခြင်းပဲဖြစ်ပါတယ်။

- အလှတင်ပန်းအိုး (သို့မဟုတ်) အပင်စိုက်ပန်းအိုး
ဘူးခွံ့များကိုအသုံးပြုပြီး စိုက်ပျိုးလို့ရသောပန်းအိုငယ်များလုပ်နိုင်သလို စားပွဲခုံပေါ်သို့အလှတင်နိုင်သောပန်းအိုးကိုပြုလုပ်နိုင်ပါတယ်။
- စာရေးကိရိယာခွက်
ဘူးခွံများကိုသေချာအလှဆင်ဆေးသုပ်ခြင်းများဖြင့်ပြန်လည်မွမ်းမံကာ ချစ်စရာကောင်းသောစာရေးကိရိယာပစ္စည်းများကိုထားရှိနိုင်ပါတယ်။
- အလှထားပစ္စည်း
ပလပ်စတစ်ဘူးခွံအလွတ်များကို ချစ်စရာကောင်းသောအရုပ်များသို့မဟုတ်ပန်းလေးများအဖြစ်ပြုပြင်ပြောင်းလဲနိုင်ပြီး မိမိရဲ့အိမ်ရှေ့ သို့မဟုတ် စားပွဲခုံပေါ်တွင်အလှထားပစ္စည်းအဖြစ်ထားရှိနိုင်ပါတယ်။
- ပြန်လည်ရောင်းချခြင်း
အချို့ပြန်လည်ပြုပြင်ပြောင်းလဲရန်ခက်ခဲသောဘူးခွံများကို စနစ်တကျစုစည်းကာ ပြန်လည်ရောင်းချနိုင်ကာ မုန့်ဖိုးလည်းရရှိမှာဖြစ်ပါတယ်။

ဖော်ပြပါအချက်အလက်များကိုဖတ်ရှုခြင်းအားဖြင့်မိတ်ဆွေတို့အနေနဲ့ပလပ်စတစ်ဘူးကိုအကျိုးရှိရှိပြန်လည်အသုံးပြုနိုင်တဲ့အိုင်ဒီယာလေးတွေရရှိသွားမယ်လို့မျှော်လင့်ပါတယ်။ ဒါဆိုရင်တော့ မိမိရဲ့အိမ်တွေမှာ ချစ်စရာကောင်းပြီး အသုံးဝင်တဲ့ပြန်လည်ဖန်တီးအသုံးချမှုကိုအတူတူစတင်လိုက်ကြရအောင်။🤗

[Burmese Below]🌿🪡Promoting Handmade Products and Reducing Plastic Using လက်မှုပညာများကိုမြှင့်တင်ခြင်းအားဖြင့်ပလပ်စတစ်အသ...
08/11/2025

[Burmese Below]

🌿🪡Promoting Handmade Products and Reducing Plastic Using
လက်မှုပညာများကိုမြှင့်တင်ခြင်းအားဖြင့်ပလပ်စတစ်အသုံးပြုမှုအားလျှော့ချခြင်း

During the TAK Green City Festival, several social enterprise booths demonstrated their commitment to environmental sustainability by avoiding the use of plastic materials. They promoted handmade products such as keychains, eco-printed bags, and environmentally friendly packaging. This initiative represents a highly positive contribution to environmental protection and reflects a strong dedication to reducing plastic usage.✨

TAK Green City ပွဲတော်အတွင်း၊ လူမှုရေးလုပ်ငန်းဆိုင်ရာ ဈေးရောင်းပြခန်းများသည် ပလတ်စတစ်ပစ္စည်းများအသုံးပြုခြင်းကို ရှောင်ကြဉ်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး အတွက်တစ်နည်းအားဖြင့်ပူးပေါင်းပါဝင်မှုများလုပ်ဆောင်ခြင်းများရှိပါသည်။ သော့ချိတ်များ၊ eco-printed အိတ်များနှင့် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ထုပ်ပိုးမှုများသာမက လက်လုပ်ထုတ်ကုန်များကို ရောင်းချခဲ့ခြင်းများပါဝင်ပါသည်။ ဤအစီအစဉ်သည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အလွန်အပြုသဘောဆောင်သော ပံ့ပိုးကူညီမှုတစ်ရပ်ဖြစ်ပြီး ပလတ်စတစ်အသုံးပြုမှုကို လျှော့ချရန် ခိုင်မာသော လုပ်ဆောင်ချက်တစ်ရပ်လည်းဖြစ်ပေသည်။✨

ဝါး....😍😍အခုလို Say No To Plastic project ကိုယ်စား ပြခန်းအစီစဉ်နှင့် အသိပညာပေးအကြောင်းအရာများကို မျှဝေပေးသွားတဲ့ ROY You...
22/10/2025

ဝါး....😍😍အခုလို Say No To Plastic project ကိုယ်စား ပြခန်းအစီစဉ်နှင့် အသိပညာပေးအကြောင်းအရာများကို မျှဝေပေးသွားတဲ့ ROY Youth Network Group မှ လူငယ်များကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျ...🙏🪴🌿

အတွေးမြင်သစ်များကိုဖော်ထုတ်မည့် Say No To Plastic “ပလပ်စတစ်ဆို ဝေး” ဓာတ်ပုံပြိုင်ပွဲမှဆုရရှိသူများအားကြေငြာခြင်း🥳Winner ...
13/10/2025

အတွေးမြင်သစ်များကိုဖော်ထုတ်မည့် Say No To Plastic “ပလပ်စတစ်ဆို ဝေး” ဓာတ်ပုံပြိုင်ပွဲမှဆုရရှိသူများအားကြေငြာခြင်း🥳
Winner Announcement for the “Say No To Plastic” Photography Contest✨

🙋ဒီနေ့မှာတော့ “ပလပ်စတစ်ဆို ဝေး” ဆိုတဲ့ခေါင်းစဉ်ဖြင့် Say To No Plastic မှပြုလုပ်ခဲ့တဲ့ ဓာတ်ပုံပြိုင်ပွဲမှအနိုင်ရရှိကာဆုရရှိသူများကိုကြေငြာပေးသွားမှာပဲဖြစ်ပါတယ်။ ဤပြိုင်ပွဲလေးမှာ ဒိုင်လူကြီး၏အမှတ်ပေးမှု 60% နှင့် အွန်လိုင်းမဲပေးမှု 40% တို့အားစုပေါင်းကာ အနိုင်ရရှိသူများကိုရွေးချယ်ကြေငြာခြင်းပဲဖြစ်ပါတယ်။

First Prize - Phon Chai
Second Prize - Min Aung Thu Ra Oo (CDC Learning Center)
Third Prize - Zin Min Oo (CDC Learning Center)

ဖော်ပြပါလူငယ်များသည် “ပလပ်စတစ်ဆို ဝေး” ခေါင်းစဉ်ဖြင့်ပြုလုပ်ကျင်းပခဲ့သောဓာတ်ပုံပြိုင်ပွဲတွင်အနိုင်ရရှိသွားသောလူငယ်များဖြစ်ပါသည်။ ဤပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူလူငယ်တစ်ယောက်ချင်းစီတိုင်း၏မတူညီသောအတွေးအမြင်များ၊ ကောင်းမွန်သောရိုက်ကွက်များနှင့်ကြိုးစားအားထုတ်မှုများကို မြင်တွေ့ခွင့်ရရှိခဲ့ပါသည်။ ဤပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ထောက်ပံ့ပေးသောအလှူရှင်နှင့်ပါဝင်ယှဉ်ပြိုင်ပေးသောလူငယ်တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ရှိပါတယ်။❤️🤗

မှတ်ချက်။ ဆုရရှိသောလူငယ်များကျေးဇူးပြုပြီး ဆုထုတ်ယူပါရန် Say No To Plastic Page Chat Box ကိုလာရောက်ဆက်သွယ်ပေးဖို့အကြောင်းကြားလိုပါတယ်။ ကျေးဇူးတင်ပါတယ်။

“To preserve the beauty of nature, let's reduce plastic use and plant more trees”Name: Zin Min OoSchool: CDC------------...
03/10/2025

“To preserve the beauty of nature, let's reduce plastic use and plant more trees”

Name: Zin Min Oo
School: CDC

------------------------------------------------------

အတွေးမြင်သစ်များကိုဖော်ထုတ်မည့် Say No To Plastic “ပလပ်စတစ်ဆို ဝေး” ဓာတ်ပုံပြိုင်ပွဲ Online Voting!!!

အွန်လိုင်း Voting ကို ယနေ့မှစ၍ အောက်တိုဘာ ၁၀ရက်၊ ၂၀၂၅ ခုနှစ် (ညနေ ၅ နာရီထိ) နောက်ဆုံးထားပြီး မိမိကြိုက်နှစ်သက်ရာ ပုံကို Like & Share ပြုလုပ်ပေးခြင်းအားဖြင့် Voting ပေးနိုင်မှာဖြစ်ပါတယ်။
အွန်လိုင်း Voting အမှတ်။ ။ Like (1 mark) Public Share (1 marks)
အွန်လိုင်းမှ ရရှိသော စုစုပေါင်းရမှတ်၏ 40% နှင့် ဒိုင်များ၏အကဲဖြတ်ရလဒ် 60% ပေါင်း၍ ဆုများကို အကဲဖြတ်သွားမှာပဲဖြစ်ပါတယ်။
မှတ်ချက်။ ။ မိမိကြိုက်နှစ်သက်သောဓာတ်ပုံကို Share ရာတွင် အကောင့်တစ်ခုလျှင်တစ်ကြိမ်သာ Share ခွင့်ရှိပြီး Public Share သာဖြစ်ရမည်။

💯အတွေးမြင်သစ်များကိုဖော်ထုတ်မည့် Say No To Plastic “ပလပ်စတစ်ဆို ဝေး” ဓာတ်ပုံပြိုင်ပွဲ Online Voting!!!🥳မင်္ဂလာပါ📸 ဒီကနေ့...
03/10/2025

💯အတွေးမြင်သစ်များကိုဖော်ထုတ်မည့် Say No To Plastic “ပလပ်စတစ်ဆို ဝေး” ဓာတ်ပုံပြိုင်ပွဲ Online Voting!!!🥳

မင်္ဂလာပါ📸 ဒီကနေ့မှာတော့ အတွေးမြင်သစ်များကိုဖော်ထုတ်မည့် Say No To Plastic “ပလပ်စတစ်ဆို ဝေး!” ဓာတ်ပုံပြိုင်ပွဲအတွက် အွန်လိုင်းမဲပေးခြင်း အစီအစဉ်ကိုစတင်လိုက်ပြီးဖြစ်ပါတယ်။ ဤဓာတ်ပုံပြိုင်ပွဲကိုတော့ “ပလပ်စတစ်ဆိုဝေး”ဆိုတဲ့ခေါင်းစဉ်ဖြင့် August နှင့် September လတွင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရွှေ့ပြောင်းဒေသမှာရှိတဲ့လူငယ်တွေ၏ ပလပ်စတစ်ညစ်ညမ်းမှုအပေါ် ထားရှိတဲ့အတွေးအမြင်နှင့် စဉ်းစားတွေးခေါ်မှုတွေကို ၎င်းတို့တွေ၏ဓာတ်ပုံစွမ်းရည်မှတစ်ဆင့်ဖော်ပြထားခြင်းပဲဖြစ်ပါတယ်။ ဤပြိုင်ပွဲကို အွန်းလိုင်းမဲပေးခြင်း 40% နှင့် ဒိုင်လူကြီးအမှတ်ပေးမှု 60% တို့ကိုပေါင်းစပ်ကာအနိုင်ရရှိသူအားဆုပေးသွားမှာပဲဖြစ်ပါတယ်။ Online Voting ကိုတော့ယနေ့မှစတင်ပြီး 10 October 2025 (ညနေ 5 နာရီ) အထိအချိန်ပေးသွားမှာဖြစ်ပါတယ်။ အနိုင်ရရှိတဲ့လူငယ်များကို Say No To Plastic page ကနေပြန်လည်ကြေငြာပေးသွားမှာဖြစ်ပါတယ်။🙋

✅အွန်လိုင်း Voting အမှတ်ပေးခြင်း။
1 Like = 1 Mark
1 Public Share - 1 Mark
(Public Share သာထည့်တွက်မည်ဖြစ်ပြီး အကောင့်တစ်ခုကိုတစ်ကြိမ်သာ Share ခွင့်ရှိပါတယ်။)

Hello🌟  ပြီးခဲ့တဲ့ 30 September 2025 မှာတော့ ဓာတ်ပုံပြိုင်ပွဲကိုကျင်းပပြီးခဲ့ပြီးဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အသီးသီးပို့လာတဲ့...
02/10/2025

Hello🌟 ပြီးခဲ့တဲ့ 30 September 2025 မှာတော့ ဓာတ်ပုံပြိုင်ပွဲကိုကျင်းပပြီးခဲ့ပြီးဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အသီးသီးပို့လာတဲ့ဓာတ်ပုံပြိုင်ပွဲရဲ့ရလဒ်ကိုတော့ မနက်ဖြန်တင်ပြီးတော့ Online Voting ကိုပြုလုပ်သွားမှာပဲဖြစ်ပါတယ်။🤩 မတူညီတဲ့အတွေးသစ်အမြင်သစ်တွေနဲ့ဓာတ်ပုံတွေကိုမနက်ဖြန်မှာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဒါဆိုရင်မနက်ဖြန်ထွက်လာမယ့်ပုံတွေကိုအတူတူစောင့်မျှော်လိုက်ရအောင်ပါ။🥳👏

အမှိုက်ကနေ ဒီလိုအရာတွေ လုပ်လို့ရတယ်ဆိုတာ သိပြီးပြီလာ ♻️💡✨ကျွန်တော်တို့အားလုံးဟာ… ပလပ်စတစ်ထုတ်ပစ္စည်းများကို အသုံးပြုပြီး...
24/09/2025

အမှိုက်ကနေ ဒီလိုအရာတွေ လုပ်လို့ရတယ်ဆိုတာ
သိပြီးပြီလာ ♻️💡✨

ကျွန်တော်တို့အားလုံးဟာ… ပလပ်စတစ်ထုတ်ပစ္စည်းများကို အသုံးပြုပြီးနောက် အမှိုက်အဖြစ်သာ သတ်မှတ်ပြီး စွန့်ပစ်တက်ကြပါတယ် 🛍🗑️

ဒါပေမယ့် ဒီလိုစွန့်ပစ်ခြင်းဟာ ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေနိုင်သလို ပလပ်စတစ်နှင့် ပတ်သတ်သော ကျန်းမာရေးဆိုင်ရာ ဘေးအန္တရာယ်များကိုလည်း ကြုံတွေ့လာစေမှာ အမှန်ပင်ဖြစ်ပါတယ် ⚠️🌍

ဒီလိုမဖြစ်အောင် သုံးပြီးသားပလပ်စတစ်တွေကို ဘယ်လိုလုပ်ဆောင်မလဲ ❓💭

ရိုးရှင်းပါတယ်… ကျွန်တော်တို့အားလုံး “ ပြန်လည်ပြုပြင်အသုံးပြုခြင်း ( Recycling )” ဆိုတဲ့နည်းကို အသုံးပြုပြီး ထိုအရာတွေကို ကာကွယ်နိုင်ပါတယ် 💚🌍🌱♻️

ဒီနည်းလမ်းက ကျွန်တတာ်တို့ရဲ့ပတ်၀န်းကျင်ကို ပလပ်စတစ်ညစ်ညမ်းမှုအန္တရာယ်မှ ကာကွယ်ရာရောက်သလို တစ်ဖက်မှာလည်း စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုတာကြောင့် နေ့စဥ်ကုန်ကျစာရိတ်ကိုလည်း လျော့ချပေးနိုင်ပါတယ် 📌✅️

23/09/2025

✨♻️ စင်မြှင့်ပေါ်မှလူငယ်များ၏တီထွင်ဖန်တီးမှုများ ♻️✨

(၁၅) ရက် စက်တင်ဘာလ ၂၀၂၅ ခုနှစ်တွင် Rays of Youth မှဦးစီးကျင်းပသော (၉) ကြိမ်မြောက်လူငယ်များနေ့ပွဲအခမ်းအနား၌ပြန်လည်တီထွင်ဖန်းတီးမှုဖက်ရှင်ရှိုးအားကျင်းပပြုလုပ်ခဲ့ပါသည်။ Say No To Plastic မှကျင်းပပြုလုပ်သောပြိုင်ပွဲမှ စံကာတင် (၁၇) ဖွဲ့အားပြန်လည်ရွေးချယ်ကာ ဤပြိုင်ပွဲကိုပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ မတူညီကွဲပြားသောအကြောင်းအရာများ၊ မက်ဆေ့များနှင့်အတူ အံ့အားဖွယ်ကောင်းသောလူငယ်များ၏ယှဉ်ပြိုင်မှုနှင့်အရည်အချင်းများကိုမြင်တွေ့ခဲ့ရခြင်းဖြစ်ပါသည်။၎င်းတို့၏ကိုယ့်ကိုယ်ကိုယုံကြည်မှုနှင့်စိတ်အားထက်သန်မှုများသည်ဤဖက်ရှင်ရှိုးပြိုင်ပွဲမှတစ်ဆင့်ရှင်းလင်းစွာထင်ပေါ်နေပါသည်။🌟

ယခုလိုပြိုင်ပွဲဖြစ်မြောက်ရေးအတွက်ပါဝင်ကူညီပေးခဲ့သောအလှူရှင်၊ အဖွဲ့အစည်းနှင့်ကျောင်းအသီးသီးမှကိုယ်စားပြုကျောင်းသားကျောင်းသူများကိုကျေးဇူးတင်ရှိပါသည်။ ပြိုင်ပွဲသို့ဒိုင်လူကြီးအဖြစ်ပါဝင်အားဖြည့်ပေးခဲ့ကြသောအဖွဲ့အစည်းအသီးသီးမှဒိုင်ကိုယ်စားလှယ်များအားလည်းထပ်မံ၍ကျေးဇူးတင်ရှိပါသည်။

လူငယ်များသည်အနာဂတ်တစ်ခုသာဖြစ်ရုံမဟုတ်ပါ။ ၎င်းတို့သည်ပြောင်းလဲမှုများကိုဖန်တီးသောသူများလည်းဖြစ်ပေသည်။💪🌍

Hello! 🤩 မိမိရဲ့ Photography Skill📸 ကိုပြသချင်တဲ့လူငယ်များ Say No To Plastic ကနေပြုလုပ်တဲ့ ဓာတ်ပုံပြိုင်ပွဲကိုပါဝင်လို့ရ...
23/09/2025

Hello! 🤩 မိမိရဲ့ Photography Skill📸 ကိုပြသချင်တဲ့လူငယ်များ Say No To Plastic ကနေပြုလုပ်တဲ့ ဓာတ်ပုံပြိုင်ပွဲကိုပါဝင်လို့ရပါသေးတယ်။ ပလပ်စတစ်ညစ်ညမ်းမှုကိုရိုက်မလား ဒါမှမဟုတ် လျှော့ချနည်းကိုရိုက်မလား။ ဒီအကြောင်းအရာပုံစံမျိုးတင်မကသေးပါဘူး Say No To Plastic ဆိုတဲ့ခေါင်းစဉ်နဲ့ကိုက်ညီမှုရှိအောင်ဘယ်လိုရှုထောင့်ရှုခင်းတွေကိုအသုံးပြုပြီးကိုယ့်ရဲ့လက်စွမ်းကိုပြသမလဲဆိုတာကတော့သင့်အပေါ်မှာပဲမူတည်နေပြီးဖြစ်ပါတယ်။ ပြိုင်ပွဲရက်ကို 30 September 2025 (5:00PM) ထိအချိန်ရှိသေးတာမလို့စိတ်ဝင်စားရင်ပါဝင်နိုင်မှာပဲဖြစ်ပါတယ်။ မေးခွန်းများရှိပါ Page Chat box ကိုတိုက်ရိုက်လာမေးခွင့်ရှိပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။🌟

♻️🌍 “အမှိုက်ကနေ အလှတရားသို့” Say No to Plastic Recycle ဖက်ရှင်ရှိုးပြိုင်ပွဲစွန့်ပစ်ပလပ်စတစ်မှတဆင့် ပြန်လည်အသုံးပြုဖန်တီ...
17/09/2025

♻️🌍 “အမှိုက်ကနေ အလှတရားသို့”

Say No to Plastic Recycle ဖက်ရှင်ရှိုးပြိုင်ပွဲ
စွန့်ပစ်ပလပ်စတစ်မှတဆင့် ပြန်လည်အသုံးပြုဖန်တီခြင်း ရွေ့ပြောင်းကျောင်းများမှ ကိုယ်စားပြု (၁၇)ဖွဲ့မှ Recycle Fashion Show တွင် ပါဝင်ယှဉ်ပြိုင်ရာ စွန့်ပစ်ပလပ်စတစ်အမှိုက်များဖြင့် ပေါင်းစပ်ဖန်တီးကာ အသုံးမလိုသော ပလပ်စတစ်အိတ်၊ ပလပ်စတစ်ဗူးခွံနှင့် ပလပ်စတစ် အမှိုက်များကို ပြန်လည်အသုံးချ ဖန်တီး၍ လှပဆန်းသစ်သောဖက်ရှင်ပုံစံများဖြင့် တင်ဆက်ပြသခဲ့ကြသည်။
ပြိုင်ပွဲအခမ်းအနားသည် လူငယ်များ၏ ဖန်တီးနိုင်စွမ်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်းများကို ဖော်ထုတ်သည့်အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ပလပ်စတစ်လျော့ချအသုံးပြုရန် တာဝန်ယူမှုကို မီးမောင်းထိုးပြခြင်းဖြစ်သည်။ အထူးသဖြင့် စွန့်ပစ်အမှိုက်များမှတဆင့် ပြန်လည်အသုံးပြုနိုင်ခြင်းသဘောတရားကို လူငယ်များက မိမိတို့ အနုပညာလက်ရာများဖြင့် ဆန်းသစ်တီထွင်ပြသခြင်းအနေဖြင့် လူထုအားပိုမိုနားလည်သဘောပေါက်စေခဲ့ပါသည်။ ထို့ပြင် Recycle Fashion Show သည် တစ်နည်းအားဖြင့် လူငယ်များကိုပေါင်းစည်းဆောင်ရွက်စေသည့် ပလက်ဖောင်းတစ်ခု ဖြစ်သည့်အပြင်၊ အနာဂတ်တွင် ပတ်ဝန်းကျင်နဲ့ ကိုက်ညီသော ဖန်တီးမှုဆိုင်ရာ လုပ်ငန်းစဉ်များအတွက် အစပြုအောင် ကူညီပံ့ပိုးပေးနိုင်သည့် ပွဲတစ်ခုလည်း ဖြစ်မည်လို့ ယုံကြည်ပါသည်။

Say No to Plastic Recycle ဖက်ရှင်ရှိုးပြိုင်ပွဲတွင် ဆုရှိသူများမှာ
Good Future – First Place
Shine Pinky-Second Place
Day Light-Third Place

ဆုရရှိသောအဖွဲ့များနှင့်အတူ ပြိုင်ပွဲဝင်အဖွဲ့များအားလုံး Congratulationပါ။ နောက်လာမည့်ပြိုင်ပွဲအစီအစဉ်တွေမှာ အကောင်းမွန်ဆုံး ပါဝင်ယှဉ်ပြိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။🥰🥳

🎉🌍 𝐖𝐢𝐧𝐧𝐞𝐫 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 – 𝐒𝐚𝐲 𝐍𝐨 𝐓𝐨 𝐏𝐥𝐚𝐬𝐭𝐢𝐜 𝐑𝐞𝐜𝐲𝐜𝐥𝐢𝐧𝐠 𝐂𝐨𝐧𝐭𝐞𝐬𝐭! 🌍🎉Say No To Plastic project မှ ကျင်းပပြုလုပ်သော “ ပြန်လည်အ...
10/09/2025

🎉🌍 𝐖𝐢𝐧𝐧𝐞𝐫 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭 – 𝐒𝐚𝐲 𝐍𝐨 𝐓𝐨 𝐏𝐥𝐚𝐬𝐭𝐢𝐜 𝐑𝐞𝐜𝐲𝐜𝐥𝐢𝐧𝐠 𝐂𝐨𝐧𝐭𝐞𝐬𝐭! 🌍🎉

Say No To Plastic project မှ ကျင်းပပြုလုပ်သော “ ပြန်လည်အသုံးပြု ဆန်းသစ်ဖန်တီးမှု” ပြိုင်ပွဲလေးကတော့ တကယ့်ကို မြိုင်မြိုင်ဆိုင်ဆိုင်ဖြစ်ခဲ့ပါတယ်။ 👏✨

ဒိုင်လူကြီးများ၏အမှတ်ပေးမှု (၅၀) ရာခိုင်နှုန်းနှင့်အွန်လိုင်းမဲပေးမှု (၅၀) ရာခိုင်နှုန်းအားပေါင်းစည်းကာ ရရှိသော မှတ်စာရင်း စုစုပေါင်းရလဒ်ပေါ်တွင် အခြေခံပြီး အောက်ပါဆုများကို ကြေငြာပေးခြင်းဖြစ်ပါတယ်။

🏆 First Prize - Good Future | CDC Learning Center
🥈 Second Prize - Shine Pinky | Thoo Mwek Khee Learning Center
🥉 Third Prize – Hsa Thoo Lei | Hsa Thoo Lei Learning Center

မှတ်ချက်။ ။ Like & Share ရမှတ်များရေတွက်ရာတွင် ပြိုင်ပွဲဝင်ပုံများ၏ ရှယ်အရေအတွက်သည် အကောင့်တစ်ခုတွင် (တစ်ကြိမ်)သာသတ်မှတ်ထားခြင်းဖြစ်ပြီး Public ဖြင့် ရှယ်သော ရလဒ်များကိကိုသာ ရေတွက်ယူခြင်းဖြစ်ပါသည်။
ဤပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ပေးခဲ့ကြသော ကျောင်းသား/သူများကို ကျေးဇူးအထူးတင်ရှိပါတယ်။ ပြိုင်ပွဲဝင်များရဲ့ ကြိုးစားအားထုတ်မှုများအတွက်လည်း များစွာဂုဏ်ယူပါတယ်။ သင်တို့ရဲ့ ကြိုးစားအားထုတ်မှုများနှင့် လုပ်ဆောင်မှုများကနေတစ်ဆင့် ကျွန်ုပ်တို့လူမှုပတ်ဝန်းကျင်၌ ပလစ်စတစ်နှင့် ပတ်သတ်ပြီး အပြုသဘောဆောင်သည့်အကျိုးသက်ရောက်မှုများရှိစေနိုင်မယ်လို့ ယုံကြည်ပါတယ်ခင်ဗျာ။

🥳လာမည့် 15ရက် စက်တင်ဘာလ လူငယ်များနေ့ပွဲတွင် ဖက်ရှင်ရှိုးတက်ရောက်ပါဝင်ခွင့်ရှိသည့် အဖွဲ့ နှင့် ကျောင်းအမည်စာရင်းမှာ အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်။

၁။ Bright Polygon (KM - (42))
၂။ KM - 42 Gorup (1) (KM - (42))
၃။ တိမ်လွှာပလပ်စတစ် (P Yan Taung)
၄။ Star (New Day)
၅။ Blue Star Girl (New Society)
၆။ Insoulation Manual (New Society)
၇။ Baby Monster (Sauch Kha Hong Sar)
၈။ Fairy (Sauch Kha Hong Sar)
၉။ Hsa Thoo Lei (Hsa Thoo Lei)
၁၀။ NYATX (CDC)
၁၁။ Good Future (CDC)
၁၂။ Mean girls (CDC)
၁၃။ Mercy Platic Cowboys (MMEC)
၁၄။ Mercy Unity (MMEC)
၁၅။ DAY LIGHT (Thoo Mweh Khee)
၁၆။ Karen girls (Thoo Mweh Khee)
၁၇။ Shine Pinky (Thoo Mweh Khee)

မှတ်ချက်။ ။ ကျောင်း အကြီး/အသေးပေါ်မူတည်၍ တစ်ကျောင်းလျှင် အမှတ်အများဆုံးသော အဖွဲ့ 2-3ဖွဲ့သည်သာ ဖက်ရှင်းရှိုးပွဲတက်ရောက်ပါဝင်ခွင့်ရှိခြင်း ကို စီစဉ်ကြီးကြပ်သူများမှ ဆီလျော်စွာ ဆုံးဖြတ်ခြင်း ဖြစ်ပါသည်။

ที่อยู่

Mae Pa
Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ ပလပ်စတစ်ဆို ဝေး - Say No To Plasticผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์