Maesot Social Network - MSN

Maesot Social Network - MSN Mae Sot community for friendship, social, education, health, job opportunities, and cultures

အဝေးရောက် BG တဲကျောင်းကလေးဟု အမည်ရှိသော မဲဆောက်မြို့ မယ်ပ ဆည်ဘောင်စပ်အနီးက မြန်မာရွှေ့ပြောင်းလုပ်သားကလေးများ၏ အလွတ်စာသင်...
14/02/2026

အဝေးရောက် BG တဲကျောင်းကလေးဟု အမည်ရှိသော မဲဆောက်မြို့ မယ်ပ ဆည်ဘောင်စပ်အနီးက မြန်မာရွှေ့ပြောင်းလုပ်သားကလေးများ၏ အလွတ်စာသင်ဌာန Informal training center သို့ MSN အဖွဲ့ဝင် တောင်ဒဂုံ ကိုညီညီက ဖိတ်ကြားသဖြင့် မဲဆောက်လူမှာကွန်ရက် MSN အဖွဲ့သားများ သည်နေ့ သွားရောက်ခဲ့ကြပါသည်။

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့နှင့်အတူ ကျဆုံးသွားတဲ့ ကိုဂျင်မီ့မွေးနေ့ (ဖေဖော်ဝါရီ၁၃) အမှတ်တရအဖြစ် ကိုဂျင်မီတို့မိသားစုက ပဲပြုတ်နှင့် နံပြား ကျွေးပါသည်။ လာရောက်သူအားလုံးက နေ့လယ်စာ ဘဲဥအာလူးပဲကုလားဟင်း၊ မြေပဲဆံ ပါလချောင်ကျော်၊ အချဥ်သုတ်များ နှင့် လက်ရည်တပြင်တည်း စားကြ ရင်း ညီညွတ်ရေးနှင့် စုပေါင်းဆောင်ရွက်လိုမှုများ ရှင်သန်နေသည်ကို မြင်ရသည်။ ကိုညီညီ ကတော်ကိုယ်တိုင်ကြီးမှူးပြီး ဒယ်ကြီးတစ်လုံးနှင့် ကြော်နေရသော ဗူးသီးကြော် ကြက်သွန်ကြော်ပူပူလေးကလည်း အရသာရှိလွန်းသဖြင့် စားမဝနိုင်ကြပါ။

မော်ရွှေမြိုင်သား ကိုကျော်စွာ ဇနီးမောင်နှံ၏ အထူးလက်ရာ Home made ပိန်းဥရေခဲမုန့်က လာရောက်သည့် လူတစ်ရာကျော်ကို အဝစား အချို တည်း စေပါသည်။

ရပ်ကွက်ထဲက ကျောင်းနေအရွယ် ကလေးပေါင်း အယောက် ၁၀၀ ကျော်ကို ဗလာမပါ ကံစမ်းမဲ ဖောက်ပေးသည်။ ကလေးစီးစက်ဘီး၃စီး ပို့ပေးသည့် NUG က ကိုကျော်ကျော်တို့ အဝေးရောက် မိသားစု‌၏ စေတနာကြောင့် ကလေးတွေပိုပျော်ကြသည်။ အားကစားပျော်ပွဲရွှင်ပွဲလေးတွေ ကျင်းပပေးသည့် အတွက် ကလေးတွေနဲ့အတူ ကျင်းပသူ အားပေးသူ လူကြီးတွေပါ ကြည်နူးပျော်ရွှင်ခဲ့ကြသည်။

နိုင်ရာတာဝန်ယူကြ ၊ ဝိုင်းဝန်းလှူကြ ၊ ဝိုင်းဝန်းကူကြ ၊ စုပေါင်းစကားဝိုင်းဖွဲ့ကြနှင့် မြန်မာလူမှုအသိုက်အဝန်းအတွက် အကျိုး ပြုအစီအစဥ်‌တွေအများကြီး ရှေ့ဆက်လုပ်နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်။
အဓိပ္ပါယ်ရှိသော မေတ္တာတရားများလွှမ်းခြုံသည့် ဗယ်လင်တိုင်းဒေးလှုပ်ရှားမှုတစ်ခုဖြစ်ခဲ့ပါသည်။ MSN ၏ လူမှုလှုပ်ရှားမှုများက အမြဲဆက်လက်ရှင်သန်နေပါဦးမည်။ စိတ်ဝင်စားသူများ MSN သို့ ဆက်သွယ် ဝင်ရောက်နိုင်ပါသည်။

၁၄.၂.၂၀၂၆

The MSN team from Mae Sot Social Network visited the informal training center for Burmese migrant workers near Mae Pa Dam in Mae Sot, called the BG Tent School, at the invitation of MSN member Taung Dagon Ko Nyi Nyi.

In commemoration of the birthday of General Aung San and the birthday of the fallen Ko Jimmy (February 13), Ko Jimmy's family served boiled beans and noodles. Everyone who came ate lunch of egg, potato, and pea curry, peanuts, and scallions, and a cup of ice cream, showing the unity and desire for collective action. The fried onion and fried gourd, which Ko Nyi Nyi's spouse herself prepared and fried in a large pan, were so delicious that they could even not eat enough.

The special homemade taro ice cream of Ko Kyaw Swar, a native of Maw Shwe Myaing, made the more than one hundred people who came feel full.

More than 100 school-age children in the neighborhood were given a free lottery. NUG leader Ko Kyaw Kyaw, who sent 3 children's bicycles, made the children happier thanks to the generosity of the Kyaw Kyaw family. The children and the adults who organized the sports and entertainment events were happy and joyful.

Let's take responsibility, donate together, help together, and have a collective conversation, and we believe that we will be able to continue many beneficial programs for the Myanmar community.
It was a Valentine's Day activity filled with meaningful love. MSN's social activities will always continue. Those who are interested can contact MSN.

14.2.2026

စစ်တပ်ကမကြာခဏအာဏာသိမ်းလေ့ရှိတဲ့ ထိုင်းနိုင်ငံမှာထိုင်းစစ်တပ်ရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးလှပါတယ်။ ထိုင်းစစ်တပ်ကိုထောက်ခံတဲ...
29/01/2026

စစ်တပ်ကမကြာခဏအာဏာသိမ်းလေ့ရှိတဲ့ ထိုင်းနိုင်ငံမှာထိုင်းစစ်တပ်ရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးလှပါတယ်။ ထိုင်းစစ်တပ်ကိုထောက်ခံတဲ့ ရှေးရိုးစွဲဝါဒီတွေရဲ့ အင်အားကလည်း ထိုင်းနိုင်ငံရေးရဲ့ အသက်တမျှအရေးကြီးနေဆဲပါ။ Bamboo Diplomacy နဲ့ ကိုလိုနီခေတ်တွေ၊ ကမ္ဘာ့စစ်ပွဲတွေအပြင် ကွန်မြူနစ်လိုစစ်အေးခေတ် နိုင်ငံရေးအယူဝါဒတိုက်ပွဲတွေကြားမှာ သမိုင်းတလျှောက် နိုင်ငံရေးကို တည်ငြိမ်အောင် ထိန်းထားနိုင်တဲ့ရှေးရိုးစွဲဝါဒီတွေရဲ့ အင်အားကလည်းမသေးလှပါဘူး။

*********************
ထိုင်းပါတီတွေကြားက မြန်မာ့ရွှေ့ပြောင်းလုပ်သားအရေး
*********************

ထိုင်းနိုင်ငံရဲ့ရွေးကောက်ပွဲမဲဆွယ်ကာလမှ လူကြိုက်များနေတဲ့ ပြည်သူ့ပါတီ (People’s Party - PP) က မြန်မာ့ရွှေ့ပြောင်းလုပ်သားအရေးတွေကို လှုပ်ရှားလွန်းလို့ ထိုင်းပြည်သူတွေကတော့ ‘မြန်မာပြည်သူ့ ပါတီ’ ဆိုပြီး နံမည်ပြောင်ပေးနေကြပါပြီ။

‘ပြည်သူ့ပါတီ’ဟာ ၂၀၂၀ မှာ ဖျက်သိမ်းခံခဲ့ရတဲ့ ပထမမျိုးဆက် (Future Forward Party-FFP), ၂၀၂၃ မှာ ထပ်ပြီးဖျက်သိမ်းခံလိုက်ရတဲ့ ဒုတိယမျိုးဆက်(Move Forward Party – MFP ) ပါတီရဲ့ တတိယမြောက် မျိုးဆက် ဒီမိုကရက်အင်အားစုပါတီ ဖြစ်ပါတယ်။ “ငါတို့ရှိရင် မီးခိုးရောင်စီးပွားရေး မရှိစေရ” ဆိုတဲ့ ကြွေးကြော်သံနဲ့ လာဘ်ပေးလာဘ်ယူနဲ့ တရားမဝင်စီးပွားရေးလုပ်ငန်းစုတွေကို ပြတ်ပြတ်သားသား တိုက်ဖျက်မယ့် စံနှုန်းကို ကိုင်စွဲထားပါတယ်။

ယခင်ထိုင်းအစိုးရ ဆိုင်းငံ့ထားတဲ့ မြန်မာဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပြန်ပေးဖို့နဲ့ တတိယနိုင်ငံကို ထွက်ခွာဖို့ ‘ထွက်ခွာခွင့်လက်မှတ် (Exit Permits) တွေထုတ်ပေးမယ် ဆိုတဲ့ မူဝါဒတွေ ချပြထားပါတယ်။ မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေကို ဥပဒေကြောင်းအရ အကာကွယ်ပေးဖို့နဲ့ အခွင့်အရေးတွေ တိုးမြှင့်ပေးဖို့ဆိုတဲ့မူက သန်းချီရှိနေတဲ့မြန်မာနိုင်ငံသားတွေအတွက် မျှော်လင့်ချင်စရာ ဖြစ်နေပါတယ်။

မြန်မာ့အရေးဖြေရှင်းရာမှာ စစ်ကောင်စီတစ်ခုတည်းကို ဦးတည်ဆွေးနွေးခြင်းထက် တော်လှန်ရေးအင်အားစု တွေ၊ လူမျိုးစုလက်နက်ကိုင် EAOs တွေအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကို ဖော်ဆောင်မယ်လို့ အဆိုပြုထား ပါတယ်။ ယခင်အစိုးရက်အဆက်ဆက် ကျင့်သုံးခဲ့ကြတဲ့ မိရိုးဖလာ ‘Bamboo Diplomacy’ ထက်ပိုပြီး လက်တွေ့ကျမယ့် နည်းလမ်းတွေနဲ့ ဆွေးနွေးမယ်လို့ ဖော်ပြထားတယ်။

(၁၀)နှစ်တိတိ နိုင်ငံရေးလှုပ်ရှားခွင့် ပိတ်ခံထားရတဲ့ ပါတီရဲ့ခေါင်းဆောင်ဟောင်း ဖိတာ လင်ဂျာရွန်ရက် က နိုင်ငံတကာဆက်ဆံရေးကို အင်အားကြီးနိုင်ငံတွေကြားမှာ လိုက်လျောညီထွေနေပြီး ကိုယ်ကျိုးရှာလေ့ရှိတဲ့ မူဝါဒဟောင်းကို ပြောင်းဖို့ရည်ရွယ်ထားပါတယ်။ နိုင်ငံကြီးတွေကြား ဘက်လိုက်ဖို့မဟုတ်ပေမယ့် ‘နိုင်ငံတကာစံနှုန်းနဲ့ အခြေခံမူဝါဒတွေကို ဆုပ်ကိုင်ဖို့’ ဆိုပြီး ‘ဖိတာ’ ကပြောထားပါတယ်။ ဒီမူအတိုင်းဆက်သွားမယ်လို့လဲ လက်ရှိပါတီခေါင်းဆောင် ‘နတ္ထဘောင် ရွမ်ပညာဝပ်’ ကလည်းအတည်ပြု ပြောထားပါတယ်။

သို့ပေမယ့် စစ်တပ်ကမကြာခဏအာဏာသိမ်းလေ့ရှိတဲ့ ထိုင်းနိုင်ငံမှာထိုင်းစစ်တပ်ရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးလှပါတယ်။ ထိုင်းစစ်တပ်ကိုထောက်ခံတဲ့ ရှေးရိုးစွဲဝါဒီတွေရဲ့ အင်အားကလည်း ထိုင်းနိုင်ငံရေးရဲ့ အသက်တမျှအရေးကြီးနေဆဲပါ။ Bamboo Diplomacy နဲ့ ကိုလိုနီခေတ်တွေ၊ ကမ္ဘာ့စစ်ပွဲတွေအပြင် ကွန်မြူနစ်လိုစစ်အေးခေတ် နိုင်ငံရေးအယူဝါဒတိုက်ပွဲတွေကြားမှာ သမိုင်းတလျှောက် နိုင်ငံရေးကို တည်ငြိမ်အောင် ထိန်းထားနိုင်တဲ့ရှေးရိုးစွဲဝါဒီတွေရဲ့ အင်အားကလည်းမသေးလှပါဘူး။

ထိုင်းစစ်တပ်ထောက်ခံသူအင်အားစုတွေနဲ့ အဆင်မပြေဖြစ်ရာမှ ဝန်ကြီးချုပ်ရာထူးကနေ လပိုင်းအတွင်း ဆင်းပေး လိုက်ရတဲ့ ပေထောင်တန်ရဲ့ အဖြစ်အပျက်ကလည်း ရှိခဲ့ဖူးပါတယ်။ ပေထောင်တန်ရဲ့ ‘ဖြူးထိုင်းပါတီ’ (Pheu Thai Party) က စီးပွားရေးကိုအဓိကထားတဲ့ ပေါ်ပျူလစ်မူဝါဒကို လက်ကိုင်ထားတဲ့ပါတီပါ။ မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေအရေးမှာ အမေရိကန်နဲ့ တရုတ်ရဲ့မူဝါဒကြား Bamboo Diplomacy နည်းနဲ့ပဲဖြေရှင်းတဲ့ပါတီဖြစ်ပါတယ်။ အာဆီယံရဲ့မူ ၅ ချက်ကိုပဲလက်ကိုင်ထား ဖြေရှင်းလိုတဲ့ သဘောရှိသူပါ။

လက်ရှိယာယီဝန်ကြီးရာထူးယူထားတဲ့ ‘အနုတင်ချာချန်ဂီရာကူးလ်’ ဦးဆောင်တဲ့ ဘန်ဂျီထိုင်းပါတီကလည်း ရှေးရရိုးစွဲဝါဒီအုပ်စုထဲက တစ်ခုဖြစ်ပါတယ်။ ကျဆင်းသွားတဲ့လူထုထောက်ခံမှုနဲ့ အတိုက်ခံအုပ်စုတွေရဲ့ အယုံကြည်မရှိအဆိုတင်သွင်းမယ့် အခြေနေကိုရှောင်လွှဲလိုတာကြောင့်သာ လွှတ်တော်ဖျက်သိမ်းခဲ့ပေမယ့် ရွှေ့ပြောင်း မြန်မာလုပ်သားအရေးမှာ ‘နယ်စပ်လုပ်ခြုံရေးအန္တရာယ်’ အကြောင်းပြပြီး ထိုင်းစစ်တပ်ကို ထောက်ပံ့ပေး သူဖြစ်ပါတယ်။

ဒါ့ကြောင့် စစ်ဘေးရှောင်နေရတဲ့ မြန်မာနိုင်ငံသားတွေရဲ့မှီခိုရာ ထိုင်းနိုင်ငံမှာ အခြေခံအားဖြင့် လက်ရှိအားအကောင်းဆုံး၊ ထိုင်းလူထုအကြိုက်ဆုံးပါတီက People’s Party ဆိုတဲ့ ဒီမိုကရက်တစ် အင်အားစုပါတီပဲ ဖြစ်ပါတယ်။ နိုင်ငံတကာရဲ့စံချိန်၊ စံနှုန်းတွေကို ဦးစားပေးလိုက်နာကျင့်သုံးမယ့် ပါတီဖြစ်တာကြောင့် အနိုင်ရသွားရင်ဆိုတဲ့ မျှော်လင့်ချက်က ထိုင်းနိုင်ငံမှာမှီခိုနေရတဲ့ ဒီမိုကရေစီလိုလားတဲ့ တော်လှန်ရေးအင်အား စုတွေအတွက်လည်း အခြေနေကောင်းတရပ်တော့ဖြစ်လာနိုင်ပါတယ်။

တဘက်မှာလည်း ရွေးကောက်ပွဲဝင်ပါတီတွေကြား လူစိတ်ဝင်စားမှုအနည်းဆုံးထဲ ပါဝင်နေတဲ့ ‘ဘက်ဒီးထိုင်း’ ပါတီကလည်း သူအာဏာရရင် ‘မြန်မာ့ရွှေ့ပြောင်းလုပ်သားအရေး ကူညီနေတဲ့အဖွဲ့တွေကို နှိမ်နင်းမယ် ဆိုတဲ့ ကြွေးကြော်သံနဲ့ မဲဆွယ်နေပြန်တယ်။ ထိုင်းအမျိုးသားရေးဝါဒီ ရှေးရိုးစွဲအယူအဆကို စွဲကိုင်ထားပြီး မြန်မာ့ရွှေ့ပြောင်းလုပ်သားအရေးကို အသုံးချမဲဆွယ်နေတယ်လို့ သတ်မှတ်လို့ရနိုင်ပါတယ်။

ဒီလိုအခြေနေတွေကြား ထိုင်းနိုင်ငံမှာနေရတဲ့ မြန်မာနိုင်ငံသားတွေရဲ့အရေးက ထိုင်းရွေးကောက်ပွဲ မဲဆွယ်ဖို့ ပစ်မှတ်သဖွယ်ဖြစ်လာနေပါတယ်။ ‘ကမ္ဘာ့စံနှုန်းတွေကို အလေးထားမယ့်အင်အားစု’ နဲ့ ‘ရှေးရိုးစွဲဝါဒီ အင်အားစု’ ဆိုပြီးရှိနေပါတယ်။ ‘မြန်မာ့အရေးကူညီဖြေရှင်းပေးမယ့်သူ’ နဲ့ ‘မြန်မာ့အရေးကိုအသုံးချပြီး ထိုင်းအမျိုးသားရေးကိုလှုံ့ဆော်တဲ့သူ’ တွေဟာ နှစ်ဦးနှစ်ဖက်လွန်ဆွဲနေတဲ့အခြေနေကြားမှာ ရှိနေပါတယ်။

‘မြန်မာ့ရွှေ့ပြောင်းလုပ်သားတွေက ထိုင်းနိုင်ငံသားတွေရဲ့အခွင့်ရေးတွေ လုယူနေတယ်’ လို့ ကြွေးကြော်နေတဲ့ ‘ထိုင်းနှုတ်ခမ်းမွှေး’ရဲ့ အမျိုးသားရေးလှုပ်ရှားမှုက ထိုင်းနိုင်ငံရေး(ရွေးကောက်ပွဲ) နဲ့လည်း တစ်စုံတစ်ရာဆက် စပ်နေပါတယ်။ ထိုင်းမှာနေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေက ထိုင်းနိုင်ငံရေးအင်အားစုတွေရဲ့ အသုံးချစရာ ဖြစ်လာနိုင်တဲ့ အခြေနေလည်းရှိနေပါတယ်။ ဒီလိုအခြေနေတွေကို ထိုင်းရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ သတိပြုမိဖို့လိုပါတယ်။

ပြစ်မှုကျူးလွန်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေအတွက် အချင်းချင်းကူညီဖြေရှင်းပေးခြင်းက လက်တွေ့ကျတဲ့ အခြေနေဖြစ်လာပါတယ်။ အမျိုးသားရေး အစွန်းရောက်လှုံ့ဆော်တာတွေကို ရှောင်ရှားနိုင်ဖို့၊ ငြိမ်းချမ်းတဲ့ ဖြေရှင်းနည်းတွေနဲ့ ထိုင်းရောက်မြန်မာအချင်းချင်းကြား သတင်းအချက်အလက်ဖြန့်ဝေတာတွေကသာ အကောင်းဆုံး နည်းလမ်းဖြစ်ပါလိမ့်မယ်။ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးလိုအပ်ချက်အရ အမျိုးသားရေးအသုံးချ လှုံ့ဆော်သွေးခွဲမှုတွေကြားမှာ Bamboo Diplomacy နည်းနဲ့နေပြနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့် မယ်။

မှတ်ချက်။ MSN အနေနဲ့ ထိုင်းနိုင်ငံကမြန်မာများအနေနဲ့ ထိုင်းရဲ့ဥပဒေများ၊ ဒေသန္တရအမိန့်များ၊ လုပ်ငန်းခွင်စည်းကမ်းများ၊ ထိုင်းယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို လေးစားလိုက်နာပြီး ငြိမ်းချမ်းစွာနေထိုင်ကြဖို့နဲ့ ၊ ထိုင်းမြန်မာဆက်ဆံရေးကောင်းမွန်ပြီး ချစ်ကြည်ရေးပိုမိုဖြစ်ထွန်းစေဖို့ စည်းရုံး ဆော်သြ ပေးနေပါတယ်။

#တော်လှန်သူတို့ခြေလှမ်းများ
#ထိုင်းရွေးကောက်ပွဲ ’sParty #ရွှေ့ပြောင်းမြန်မာအရေး

ယနေ့ထုတ်ပြန်ကြေညာသော မဲဆောက်လူမှုအသိုက်အဝန်း MSN ၏ မေတ္တာရပ်ခံချက်အပြည့်အစုံ။--------------------------ထိုင်း နှင့် မြန်...
22/01/2026

ယနေ့ထုတ်ပြန်ကြေညာသော မဲဆောက်လူမှုအသိုက်အဝန်း MSN ၏ မေတ္တာရပ်ခံချက်အပြည့်အစုံ။
--------------------------

ထိုင်း နှင့် မြန်မာ လူမှုအသိုက်အဝန်းအချင်းချင်းအကြား သဟဇာတတိုးမြှင့်ရေးနှင့် ချစ်ကြည်မှုခိုင်မာရေးအတွက် မေတ္တာရပ်ခံကြေညာချက်

ရက်စွဲ။ ။ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်

၁။ ၂၀၂၁ မြန်မာစစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း အာဏာရှင်တို့က ပြင်းထန်စွာ ဖိနှိပ် ဖမ်းဆီး သတ် ဖြတ်မှုများကြောင့်လည်းကောင်း၊ ပြည်သူတို့၏ ပြန်လည်ခုခံတော်လှန်‌ရေးစစ်ပွဲများ ကျယ်ပြန့်လာ သည့်အတွက်ကြောင့်လည်းကောင်း၊ အဓမ္မစစ်မှုထမ်းစေခိုင်းမှုကြောင့်လည်းကောင်း၊ မြန်မာနိုင်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်ကယိုယွင်းပျက်စီးသွားခြင်းကြောင့်လည်းကောင်း၊ မြန်မာ နိုင်ငံသား အမြောက်အမြားသည် ထိုင်းနိုင်ငံအတွင်းသို့ အလုံးအရင်းနှင့် ရွှေ့ပြောင်းရောက်ရှိလာခဲ့ကြ ပါသည်။

၂။ ထိုင်းအစိုးရအနေနှင့် ရောက်ရှိလာသူများကို အတတ်နိုင်ဆုံးနားလည်မှုထား လက်ခံစောင့်ရှောက် ပေးပြီး၊ တရားဝင်မှတ်ပုံတင်နေထိုင်ခွင့် ပန်းရောင်ကတ် (Non-Thai Identification Card)၊ အလုပ် လုပ်ခွင့်(Work Permit)၊ကာလရှည်နေထိုင်ခွင့်(Yearly Visa)များကိုခွင့်ပြုပေးထားပါသည်။ ရောက်ရှိ လာသူ မြန်မာအများစုသည် တရားဝင်ခွင့်ပြုချက်နှင့်အညီ မှတ်ပုံတင်၍ သတ်မှတ်စည်းကမ်းဥပဒေ များနှင့်အညီ နေထိုင်လျက်ရှိပါသည်။

၃။ မဲဆောက်လူမှုအသိုက်အဝန်း (Mae Sot Social Network)သည် မဲဆောက်ဒေသတွင် ရောက်ရှိနေ ထိုင်သူ မြန်မာများက ၂၀၂၃ ခုနှစ်ကတည်းက စုဖွဲ့ထားသည့် အဖွဲ့၀င် ၇၀၀ ခန့်ရှိသော လူမှုရေး ကွန်ရက်တစ်ခုဖြစ်ပြီး၊ မြန်မာများအချင်းချင်း အပြန်အလှန်ရိုင်းပင်းကူညီကာ၊ ထိုင်းနှင့် မြန်မာ လူမှု အသိုက်အဝန်းနှစ်ခုအကြား သဟဇာတဖြစ်မှုနှင့်ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်တည်ဆောက်ပေးနေ သည့် အဖွဲ့အစည်းဖြစ်ပါသည်။

၄။ ထိုင်းနိုင်ငံအတွင်း လက်ရှိပေါ်ပေါက်နေသော တရားဥပဒေချိုးဖောက်သူ မြန်မာ နိုင်ငံသား အချို့၏ အကြမ်းဖက်လုပ်ရပ်ကြောင့် ဇန်နဝါရီ (၁၁)ရက်နေ့က စမွတ်ပရကန်တွင် ထိုင်းလူမျိုးပါဆယ်ပို့ဆောင် သူတစ်ဦး ထိခိုက်နာကျင်ခဲ့ရခြင်းနှင့် ၊ ဇန်နဝါရီ (၁၉)ရက်နေ့က မဲဆောက်တွင် တရားမဝင်လက်နက် ရောင်းဝယ်မှုကို ထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးစဥ် မြန်မာတစ်ဦးက ပစ်ခတ်မှုကြောင့် လုံခြုံရေးဆောင်ရွက်နေသူ ရဲတပ် ကြပ်ကြီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရခဲ့
သည့်သတင်းများ ကြားသိရသဖြင့် များစွာစိတ်မ ကောင်း ဖြစ်မိပါသည်။ ကျူးလွန်သူမြန်မာနိုင်ငံသားအချို့ကြောင့် ထိုင်းပြည်သူများ ထိခိုက်နာကျင်မှု နှင့် ထိုင်းလူ့အဖွဲ့ အစည်းအတွင်း ထိတ်လန့်မှုများပေါ်ပေါက်ခဲ့ရသည်ကို မိမိတို့ အနေဖြင့် စာနာ နား လည်မိကြောင်း ဖော်ပြလိုပါသည်။ ကျူးလွန်သူအသီးသီးက အမြင်မှန်ရပြီး ထိုင်းလူ့အဖွဲ့အစည်းကို ဝန်ချတောင်းပန်ခြင်းနှင့် ထိုင်းအာဏာပိုင်များထံ လာရောက်အဖမ်းခံခြင်းကို တွေ့မြင်ရသဖြင့်လည်း
ကျူးလွန်သူတို့၏ နောင်တတရားနှင့် တာဝန်ယူမှုကို အသိအမှတ်ပြုပါသည်။

၅။ ထိုင်းအာဏာပိုင်များအနေဖြင့် ဥပဒေချိုးဖောက်ကျူးလွန်သူများအား တရားဥပဒေနှင့်အညီ အရေးယူခြင်းကို မိမိတို့အနေဖြင့် နားလည်လက်ခံပါသည်။ သို့သော် အမှုအခင်းများနှင့် သက်ဆိုင်ခြင်း မရှိဘဲ တရားဥပဒေနှင့်အညီ ရိုးသားဖြောင့်မှန်စွာ နေထိုင် လုပ်ကိုင် စားသောက် နေသော မြန်မာ နိုင်ငံသားများကို ရာဇဝတ်မှုကျူးလွန်သူများနှင့် တစ်တန်းထဲထားရှိ အပြစ်မမြင်သင့်ကြောင်း အနူး အညွတ် မေတ္တာရပ်ခံလိုပါသည်။ အဆိုပါ တရားဥပဒေနှင့်အညီ ရိုးသားဖြောင့်မှန်စွာ နေထိုင် လုပ်ကိုင် စား သောက်နေကြသော မြန်မာနိုင်ငံသားများအပေါ်တွင် တရားဥပဒေ၏အကာအကွယ် အပြည့်အဝ ပေးနိုင်ပါရန် တောင်းခံအပ်ပါသည်။

၆။ ထိုင်းရောက် မြန်မာလူမှုအသိုက်အဝန်းကို အထူးမေတ္တာရပ်ခံပန်ကြားလိုသည်မှာ -----

(က) ထိုင်းနိုင်ငံ၏ ဥပဒေနှင့် စည်းမျဥ်းစည်းကမ်းများ၊ ဒေသန္တရစည်းကမ်းများ၊ဓလေ့ထုံးတမ်းများကို အပြည့်အဝလေးစားလိုက်နာပါ။

(ခ) မြေပြင်လူမှုအသိုက်အဝန်းအကြားတွင်သာမက လူမှုကွန်ရက်တွင်ပါ ထိုင်းနှင့်မြန်မာများအကြား အမုန်းစကားပြောခြင်းနှင့် အမုန်းစကားဖြန့်ချိခြင်းကို ရှောင်ပါ။

(ဂ) ထိုင်းလူမှုအသိုက်အဝန်းက တန်ဖိုးထားလက်ခံကျင့်သုံးသော လူနေမှုပုံစံများအတိုင်း နေထိုင်ပါ။

(ဃ) အများနှင့်သက်ဆိုင်သော Public place များတွင် အရက် ဘီယာသောက်စားခြင်း၊ ကွမ်းယာ စားခြင်း၊ ဆေးလိပ်သောက်ခြင်း လုံးဝရှောင်ကြဥ်ပါ။

(င) အော်ဟစ်ဆူညံခြင်းကိုမနှစ်သက်သည့် ထိုင်းနိုင်ငံသားများကို လေးစားသည့်အနေဖြင့် အများ နှင့်သက်ဆိုင်သော Public place များတွင် သီချင်းသီဆိုတီးမှုတ်ခြင်း၊ အုပ်စုဖွဲ့ဆူညံခြင်း၊ ငြင်းခုံရန် ဖြစ်ခြင်း မပြုသင့်ပါ။

(စ) မိမိနေအိမ်တွင်လည်း ဘေးအိမ်နီးချင်းကြားရအောင် ဝိုင်းဖွဲ့ဆူညံခြင်း၊ သီချင်းသီဆိုတီးမှုတ်ခြင်း၊ စကားများရန်ဖြစ်ခြင်း မပြုသင့်ပါ။

(ဆ) တရားဥပဒေနှင့်မညီညွတ်သော နေထိုင်သွားလာမှုအပါအဝင် တရားဥပဒေနှင့်မညီညွတ်သော မည်သည့်ကိစ္စရပ်မဆို ပါဝင်ပတ်သက်ခြင်း မပြုသင့်ပါ။

(ဇ) ထိုင်းနိုင်ငံ၏ နိုင်ငံရေး၊ အုပ်ချုပ်ရေးကိစ္စများတွင်ပါဝင်ပတ်သက်ခြင်း မပြုသင့်ပါ။

(စျ) ထိုင်းစကားနှင့် ထိုင်းစာကို အချိန်ပေး လေ့လာသင်ယူပါ။

(ည) ထိုင်း-မြန်မာ ချစ်ကြည်ရေးအသင်းအဖွဲ့များနှင့် ချစ်ကြည်ရေးလှုပ်ရှားမှုများတွင်ပါဝင်ပြီး၊ ထိုင်း လူ့အဖွဲ့အစည်းကို အကျိုးပြုပါ။

၇။ မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ၏တရားဥပဒေကို လေးစားလိုက်နာမှုရှိအောင် ဆောင်ရွက်ရာ တွင်သော်လည်းကောင်း၊ မူးယစ်ဆေးဝါး၊ ကျားဖျန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ၊ လောင်းကစား၊ လက် နက်နှင့် လူမှောင်ခိုကူးမှုများကို တိုက်ဖျက်ရာတွင်သော်လည်းကောင်း၊ ထိုင်းအာဏာပိုင်များ၊ ထိုင်း အရပ် ဘက်အဖွဲ့အစည်းများနှင့်အတူ အပြုသဘောဆောင်စွာပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိ ကြောင်း မိမိတို့မဲဆောက်လူမှုကွန်ရက် MSN က ထုတ်ပြန်ကြေညာအပ်ပါသည်။



မဲဆောက်လူမှုကွန်ရက်
Maesot Social Network (MSN)

[email protected]

+669 28179593
+669 90481781
+669 54539477
------------------------------------

“A Goodwill Appeal Aimed at Fostering Mutual Harmony and Further Strengthening Friendly Relations Between the Communities of Thailand and Myanmar.”

Date: 2026 January 22

1.
Following the military takeover in Myanmar in 2021, the country has experienced severe political, economic, and social deterioration. This situation has been exacerbated by widespread repression, including arrests and loss of life, the expansion of armed resistance, and the implementation of compulsory military service. As a result, a significant number of Myanmar nationals have been compelled to migrate to the Kingdom of Thailand in large numbers.

2.
The Government of Thailand has, to the extent possible, demonstrated understanding and humanitarian consideration by receiving those who have arrived, and by providing access to legal registration and residency mechanisms, including Non Thai Identification Cards (Pink Cards), work permits, and long term (yearly) visas. Most Myanmar nationals currently residing in Thailand have completed proper registration and are living and working in accordance with applicable laws and regulations.

3.
The Mae Sot Social Network (MSN) is a community based civil society network formed in 2023 by Myanmar residents living in the Mae Sot area. With approximately 700 members, the network promotes mutual support within the Myanmar community and actively works to strengthen harmony, mutual understanding, and friendly relations between the Thai and Myanmar social communities.

4.
We have learned with deep concern of recent incidents involving violent acts committed by a small number of Myanmar nationals who violated the law. These include the injury of a Thai parcel delivery worker in Samut Prakan on 11 January, and the serious injury sustained by a Thai police sergeant during an operation against illegal fi****ms trafficking in Mae Sot on 19 January. We sincerely regret these incidents and express our deep sympathy for the harm suffered and the sense of fear they have caused within Thai society. We wish to convey our understanding of the distress experienced by the Thai public because of these actions. At the same time, we acknowledge that the individuals responsible have expressed remorse, offered apologies to Thai society, and surrendered themselves to Thai authorities. We recognize these actions as an indication of accountability and responsibility.

5.
We fully understand and respect the right and duty of the Thai authorities to act against offenders in accordance with the rule of law. However, we humbly and respectfully appeal that law abiding Myanmar nationals—who live, work, and earn their livelihoods honestly and in compliance with the law—should not be viewed or treated as equivalent to those who have committed criminal acts. We respectfully request that full legal protection be afforded to such law abiding individuals in accordance with Thai law.

6.
We would like to make the following respectful appeals to the Myanmar community residing in Thailand:

(a) To fully respect and comply with the laws, regulations, local rules, and cultural traditions of Thailand.

(b) To refrain from using or disseminating hate speech, both within local communities and on social media, between Thai and Myanmar communities.

(c) To live in accordance with the norms and lifestyles valued and practiced within Thai society.

(d) To strictly refrain from consuming alcohol, betel nut, or smoking in public places.

(e) In respect of Thai social norms that value quiet and order, to avoid singing, loud group activities, or disputes in public places.

(f) To avoid loud gatherings, music, or conflicts within residential areas that may disturb neighbors.

(g) To refrain from any involvement in unlawful activities, including illegal residence or movement.

(h) To abstain from involvement in Thailand’s political and administrative affairs.

(i) To invest time and effort in learning the Thai language and script.

(j) To participate in Thai Myanmar friendship associations and goodwill activities, and to contribute positively to Thai society.

7.
The Mae Sot Social Network (MSN) hereby declares its readiness to work constructively and cooperatively with Thai authorities and Thai civil society organizations in promoting respect for Thai law among Myanmar nationals, and in combating narcotics, online scam networks, human trafficking, gambling, illegal arms trade, and related transnational crimes.

Mae Sot Social Network (MSN)

[email protected]

+669 28179593
+669 90481781
+669 54539477
----------------------------------

“คำแถลงเชิงไมตรีจิต เพื่อเสริมสร้างความเข้าใจอันดี ความสามัคคี และความสัมพันธ์ฉันมิตรอันยั่งยืนระหว่างชุมชนไทยและชุมชนเมียนมา”

วันที่ : 22 มกราคม 2569 (2026)
1.
ภายหลังการยึดอำนาจของกองทัพในประเทศเมียนมาเมื่อปี พ.ศ. 2564 ประเทศเมียนมาได้ประสบกับภาวะเสื่อมถอยอย่างรุนแรงในมิติทางการเมือง เศรษฐกิจ และสังคม สถานการณ์ดังกล่าวยิ่งทวีความรุนแรงมากขึ้นจากการปราบปรามอย่างกว้างขวาง อันรวมถึงการจับกุม การสูญเสียชีวิต การขยายตัวของการต่อต้านด้วยอาวุธ ตลอดจนการบังคับเกณฑ์ทหาร ส่งผลให้ประชาชนชาวเมียนมาจำนวนมากจำต้องอพยพเคลื่อนย้ายเข้ามายังราชอาณาจักรไทยเป็นจำนวนมาก

2.
รัฐบาลแห่งราชอาณาจักรไทยได้แสดงถึงความเข้าใจและมนุษยธรรมเท่าที่ขีดความสามารถจะเอื้ออำนวย โดยเปิดรับและจัดให้มีระบบการขึ้นทะเบียนและการพำนักอย่างถูกต้องตามกฎหมาย อาทิ บัตรประจำตัวบุคคลซึ่งมิใช่สัญชาติไทย (บัตรสีชมพู) ใบอนุญาตทำงาน และวีซ่าระยะยาว (รายปี) ทั้งนี้ ชาวเมียนมาส่วนใหญ่ที่พำนักอยู่ในประเทศไทยในปัจจุบันได้ดำเนินการขึ้นทะเบียนอย่างถูกต้อง และดำรงชีวิตรวมถึงประกอบอาชีพตามกฎหมายและระเบียบที่เกี่ยวข้อง

3.
เครือข่ายสังคมแม่สอด (Mae Sot Social Network: MSN) เป็นเครือข่ายภาคประชาสังคมระดับชุมชน ซึ่งก่อตั้งขึ้นในปี พ.ศ. 2566 โดยชาวเมียนมาที่พำนักอาศัยอยู่ในพื้นที่อำเภอแม่สอด ปัจจุบันมีสมาชิกประมาณ 700 คน โดยเครือข่ายดังกล่าวมุ่งส่งเสริมการช่วยเหลือเกื้อกูลซึ่งกันและกันภายในชุมชนชาวเมียนมา และดำเนินกิจกรรมอย่างต่อเนื่องเพื่อเสริมสร้างความกลมเกลียว ความเข้าใจอันดี และความสัมพันธ์ฉันมิตรระหว่างชุมชนไทยและชุมชนเมียนมา

4.
พวกเรามีความห่วงกังวลอย่างยิ่งต่อเหตุการณ์ความรุนแรงที่เกิดขึ้นล่าสุด ซึ่งมีชาวเมียนมาจำนวนน้อยบางรายกระทำการอันเป็นการฝ่าฝืนกฎหมาย อาทิ เหตุการณ์ที่พนักงานส่งพัสดุชาวไทยได้รับบาดเจ็บในจังหวัดสมุทรปราการเมื่อวันที่ 11 มกราคม และเหตุการณ์ที่นายตำรวจชั้นประทวนได้รับบาดเจ็บสาหัสระหว่างการปฏิบัติหน้าที่จับกุมขบวนการค้าอาวุธปืนผิดกฎหมายในอำเภอแม่สอดเมื่อวันที่ 19 มกราคม พวกเราขอแสดงความเสียใจอย่างสุดซึ้งต่อเหตุการณ์ดังกล่าว และขอแสดงความเห็นใจอย่างจริงใจต่อความสูญเสีย ความบาดเจ็บ และความหวาดวิตกที่ได้เกิดขึ้นภายในสังคมไทย
พวกเรารับรู้และเข้าใจถึงความทุกข์ใจและความกังวลของประชาชนไทยอันเนื่องมาจากการกระทำเหล่านี้ ในขณะเดียวกัน ก็รับทราบด้วยว่าผู้กระทำความผิดได้แสดงความสำนึกผิด ขอโทษต่อสังคมไทย และเข้ามอบตัวต่อเจ้าหน้าที่ของรัฐ ซึ่งพวกเราขอรับรองการกระทำดังกล่าวว่าเป็นการแสดงออกถึงความรับผิดชอบและความตระหนักในผลของการกระทำของตน

5.
พวกเราขอแสดงความเข้าใจและเคารพต่อสิทธิและหน้าที่ของเจ้าหน้าที่ไทยในการดำเนินการบังคับใช้กฎหมายต่อผู้กระทำความผิดตามหลักนิติธรรม อย่างไรก็ดี พวกเราขอกราบเรียนด้วยความเคารพและอ่อนน้อมว่า ชาวเมียนมาที่เป็นผู้ปฏิบัติตามกฎหมาย ใช้ชีวิต ทำงาน และประกอบอาชีพอย่างสุจริตภายใต้กรอบกฎหมาย ไม่ควรถูกเหมารวม หรือถูกปฏิบัติในลักษณะเดียวกับผู้ที่กระทำความผิดทางอาญา
พวกเราขอความกรุณาให้ชาวเมียนมาที่ปฏิบัติตามกฎหมายได้รับความคุ้มครองตามกฎหมายไทยอย่างเต็มที่ตามสิทธิเช่นเดียวกับบุคคลทั่วไป

6.
พวกเราขอเรียนแสดงคำขอความร่วมมือด้วยความเคารพต่อชุมชนชาวเมียนมาที่พำนักอยู่ในประเทศไทย ดังต่อไปนี้
(ก) เคารพและปฏิบัติตามกฎหมาย ระเบียบข้อบังคับ กฎท้องถิ่น และขนบธรรมเนียมประเพณีของประเทศไทยอย่างเคร่งครัด
(ข) หลีกเลี่ยงการใช้หรือเผยแพร่ถ้อยคำแห่งความเกลียดชัง ทั้งในชีวิตประจำวันและบนสื่อสังคมออนไลน์ ซึ่งอาจก่อให้เกิดความขัดแย้งระหว่างชุมชนไทยและเมียนมา
(ค) ดำรงชีวิตให้สอดคล้องกับแบบแผนการดำเนินชีวิตและคุณค่าที่สังคมไทยยึดถือ
(ง) งดเว้นโดยเด็ดขาดจากการดื่มสุรา เบียร์ การเคี้ยวหมาก และการสูบบุหรี่ในที่สาธารณะ
(จ) เคารพวัฒนธรรมทางสังคมของไทยซึ่งให้ความสำคัญกับความสงบเรียบร้อย โดยหลีกเลี่ยงการร้องเพลง การชุมนุมเสียงดัง หรือการทะเลาะวิวาทในที่สาธารณะ
(ฉ) หลีกเลี่ยงการจัดกิจกรรมที่ก่อเสียงดัง การเปิดเพลง หรือการทะเลาะวิวาทในบริเวณที่พักอาศัย ซึ่งอาจรบกวนเพื่อนบ้าน
(ช) ไม่เข้าไปมีส่วนเกี่ยวข้องกับกิจกรรมใด ๆ ที่ขัดต่อกฎหมาย รวมถึงการพำนักหรือการเดินทางโดยผิดกฎหมาย
(ซ) งดเว้นการเข้าไปมีส่วนเกี่ยวข้องกับกิจกรรมทางการเมืองและการบริหารราชการของประเทศไทย
(ฌ) ให้ความสำคัญกับการเรียนรู้ภาษาไทยและอักษรไทย
(ญ) เข้าร่วมกิจกรรมของสมาคมหรือเครือข่ายมิตรภาพไทย–เมียนมา และมีส่วนร่วมในการสร้างประโยชน์ให้แก่สังคมไทย

7.
เครือข่ายสังคมแม่สอด (MSN) ขอประกาศเจตนารมณ์ถึงความพร้อมในการร่วมมืออย่างสร้างสรรค์และเป็นมิตรกับหน่วยงานภาครัฐไทยและองค์กรภาคประชาสังคมไทย ในการส่งเสริมการเคารพกฎหมายไทยในหมู่ชาวเมียนมา ตลอดจนการร่วมกันป้องกันและปราบปรามยาเสพติด ขบวนการหลอกลวงออนไลน์ การค้ามนุษย์ การพนัน การค้าอาวุธผิดกฎหมาย และอาชญากรรมข้ามชาติที่เกี่ยวข้อง

เครือข่ายสังคมแม่สอด (Mae Sot Social Network – MSN)
📧 [email protected]
📞 +66 9 2817 9593
📞 +66 9 9048 1781
📞 +66 9 5453 9477
-----------------------------------

မဲဆောက်တွင် ပစ်ခတ်ခံရသည့် ထိုင်းရဲအတွက် မြန်မာအမျိုးသမီးတစ်ဦး သွေးလှူဒါန်း၊ ရဲမိသားစုက ကျေးဇူးတင်စကားဆို 21 Jan 2026 By ...
21/01/2026

မဲဆောက်တွင် ပစ်ခတ်ခံရသည့် ထိုင်းရဲအတွက် မြန်မာအမျိုးသမီးတစ်ဦး သွေးလှူဒါန်း၊ ရဲမိသားစုက ကျေးဇူးတင်စကားဆို

21 Jan 2026 By MPA

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ 7-Eleven ဆိုင်အနီးတွင် မြန်မာနိုင်ငံသားတစ်ဦး၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် ထိုင်းရဲတပ်ကြပ်ကြီးအတွက် မြန်မာအမျိုးသမီးတစ်ဦးက ဆေးရုံသို့ကိုယ်တိုင်သွားရောက်ကာ သွေးလှူဒါန်းပေးခဲ့သည့်ဖြစ်စဉ်သည် လူမှုကွန်ရက်တွင် လူအများ၏ ချီးကျူးမှုကို ရရှိနေသည်။

Alice Honey ဆိုသည့် အမျိုးသမီးသည် မဲဆောက်ဆေးရုံသို့ သွားရောက်ကာ ပစ်ခတ်ခံရသည့် ရဲတပ်ကြပ်ကြီးအတွက် သွေးလှူဒါန်းမှုပြုလုပ်စဉ် ရဲတပ်ကြပ်ကြီး၏ ဇနီးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

၎င်းက ရဲတပ်ကြပ်ကြီးအတွက် သွေးလှူဒါန်းလိုကြောင်း ပြောကြားခဲ့ရာ ဇနီးဖြစ်သူက ဝမ်းသာအားရဖြင့် လက်ခံခဲ့ပြီး လိုအပ်သည့်စာရွက်စာတမ်းများကို ကိုယ်တိုင်ဖြည့်စွက်ပေးခဲ့ကာ ဘေးနားရှိ ထိုင်းအသိမိတ်ဆွေများကိုလည်း မြန်မာမလေးက သွေးလာလှူပေးတယ် ဟု ဝမ်းသာပီတိဖြစ်စွာ ပြောပြခဲ့ကြောင်း သိရသည်။

သွေးလှူဒါန်းအပြီးတွင် အဆိုပါမြန်မာအမျိုးသမီးက ယခုကဲ့သို့ ဖြစ်ပျက်ခဲ့သည့်အတွက် မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် အလွန်စိတ်မကောင်းဖြစ်ရသလို၊ တောင်းပန်ပါတယ် ဟု ပြောကြားခဲ့ရာ ရဲတပ်ကြပ်ကြီး၏ ဇနီးက "ရပါတယ်၊ တောင်းပန်ဖို့ မလိုပါဘူး။ အခုလို လာရောက်ကူညီတာကိုပဲ အရမ်းဝမ်းသာပြီး ကျေးဇူးတင်ပါတယ်" ဟု ကြည်ဖြူစွာ ပြန်လည်ပြောကြားခဲ့သည်။

လက်ရှိတွင် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည့် ရဲတပ်ကြပ်ကြီးမှာ အသက်ဘေးအန္တရာယ်မှ လွတ်မြောက်သွားပြီဖြစ်သော်လည်း လိုအပ်သည့် ခွဲစိတ်ကုသမှုများကို ဆက်လက်လုပ်ဆောင်နေရဆဲ ဖြစ်သည်။

ရဲတပ်ကြပ်ကြီး၏ မိသားစုဝင်များကလည်း မြန်မာနိုင်ငံသားအားလုံးကိုယ်စား တောင်းပန်မှုကို နားလည်စွာဖြင့် လက်ခံခဲ့ကြကြောင်း သိရသည်။

သွေးလှူရှင် Alice Honey က "မြန်မာနိုင်ငံသားတစ်ဦးအနေနဲ့ တာဝန်သိစိတ်နဲ့ အခုလို ကူညီခွင့်ရတဲ့အတွက် ပီတိဖြစ်ရပါတယ်" ဟု သူမ၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

ယခုလုပ်ရပ်သည် မဲဆောက်ရှိ မြန်မာနိုင်ငံသားများအပေါ် ထိုင်းအာဏာပိုင်များနှင့် ပြည်သူများ၏ အမြင်မလွဲမှားစေရန်နှင့် နှစ်နိုင်ငံသားများကြား လူသားချင်းစာနာမှုကို ဖော်ပြနိုင်ခဲ့သည့် လုပ်ရပ်တစ်ခုလည်း ဖြစ်သည်။

ပစ်ခတ်မှုကျူးလွန်သူကြောင့် မြန်မာနိုင်ငံသားများအပေါ် အမြင်စောင်းမှုများ ရှိနေချိန်တွင် ယခုကဲ့သို့ တာဝန်သိစွာ သွေးသွားရောက်လှူဒါန်းသည့် လုပ်ရပ်မှာ မြန်မာအသိုင်းအဝိုင်းအတွက် ဂုဏ်ယူဖွယ်ရာ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

Card: Myanmar Press Photo သတင်းပေ့ခ်ျမှကူးယူပါသည်။

ဓာတ်ပုံ - Alice Honey Facebook

#မဲဆောက်မြို့ #ထိုင်းရဲ #မြန်မာအမျိုးသမီး #သွေးလှူဒါန်း

 # Weekly Crime and Incident Summary in Mae SotHere is a consolidated summary of five worrying crimes and unusual incide...
21/01/2026

# Weekly Crime and Incident Summary in Mae Sot

Here is a consolidated summary of five worrying crimes and unusual incidents that occurred in Mae Sot over the past week, gathered for easy reading in one place.

---

#1. Attempted Robbery and Murder of Transgender Individual “Cele Erawady Ma”

A transgender LGBT individual, *Cele Erawady Ma*, who had arrived in Mae Sot, was murdered after going to a pre-arranged meeting and never returning.
The perpetrator stole her belongings, including her **iPhone 17 Pro Max** and gold jewelry, and then killed her before dumping her body by the roadside.
Although the suspect has already been identified, he has not yet been arrested.

#2. Shootout Between Illegal Fi****ms Dealers and Thai Police

Two individuals involved in illegal gun trading in Mae Sot were confronted by Thai police, leading to an **exchange of gunfire** between both sides.
During the shootout, **one Thai police officer was injured** by gunfire.
Following the incident, the police **sealed off and secured the entire area**.

---

#3. Vehicle Overturn Accident Involving Human Smuggling

A vehicle illegally transporting undocumented migrants attempted to evade inspection checkpoints in Mae Sot by speeding through them. It collided with a motorcycle and **overturned by the roadside**, flipping onto its wheels.
Both the passengers in the vehicle and the motorcyclists sustained injuries.
Authorities were also able to **identify and apprehend the illegal migrants** involved.

---

#4. Arrest of a Motorcycle Theft Gang

Thai police arrested a gang that had been repeatedly stealing motorcycles around Mae Sot.
A press briefing was held at the Mae Sot police station, where the seized stolen motorcycles and helmets were displayed to the media alongside the arrested suspects.

---

#5. Public Fight at Mae Sot Market

A loud altercation erupted in the crowded Mae Sot marketplace, escalating into a **physical fight** between involved individuals.
The incident caused panic inside the market, forcing vendors and shoppers to flee to safety.
Authorities are currently questioning the individuals involved and will proceed with necessary legal action.

---

Original Author: Myo Yan Paing

---

 #ဆဝါဒီခပ်ထိုင်းရောက် မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံနှင့် ထိုင်းပြည်သူများထံ အောက်ပါအတိုင်း မေတ္တာရပ်ခံချက် ပေးပို့ထ...
20/01/2026

#ဆဝါဒီခပ်
ထိုင်းရောက် မြန်မာအလုပ်သမားများက ထိုင်းနိုင်ငံနှင့် ထိုင်းပြည်သူများထံ အောက်ပါအတိုင်း မေတ္တာရပ်ခံချက် ပေးပို့ထားပါတယ်။

--------------------------------------------

ถึง พี่น้องชาวไทยที่เคารพรักทุกท่านครับ-🙏
To Our Beloved Thai Brothers and Sisters,🙏
ချစ်လှစွာသော ထိုင်းနိုင်ငံသူ နိုင်ငံသား ညီအစ်ကိုမောင်နှမများထံသို့-🙏

จากสถานการณ์ความขัดแย้งที่เกิดขึ้นในขณะนี้ ผมในฐานะแรงงานเมียนมาคนหนึ่ง อยากขอความเห็นใจและขอพื้นที่ชี้แจงจากใจจริงครับ

ขอให้ลงโทษเฉพาะผู้กระทำผิดจริง: หากมีคนพม่าที่ทำผิดกฎหมายหรือสร้างความเดือดร้อนจริง ขอให้เจ้าหน้าที่ดำเนินการตามกฎหมายกับบุคคลนั้นอย่างเด็ดขาด แต่ขอความกรุณา อย่าเหมารวม และอย่าใช้ความรุนแรงกับแรงงานผู้บริสุทธิ์ที่ไม่รู้อีโหน่อีเหน่เลยครับ

พวกเรามาเพื่อทำงาน ไม่ได้มาเพื่อหาเรื่อง: แรงงานเมียนมาส่วนใหญ่เป็นเพียงคนหาเช้ากินค่ำ เป็นชนชั้นแรงงานที่เข้ามาพึ่งใบบุญประเทศไทยเพื่อเลี้ยงปากท้อง เราเจียมตัวและ ไม่มีความคิดที่จะไปท้าทาย หรือคิดร้ายต่อเจ้าของบ้านอย่างคนไทย แน่นอนครับ

คนก่อเรื่องไม่ใช่ตัวแทนของพวกเรา: กลุ่มคนที่สร้างปัญหา อาจเป็นเพียงคนส่วนน้อยที่มีจุดประสงค์แอบแฝง ซึ่งพฤติกรรมก้าวร้าวเหล่านั้น ไม่ใช่นิสัยของแรงงานเมียนมาส่วนใหญ่ ที่รักสงบและตั้งใจทำมาหากินครับ

เรารักประเทศไทย: พวกเราสำนึกในบุญคุณของแผ่นดินไทยที่ให้โอกาสเราได้มีงานทำ เราเคารพกฎหมายและรักคนไทยเหมือนพี่น้อง

สุดท้ายนี้ ขอความเมตตาจากพี่น้องชาวไทย โปรดแยกแยะระหว่างคนผิดกับคนบริสุทธิ์ และขอให้พวกเราแรงงานที่สุจริตได้มีที่ยืนทำมาหากินอย่างปลอดภัยด้วยเถิดครับ
ด้วยความเคารพอย่างสูง
จาก พี่น้องแรงงานเมียนมา

#ขอบคุณคนไทย

To Our Beloved Thai Brothers and Sisters,

Given the current conflict situation, I, as a Myanmar worker, would like to sincerely express our feelings and request your understanding.

Please Punish Only the Real Wrongdoers: If there are Myanmar nationals who have genuinely broken the law or caused trouble, we ask the authorities to take strict legal action against those individuals. However, we plead for your mercy—please do not generalize or use violence against innocent workers who had no knowledge or involvement in the matter.

We Came to Work, Not to Cause Trouble: The majority of Myanmar workers are merely laborers living hand to mouth. We are from the working class who came to rely on Thailand’s opportunities to feed ourselves. We know our place and have no intention of challenging or harming our host country, Thailand, or its people.

The Troublemakers Do Not Represent Us: Those causing problems may be a small minority with hidden agendas. Their aggressive behavior does not represent the nature of most Myanmar workers, who are peace-loving and focused on making an honest living.

We Love Thailand: We are deeply grateful to Thailand for giving us job opportunities. We respect the law and cherish the Thai people as our own brothers and sisters.

Finally, we humbly ask for your compassion, Thai brothers and sisters. Please distinguish between the wrongdoers and the innocent, and allow us, the honest workers, to continue earning our livelihood safely here.

With Utmost Respect,
From Your Myanmar Worker Brothers and Sisters



ချစ်ခင်လေးစားအပ်ပါသော ထိုင်းနိုင်ငံသား ညီအစ်ကိုမောင်နှမများခင်ဗျား။🙏

လက်ရှိဖြစ်ပွားနေသော အခြေအနေများကြောင့် မြန်မာအလုပ်သမားတစ်ယောက်အနေနဲ့ ကျွန်တော်တို့ရဲ့ စိတ်ထား အမှန်ကို ဖော်ပြပြောဆိုခွင့် ရစေချင်ပါတယ်။

တကယ်ကျူးလွန်သူတွေကိုသာ အရေးယူပေးပါ။ မြန်မာလူမျိုးထဲက တစ်စုံတစ်ယောက်က တကယ်ပဲ ဥပဒေကိုချိုးဖောက် ဒါမှမဟုတ် ပြဿနာဖြစ်စေခဲ့ရင် ထိုလူတစ်ဦးချင်းကိုသာ ဥပဒေနဲ့အညီ အပြင်းအထန် အရေးယူပေးပါ။ ဒါပေမယ့် မသက်ဆိုင်တဲ့၊ အကြောင်းကိစ္စကို မသိရှိခဲ့တဲ့ အပြစ်ကင်းစင်တဲ့ အလုပ်သမားတွေကို အားလုံးသတ်မှတ်ပြီး အကြမ်းဖက်မှုတွေ မကျူးလွန်ဖို့ ကျေးဇူးပြုပြီး သနားကရုဏာ ထားပေးပါခင်ဗျား။

ကျွန်တော်တို့ဟာ အလုပ်လုပ်ဖို့လာတာ၊ အရှုပ်တော်ပုံတွေ ဖန်တီးဖို့ မလာကြပါဘူး။ မြန်မာအလုပ်သမားအများစုဟာ နေ့စားအလုပ်လုပ်ကာ အသက်မွေးဝမ်းကျောင်းပြုနေရသူတွေ၊ ထိုင်းနိုင်ငံရဲ့ ကျေးဇူးကို ခံစားရင်း ဝမ်းရေးအတွက် လာရောက်အလုပ်လုပ်ကိုင်နေကြသူတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်နေရာကိုယ် သိပြီး ကျေးဇူးရှင်အိမ်ရှင်ဖြစ်တဲ့ ထိုင်းလူမျိုးတွေကို စိန်ခေါ်တာမျိုး ဒါမှမဟုတ် မကောင်းကြံစည်တာမျိုး လုံးဝမရှိပါဘူး။

ပြဿနာဖြစ်စေသူတွေဟာ ကျွန်တော်တို့အားလုံးကို ကိုယ်စားပြုခြင်း မရှိပါဘူး။ ဒီလိုပြဿနာတွေ ဖန်တီးနေသူတွေဟာ သူတို့ကိုယ်ပိုင် လျှို့ဝှက်ရည်ရွယ်ချက်တွေရှိတဲ့ လူနည်းစုတစ်စုသာ ဖြစ်နိုင်ပါတယ်။ ဒီလို ရိုင်းပြပြီး စော်ကားတဲ့ အပြုအမူဟာ အေးချမ်းမှုကို နှစ်သက်ပြီး ပင်ပန်းကြီးစွာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား အများစုရဲ့ စရိုက်လက္ခဏာ မဟုတ်ပါဘူး။

ကျွန်တော်တို့ဟာ ထိုင်းနိုင်ငံကို ချစ်ပါတယ်။ ကျွန်တော်တို့အား အလုပ်အကိုင်အခွင့်အလမ်းတွေ ပေးအပ်ထားတဲ့ ထိုင်းနိုင်ငံရဲ့ ကျေးဇူးကို အသိအမှတ်ပြုပါတယ်။ ကျွန်တော်တို့ဟာ ဥပဒေကို လေးစားပြီး ထိုင်းလူမျိုးတွေကို မိသားစုဝင်တွေလို ချစ်ခင်ပါတယ်။

နောက်ဆုံးအနေနဲ့ ထိုင်းနိုင်ငံသား ညီအစ်ကိုမောင်နှမတွေရဲ့ ကရုဏာတော်ရရှိဖို့ ပန်ကြားလိုပါတယ်။ အပြစ်ရှိသူနဲ့ အပြစ်ကင်းစင်သူကို ခွဲခြားသိမြင်ပေးပြီး ကျွန်တော်တို့ ရိုးသားတဲ့ အလုပ်သမားတွေ လုံခြုံစွာ အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ နေရာပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

အလေးအနက်ထား လေးစားစွာဖြင့်၊
မြန်မာအလုပ်သမား ညီအစ်ကိုမောင်နှမများ

#ထိုင်းလူမျိုးတွေကိုကျေးဇူးတင်ပါတယ်။

ที่อยู่

Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Maesot Social Network - MSNผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์