NTK ထိုင်း မြန်မာ သတင်း

NTK ထိုင်း မြန်မာ သတင်း ထိုင်းရောက်မြန်မာ သိကောင်းစရာ သတင်းများ ထိုင်း မြန်မာ အလုပ်သမားရေး သတင်းအချက်လက် စာပေ ဗဟုသုတစြယ္စုံ

မြန်မာခလေး ညီအစ်မ 2 ဦး နှင့် ထိုင်းခလေး 2 ဦးအပါဝင် ချောင်းထဲရေဆင်းကစားနေစဉ် မြန်မာခလေးငယ်ညီအစ်မ 2 ဦးက ဖော့ဆိုဖာ အဟောင်းတ...
09/10/2026

မြန်မာခလေး ညီအစ်မ 2 ဦး နှင့် ထိုင်းခလေး 2 ဦးအပါဝင် ချောင်းထဲရေဆင်းကစားနေစဉ် မြန်မာခလေးငယ်ညီအစ်မ 2 ဦးက ဖော့ဆိုဖာ အဟောင်းတခုကို မှီတွယ်ပြီး ရေကူးကစားရာ ‌ဖော့ဆိုဖာ ကွဲပြတ်မှုကြောင့် အသက် 7 နှစ်အရွယ် ယုဝဒီ အမည်ရ မြန်မာခလေးငယ် 1 ဦး ရေနှစ်သေဆုံးခဲ့ရပါတယ်

9.10.2026 နေ့ လမ်လုကာရပ် လမ်လုကာမြို့နယ် ပထုံဌာနီခရိုင် တွင် ဖြစ်ပွား၍ ၎င်းခလေးငယ်များသည် ချောင်းထဲ မကြာခဏရေကစားလေ့ရှိကြကာ သေဆုံးသူမိခင်ဖြစ်သူက တားမြစ်ပြောဆိုဆုံးမသော်လည်း မလိုက်နာမှုကြောင့် ဟု ထိုင်းသတင်းက ဖော်ပြပါတယ်

ထိုင်း မြန်မာ သတင်း
#ရေနှစ်
#ခလေး
#ပထုံဌာနီ
#လမ်လုကာ

9.10.2026 ယနေ့မနက်တွင် တိုက်ခန်းကွန်ဒိုမီနီယမ် 5 ထပ်မြောက် အမှိုက်သိမ်းနေရာတခု၌ မိန်းကလေးဖြင့် မွေးကင်းစခလေးငယ်တဦးသည် အန...
09/10/2026

9.10.2026 ယနေ့မနက်တွင် တိုက်ခန်းကွန်ဒိုမီနီယမ် 5 ထပ်မြောက် အမှိုက်သိမ်းနေရာတခု၌ မိန်းကလေးဖြင့် မွေးကင်းစခလေးငယ်တဦးသည် အနက်ရောင်ပလပ်စတစ်အမှိုက်အိတ်ထဲတွင် သေဆုံးနေသည့်ရုပ်အလောင်းကို အမှိုက်လာရောက်စွန့်ပစ်သော အိမ်အကူတဦးက တွေ့ရှိပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိရဲဌာနကို အကြောင်းကြားပြီး မှုခင်းခွဲစိပ်ဆရာဝန်ထံ စုံစမ်းစစ်ဆေးရန်
ပို့ဆောင်ထား၍ သေမှုသေခင်းဥပဒေဖြင့် CCTV ကင်မရာမှ ခြေယာခံဖမ်းဆီးအရေးယူသွားမည် ဟု ထုတ်ပြန်ထားပါတယ်

ထိုင်း မြန်မာ သတင်း
#ခလေးငယ်
#မွေးကင်းစ
#စွန့်ပစ်
#ဥပဒေ

အုပ်ထိမ်းသူ ပုံမှန်လုပ်ငန်းကိစ္စသွားရောက်ကြရာ နေအိမ်ထဲ ကျန်ရှိနေသည့် ကလေး 3 ဦးသည် အကြီးဆုံးဖြစ်သူ အသက် 19 နှစ်အရွယ်တဦးက ...
09/10/2026

အုပ်ထိမ်းသူ ပုံမှန်လုပ်ငန်းကိစ္စသွားရောက်ကြရာ နေအိမ်ထဲ ကျန်ရှိနေသည့် ကလေး 3 ဦးသည် အကြီးဆုံးဖြစ်သူ အသက် 19 နှစ်အရွယ်တဦးက နေအိမ်တွင်း ရေဝင်ရောက်မှုကြောင့် ရေစုပ်စက်ဖြင့် အပြင်ကို ရေစုပ်ထုတ်နေစဉ် လျက်စစ်ဓာတ်လိုက်ခံရပြီးနောက် အိမ်နီးနားချင်းမှ အသံကြားမိ၍ လာရောက်ကြည့်ရှု့ရာမှ အသက်ဆုံးရှုံးခဲ့ပြီ ဖြစ်ပါတယ် အယုထယာခရိုင် ဟိုရောရပ်တွင် ဖြစ်ပွားပါတယ်

ထိုင်း မြန်မာ သတင်း
#လျက်စစ်
#ဓာတ်လိုက်
#ရေစုပ်စက်
#ကလေး

ထိုင်းတွင် တောဆင်ရိုင်းတိုက်ခိုက်ခံရမှုကြောင့် 2026 ခုနှစ် 1 နှစ်ထဲတွင် လူ 5 ဦး သေဆုံး၍ 6 ဦး အပြင်းထန်ဒဏ်ယာရရှိခဲ့ကြောင်...
09/10/2026

ထိုင်းတွင် တောဆင်ရိုင်းတိုက်ခိုက်ခံရမှုကြောင့် 2026 ခုနှစ် 1 နှစ်ထဲတွင် လူ 5 ဦး သေဆုံး၍ 6 ဦး အပြင်းထန်ဒဏ်ယာရရှိခဲ့ကြောင်း ထုတ်ပြန်ပါတယ် 9.10.2026 နေ့ မနက်ပိုင်းတွင်လည်း ကျန်ထဘုရီခရိုင် ကဲန်ဟန်မြောင်မြို့နယ် ခွန်စောင်ရပ် ဝပ်ဝမ်ကျဲန်ဘုန်း‌ကြီးကျောင်းအနီး ရော်ဘာခြံထဲ အသက် 57 နှစ်အရွယ် အမျိုးသမီး တောဆင်ရိုင်းဝင်ရောက်တိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရဟု သိရပါတယ်

ထိုင်း မြန်မာ သတင်း
#တောဆင်ရိုင်း
#ရော်ဘာခြံ
#ထိုင်း

ထိုင်းနိုင်ငံ မိုးလေဝါသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (TMD) ၏ ထုတ်ပြန်ချက်များအရ လက်ရှိကာလသည် မိုးရာသီကုန်ဆုံးခါနီးနှင့...
09/10/2026

ထိုင်းနိုင်ငံ မိုးလေဝါသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (TMD) ၏ ထုတ်ပြန်ချက်များအရ လက်ရှိကာလသည် မိုးရာသီကုန်ဆုံးခါနီးနှင့် ဆောင်းရာသီသို့ အကူးအပြောင်းကာလဖြင့်

​ တရုတ်နိုင်ငံဘက်မှ လေဖိအားနည်းရပ်အားကြီး သို့မဟုတ် အေးမြသောလေထု အပေါ်ပိုင်းသို့ စတင်သက်ရောက်မှု ရှိလာသောကြောင့် မိုးသည်းထန်ခြင်း လေပြင်းတိုက်ခတ်ခြင်းတို့နှင့်အတူ ရာသီဥတု မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲ ဟု သိရပါတယ်

​ပုံမှန်အားဖြင့် ထိုင်းနိုင်ငံတွင် ဆောင်းရာသီကာလသည် အောက်တိုဘာလ ဒုတိယပတ် သို့မဟုတ် လကုန်ပိုင်းမှစ၍ နိုဝင်ဘာလအစောပိုင်းတွင်မှ တရားဝင် စတင်လေ့ရှိပါတယ်

မြောက်ပိုင်း တောင်ပေါ်ဒေသများတွင်မူ မနက်ခင်းနှင့် ညဘက်များ၌ အေးမြစပြုလာသော်လည်း မြေပြန့်ဒေသများနှင့် အလုံးစုံ ဆောင်းရာသီအသွင် ကူးပြောင်းရန် အချိန်အနည်းငယ် ထပ်စောင့်ရဦးမည် ဟု သိရပါတယ်

​ယခုလက်ရှိတွင်မူ တောင်ပေါ်ဒေသအချို့၌ လေထုအေးစပြုလာသော်လည်း မိုးတွင်းလက်ကျန် မိုးရွာသွန်းမှုနှင့် ရာသီဥတု မငြိမ်မသက်မှုများကို သတိပြုရမည့်ကာလ ဟု သိရပါတယ်

ထိုင်း မြန်မာ သတင်း
#ဆောင်းရာသီ
#မြောက်ပိုင်း
#ထိုင်း

ယနေ့မနက်ပိုင်း ထိုင်းရွှေဈေးသတင်းအရသည် 550 + ဘတ် ဈေးခုန်တက်သွားဟု သိရပါတယ်လက်ဝတ်ရတနာရွှေ 1 ဘတ်သား 96.5 %‌ရာခိုင်နူန်း‌သည...
09/10/2026

ယနေ့မနက်ပိုင်း ထိုင်းရွှေဈေးသတင်းအရသည် 550 + ဘတ် ဈေးခုန်တက်သွားဟု သိရပါတယ်

လက်ဝတ်ရတနာရွှေ 1 ဘတ်သား 96.5 %‌ရာခိုင်နူန်း‌သည်
ဆိုင်ဝယ်ဈေး - 64778 ဘတ်
ဆိုင်ရောင်းဈေး - 67100 ဘတ်

ရွှေချောင်းရွှေတုံး 1 ဘတ်သားသည်
ဆိုင်ဝယ်ဈေး - 66100 ဘတ်
ဆိုင်ရောင်းဈေး - 66300 ဘတ် ဟု ထုတ်ပြန်ထားပါတယ်

ထိုင်း မြန်မာ သတင်း
#ထိုင်းရွှေ
#1ဘတ်သား

ထိုင်းမိုးလေဝါသဌာန (TMD) ၏ ထုတ်ပြန်ချက်အရ အောက်တိုဘာ 9 ရက်မှ 13 ရက်အတွင်း  ထိုင်းနိုင်ငံဒေသအချို့တွင် လေဖိအားနည်းရပ်ဝန်း...
09/10/2026

ထိုင်းမိုးလေဝါသဌာန (TMD) ၏ ထုတ်ပြန်ချက်အရ အောက်တိုဘာ 9 ရက်မှ 13 ရက်အတွင်း ထိုင်းနိုင်ငံဒေသအချို့တွင် လေဖိအားနည်းရပ်ဝန်းနှင့် မုတ်သုံလေအခြေအနေများကြောင့် မိုးကြီးနိုင်ကြောင်း သတိပေးချက်များ ထုတ်ပြန်ထားပါတယ် အထူးသဖြင့် ဘန်ကောက်မြို့တော်နှင့် အနီးဝန်းကျင်ဒေသများတွင် အောက်တိုဘာ 10 ရက်နှင့် 11 ရက် တို့၌ လေပြင်းတိုက်ခတ်ခြင်းနှင့်အတူ မိုးပိုမိုရွာသွန်းနိုင်သည်ဟု ခန့်မှန်းထားပါတယ်

အောက်တိုဘာလ 9-10-11ရက်တို့တွင် အရှေ့မြောက်ပိုင်းဒေသ အရှေ့ပိုင်း အလယ်ပိုင်း ဘန်ကောက်မြို့နှင့် အနီးဝန်းကျင်အပါဝင် မိုးကြီးနိုင်ကြောင်း

အောက်တိုဘာလ 12-13 ရက်တို့တွင် ထိုင်းတောင်ပိုင်းဒေသများ နေရာအနှံ့ မိုးကြီးနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်

ထိုင်း မြန်မာ သတင်း
#မိုးကြီး
#ထိုင်း
#ဘန်ကောက်

အုပ်ချုပ်ရေးမှုးထံ ဒေသခံများ တိုင်ကြားချက်အရသည် 8.10.2026နေ့ ပရာကျင်ဘုရီခရိုင် ကဘင်ဘုရီမြို့နယ်နောင်နန်း  မှန်တိုင် 33လမ...
08/10/2026

အုပ်ချုပ်ရေးမှုးထံ ဒေသခံများ တိုင်ကြားချက်အရသည် 8.10.2026နေ့ ပရာကျင်ဘုရီခရိုင် ကဘင်ဘုရီမြို့နယ်နောင်နန်း မှန်တိုင် 33လမ်းဘေး စုဝမ်နစောင် လမ်းဘေးနေရာများသည် တရက်ထဲ ဒေသခံများ အကြောင်းကြားမှုအရဖြင့် ရရှိလာအချက်လက်များကို စိစစ်ပြီးနောက် မိချောင်း 4 ကောင်အထိ ရေကြီးမှုတွင် လွတ်ထွက်လာပြီး ခိုအောင်းနေသေးကြောင်း ပရကျင်ဘုရီခရိုင်ဒေသတွင်း သတင်းက ထုတ်ပြန်ထားပါတယ်

ထိုင်း မြန်မာ သတင်း
#မိချောင်း
#ရေကြီး
#ပရကျင်ဘုရီခရိုင်

လွတ်ထွက်လာသော မိချောင်းတကောင်ကို ဒေသခံများက တွေ့ရှိထားပြီးနောက် 8.10.2026 နေ့ ရာဇ်ဘုရီခရိုင် စိုင်နမ်းဖု - နောင်နန်ဖယောင...
08/10/2026

လွတ်ထွက်လာသော မိချောင်းတကောင်ကို ဒေသခံများက တွေ့ရှိထားပြီးနောက် 8.10.2026 နေ့ ရာဇ်ဘုရီခရိုင် စိုင်နမ်းဖု - နောင်နန်ဖယောင် လမ်းဘေးတနေရာတွင် ကျွမ်းကျင်ရေလုပ်သား နှင့် နမ်းဖုအုပ်ချုပ်ရေးအဖွဲ့များ အချိန် 3 နာရီကြာ ရေများစုပ်ထုပ်ပြီးနောက် အရှည် 90 စင်တီမီတာရှိ မိချောင်းတကောင်ကို ပြန်လည်ဖမ်းဆီးရမိလိုက်ပါတယ်

ထိုင်း မြန်မာ သတင်း
#မိချောင်း
#အုပ်ချုပ်ရေး
#ရာဇ်ဘုရီခရိုင်

တရားမဝင်ခိုးဝင်မှု နှင့် မူးယစ်ဆေးဝါး လက်ဝယ်သုံးစွဲမှုဖြင့် အသက် 45 နှစ်အရွယ် မြန်မာနိုင်ငံသားတဦးကို ချင်းမိုင်ခရိုင် မဲ...
08/10/2026

တရားမဝင်ခိုးဝင်မှု နှင့် မူးယစ်ဆေးဝါး လက်ဝယ်သုံးစွဲမှုဖြင့် အသက် 45 နှစ်အရွယ် မြန်မာနိုင်ငံသားတဦးကို ချင်းမိုင်ခရိုင် မဲ့ကျန်မြို့နယ် စီခမ်းရပ်တွင် 8.10.2026 နေ့ မဲ့ကျန်ရဲတပ်ဖွဲ့အပေါင်းပါများက ရှောင်တခင်ဝင်ရောက်စစ်ဆေးဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်

ထိုင်း မြန်မာ သတင်း
#မူးယစ်ဆေး
#ချင်းမိုင်
#ရဲတပ်ဖွဲ့

ที่อยู่

Mae Sot

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ NTK ထိုင်း မြန်မာ သတင်း โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง NTK ထိုင်း မြန်မာ သတင်း:

ทางลัด

แชร์