15/07/2026
၇၉ ကြိမ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နေ့
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်၊ ကေအဲန်ယူ-ဗဟို
၇၉ ကြိမ်မြောက် KNDO နေ့အား လေးစားဂုဏ်ပြုအပ်ပါသည်။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (Karen National Defence Organisation – KNDO) သည် ကရင်အမျိုးသားလွတ်မြောက်ရေးတော်လှန်ရေး သမိုင်းတစ်လျှောက် ကရင်ပြည်သူလူထု၏ အသက်အိုးအိမ်၊ အခြေခံအခွင့်အရေးများနှင့် အမျိုးသားတန်းတူရေးကို ကာကွယ်စောင့်ရှောက်ရန်အတွက် နှစ်ပေါင်း (၇၉) နှစ်တိုင် ခိုင်မာစွာ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။
ဤအထိမ်းအမှတ်နေ့တွင် ကရင်အမျိုးသားတို့၏ လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တရားမျှတရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အသက်၊ သွေး၊ ခွန်အားများကို ပေးဆပ်စွန့်လွှတ်ခဲ့ကြသော KNDO ရဲဘော်အဆက်ဆက်နှင့် ကျဆုံးခဲ့ကြသည့် အာဇာနည်သူရဲကောင်းများအား လေးနက်စွာ ဂုဏ်ပြုအောက်မေ့အပ်ပါသည်။
ထို့အပြင် ယနေ့အချိန်အထိ ကရင်ပြည်သူလူထု၏ လုံခြုံရေး၊ ဂုဏ်သိက္ခာနှင့် အခြေခံအခွင့်အရေးများကို ကာကွယ်စောင့်ရှောက်လျက် အမျိုးသားလွတ်မြောက်ရေး၊ တရားမျှတရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအတွက် တာဝန်ထမ်းဆောင်နေကြသော KNDO ရဲဘော်များနှင့် တော်လှန်ရေးအင်အားစုအားလုံးကိုလည်း လေးစားဂုဏ်ပြုအပ်ပါသည်။
၇၉ ကြိမ်မြောက် KNDO နေ့ အခါသမယတွင် ကရင်အမျိုးသားတော်လှန်ရေး၏ ရည်မှန်းချက်များ အောင်မြင်ပြီး ကရင်ပြည်သူလူထု၏ အခွင့်အရေး၊ ဂုဏ်သိက္ခာနှင့် ငြိမ်းချမ်းလုံခြုံသော အနာဂတ်ကို ဖော်ဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
"ပြည်သူနှင့်အတူ ရပ်တည်၍ အမျိုးသားအခွင့်အရေးကို ကာကွယ်စောင့်ရှောက်ကာ တရားမျှတမှုနှင့် ငြိမ်းချမ်းသော ဖက်ဒရယ်အနာဂတ်ကို အတူတကွ တည်ဆောက်ကြပါစို့။"
79th Karen National Defence Organisation (KNDO) Day
15 July 2026,KNU-HQ
Commemorating the 79th Anniversary of the Karen National Defence Organisation (KNDO)
Established on 16 July 1947, the Karen National Defence Organisation (KNDO) has, for seventy-nine years, remained steadfast in its commitment to protecting the Karen people, safeguarding their fundamental rights, and advancing the cause of national equality and self-determination.
On this commemorative day, we pay our deepest tribute to the generations of KNDO soldiers and all those who made the ultimate sacrifice in the pursuit of freedom, justice, self-determination, and the establishment of a federal democratic union. Their courage, dedication, and sacrifice continue to inspire the ongoing struggle for the rights and dignity of the Karen people.
We also extend our profound respect and appreciation to all KNDO personnel and members of the resistance who continue to serve with commitment and determination in defending the security, dignity, and rights of the Karen people, while working towards a future founded on justice, lasting peace, and federal democracy.
On the occasion of the 79th KNDO Day, the Karen National Union (KNU) honours the enduring legacy of the KNDO and reaffirms its commitment to the shared aspirations of the Karen people for freedom, equality, peace, and self-determination.
"Standing with the people, defending our rights, and advancing justice for a peaceful federal future."