21/09/2026
𝗪𝗼𝗿𝗹𝗱 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗗𝗮𝘆 𝟮𝟬𝟮𝟲
– 𝗦𝗼𝗰𝗶𝗮𝗹 𝗠𝗲𝗱𝗶𝗮 𝗩𝗶𝗱𝗲𝗼 𝗖𝗼𝗺𝗽𝗲𝘁𝗶𝘁𝗶𝗼𝗻 💚
🌱 “𝗪𝗵𝗮𝘁 𝗜 𝗪𝗶𝘀𝗵 𝗬𝗼𝘂 𝗞𝗻𝗲𝘄”
“စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်ပြီး လူတွေကို ဘာတစ်ခု နားလည်စေချင်လဲ?”
တစ်ခါတလေ ကိုယ်ခံစားနေရတာကို ရှင်းပြဖို့ စကားလုံးတွေ ရှာမတွေ့နိုင်ပါဘူး။
တစ်ခါတလေတော့ လူတွေ နားလည်ပေးစေချင်တဲ့အရာတစ်ခု ရှိနေပေမယ့် ပြောပြဖို့ အခွင့်အရေးမရခဲ့တာမျိုးလည်း ရှိနိုင်ပါတယ်။
ဒီ 𝗪𝗼𝗿𝗹𝗱 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗗𝗮𝘆 မှာတော့ **သင့်ရဲ့အသံကို မျှဝေလိုက်ပါ** 💚
“𝗪𝗵𝗮𝘁 𝗜 𝗪𝗶𝘀𝗵 𝗬𝗼𝘂 𝗞𝗻𝗲𝘄” ဆိုတဲ့ theme အောက်မှာ -
မှာ—
💭 စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်ပြီး လူတွေ နားလည်စေချင်တဲ့အရာတစ်ခု
💭 လူတွေ မှားယွင်းနားလည်နေတဲ့ Mental Health အကြောင်းတစ်ခု
💭 စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေ ကြုံနေရသူတွေအကြောင်း သိစေချင်တဲ့အရာတစ်ခု
💭 အကူအညီတောင်းခြင်း၊ နားထောင်ပေးခြင်း၊ ပြန်လည်ကောင်းမွန်လာခြင်းအကြောင်း
💭 ဒါမှမဟုတ် သင့်အတွက် အဓိပ္ပာယ်ရှိတဲ့ Mental Health Message တစ်ခု
ကို **1–3 မိနစ် Social Media Video** အဖြစ် ဖန်တီးပြီး မျှဝေလိုက်ပါ။ 🎬
# # # 🎬 Video ပြုလုပ်ရန်
📌 Theme: “What I Wish You Knew”
📌 Video Duration: 1–3 minutes
📌 Format: Vertical (9:16)/Portrait Mode
📌 Language: မြန်မာ / English / နှစ်ဘာသာလုံး/ တိုင်းရင်သားဘာသာ
📌 Content: Short Drama, Storytelling, Personal Reflection, Animation, Spoken Word, Creative Video စသဖြင့် မိမိနှစ်သက်ရာပုံစံဖြင့် ဖန်တီးနိုင်ပါသည်။
အရေးကြီးတာက — သင့်ရဲ့ Message ဖြစ်ပါတယ်။ 💚
🌿 သတိပြုရန်
Video များတွင်—
❌ Mental Health အခက်အခဲများကို အရှက်ရစေခြင်း၊ ခွဲခြားဆက်ဆံခြင်း သို့မဟုတ် အမုန်းပွားစေသော ပုံဖော်မှုများ မပြုလုပ်ရန်
❌ Su***de / Self-harm နှင့်ပတ်သက်သော Graphic Content သို့မဟုတ် နည်းလမ်းအသေးစိတ်များ မထည့်သွင်းရန်
❌ အခြားသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် ကိုယ်ရေးအတွေ့အကြုံများကို ခွင့်ပြုချက်မရှိဘဲ မမျှဝေရန်
❌ မိမိ၏ Personal Experience ကို လူတိုင်းအတွက် Psychological Fact အဖြစ် မဖော်ပြရန်
တို့ကို အထူးဂရုပြုစေလိုပါတယ်။
Video များသည် -
✅ မိမိဧ။်ကိုယ်ပိုင်ဖန်တီးမှု အစစ်အမှန်ဖြစ်ကြောင်း အာမခံချက်အပြည့်၀ရှိရမည်။
✅ မူပိုင်ခွင့်သည် သင်တို့တွင်အပြည့်အ၀ရှိပြီးဖြစ်သော်လည်း ဆုရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပြိုင်ပွဲ၀င် video များအား RISE မှ အသုံးပြုနိုင်ကြောင်း လက်ခံသိရှိဖြစ်ရပါမည်။
ပေးပို့လာတဲ့ Video လေးတွေထဲကနေ “What I Wish You Knew” ဆိုတဲ့ Theme နဲ့ အကောင်းဆုံးကိုက်ညီပြီး မိမိရဲ့ Message ကို ထိထိမိမိ၊ ဖန်တီးမှုရှိရှိ ဖော်ပြနိုင်တဲ့ Video ကို ရွေးချယ်ပြီး **အောက်တိုဘာလ ၁၀ ရက်နေ့ World Mental Health Day** မှာ ဆုရရှိသူကို ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ 🏆💚
🎥 Create. Share & Connect.
📅 Submission Deadline: 5 October 2026
📩 Submission: RISE Center ရဲ့ Email ဖြစ်တဲ့ [email protected] သို့ လိပ်မူပြီး World Mental Health Day Video Contest ခေါင်းစဉ်ဖြင့် ပေးပို့ရန်။
📱 For more information: Page Messenger မှ တစ်ဆင့်ဆက်သွယ်နိုင်ပါသည်။
နည်းပညာထက် မိမိရဲ့ ကိုယ်ပိုင်ဖန်တီးမှုနှင့် ရည်ရွယ်ချက်ကို ဦးစားပေးစေချင်ပါတယ်။