19/06/2026
လူ့ဂုဏ်သိက္ခာကား စစ်ပွဲအတွက် လက်နက်မဟုတ်
++++++++++++++++++++++++++++++++
“အပြည်ပြည်ဆိုင်ရာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပပျောက်ရေးနေ့”
======================================================
ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုသည် စစ်ပွဲများ၌ အသုံးပြုသော အရက်စက်ဆုံးသော လက်နက်ဖြစ်သည်။
၂၀၁၅ ခုနှစ်တွင် ကုလသမဂ္ဂမှ ဇွန်လ ၁၉ ရက်နေ့ကို သတ်မှတ်ပေးခဲ့ပြီး အမျိုးသမီးများ၊ အမျိုးသားများ၊ ကလေးများနှင့် LGBTI+ လူတို့အား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုမှ ကာကွယ်ရန် နိုင်ငံတကာ၏ ကတိကဝတ်ကို ပြသသည့်နေ့ ဖြစ်ပါသည်။
ယနေ့အချိန်အထိ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေသည်။
ထို့ပြင် တရားဥပဒေစိုးမိုးမှုအားနည်းနေသည့်အပေါ် အခွင့်ကောင်းယူကာ တော်လှန်ရေးအင်အားစုများနှင့် အရပ်သားများကြားတွင်လည်း အတော်အသင့် ဖြစ်ပွားမှုများ ရှိနေသည်။
လိင်အကြမ်းဖက်မှု ဖြစ်ပြီးနောက် သက်သေများနှင့် ကျူးလွန်ခံရသူများကို ပြန်လည်ခြိမ်းခြောက်ခံရခြင်းများလည်း ကြုံတွေ့နေရသည်။
ဓလေ့ထုံးတမ်းများနှင့် အသိပညာအားနည်းမှု၊ ကြောက်ရွံ့မှု၊ အရှက်သိက္ခာ သို့မဟုတ် လုံခြုံမှုမရှိခြင်းတို့ကြောင့် အများစုသော နစ်နာသူများနှင့် ရှင်ကျန်ရစ်သူများသည် အကြမ်းဖက်မှုများကို တိုင်ကြားမှု အားနည်းသလို၊ ထိုအကြမ်းဖက်မှုများကို စီရင်နိုင်ရန် အတားအဆီးများစွာ ရှိနေသေးသည်။ ထိုအကြောင်းအရင်းများကြောင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများသည် တရိပ်ရိပ်မြင့်တက်လျက်ရှိသည်။
၂၀၂၅ ခုနှစ်တွင် ထုတ်ဝေခဲ့သည့် “အပြည်ပြည်ဆိုင်ရာ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပပျောက်ရေးနေ့” အထိမ်းအမှတ် စာအုပ်ငယ်ကို အောက်ပါလင့်ခ်ကတဆင့် အခမဲ့ ဖတ်ရှုနိုင်ပါပြီရှင်။
https://drive.google.com/drive/folders/1MfjORLAuoOuI5dAbRkwcHmI3Y9BFpl1p?usp=sharing