Kings N Queens Researching and participating in LGBT Rights in Myanmar.

02/07/2026

Burmese/Myanmar Pride 2026: NO PRIDE BEHIND BARS 🏳️‍🌈
(English Below)

Campaign Closing

Pride Month ကတော့ ပြီးဆုံးသွားပါပြီ။

ဒါပေမယ့် ကျွန်ုပ်တို့ရဲ့ တောင်းဆိုချက်ကတော့ မပြီးဆုံးသေးပါဘူး။

ပြီးခဲ့တဲ့ တစ်လတာအတွင်း No Pride Behind Bars ကမ်ပိန်းနဲ့အတူ ရပ်တည်ပေးခဲ့ကြတဲ့ LGBTQIA+ မိတ်ဆွေများ၊ မဟာမိတ်များ၊ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးလှုပ်ရှားသူများ၊ အနုပညာရှင်များ၊ စေတနာ့ဝန်ထမ်းများ၊ အားပေးထောက်ခံသူများ၊ အသံတွေကို ဝိုင်းဝန်းမျှဝေပေးခဲ့ကြသူများအားလုံးကို ကျွန်ုပ်တို့ အလေးအနက် ကျေးဇူးတင်ရှိပါတယ်။

လူအနည်းငယ်နဲ့ စတင်ခဲ့တဲ့ ဒီကမ်ပိန်းဟာ လူများစွာရဲ့ စည်းလုံးညီညွတ်မှု၊ မေတ္တာ၊ ယုံကြည်မှုနဲ့ အားပေးမှုတွေကြောင့် နယ်နိမိတ်တွေကို ကျော်လွန်ပြီး ပိုမိုကျယ်လောင်တဲ့ အသံတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဒီ Pride Month မှာ ကျွန်ုပ်တို့ဟာ ဖမ်းဆီးခံ LGBTQIA+ မောင်နှမများရဲ့ လွတ်မြောက်ရေးအတွက် အသံထွက်ခဲ့ကြသလို၊ ဖြစ်တည်မှု၊ လွတ်လပ်မှုနဲ့ တရားမျှတမှုအတွက် အသက်ပေးခဲ့ကြတဲ့ q***r ကြယ်ပွင့်များကိုလည်း အတူတကွ သတိရဂုဏ်ပြုခဲ့ကြပါတယ်။

ဒါပေမယ့် Pride Month ပြီးသွားတာနဲ့ ကျွန်ုပ်တို့ရဲ့ တာဝန်က မပြီးဆုံးသေးပါဘူး။

ထောင်နံရံတွေရဲ့ နောက်ကွယ်မှာ ကျွန်ုပ်တို့ရဲ့ q***r မောင်နှမတွေ ရှိနေသရွေ့...
စစ်ကြောရေးစခန်းတွေ၊ အကျဉ်းထောင်တွေ၊ စစ်မြေပြင်တွေနဲ့ စစ်ရှောင်ဒေသတွေမှာ မတရားမှုတွေ ဆက်ရှိနေသရွေ့...
ကျွန်ုပ်တို့ရဲ့ အသံတွေဟာ ဆက်လက်ရှိနေမှာပါ။

ဒီကမ်ပိန်းက ဒီနေ့နဲ့ အဆုံးသတ်တာ မဟုတ်ပါဘူး။ ဒါဟာ ရေရှည်စည်းလုံးညီညွတ်မှုအတွက် ကတိတစ်ခု၊ မေ့မသွားဖို့ ကတိတစ်ခု၊ အတူတကွ ဆက်လက်ရပ်တည်သွားမယ့် ကတိတစ်ခုပါ။

ကျွန်ုပ်တို့ရဲ့ q***r မောင်နှမတွေကို မမေ့ပါနဲ့။

သူတို့ရဲ့ အမည်တွေကို ဆက်လက်ပြောပေးပါ။

သူတို့ရဲ့ အသံတွေကို ဆက်လက်မျှဝေပေးပါ။

သူတို့ရဲ့ အခွင့်အရေးအတွက် ဆက်လက်ရပ်တည်ပေးပါ။

လွတ်လပ်မှုဟာ လူတိုင်းနဲ့ သက်ဆိုင်ပါတယ်။

ကျွန်ုပ်တို့ရဲ့ q***r မောင်နှမများအားလုံး လွတ်မြောက်တဲ့နေ့အထိ အတူတကွ ရပ်တည်ကြပါစို့။

✊ ဖမ်းဆီးခံ LGBTQIA+ များကို အမြန်ဆုံး ပြန်လွှတ်ပါ။
🕯️ မြင့်မြတ်စွာကျဆုံးခဲ့သော LGBTQIA+ မောင်နှမများကို သတိတရ ဂုဏ်ပြုအောက်မေ့ကြပါစို့။

---

(English Version)

Campaign Closing

Pride Month has come to an end. Our demand has not.

Over the past month, "No Pride Behind Bars" has become more than a campaign. It became a collective act of care, remembrance, and resistance.

To every organizer, volunteer, participant, artist, human rights defender, partner organization, ally, and every individual who shared our posts, amplified our voices, and stood with us--thank you. What began with a small team grew into a movement of solidarity that crossed borders and reminded our community that they are not alone.

Together, we called for the immediate and unconditional release of LGBTQIA+ political detainees in Myanmar. Together, we remembered the q***r lives taken by violence, persecution, and injustice. Together, we reminded the world that Pride is not complete while our q***r siblings remain behind bars.

But our work does not end with the calendar.

As long as q***r people remain imprisoned because of who they are or what they believe...

As long as q***r lives continue to be threatened by violence and oppression...

As long as justice remains out of reach...

Our voices must continue.

We ask you not to let this campaign end as another Pride Month memory.

Continue telling their stories.

Continue speaking their names.

Continue amplifying their voices.

Continue standing beside Myanmar's LGBTQIA+ communities.

Let this campaign be the beginning of sustained solidarity—not the end of it.

Please do not forget our q***r siblings.

Stand with us until every one of them is free.

🏳️‍🌈 No Pride Behind Bars
✊ Pride Means Freedom
🕯️ Until All Are Free




🏳️‍🌈 Pride of Top Ten Percent Event 🏳️‍🌈Pride Month ကို ဂုဏ်ပြုကျင်းပသည့် Pride of Top Ten Percent Event တွင် ပျော်ရွှင်...
27/06/2026

🏳️‍🌈 Pride of Top Ten Percent Event 🏳️‍🌈

Pride Month ကို ဂုဏ်ပြုကျင်းပသည့် Pride of Top Ten Percent Event တွင် ပျော်ရွှင်မှု၊ အသိပညာနှင့် အသိုက်အဝန်းချိတ်ဆက်မှု အစီအစဉ်များကိုလုပ်ဆောင်နိုင်ခဲ့ပြီး ယခုလို စီစဉ်ကျင်းပနိုင်အောင် ကမကထဦးဆောင်ပေးတဲ့ Jue Jue’s Safe Space နှင့် Exile Hub , Myanmar Rainbow Political Community အဖွဲ့တို့ကိုလည်းကောင်း၊ အဆိုရှင်များဖြစ်သော ကိုရဲလင်း၊ ကိုဟန်မင်း ၊ ယူဂျင်း နှင့်တကွ အဝေးကနေ လာရောက်ဝန်းရံ ကူညီပြီး ပွဲစီစဉ်ပေးပါသော August ၊ ကျမတို့ Kings N Queens အဖွဲ့သားတွေကော ဖိတ်ကြားထားသော ဧည့်သည်များ၊ မီဒီယာများအားလုံးကို ဒီနေရာကနေ ကျေးဇူးတင်ပါတယ်ရှင့် 🙏

ဇွန်လ (၁၉) ရက်က လူထုခေါင်းဆောင် အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်သလို...ဒီနေ့ ဇွန်လ (၁၉) ရက်နေ့မှာဆိုလည်း ပဋိပက္ခမျ...
19/06/2026

ဇွန်လ (၁၉) ရက်က လူထုခေါင်းဆောင် အမေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်သလို...ဒီနေ့
ဇွန်လ (၁၉) ရက်နေ့မှာဆိုလည်း ပဋိပက္ခများအတွင်း အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများ ပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ဖြစ်ပါတယ်။
International Day for the Elimination of Sexual Violence in Conflict (CRSV) June 19

အဆိုပါနေ့ကို ကမ္ဘာ့တဝှမ်းရှိ ဒေသအသီးသီးမှာ စိုးရိမ်ထိတ်လန့်စွာနဲ့ အဖြစ်ဆိုးတွေကိုရင်ဆိုင်နေကြရတဲ့ အမျိုးသမီးတွေရဲ့ အသံ၊ သူတို့ရဲ့ ပုံရိပ်တွေ ၊ သူတို့လိုအပ်ချက်တွေကို ဦးစားပေး ထုတ်ဖော်ပြောဆိုကြဖို့ (၂၀၁၅)ခုနှစ် ကနေ စတင်ပြီးသတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

ယနေ့မြန်မာပြည်တဝှမ်းနယ်မြေဒေသအသီးသီးမှာ အမျိုးသမီးတွေဟာ အကြမ်းဖက်စစ်တပ် ရဲ့ ကြီးစိုးမှုဒဏ် အပြင် အကြမ်းဖက်ဝါဒကြီးစိုးတဲ့ လူမူအသိုင်းအဝိုင်းမှာ ရုန်းကန် ရှင်သန်နေကြပါတယ်။

ကချင်၊ ကရင်၊ ရှမ်း၊ ရခိုင် စတဲ့ လူနည်းစု လူမျိုးတွေ အများစုနေကြတဲ့ ဒေသတွေမှာ နှစ်ကာလ ကြာရှည် စစ်ပဋိပက္ခဖြစ်ပွားလျက်သလို ချင်း၊ ကရင်နီ၊ စစ်ကိုင်း၊ မကွေး၊ ဧရာ၀တီ ဒေသတွေမှာလဲ စစ်တပ်ရဲ့ ပြင်းထန်တဲ့ ဖိနှိပ်မှုအကြား စစ်ပွဲအတွင်း အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှု ဖြစ်ရပ်တွေ ထပ်တိုး ဖြစ်ပွား လျက်ရှိပါတယ်။

(၂၀၁၇)ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ရပ်မှာဆိုရင်လဲ ရိုဟင်ဂျာ အမျိုးသမီးတွေကို မြန်မာစစ်တပ်က အုပ်စုဖွဲ့မုဒိမ်းကျင့်မှု၊ ကလေးတွေကို ဓားနဲ့ထိုးသတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်သက်သေတွေက (၂၀၂၃) ခုနှစ် ဇွန်လ (၆) ရက်နေ့၊ အာဂျင်တီးနားနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်မူ (Universal Jurisdiction) တံခါးပိတ် ကြားနာပွဲမှာ ပထမဆုံးအကြိမ် ထွက်ဆိုခဲ့ကြပါတယ်။

သို့သော်လည်း ရာဇ၀တ်သားတွေကို ထိထိရောက်ရောက် တရားစီရင် အပြစ်ပေးနိုင်ဖို့ ကြိုးပမ်းတာထက် လက်ဆွဲနှုတ်ဆက် စကားဝိုင်းပေါ်ဖိတ်ခေါ်လိုတဲ့ နိုင်ငံရေး ခေါင်းဆောင်များ နဲ့သာ မြန်မာပြည်သူတွေက ကြုံတွေ့နေရပါတယ်။ အမျိုးသား၊ အမျိုးသမီး၊ LGBT ဘယ်သူမဆို လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုနဲ့ အမျိုးသမီးတွေရဲ့ သတ္တိရဲရင့်မှု အကြောင်း၊ လိင်အကြမ်းဖက်မှုတွေကို ရှုတ်ချတဲ့ အကြောင်း -
• စာသားတွေ ရေးပါ။
• လွတ်လပ်စွာထုတ်ဖော်ပြောဆိုတဲ့ သင်္ကေတ နှုတ်ခမ်းနီဆိုးပြီး
• ထကြ၊ ရပ်ကြ၊ ပြောကြ၊ ဟောကြပါ။



နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)  လှုပ်ရှားမှုမှာ အတူပါဝင်ကြရအောင် 🌹ဇွန်လ (၁၉) ရက်နေ့၊ လူထုခေါင်းဆောင်...
19/06/2026

နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) လှုပ်ရှားမှုမှာ အတူပါဝင်ကြရအောင် 🌹

ဇွန်လ (၁၉) ရက်နေ့၊ လူထုခေါင်းဆောင် အမေစုရဲ့ ၈၁ နှစ်ပြည့် မွေးနေ့မှာ "နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope)" ကို ပြည်လုံးကျွတ် လှုပ်ရှားကြမှာ ဖြစ်ပါတယ် ။

စစ်အုပ်စုရဲ့ မတရားဖိနှိပ်မှုတွေ၊ အဓမ္မစစ်မှုထမ်းခိုင်းမှုတွေနဲ့ ဟန်ပြနိုင်ငံရေး ခြေလှမ်းတွေကို ပြည်သူလူထုက လုံးဝလက်မခံဘူးဆိုတာကို ဒီလှုပ်ရှားမှုကြီးနဲ့ အတူတကွ သက်သေပြကြဖို့ဖိတ်ခေါ်လိုက်ပါတယ် ။


12/04/2026

အားလုံးစောင့်မျှော်နေကြတဲ့ KNQ သံချပ် လာပါပြီ 📣
နှစ်ဒီမှာ LGBTQ တွေနဲ့ဖွဲ့စည်းထားတဲ့ Kings N Queens LGBT Group မှလည်း သံချပ်တစ်ခုထိုးထားပါတယ်။ ထိမိတဲ့ သံချပ်စာသားများ၊ အကအလှများနှင့် သတင်းစကားမက်ဆေ့များ စုံလင်စွာပါဝင်လို့ အားလုံးပဲ ရှု့စားအားပေးကြပါအုန်းရှင်။

"ကျေးဇူးတင် ဂုဏ်ေပြုမှတ်တမ်းတင်ခြင်း"
***************************************
* KNQ သံချပ်ဖြစ်မြောက်ရေးအတွက် ငွေကြေး နှင့် လိုအပ်မှုများ ထောက်ပံ့ပေးပါသော A New Burma, CRB နှင့် The Space အဖွဲ့အစည်းများကိုလည်း ကျေးဇူးတင်ပါတယ်။
* သံချပ်စာသားများကို ရေးသားပေးပါသော ဆရာဦးမိုးပွင့် (ရေကြည်)
* အသံသွင်းခြင်း နှင့် အသံတည်းဖြတ်ပေးပါသော ဂီတမှူး ကိုဖြိုး(KB)
* ရုပ်သံ မှတ်တမ်းရိုက်ကူးပေးပါသော Revography Team
* တီရှပ် ဒီဇိုင်းနှင့် နောက်ခံဒီဇိုင်းအတွက် ဖန်တီးပေးပါသော ကိုထက်ခိုင်စိုး (အရောင်အားလုံးလှတယ်)
* သံချပ်အဖွဲ့သားအားလုံးကို အလှဖန်တီးပေးပါသော မိတ်ကပ် လမင်းအိမ်
* ရိုက်ကူးရေး နှင့် အသံသွင်းချိန်များမှာ ဝိုင်းဝန်းကူညီကြပါသော Volunteers များ
* တက်ကြွစွာပါဝင်ကြသော Kings N Queens -Thailand အဖွဲ့သားအားလုံး
ဒီသံချပ်မှတ်တမ်းလေးမှာ အားလုံးကို လေးစားစွာဖြင့် ကျေးဇူး ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

နွေဦးတော်လှန်ရေးကာလမှာ အတာသင်္ကြန်အချိန်ခါ ရောက်ပြီဆို ‌ကြုံတွေ့နေရ ပြဿနာတွေ၊ အခက်အခဲတွေ၊ လှုံ့ဆော်မှုတွေကို အမျိုးသမီး၊...
11/04/2026

နွေဦးတော်လှန်ရေးကာလမှာ အတာသင်္ကြန်အချိန်ခါ ရောက်ပြီဆို ‌ကြုံတွေ့နေရ ပြဿနာတွေ၊ အခက်အခဲတွေ၊ လှုံ့ဆော်မှုတွေကို အမျိုးသမီး၊ လူငယ်၊ လူကြီးလူရွယ် ဘာသာအစုံပါဝင်တဲ့ အစုအဖွဲ့တွေက သံချပ်တွေထိုးကြတယ်။ ဒီနှစ်မှာလည်း LGBTQ တွေနဲ့ဖွဲ့စည်းထားတဲ့ Kings N Queens LGBT Group မှလည်း သံချပ်တစ်ခုထိုးထားပါတယ်။
ဧပြီလ ၁၂ ရက်နေ့ ညနေ (၅)နာရီတွင် တင်ဆက်မည့်
Kings N Queens (KNQ) သံချပ်ကို စောင့်မျှော်
ကြည့်ရှု့ အားပေးကြပါအုန်း 🏳️‍🌈

ที่อยู่

Mae Sot
63110

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Kings N Queens โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง Kings N Queens:

ทางลัด

แชร์