Equal Move Disability Community

Equal Move Disability Community ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Equal Move Disability Community, องค์กรไม่แสวงหาผลกำไร, Mae sot, Mae Sot.

၃၈ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု လှုံ့ဆော်ချက်Global Action – 8888 ...
05/08/2026

၃၈ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ အထိမ်းအမှတ် ကမ္ဘာလုံးဆိုင်ရာ ၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု လှုံ့ဆော်ချက်
Global Action – 8888 Umbrella Strike 2026
၂ ရက်၊ ၈ လ၊ ၂၀၂၆ ခုနှစ်
ရန်ကုန်လူထုသပိတ်
“တော်လှန်မီးတောက်တွေ
လောင်ကျွမ်းနေဆဲပဲ
မီးတောက်တွေ မငြိမ်းသရွေ့ မျှော်လင့်ချက်တွေ မသေဘူး။
ယုံကြည်ချက်တွေ ရှင်သန်နေသရွေ့
ပြည်သူ့တော်လှန်ရေးကြီး မရပ်တန့်ဘူး။ “
၁၉၈၈ ခုနှစ် ဩဂုတ်လ (၈) ရက်နေ့မှစပြီး ပြည်သူတွေရဲ့ အသက်သွေးနဲ့ စတင်ထွန်းညှိခဲ့တဲ့ ဒီမိုကရေစီမီးတောက်ဟာ (၃၈) နှစ်ကြာလာတဲ့ ဒီကနေ့အထိ မငြိမ်းသေးပါဘူး။ အဲဒီ ၈လေးလုံးမီးတောက်ကြီးဟာ နွေဦးတော်လှန်ရေးထိ ကူးဆက်လောင်ကျွမ်းလျက်ရှိပြီး၊ သွေးအလိမ့်လိမ့် စွန်းထင်းနေတဲ့ ကတ္တရာလမ်းမတွေပေါ် ကြမ်းတမ်းတဲ့ မိုင်တိုင်တွေဖြတ်ကျော်ရင်း ဒီမိုကရေစီနဲ့ လွတ်လပ်ရေးပန်းတိုင်ဆီ ကျွန်ုပ်တို့အားလုံး ရဲဝံ့စွာအတူတကွ ဆက်လက်လျှောက်လှမ်းနေကြဆဲ ဖြစ်ပါတယ်။ စစ်တပ်က ဘယ်လိုပင် လက်နက်မိုးပြီး အကြောက်တရားထည့် အကြမ်းဖက်ဖြိုခွင်းခဲ့ပေမယ့် ပြည်သူတွေရဲ့ လွတ်မြောက်လိုစိတ် နဲ့ ယုံကြည်ချက်ခံတပ်ကြီးဟာ ဖိနှိပ်လေလေ ခိုင်မာအားကောင်းလာလေ ဖြစ်ခဲ့ပါတယ်။
၈၈ မျိုးဆက်က စိုက်ပျိုးခဲ့တဲ့ ဒီမိုကရေစီအရေးကြိုးပမ်းမှုမျိုးစေ့ဟာ ယနေ့နွေဦးတော်လှန်ရေးတွင် ဆက်လက်ရှင်သန်နေဆဲ ဖြစ်သလို၊ မျိုးဆက်တစ်ဆက်ကနေ နောက်မျိုးဆက်တစ်ဆက်ဆီသို့ “ပြည်သူသာ အချုပ်အခြာအာဏာ၏ ပိုင်ရှင်” ဆိုတဲ့ ယုံကြည်ချက်ကို လက်ဆင့်ကမ်းပေးနေဆဲ ဖြစ်ပါတယ်။
တော်လှန်ရေးဆိုတာ အချိန်နဲ့ တိုင်းတာရတဲ့ ခရီးမဟုတ်ပါဘူး။ ယုံကြည်ချက်နဲ့ တိုင်းတာရတဲ့ ခရီးဖြစ်ပါတယ်။ ရှေ့ခရီးလမ်းဟာ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ၊ ပြည်သူအချင်းချင်းရဲ့ ဖေးမကူညီမှု၊ သွေးစည်းညီညွတ်မှုနဲ့ လွတ်လပ်မျှတတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်လိုတဲ့ စိတ်ဓာတ် ရှင်သန်နေသရွေ့ ဒီတော်လှန်ရေးခရီးဟာ ဆက်လက်ရှေ့ဆက်နေဦးမှာ ဖြစ်ပါတယ်။
တော်လှန်ရေးရဲ့ အထိမ်းအမှတ်နေ့တိုင်းဟာလည်း ပြက္ခဒိန်ပေါ်က ရက်စွဲတစ်ခုပဲမဟုတ်ပါဘူး။ အသက်သွေးနဲ့ ရေးထိုးထားတဲ့ သမိုင်းမှတ်တိုင်တွေ ဖြစ်ပါတယ်။ အဲဒီမှတ်တိုင်တိုင်းဟာ ဒီမိုကရေစီကို မစွန့်လွှတ်ခဲ့တဲ့ ပြည်သူတွေရဲ့ ယုံကြည်ချက်၊ အမှန်တရားအတွက်ရပ်တည်ရဲတဲ့ သတ္တိနဲ့ အကြောက်တရားကို လွန်မြောက်ခဲ့ခြင်း သက်သေတွေပဲ ဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံကစ၍ နွေဦးတော်လှန်ရေးအထိတိုင်အောင် ခေတ်အဆက်ဆက် မျိုးဆက်အဆက်ဆက် စစ်ကျွန်စနစ်ကို ရဲရဲတောက်တွန်းလှန်ခဲ့ကြသော တော်လှန်မျိုးဆက် ပြည်သူအပေါင်းအား ယခုမကြာခင် ရောက်လာတော့မည့် ၃၈နှစ်မြောက် ၈၈၈၈အထိမ်းအမှတ်အတွက် ရည်ရွယ်၍ ကမ္ဘာ့နိုင်ငံအသီးသီး၌ ဖြန့်ကျက်ရောင်းချပေးထားပြီးဖြစ်သော ၈သင်္ကေတရိုက်နှိပ်ထားသောထီးများဖြင့် ၈.၈.၂၀၂၆ ရက်နေ့တွင် ၈လေးလုံးထီးသပိတ်နှင့် ၈ သင်္ကေတပါဝင်သော သင်္ကေတပြ လှုပ်ရှားမှုများပြုလုပ်ကြရန် ရန်ကုန်လူထုသပိတ်မှ တိုက်တွန်းလှုံ့ဆော်မှုပြုအပ်ပါသည်။
“အကြောက်တရားမှလွတ်မြောက်ရာဆီသို့”
“မပြီးဆုံးသေးတဲ့ ၈လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”
#၃၈နှစ်မြောက်၈လေးလုံးလှုပ်ရှားမှု
#၈လေးလုံးထီးသပ်တ်လှုပ်ရှားမှု


#ရန်ကုန်လူထုသပိတ် See less
See translation
Shared post

📢 အရေးပေါ် အကူအညီတောင်းခံခြင်းလက်ရှိအချိန်တွင် EMDC (Equal Move Disability Community) ထံသို့ ဒဏ်ရာရရဲဘော် (၅) ဦး မှ အကူအ...
31/07/2026

📢 အရေးပေါ် အကူအညီတောင်းခံခြင်း
လက်ရှိအချိန်တွင် EMDC (Equal Move Disability Community) ထံသို့ ဒဏ်ရာရရဲဘော် (၅) ဦး မှ အကူအညီတောင်းခံထားပါသည်။
အချို့ရဲဘော်များမှာ ခြေတုတပ်ဆင်ရန် အရေးတကြီးလိုအပ်နေပြီး၊ အချို့မှာ အသုံးပြုနေသော Silicone Liner (စီလီကွန်ခြေအိတ်) များ ပြဲပေါက်ပျက်စီးနေသဖြင့် အသစ်လဲလှယ်ရန် အလွန်လိုအပ်လျက်ရှိပါသည်။
သို့သော် EMDC ၏ လက်ရှိဘတ်ဂျက်အခြေအနေကြောင့် လိုအပ်သောအကူအညီများကို အချိန်မီ ပံ့ပိုးပေးနိုင်ရန် အခက်အခဲများ ကြုံတွေ့နေရပါသည်။
ထို့ကြောင့် ဒဏ်ရာရရဲဘော်များ ပြန်လည်လှုပ်ရှားနိုင်ရေးနှင့် လူမှုဘဝသို့ ဂုဏ်သိက္ခာရှိစွာ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ခြေတု၊ Silicone Liner နှင့် ဆက်စပ်ပစ္စည်းများကို ပံ့ပိုးကူညီပေးလိုသော အလှူရှင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ကူညီမှုကို အလေးအနက် ဖိတ်ခေါ်အပ်ပါသည်။
အလှူငွေဖြင့်ဖြစ်စေ၊ ပစ္စည်းဖြင့်ဖြစ်စေ ပါဝင်ကူညီနိုင်ပါသည်။
🙏 သင်၏ကူညီမှုသည် ဒဏ်ရာရရဲဘော်တစ်ဦး၏ ဘဝကို ပြန်လည်ရပ်တည်နိုင်စေမည့် မျှော်လင့်ချက်တစ်ခု ဖြစ်လာနိုင်ပါသည်။

📢 Urgent Appeal for Support
EMDC (Equal Move Disability Community) has recently received requests for assistance from five injured comrades.
Some urgently require prosthetic limbs, while others need to replace their worn-out and damaged silicone liners, which are essential for safely and comfortably using their prostheses.
Due to EMDC's limited budget, we are currently unable to meet these urgent needs on our own.
We are therefore seeking the support of donors, partners, and compassionate individuals who are willing to contribute funds or donate prosthetic-related supplies, including silicone liners.
Your support can help restore mobility, dignity, and independence to those who have sacrificed so much.
Every contribution, no matter the size, makes a meaningful difference.
Thank you for standing with us.

**"အောင်မြင်မှုဆိုတာ... အဆောက်အဦးကြီးတစ်လုံး မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲပေးနိုင်တာပဲ ဖြစ်ပါတယ်။" 💙**EMDC (...
30/07/2026

**"အောင်မြင်မှုဆိုတာ... အဆောက်အဦးကြီးတစ်လုံး မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲပေးနိုင်တာပဲ ဖြစ်ပါတယ်။" 💙**

EMDC (Equal Move Disability Community) ကို စတင်တည်ထောင်ခဲ့ချိန်မှာ လူသိများဖို့၊ ကျော်ကြားဖို့ မဟုတ်ခဲ့ပါဘူး။

**"အကူအညီလိုအပ်နေတဲ့ မသန်စွမ်းသူတစ်ယောက်ကို လက်တွဲပေးနိုင်ဖို့"** ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းနဲ့သာ ရှေ့ဆက်ခဲ့တာပါ။

ဒီနေ့...
ကျွန်ုပ်တို့ကို ယုံကြည်တဲ့သူတွေ ရှိလာတယ်။
ကျွန်ုပ်တို့နဲ့ လက်တွဲတဲ့ မိတ်ဖက်တွေ ရှိလာတယ်။
ကျွန်ုပ်တို့ကို အားပေးတဲ့ စေတနာရှင်တွေ ရှိလာတယ်။
အရေးကြီးဆုံးကတော့ **"မျှော်လင့်ချက် ပြန်ရခဲ့တဲ့ မသန်စွမ်းသူတွေ"** ရှိလာတယ်။

EMDC ရဲ့ ခရီးလမ်းက အခုမှ အစပဲ ရှိသေးတယ်။

ဒါပေမယ့် ကျွန်ုပ်တို့ ယုံကြည်တာတစ်ခုက...

**လူတစ်ယောက်ရဲ့ ဘဝကို ပြောင်းလဲပေးနိုင်ရင် အဲဒါဟာ အောင်မြင်မှုပါပဲ။**

ဒီနေ့အထိ EMDC ကို ယုံကြည်ပေးကြသူတိုင်း၊ လက်တွဲပေးကြသူတိုင်း၊ အားပေးပေးကြသူတိုင်းကို နှလုံးသားအပြည့်နဲ့ ကျေးဇူးတင်ပါတယ်။

ကျွန်ုပ်တို့ရဲ့ ခရီးလမ်း မဆုံးသေးပါဘူး။
မသန်စွမ်းသူတိုင်း ဂုဏ်သိက္ခာရှိရှိ၊ တန်းတူအခွင့်အရေးနဲ့ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာတဲ့အထိ EMDC က ရပ်တန့်မှာ မဟုတ်ပါဘူး။

**"တစ်ယောက်တည်း သွားရင် မြန်နိုင်တယ်။ အတူတကွ သွားရင် ပိုဝေးဝေး ရောက်နိုင်တယ်။"**

🤝 ကျွန်ုပ်တို့နဲ့အတူ လက်တွဲပြီး အပြောင်းအလဲကို ဖန်တီးလိုက်ပါ။

💙 **Equal Move Disability Community (EMDC)**

နည်းပညာခက်အခဲ လမ်းခရီး အခက်အခဲများကြောင့်ကျန့်ကြာနေသော်လည် မကြာခင်မှာ လမ်းပြန်လျှောက်နိုင်တော့မှာဖြစ်ပါတယ် ကူညီဆောင်ရွက်...
28/07/2026

နည်းပညာခက်အခဲ လမ်းခရီး အခက်အခဲများကြောင့်ကျန့်ကြာနေသော်လည် မကြာခင်မှာ လမ်းပြန်လျှောက်နိုင်တော့မှာဖြစ်ပါတယ် ကူညီဆောင်ရွက်ပေးနေသော ခေါင်ဆောင်များကိုလည် EMDCမှ ကျေးဇူးအထူးတင်ရှိပါတယ်🙏

ဒီလအတွင်း EMDC သို့ ခြေတုတပ်ဆင်ရန် လိုအပ်နေသော ရဲဘော်တစ်ဦးမှ အကူအညီတောင်းခံ၍ ချိတ်ဆက်လာခဲ့ပါသည်။
စတင်ဆက်သွယ်လာချိန်မှစ၍ ခြေတုတပ်ဆင်နိုင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါသည်။
ထို့အပြင် ရဲဘော်၏ မိသားစုမှာ စစ်ဘေးရှောင်ဘဝဖြင့် အခက်အခဲများစွာ ရင်ဆိုင်နေရပြီး မိဘနှစ်ပါးအတွက်လည်း အကူအညီလိုအပ်နေကြောင်း EMDC ထံ တင်ပြအကူအညီတောင်းခံလာခဲ့ပါသည်။
EMDC သည် အဖွဲ့ငယ်တစ်ဖွဲ့ဖြစ်သော်လည်း "မည်သူမှ မကျန်စေရ" ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ထား၍ လုပ်ဆောင်လျက်ရှိပါသည်။ ခြေတုတစ်ချောင်း၏ ကုန်ကျစရိတ်ကို မိမိတို့အဖွဲ့တစ်ဖွဲ့တည်းမှ အပြည့်အဝ မထောက်ပံ့နိုင်သော်လည်း၊ ထောက်ပံ့ပေးနိုင်သော မိတ်ဖက်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ကူညီပေးလျက်ရှိပါသည်။
ယနေ့အချိန်အထိ EMDC မှ ခြေတု (၃) ဦး၊ လက်တု (၁) ဦး တို့အား ချိတ်ဆက်ကူညီပေးနိုင်ခဲ့ပြီး၊ ယခု ရဲဘော်တစ်ဦးအတွက်လည်း ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ထို့ကြောင့် မိတ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်များနှင့် ကူညီပေးလိုသူများအနေဖြင့် ယခုရဲဘော်အတွက် ခြေတုတပ်ဆင်နိုင်ရေးနှင့် မိသားစု၏ အရေးပေါ်လိုအပ်ချက်များကို ဝိုင်းဝန်းပံ့ပိုးကူညီပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။

EMDC (Equal Move Disability Community)
"မည်သူမှ မကျန်စေရ။"

🍀This month, EMDC was contacted by a resistance fighter in need of a prosthetic leg.
From the moment we received the request, we have been working to connect the individual with organizations that can provide prosthetic fitting services.
In addition, the fighter's family is currently living as internally displaced persons (IDPs) and facing significant hardships. They have also reached out to EMDC for assistance in supporting the fighter's elderly parents during this difficult time.
Although EMDC (Equal Move Disability Community) is a small organization, we remain committed to our guiding principle: "Leave No One Behind." While we are unable to cover the full cost of a prosthetic limb on our own, we actively coordinate with partner organizations that have the capacity to provide such support.
To date, EMDC has successfully facilitated prosthetic support for three individuals with lower-limb amputations and one individual requiring a prosthetic arm. We are now continuing our efforts to secure assistance for this resistance fighter as well.
We respectfully invite our partner organizations, donors, and all those who are willing to help to join us in supporting this fighter's prosthetic fitting and addressing the urgent needs of the family.

EMDC (Equal Move Disability Community)
"Leave No One Behind."





Edit ဖော်ပြပါရဲဘော် ခြေတိုင်းယူနေပါပြီး မကြာခင်ခြေတု့တပ်ဆင်နိုင်တော့မှာဖြစ်ပါတယ် အားလုံးပြီးရင်ပုံတင်ပြပေးသွားပါမယ်ရှင့်...
28/07/2026

Edit ဖော်ပြပါရဲဘော် ခြေတိုင်းယူနေပါပြီး မကြာခင်ခြေတု့တပ်ဆင်နိုင်တော့မှာဖြစ်ပါတယ် အားလုံးပြီးရင်ပုံတင်ပြပေးသွားပါမယ်ရှင့် အဖက်ဖက်ကကူညီပေးပါသော MOHR ဆရာဆရာမ များကိုလည်ကျေးဇူးတင်ပါတယ်ရှင့် အချိတ်အဆက်တွေ မမိရင် မိတဲ့သူကချိတ်ဆက်ပေးပါ EMDC page ကိုရှယ်ပေးကြပါ တပ်ဆင်ရန်ကျန်နေသူ လိုအပ်ရင်ချိတ်ဆက်ရဖို့ ရှယ်ပေးကြပါ🙏

ဂုဏ်ပြုမှတ်တမ်းEMDC (Equal Move Disability Community) ၏ သွားရေးလာရေးကိစ္စများကို ပိုမိုလွယ်ကူမြန်ဆန်စေရန်မော်တော်ယာဥ် ငှ...
28/07/2026

ဂုဏ်ပြုမှတ်တမ်း
EMDC (Equal Move Disability Community) ၏ သွားရေးလာရေးကိစ္စများကို ပိုမိုလွယ်ကူမြန်ဆန်စေရန်မော်တော်ယာဥ် ငှားရမ်းခအတွက် အတွက် လိုအပ်သော ငွေကြေးအကူအညီ (၅,၅၀၀ THB) ကို စေတနာအပြည့်ဖြင့် ကူညီပံ့ပိုးပေးခဲ့သည့် ကိုအောင်သူ အား လေးစားဂုဏ်ပြုအပ်ပါသည်။
လူမှုအကျိုးပြုလုပ်ငန်းများအပေါ် ထားရှိသော စေတနာ၊ ပါဝင်ကူညီလိုသော စိတ်ဓာတ်နှင့် အဖွဲ့အစည်းအပေါ် အားပေးထောက်ပံ့မှုတို့အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ဤဂုဏ်ပြုလက်မှတ်ကို ဂုဏ်ယူဝမ်းမြောက်စွာ ချီးမြှင့်အပ်ပါသည်။ထောက်ပံ ကူညီပေးမှုများကိုလည် EMDC မှ လိုအပ်သော ရဲဘော်များ အတွက် အကျိုးရှိရှိ အသုံးချပါမည်ဖြစ်ကြောင်းလေးစားစွာ တင်ပြလိုက်ပါတယ်။

Equal Move Disability Community (EMDC) Foundation






Natalia Su

ယနေ့တရုတ်နိုင်ငံသတင်းများအရတရုတ်နိုင်ငံရှိ အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုနှင့်ပတ်သက်၍ မသန်စွမ်းသူများ၏ ငြိမ်းချမ်းစွာ ...
25/07/2026

ယနေ့တရုတ်နိုင်ငံသတင်းများအရ
တရုတ်နိုင်ငံရှိ အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်းတစ်ခုနှင့်ပတ်သက်၍ မသန်စွမ်းသူများ၏ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုကို အကြမ်းဖက်ဖြိုခွဲခဲ့ခြင်းသည် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းဖြစ်သည်။
မည်သည့်အခြေအနေမျိုးတွင်မဆို မသန်စွမ်းသူများသည် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ငြိမ်းချမ်းစွာ ထုတ်ဖော်ပြောဆိုခွင့်၊ တန်းတူညီမျှစွာ ဆက်ဆံခံရရန် တောင်းဆိုခွင့်နှင့် ၎င်းတို့၏ အခွင့်အရေးများကို ကာကွယ်တောင်းဆိုခွင့် ရှိပါသည်။
ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူများအပေါ် အကြမ်းဖက်အင်အားသုံးခြင်းသည် လုံးဝလက်မခံနိုင်သည့် လုပ်ရပ်ဖြစ်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချရမည်ဖြစ်သည်။

The violent crackdown on persons with disabilities protesting a housing development project in China is a blatant violation of human rights. Regardless of the circumstances, persons with disabilities have the fundamental right to peacefully express their concerns, advocate for their rights, and demand equal treatment. Violence against peaceful protesters is never acceptable and must be unequivocally condemned.
We call on all authorities to respect the rights to peaceful assembly, freedom of expression, and the dignity of persons with disabilities, in line with international human rights standards.

China is a State Party to the United Nations Convention on the Rights of Persons with Disabilities (CRPD). As such, it has an obligation to respect, protect, and fulfil the rights of persons with disabilities, including their dignity, equality, freedom from discrimination, and the rights to peaceful assembly and freedom of expression. The unnecessary use of force or violent suppression of peaceful protests by persons with disabilities is inconsistent with international human rights standards and raises serious human rights concerns.

25.7.2026



❣️Partnership Announcement❣️We are pleased to share that Just Jue Safe Space (JJSS) and the Equal Move Disability Commun...
24/07/2026

❣️Partnership Announcement❣️

We are pleased to share that Just Jue Safe Space (JJSS) and the Equal Move Disability Community (EMDC) have come together to discuss future collaboration and partnership opportunities.
Our discussion focused on Mental Health and Psychosocial Support (MHPSS), community engagement, and other initiatives aimed at strengthening support for persons with disabilities, conflict-affected communities, and those in need.
We believe that by working together, we can create a more inclusive, compassionate, and resilient community where no one is left behind. This partnership marks an important step toward providing meaningful support and promoting dignity, well-being, and equal opportunities for all.
We look forward to building a strong and impactful collaboration for the benefit of our communities.

💪Together, we are stronger.
ပူးပေါင်းဆောင်ရွက်မှု အသိပေးကြေညာချက်❣️
ယနေ့တွင် Just Jue Safe Space (JJSS) နှင့် Equal Move Disability Community (EMDC) တို့သည် လူမှုအသိုင်းအဝိုင်းအတွင်း အပြုသဘောဆောင်သော ပြောင်းလဲမှုများ ဖန်တီးနိုင်ရန်၊ အထူးသဖြင့် Mental Health & Psychosocial Support (MHPSS)၊ Community Engagement နှင့် အခြားပူးပေါင်းဆောင်ရွက်နိုင်မည့် လုပ်ငန်းအစီအစဉ်များကို ဆွေးနွေးခဲ့ကြပါသည်။
EMDC အနေဖြင့် မသန်စွမ်းသူများ၊ စစ်ဘေးသင့်ပြည်သူများနှင့် ပဋိပက္ခဒဏ်ခံစားရသူများ၏ ဘဝအရည်အသွေး မြှင့်တင်ရေးအတွက် JJSS နှင့်အတူ လက်တွဲဆောင်ရွက်သွားနိုင်မည်ကို ဝမ်းမြောက်ဂုဏ်ယူပါသည်။
တစ်ဦးတည်း လုပ်ဆောင်ခြင်းထက် လက်တွဲပူးပေါင်းခြင်းက ပိုမိုခိုင်မာသော အပြောင်းအလဲများကို ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ပါသည်။ ရှေ့ဆက်၍ လိုအပ်နေသူများထံ ပိုမိုထိရောက်သော အကူအညီများ ရောက်ရှိစေရန် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားပါမည်။

💪"Leave No One Behind."

Edit (17-7-2026)ခြေဖဝါးတပ်ဆင်ခြင်း အောင်မြင်စွာပြီးမြောက်ယနေ့တွင် EMDC ၏ ချိတ်ဆက်ကူညီပံ့ပိုးမှုဖြင့် အကျိုးခံစားသူတစ်ဦး၏...
22/07/2026

Edit (17-7-2026)
ခြေဖဝါးတပ်ဆင်ခြင်း အောင်မြင်စွာပြီးမြောက်
ယနေ့တွင် EMDC ၏ ချိတ်ဆက်ကူညီပံ့ပိုးမှုဖြင့် အကျိုးခံစားသူတစ်ဦး၏ ခြေဖဝါးတပ်ဆင်ခြင်းကို အောင်မြင်စွာ ပြီးမြောက်နိုင်ခဲ့ပါသည်။
ခြေဖဝါးတပ်ဆင်ပြီးနောက် မိမိ၏နေ့စဉ်ဘဝကို ပိုမိုလွတ်လပ်စွာ လှုပ်ရှားသွားလာနိုင်မည်ဖြစ်ပြီး ဘဝအတွက် မျှော်လင့်ချက်အသစ်များလည်း ရရှိလာမည်ဟု ယုံကြည်ပါသည်။
ယခုလုပ်ငန်းစဉ်တွင် ပူးပေါင်းကူညီပေးကြသော ဆရာဝန်များ၊ ခြေတု/ခြေဖဝါးတပ်ဆင်ရေးအဖွဲ့နှင့် ပါဝင်ပံ့ပိုးပေးသူအားလုံးကို EMDC မှ အထူးကျေးဇူးတင်ရှိပါသည်🙏
Prosthetic Foot Successfully Fitted
Today, EMDC is pleased to share that the prosthetic foot fitting for one of our beneficiaries has been successfully completed.
This marks an important step toward restoring mobility, independence, and dignity. We hope this prosthetic foot will help the beneficiary return to daily life with greater confidence and improved quality of life.
We sincerely thank the prosthetic team, medical staff, partners, and everyone who contributed to making this possible. Your support brings hope and creates meaningful change for persons with disabilities.🙏

"Leave No One Behind''🌿

မိုင်းနင်းမိမှုကြောင့် ခြေဖဝါးဆုံးရှုံးခဲ့ရသော နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦး၏ ခြေလှမ်းသစ်🌿
မိုင်းနင်းမိမှုကြောင့် ခြေဖဝါးဆုံးရှုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက EMDC ထံ ဆက်သွယ်အကူအညီတောင်းခံလာခဲ့ပါတယ်။🌿
June လအတွင်း ခြေတုဌာနနှင့် ချိတ်ဆက်ပေးကာ တိုင်းတာမှုများ ပြုလုပ်ခဲ့ပြီး၊ July လမှာတော့ ခြေဖဝါးအတု တပ်ဆင်နိုင်တော့မှာ ဖြစ်ပါတယ်။🌿
EMDC ၏ လုပ်ဆောင်မှုတိုင်းသည် မေတ္တာ၊ လူ့ဂုဏ်သိက္ခာနှင့် မျှော်လင့်ချက် ကို အခြေခံထားခြင်း ဖြစ်ပါသည်။🌿
ခြေတစ်ဖက် ဆုံးရှုံးသွားခဲ့သော်လည်း ဘဝကို ရဲရဲဝံ့ဝံ့ ဆက်လက်လျှောက်လှမ်းမည့် စိတ်ဓာတ်ကိုတော့ မည်သည့်အရာကမျှ မယူဆောင်သွားနိုင်ပါ။🌿
သူ၏ ခြေလှမ်းသစ်အတွက် အားပေးစကားတစ်ခွန်းနှင့် ဆုတောင်းမေတ္တာများ ပေးပို့ပေးကြပါစို့။ 💚🌿

EMDC ၏ လုပ်ဆောင်မှုတိုင်းသည် မေတ္တာ၊ လူ့ဂုဏ်သိက္ခာနှင့် "မည်သူမျှ မကျန်စေရ" ဟူသော ယုံကြည်ချက်ကို အခြေခံထားပါသည်။

"Leave No One Behind" 🌿
A New Step Forward for a Former Political Prisoner Who Lost His Foot in a Landmine Explosion 🌿
A former political prisoner who lost his foot after stepping on a landmine reached out to EMDC for assistance. 🌿
In June, EMDC connected him with a prosthetics clinic, where measurements were taken. In July, he is scheduled to receive his prosthetic foot, marking a new beginning in his journey. 🌿
Every action taken by EMDC is guided by compassion, human dignity, hope, and the belief that "Leave No One Behind." 🌿
Although he lost part of his leg, his courage, determination, and will to move forward can never be taken away. 🌿
We invite you to share a few words of encouragement and keep him in your thoughts as he takes this important new step. 💚🌿
At EMDC, every effort we make is rooted in compassion, human dignity, and our commitment to ensuring that no one is left behind. 🌿







Equal Move Disability Community

**EMDC ထံ ယုံကြည်စွာ အကူအညီတောင်းခံလာသော ရဲဘော်တစ်ဦး**၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော **ကန်စခန်းသိမ်...
21/07/2026

**EMDC ထံ ယုံကြည်စွာ အကူအညီတောင်းခံလာသော ရဲဘော်တစ်ဦး**

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် ဖြစ်ပွားခဲ့သော **ကန်စခန်းသိမ်းတိုက်ပွဲ**အတွင်း ဘယ်ဘက်ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ရသော ရဲဘော်တစ်ဦးသည် ယနေ့အချိန်ထိ ခြေတုတပ်ဆင်နိုင်ခြင်း မရှိသေးဘဲ အခက်အခဲများနှင့် ရင်ဆိုင်နေရပါသည်။

ထိုသို့သော အခက်အခဲများကြားမှ မိမိ၏ လွတ်လပ်စွာ သွားလာနေထိုင်နိုင်ရေးနှင့် နေ့စဉ်ဘဝ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် **Equal Move Disability Community (EMDC)** ကို ယုံကြည်စွာ ဆက်သွယ်၍ အကူအညီ တောင်းခံလာခဲ့ပါသည်။

EMDC အနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို အလေးထားပြီး လိုအပ်သော အကူအညီများကို တတ်နိုင်သမျှ ပံ့ပိုးပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါသည်။

**မသန်စွမ်းသူတိုင်းအတွက် လွတ်လပ်စွာ ရပ်တည်နိုင်ပြီး တန်းတူညီမျှသော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာစေရန် EMDC နှင့်အတူ လက်တွဲပေးကြပါစို့။**

**Equal Move Disability Community (EMDC)**
*Nothing About Us Without Us*

21-7-2026







Equal Move Disability Community
Naw Su Mhue Lwin

ที่อยู่

Mae Sot
Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Equal Move Disability Communityผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์