Overseas Irrawaddy Association-OIA

Overseas Irrawaddy Association-OIA ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Overseas Irrawaddy Association-OIA, องค์กรไม่แสวงหาผลกำไร, Mae Sot.

15/08/2026

လစဥ်ရိက္ခါအတွက် Form ပြန်ဖြည့်ရပါတယ်ခင်ဗျာ။
အထူးသဖြင့် အရင်လကရခဲ့တဲ့ လူဟောင်းတွေ မကျန်
ခဲ့စေချင်ပါဘူးခင်ဗျာ။ ၁၈-၄၉ အတွင်း အမျိုးသားတွေ
ကတော့ မရတော့ပါဘူး။ ခြွင်းချက်အနေနဲ့ မသန်စွမ်း၊ အလုပ်လုံးဝလုပ်မရအောင် မကျန်းမာသူလောက်သာ မျှဝေနိုင်တော့မှာပါ။" Link" OIA ရဲ့ Signal GPတွေမှာ ရှိ ပါတယ်ခင်ဗျာ။ ဒါက HRDတွေအတွက် သီးသန့်အစီအစဥ်ပါလို့လည်း ထပ်မံအသိပေးပါတယ်ခင်ဗျာ။

14/08/2026

📣 မဲဆောက်မြို့ သန့်ရှင်းသာယာရေး လုပ်အားပေးအစီအစဉ် – မနက်ဖြန် ဖိတ်ခေါ်ချက်

ထိုင်း–မြန်မာ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်နားလည်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရန်နှင့် မဲဆောက်မြို့၏ သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်ကို အတူတကွ ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ Thai-Myanmar Friendship Mae Sot အဖွဲ့မှ ဦးဆောင်ကာ ထိုင်းဒေသခံအာဏာပိုင်များနှင့် အဝေးရောက်ဧရာဝတီအသင်း (OIA) တို့ ပူးပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းရေးလုပ်အားပေးအစီအစဉ်များကို ပြုလုပ်လျက်ရှိပါသည်။

ယခုအပတ် သန့်ရှင်းရေးလုပ်အားပေးအစီအစဉ်ကို မနက်ဖြန် (ဩဂုတ်လ ၁၅ ရက်၊ စနေနေ့) တွင် မယ်ပတရုတ်သင်္ချိုင်းလမ်းအတွင်း ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။

မဲဆောက်မြို့ကို သန့်ရှင်းသာယာလှပသော မြို့တစ်မြို့အဖြစ် အတူတကွ ဖော်ဆောင်နိုင်ရန် မိမိတို့၏ အချိန်အနည်းငယ်ကို မျှဝေကာ စုပေါင်းလုပ်အားပေးလိုသူများ၊ စိတ်ပါဝင်စားသူ ညီအစ်ကိုမောင်နှမများအားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။ 🤝

📅 ရက်စွဲ – ဩဂုတ်လ ၁၅ ရက်၊ ၂၀၂၆ ခုနှစ် (စနေနေ့)
⏰ အချိန် – နံနက် ၈:၀၀ နာရီ
📍 စုရပ် – မယ်ပတရုတ်သင်္ချိုင်းလမ်း
🧹 လုပ်အားပေးမည့်နေရာ – မယ်ပတရုတ်သင်္ချိုင်းလမ်းအတွင်း

🤝 ထိုင်း–မြန်မာ ချစ်ကြည်ရေးကို အတူတကွ မြှင့်တင်ပြီး သန့်ရှင်းသာယာသော မဲဆောက်မြို့ကို လက်တွဲဖော်ဆောင်ကြပါစို့။

အဝေးရောက်ဧရာဝတီအသင်း OIA

📢 အလုပ်သင် အခွင့်အလမ်း (Internship Opportunity)Overseas Irrawaddy Association (O.I.A) မှ တာ့ခ်ခရိုင်အတွင်းရှိ လူငယ်များအ...
10/08/2026

📢 အလုပ်သင် အခွင့်အလမ်း (Internship Opportunity)
Overseas Irrawaddy Association (O.I.A) မှ တာ့ခ်ခရိုင်အတွင်းရှိ လူငယ်များအတွက် လက်တွေ့လုပ်ငန်းအတွေ့အကြုံများ ရရှိစေရန်နှင့် လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုများ တိုးတက်စေရန် ရည်ရွယ်၍ အလုပ်သင်အခွင့်အလမ်း အစီအစဥ် (Internship Program) တွင် ပါဝင်ရန် စိတ်ပါ၀င်စားသူများအား လျှောက်ထားနိုင်ကြောင်း ဖိတ်ခေါ်အပ်ပါသည်။

👤 ခေါ်ယူမည့် ဦးရေ - (၅) ဦး

👩‍💻လျှောက်ထားရန် သတ်မှတ်ချက်များ

• အသက် (၂၀)နှစ် မှ (၂၅) နှစ် အတွင်း။
• အနည်းဆုံး အထက်တန်းအဆင့် ပညာရေး ပြီးဆုံးထားသူ။
• မြန်မာဘာသာစကားဖြင့် ပြောဆိုဆက်သွယ်နိုင်သူ (English၊ Thai သို့မဟုတ် တိုင်းရင်းသားဘာသာစကားများ အသုံးပြုနိုင်ခြင်းကို အားသာချက်အဖြစ် ထည့်သွင်းစဉ်းစားပါမည်)
• အခြေခံ Computer နှင့် Communication Skills ရှိသူ။
• သင်ယူ လေ့လာလိုစိတ်ရှိပြီး Teamwork ဖြင့် လုပ်ကိုင်နိုင်သူ။
• ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေးဆိုင်ရာကိစ္စများအား ဆောင်ရွက်လိုစိတ်ရှိသူ။

📅 အလုပ်သင်ကာလ – (၃) လ

🕘 အလုပ်ချိန် – တနင်္လာမှ သောကြာ (မနက် ၉:၀၀ မှ ညနေ ၅:၀၀)

📍 နေရာ – မဲ့ဆောက်၊ တာ့ခ်ခရိုင်၊ ထိုင်းနိုင်ငံ

📩 လျှောက်ထားရန် လိုအပ်ချက်များ

• CV (ကိုယ်ရေးအချက်အလက်)
• Cover Letter
• Reference Person (ထောက်ခံပေးမည့် ပုဂ္ဂိုလ်) - ၂ ဦး
• ရရှိထားသော Certificate / Transcript (ရှိပါက) တို့ကို
Email Subject : Internship_Full_Name ဖြင့် [email protected] သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။ (အလုပ်သင်ကာလအတွင်း Internship Allowance စီစဥ်ပေးပါမည်)

📌လျှောက်ထားရန်နောက်ဆုံးရက် : 20th August 2026 (ကြာသာပတေးနေ့)
📌 ရွေးချယ်ခံရသူများကိုသာ Interview အတွက် ပြန်လည်ဆက်သွယ်ပေးမည်ဖြစ်ပါသည်။

အဝေးရောက်ဧရာဝတီအသင်း OIAမှ ဇူလိုင်လနှင့်ဩဂုတ်လအတွက် ဖြန့်ဝေပေးမည့် ပုံမှန်ရိက္ခာနှင့်ပတ်သက်ပြီး အသိပေးကြေညာခြင်း
10/08/2026

အဝေးရောက်ဧရာဝတီအသင်း OIAမှ ဇူလိုင်လနှင့်ဩဂုတ်လအတွက် ဖြန့်ဝေပေးမည့် ပုံမှန်ရိက္ခာနှင့်ပတ်သက်ပြီး အသိပေးကြေညာခြင်း

📣 မဲဆောက်မြို့ သန့်ရှင်းသာယာရေး လုပ်အားပေးအစီအစဉ် – မနက်ဖြန် ဖိတ်ခေါ်ချက်ထိုင်း–မြန်မာ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြ...
07/08/2026

📣 မဲဆောက်မြို့ သန့်ရှင်းသာယာရေး လုပ်အားပေးအစီအစဉ် – မနက်ဖြန် ဖိတ်ခေါ်ချက်

ထိုင်း–မြန်မာ နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန် နားလည်ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာလာစေရန်နှင့် မဲဆောက်မြို့၏ သန့်ရှင်းသာယာလှပသော ပတ်ဝန်းကျင်ကို အတူတကွ ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ Thai-Myanmar Friendship Mae Sot အဖွဲ့မှ ဦးဆောင်ကာ ထိုင်းဒေသခံအာဏာပိုင်များနှင့် အဝေးရောက်ဧရာဝတီအသင်း (OIA) တို့ ပူးပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း သန့်ရှင်းရေးလုပ်အားပေးအစီအစဉ်များကို ပြုလုပ်လျက်ရှိပါသည်။

အဆိုပါ သန့်ရှင်းရေးလုပ်အားပေးအစီအစဉ်ကို မနက်ဖြန် (ဩဂုတ်လ ၈ ရက်၊ စနေနေ့) တွင် ထုံထောင်း၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။

ထိုင်း–မြန်မာ ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေရန်နှင့် မဲဆောက်မြို့ကို သန့်ရှင်းသာယာလှပသော မြို့တစ်မြို့အဖြစ် အတူတကွ ဖော်ဆောင်နိုင်ရန် မိမိတို့၏ အချိန်အနည်းငယ်ကို မျှဝေကာ စုပေါင်းလုပ်အားပေးလိုသူများ၊ စိတ်ပါဝင်စားသူ ညီအစ်ကိုမောင်နှမများအားလုံးကို နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

📅 ရက်စွဲ – ဩဂုတ်လ ၈ ရက်၊ ၂၀၂၆ ခုနှစ် (စနေနေ့)
⏰ အချိန် – နံနက် ၈:၀၀ နာရီ
📍 စုရပ် – မိဘအရိပ် (ယခင် Bamboo House)

🤝 ထိုင်း–မြန်မာ ချစ်ကြည်ရေးကို အတူတကွ မြှင့်တင်ပြီး သန့်ရှင်းသာယာသော မဲဆောက်မြို့ကို လက်တွဲဖော်ဆောင်ကြပါစို့။

အဝေးရောက်ဧရာဝတီအသင်း (OIA)

📢 ထိုင်းနိုင်ငံရှိ HIV အခြေအနေ (ကျန်းမာရေး အသိပညာပေး)ထိုင်းနိုင်ငံ ကျန်းမာရေးအာဏာပိုင်များ၏ ထုတ်ပြန်ထားသော အချက်အလက်များ...
07/08/2026

📢 ထိုင်းနိုင်ငံရှိ HIV အခြေအနေ (ကျန်းမာရေး အသိပညာပေး)

ထိုင်းနိုင်ငံ ကျန်းမာရေးအာဏာပိုင်များ၏ ထုတ်ပြန်ထားသော အချက်အလက်များအရ HIV နှင့်အတူ နေထိုင်လျက်ရှိသူ စုစုပေါင်း 557,993 ဦး ရှိကြောင်း ဖော်ပြထားပါသည်။

HIV နှင့်အတူ နေထိုင်သူဦးရေ အများဆုံးတွေ့ရှိရသည့် ပြည်နယ် (၁၃) ခုမှာ—

1. 📍 Bangkok – 88,535 ဦး
2. 📍 Chon Buri – 31,072 ဦး
3. 📍 Chiang Mai – 23,949 ဦး
4. 📍 Chiang Rai – 17,524 ဦး
5. 📍 Nakhon Ratchasima – 17,196 ဦး
6. 📍 Samut Prakan – 16,537 ဦး
7. 📍 Nonthaburi – 16,277 ဦး
8. 📍 Khon Kaen – 15,876 ဦး
9. 📍 Pathum Thani – 14,385 ဦး
10. 📍 Udon Thani – 12,073 ဦး
11. 📍 Rayong – 11,011 ဦး
12. 📍 Songkhla – 10,644 ဦး
13. 📍 Ubon Ratchathani – 10,314 ဦး

အဆိုပါ အချက်အလက်များသည် ပြည်သူများအနေဖြင့် ကျန်းမာရေးကို ပိုမိုဂရုစိုက်ရန်နှင့် HIV နှင့်ပတ်သက်သည့် မှန်ကန်သော အသိပညာများ ရရှိစေရန် ရည်ရွယ်၍ မျှဝေခြင်းဖြစ်ပါသည်။

HIV သည် စောစီးစွာ စစ်ဆေးတွေ့ရှိပြီး ဆေးဝါးကုသမှုကို ပုံမှန်ခံယူပါက ကျန်းမာစွာ နေထိုင်နိုင်သော ရောဂါ ဖြစ်ပါသည်။ ထို့ကြောင့် HIV နှင့်အတူ နေထိုင်သူများကို ခွဲခြားဆက်ဆံခြင်း မပြုဘဲ နားလည်မှု၊ လေးစားမှုနှင့် စာနာမှုဖြင့် ဆက်ဆံပေးကြပါစို့။

💙 ကျန်းမာရေးကို ဂရုစိုက်ပါ။
💙 မှန်ကန်သော အသိပညာကို မျှဝေပါ။

Source: Thailand Ministry of Public Health (MOPH)

အဝေးရောက်ဧရာဝတီအသင်း OIA

06/08/2026
စစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်ပြည်သူများထံ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ခြင်းOIA-ဩဂုတ်လ(၆)ရက်၊၂၀၂၆ခုနှစ်။Over...
06/08/2026

စစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်ပြည်သူများထံ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ခြင်း

OIA-ဩဂုတ်လ(၆)ရက်၊၂၀၂၆ခုနှစ်။

Overseas Irrawaddy Association (OIA) သည် Association for Peace in Myanmar (CCKK), Japan နှင့် ပူးပေါင်း၍ စစ်ရှောင်စခန်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ဘတ် ၄၀,၀၀၀ တန်ဖိုးရှိ အခြေခံစားသောက်ကုန်များကို သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထို့အပြင် Association for Peace in Myanmar (CCKK), Japan မှ စစ်ရှောင်စခန်းရှိ ကလေးငယ်များအတွက် အဝတ်အထည်များကိုလည်း စေတနာဖြင့် လှူဒါန်းပေးခဲ့ပါသည်။

စစ်ရှောင်စခန်းမှ တာဝန်ခံ ဆရာမကြီး၏ ပြောကြားချက်အရ လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူဦးရေ တိုးပွားလာခြင်းကြောင့် စားနပ်ရိက္ခာနှင့် အခြေခံလိုအပ်ချက်များ ပိုမိုလိုအပ်လျက်ရှိကြောင်း သိရှိရပါသည်။ ယခုကဲ့သို့ အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ကူညီမှုများသည် စစ်ဘေးရှောင်ပြည်သူများအတွက် များစွာအထောက်အကူဖြစ်စေခဲ့ပါသည်။

ယခုအကြိမ် ထောက်ပံ့လှူဒါန်းမှုတွင် အိမ်ထောင်စု (၉၉) စုအတွက် ဆန် (၁၅) အိတ်၊ စားသုံးဆီ (၁၀) ဖာ၊ ငါးသေတ္တာ (၅) ဖာ၊ ယမ်ယမ်ခေါက်ဆွဲ (၃၀) ဖာ၊ အသားတု (၂၅) ထုတ်၊ကုလားပဲ (၈၄)ထုတ်နှင့် ဆား (၆) တွဲတို့ကို ပေးအပ်ခဲ့ပါသည်။

ထောက်ပံ့မှုအစီအစဉ်အပြီးတွင် Association for Peace in Myanmar (CCKK), Japan မှ စစ်ဘေးရှောင်ပြည်သူများအတွက် ပူးပေါင်းပံ့ပိုးပေးခဲ့မှုအပေါ် ကျေးဇူးတင်ဂုဏ်ပြုသည့် ဂုဏ်ပြုမှတ်တမ်းလွှာကို Overseas Irrawaddy Association (OIA) မှ ပေးအပ်ခဲ့ပါသည်။

OIA အနေဖြင့်လည်း လိုအပ်နေသော စစ်ဘေးရှောင်ပြည်သူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဆက်လက်ရောက်ရှိနိုင်ရေးအတွက် မိတ်ဖက်အဖွဲ့အစည်းများ၊ အလှူရှင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ယခုကဲ့သို့ စစ်ဘေးရှောင်ပြည်သူများအတွက် လိုအပ်သော အထောက်အပံ့များ ပေးအပ်ကူညီခဲ့သည့် Association for Peace in Myanmar (CCKK), Japan အား Overseas Irrawaddy Association (OIA) မှ အထူးကျေးဇူးတင်ရှိပါသည်။

အဝေးရောက်ဧရာဝတီအသင်း OIA






🎓 ဂျပန်နိုင်ငံတွင် ပညာသင်ကြားရင်း အလုပ်အကိုင်ရရှိနိုင်မည့် Scholarship အခွင့်အရေးOIA အနေဖြင့် ဂျပန်နိုင်ငံရှိ Foundation...
06/08/2026

🎓 ဂျပန်နိုင်ငံတွင် ပညာသင်ကြားရင်း အလုပ်အကိုင်ရရှိနိုင်မည့် Scholarship အခွင့်အရေး

OIA အနေဖြင့် ဂျပန်နိုင်ငံရှိ Foundation တစ်ခုမှ ဖွင့်လှစ်ပေးသည့် Care Worker (ဘိုးဘွားစောင့်ရှောက်ရေး) ၂ နှစ် Diploma Scholarship Programme အား စိတ်ဝင်စားသူများအတွက် သတင်းအချက်အလက်အဖြစ် ပြန်လည်မျှဝေပေးအပ်ပါသည်။

🎓 Scholarship အကျိုးခံစားခွင့်များ
✅ ကျောင်းလခ အပြည့်အဝ ထောက်ပံ့ပေးမည်
✅ ဂျပန်နိုင်ငံသို့ သွားရောက်ရန် လေယာဉ်လက်မှတ်ကုန်ကျစရိတ် ထောက်ပံ့ပေးမည်
✅ (၂) နှစ် သင်တန်းပြီးဆုံးပါက ဂျပန် Specialized Training College မှ Diploma (専門士 – Senmonshi) ရရှိမည်
✅ သင်တန်းပြီးဆုံးပြီးနောက် ဂျပန်နိုင်ငံတွင် Care Worker အဖြစ် (၅) နှစ် လုပ်ကိုင်နိုင်မည်
✅ ဂျပန်နိုင်ငံ၏ သတ်မှတ်ထားသော လစာနှုန်းထားအတိုင်း လစာရရှိမည်
✅ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းမွန်သူများအတွက် Housing Allowance နှင့် Bonus များ ရရှိနိုင်မည်
✅ အရည်အချင်းနှင့် လုပ်ငန်းအတွေ့အကြုံ တိုးတက်လာသည်နှင့်အမျှ လစာတိုးမြှင့်ခံစားခွင့် ရရှိနိုင်မည်
✅ Further Study Opportunities များ ရရှိနိုင်မည်
✅ ဂျပန်ဘာသာစကား အားနည်းသူများအတွက် Japanese Language Training ကိုလည်း ပံ့ပိုးပေးမည်

📋 လျှောက်ထားရန် အရည်အချင်းများ
✔️ အသက် (၁၈) မှ (၃၀) နှစ်အတွင်း
✔️ အထက်တန်း (High School) သို့မဟုတ် GED အောင်မြင်ပြီးသူ
✔️ JLPT N3 Level ရှိသူ
✔️ Passport ရှိသူ

📩 လျှောက်ထားရန်

စိတ်ဝင်စားသူများအနေဖြင့် OIA page Messenger မှတစ်ဆင့် အောက်ပါအချက်အလက်များကို ပေးပို့လျှောက်ထားနိုင်ပါသည်။

• အမည် (Full Name)
• ဆက်သွယ်ရန် ဖုန်းနံပါတ်
• ပညာအရည်အချင်း
• JLPT Level
• Passport ရှိ/မရှိ

သတ်မှတ်ချက်များနှင့် ကိုက်ညီသူများအား OIA မှ ပြန်လည်ဆက်သွယ်၍ လျှောက်ထားရေးလုပ်ငန်းစဉ်များကို ဆက်လက်အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။

📌သတိပြုရန်
OIA အနေဖြင့် ဤ Scholarship အခွင့်အရေးကို သတင်းအချက်အလက်အဖြစ် မျှဝေပေးခြင်းနှင့် စိတ်ဝင်စားသူများ၏ အချက်အလက်များကို လက်ခံစုစည်းပေးခြင်းသာဖြစ်ပါသည်။ နောက်ဆုံးရွေးချယ်ခြင်းနှင့် Scholarship ပေးအပ်ခြင်းကို သက်ဆိုင်ရာ Foundation မှ ဆောင်ရွက်မည်ဖြစ်ပါသည်။

အဝေးရောက်ဧရာဝတီအသင်း OIA

04/08/2026

အထောက်အထားလက်မှတ်တွေ(၁၀နှစ်ခံ) အချက်အလက်မှန်ကန်မှုမရှိဘဲ ရယူထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး လိုက်လံစစ်ဆေးဖမ်းဆီးနေပါတယ်။
ပြည်ထဲရေး၊နယ်စပ်လုံခြုံရေး ဗဟိုအဆင့်
တာဝန်ရှိသူတွေ သတင်းစာရှင်းလင်းပွဲလုပ်ပါလိမ့်မယ်။
၁။ မလိုအပ်လျှင် အပြင်မထွက်ပါနှင့်။
၂။ အကြောက်မလွန်ပါနှင့်။
၃။ အရေးအကြောင်းရှိလျှင် ဆက်သွယ်ရမည့်သူကို
ကြိုတင်စဥ်းစားထားပါ။
လုံခြုံဘေးကင်းကြပါစေ။
ချစ်ကြည်စွာဖြင့်
OIA

ที่อยู่

Mae Sot
63110

เบอร์โทรศัพท์

+66831638304

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Overseas Irrawaddy Association-OIAผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์