Artists' Shelter Artists' Shelter is a private, nonprofit organization founded by Myanmar artists in exile.
(1)

Our members stem from all kinds of artistic fields, such as filmmaking, music, photography, literature, visual art and performing art., etc.

12/03/2026

အခုလာမယ့် မတ်လ (၁၉) ရက်​နေ့ဟာ ​နွေဦး​တော်လှန်​ရေးမှာ သက်ရွယ်ကြီးငယ်မ​ရွေး ​လေးစားချစ်ခင်ကြတဲ့ "ဟန်နီ​နွေဦး @ ရဲ​ဘော်​နွေနီ" ရဲ့ ၂၇ နှစ်​ပြည့်​မြောက်မယ့် ​မွေး​နေ့ ဖြစ်ပါတယ်။

အရင်နှစ်​တွေလိုပဲ ဒီနှစ်မှာလည်း သူ့ရဲ့ ဒုတိယမိသားစုဝင်​တွေဖြစ်တဲ့ ​ကျောင်းသားလက်ရုံးတပ်​တော်(SAF) က ရဲ​ဘော်​​တွေရဲ့ လိုအပ်ချက်​တွေကို ဖြည့်တင်း​ပေးနိုင်ဖို့ "The 27th Spring" ဆိုတဲ့ ​မွေး​နေ့ကမ်ပိန်း​လေးကို မတ်လ ၁ ရက်​နေ့က​နေ ၃၁ ရက်​နေ့အထိ ပြုလုပ်သွားမှာပါ။

ဒီကမ်ပိန်းက​နေ ၂၇ နှစ်ပြည့်​ မွေး​နေ့အမှတ်တရ သိန်း (2,700) ရရှိနိုင်ဖို့ ​မျှော်လင့်ထားပြီး မွေး​နေ့ဖြစ်တဲ့ မတ်လ ၁၉ ရက်​နေ့ထိပြုလုပ်မယ့် 10 Days Challenge ​လေးဟာလည်း ခုဆို ၅ ရက်သာ ကျန်ပါ​တော့တယ်။ ရဲ​ဘော်​တွေကို ကူ​ပေးချင်တဲ့ ​မွေး​နေ့ရှင်ရဲ့ ဆန္ဒ​လေး ပြည့်ဝ​သွား​အောင် "The 27th Spring" ကမ်ပိန်းမှာ တတ်နိုင်သမျှ ပါဝင်ပြီး၊ ​မွေး​နေ့လက်​ဆောင် ​ပေးပို့နိုင်ပါတယ်။

"The 27th Spring" ကမ်ပိန်းအတွက် နိုင်ငံအလိုက် တာဝန်ယူ​ ကောက်ခံ​ပေး​နေတဲ့ OFP FR စာရင်းကို ​ကောမန့်မှာ ကြည့်ရှုနိုင်ပါတယ်။

​နွေဦး

24FM မှ Streaming Partner အဖြစ် ပံ့ပိုးကူညီပေးထားပြီး သရုပ်ဆောင် မင်းမော်ကွန်း ကိုယ်တိုင် ရိုက်ကူးတင်ဆက်ထားတဲ့ "The Rubb...
04/03/2026

24FM မှ Streaming Partner အဖြစ် ပံ့ပိုးကူညီပေးထားပြီး သရုပ်ဆောင် မင်းမော်ကွန်း ကိုယ်တိုင် ရိုက်ကူးတင်ဆက်ထားတဲ့ "The Rubbish" ဇာတ်လမ်းတိုကို 24FM Platform က​နေ ဆက်လက်ကြည့်ရှုလို့ရပါတယ်။

🎬 The Rubbish ဇာတ်လမ်း ကြည့်ရှုနည်း

1. www.24framesmozart.com သို့ဝင်၍ မိမိ ကိုယ်ပိုင်အီးမေးဖြင့် Account ဖွင့်ပါ။ ( Account ရှိပြီးသူများအနေဖြင့် မိမိအီးမေးဖြင့် Log In ပါ )
2. The Rubbish ဇာတ်လမ်းကို ရွေးချယ်ပြီး Redeem Ticket ကို နှိပ်ပါ။ ထို့နောက် မိမိ၏ Certificate တွင်ပါရှိသော Ticket Codeကိုရိုက်ထည့်ပါ။
3. ထို့နောက် The Rubbish ဇာတ်လမ်းကို စတင်ကြည့်ရှုနိုင်ပါပြီ။

အဆင်မပြေမှု အခက်အခဲတစုံတရာ ရှိပါကလည်း 24FM ရဲ့ Page Messenger နဲ့ တယ်လီဂရမ်ဖြစ်တဲ့ 👉 https://t.me/its24framesmozart ကို ဆက်သွယ်နိုင်ပါတယ်။

#မွေးနေ့လက်ဆောင်ကမ်ပိန်း

သရုပ်ဆောင် မင်းမော်ကွန်း ရဲ့ “မွေးနေ့လက်ဆောင်” ကမ်ပိန်းမှ ခန့်မှန်း အမေရိကန်ဒေါ်လာ စုစုပေါင်း - 153,335 ( တသိန်းငါးသောင်...
03/03/2026

သရုပ်ဆောင် မင်းမော်ကွန်း ရဲ့ “မွေးနေ့လက်ဆောင်” ကမ်ပိန်းမှ ခန့်မှန်း အမေရိကန်ဒေါ်လာ စုစုပေါင်း - 153,335 ( တသိန်းငါးသောင်းသုံးထောင်သုံးရာသုံးဆယ့်ငါး) ကောက်ခံ ရရှိခဲ့ပါတယ်။

ဒီကမ်ပိန်းကို ဖေဖော်ဝါရီ (၂) ရက်နေ့ကနေ (၂၆) ရက်နေ့အထိ (၂၄) ရက်ကြာ ပြုလုပ်ခဲ့တာဖြစ်ပြီး ကမ္ဘာအနှံ့က Fundraising အဖွဲ့ (၄၃) ဖွဲ့က အလှူငွေ ကောက်ခံပေးခဲ့တာပါ။ ကိုကျော့်ကို ချစ်ခင်လေးစားကြတဲ့ ပရိသတ်ပြည်သူများရဲ့ အားပါးတရ ပါဝင်မှုကြောင့် ဒီကမ်ပိန်းကနေ မျှော်ရည်ထားတဲ့ ပမာဏထက် ကျော်လွန်ပြီး (၁၂၃%) အထိ ကောက်ခံရရှိခဲ့ပါတယ်။

ကမ်ပိန်းမှ ကောက်ခံရရှိခဲ့တဲ့ ရန်ပုံငွေအားလုံးကို စစ်အာဏာရှင်ကို တွန်းလှန်တိုက်ပွဲဝင်ရင်း ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးခဲ့ရတဲ့ ရဲဘော်တွေအတွက် ခြေတုလက်တု တပ်ဆင်ဖို့ အသုံးပြုသွားမှာဖြစ်ပြီး သက်ဆိုင်တဲ့ အဖွဲ့အစည်းများနဲ့ ချိတ်ဆက်လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် မင်းမော်ကွန်း ရဲ့ “မွေးနေ့လက်ဆောင်” ကမ်ပိန်းမှာ ပါဝင်ကူညီပေးကြသူ တဦးတယောက်ချင်းစီတိုင်းနဲ့ ပရိသတ်ပြည်သူအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဖော်ပြအပ်ပါတယ်။

#မွေးနေ့လက်ဆောင်ကမ်ပိန်း
#မင်းမော်ကွန်း

We asked. You delivered 🎯❤️‍🔥ကိုကျော့်အတွက် ပရိသတ်တွေပေးပို့တဲ့မွေးနေ့လက်ဆောင်များစွာကို ရရှိပါတယ်။ အချိန်တိုလေးအတွင်းမှ...
26/02/2026

We asked. You delivered 🎯❤️‍🔥

ကိုကျော့်အတွက် ပရိသတ်တွေပေးပို့တဲ့မွေးနေ့လက်ဆောင်များစွာကို ရရှိပါတယ်။ အချိန်တိုလေးအတွင်းမှာ ကမ်ပိန်းရဲ့ မျှော်မှန်း Target ကို များစွာကျော်လွန်ခဲ့ပါပြီ။ 😱🤯

ဒါပေမယ့် လိုအပ်နေတဲ့ ရဲဘော်များစွာရှိနေတာမို့ ဆက်လက်ပြီး မွေးနေ့လက်ဆောင်တွေပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 💐🎁

ဒဏ်ရာရရဲဘော်တွေကို ကူညီနိုင်ဖို့ 👉 https://m.me/artistsshelter ကို စာပို့လိုက်ပါ။

#မွေးနေ့လက်ဆောင်ကမ်ပိန်း
#မင်းမော်ကွန်း

26/02/2026

ThaiBank,Zelle,NUGPay,SDB Bankများဖြင့် Artists’ Shelter Page မှာ မွေးနေ့လက်ဆောင်ကမ်ပိန်းအတွက် လာရောက်ထည့်ဝင်လို့ရပါတယ်။

Artists’ Shelter Pageကိုစာပို့လို့မရပါက အောက်ပါ Telegramကိုဆက်သွယ်လို့ရပါတယ်

👉 https://t.me/its24framesmozart

တခြားနိုင်ငံတကာငွေကြေးများဖြင့်ထည့်ဝင်လို့ရတဲ့ Fundraiser များစာရင်းကို ကောမန့်မှာကြည့်ရှုနိုင်ပါတယ်။

#မွေးနေ့လက်ဆောင်ကမ်ပိန်း

ကမ်ပိန်းမှာ ပါဝင်ထားကြသူတွေကို ကိုကျော်မွေးနေ့လက်ဆောင်ပြန်ပေးထားတဲ့ “ The Rubbish “ ဇာတ်လမ်းတိုကို 24FM Platform မှာ စတင...
26/02/2026

ကမ်ပိန်းမှာ ပါဝင်ထားကြသူတွေကို ကိုကျော်မွေးနေ့လက်ဆောင်ပြန်ပေးထားတဲ့ “ The Rubbish “ ဇာတ်လမ်းတိုကို 24FM Platform မှာ စတင်ကြည့်ရှုနိုင်နေပြီဖြစ်ပါတယ်။

“The Rubbish” ဇာတ်လမ်းတိုကို 24FM Platform မှာ စတင်ကြည့်ရှုနိုင်ပါပြီ 🎬

သရုပ်ဆောင်မင်းမော်ကွန်းရဲ့ “မွေးနေ့လက်ဆောင်“ ကမ်ပိန်းမှာ ထည့်ဝင်ထောက်ပို့ထားကြတဲ့ ပရိသတ်တွေကို လက်ဆောင်ပြန်လည် ပေးအပ်တဲ့အနေနဲ့ ကိုကျော်ကိုယ်တိုင် ရိုက်ကူးထားတဲ့ “The Rubbish” ဇာတ်လမ်းတိုလေးကို 24FM Platform မှာ ကြည့်ရှုနိုင်နေပြီဖြစ်ပါတယ် 🥳

Feb 01 ရက်နေ့မှ Feb 23 ရက်နေ့ထိ ပါဝင်ကူညီထားကြသူတွေပဲလက်ရှိကြည့်လို့ ရနိုင်ဦးမှာဖြစ်ပြီး ကျန်ရှိနေသေးတဲ့သူများအတွက် အမြန်ဆုံးကြည့်ရှုနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးနေပါတယ် 👩‍🔧

24FM Website မှာ ကြည့်ရှုနိုင်မယ့် နည်းလမ်းလေးကိုလည်း အောက်မှာ ဖော်ပြပေးထားလိုက်ပါတယ်။

🎬 The Rubbish ဇာတ်လမ်း ကြည့်ရှုနည်း

1. www.24framesmozart.com သို့ဝင်၍ မိမိ ကိုယ်ပိုင်အီးမေးဖြင့် Account ဖွင့်ပါ။ ( Account ရှိပြီးသူများအနေဖြင့် မိမိအီးမေးဖြင့် Log In ပါ )
2. The Rubbish ဇာတ်လမ်းကို ရွေးချယ်ပြီး Redeem Ticket ကို နှိပ်ပါ။ ထို့နောက် မိမိ၏ Certificate တွင်ပါရှိသော Ticket Codeကိုရိုက်ထည့်ပါ။
3. ထို့နောက် The Rubbish ဇာတ်လမ်းကို စတင်ကြည့်ရှုနိုင်ပါပြီ။

အဆင်မပြေမှု အခက်ခဲတစုံတရာ ရှိပါကလည်း 24FM ရဲ့ Page Messenger နဲ့ တယ်လီဂရမ်ဖြစ်တဲ့ 👉 https://t.me/its24framesmozart ကို ဆက်သွယ်နိုင်ပါတယ်။

#မွေးနေ့လက်ဆောင်ကမ်ပိန်း
#မင်းမော်ကွန်း

25/02/2026

𝑯𝒂𝒑𝒑𝒚 𝑩𝒊𝒓𝒕𝒉𝒅𝒂𝒚... "ကို​ကျော်" ✨️🎂💐

ဒီ​နေ့ ကျ​ရောက်တဲ့ ကို​ကျော့်ရဲ့ ​မွေး​နေ့​လေးမှာ ကို​ကျော့်ပရိသတ်​တွေ နားဆင်ခံစားနိုင်ဖို့ "သတ္တိနဲ့ ပွင့်လန်း ချစ်​သောပန်းများ" 𝑨𝒄𝒐𝒖𝒔𝒕𝒊𝒄 𝑴𝒖𝒔𝒊𝒄 𝑪𝒐𝒏𝒄𝒆𝒓𝒕 ထဲက "Yes or No" သီချင်း​လေးကို ​မွေး​နေ့အမှတ်တရအဖြစ် Artists' Shelter မှ ပြန်လည် တင်ဆက်​ပေးလိုက်ပါတယ်...။ ✨️

​​"မွေး​နေ့မှစ ​နေ​ကောင်းကျန်းမာပါ​စေ...
ဖြစ်ချင်တဲ့ ​မျှော်ရည်တဲ့ စိတ်ဆန္ဒ​​အားလုံးကိုလည်း ပြည့်ဝ​အောင်မြင်​အောင် ​ရွက်​ဆောင်နိုင်သူတဦး ဖြစ်ပါ​စေ..." လို့ Artists' Shelter မိသားစုဝင်များမှ လှိုက်လှဲ​နွေး​ထွေးစွာ ​မွေး​နေ့ဆုမွန်​​ကောင်း ​တောင်းလိုက်ပါတယ်​...။ 🧡

ကို​ကျော့်ကို ​မွေး​နေ့လက်​ဆောင် ​ပေးချင်တဲ့ ပရိသတ်ကြီးအ​နေနဲ့ https://m.me/artistsshelter ကို စာပို့ပြီး ဒဏ်ရာရရဲ​ဘော်​တွေအတွက် ပြုလုပ်​နေတဲ့ "​မွေး​နေ့လက်​ဆောင်" ကမ်ပိန်းမှာ ဒီ​နေ့ ​နောက်ဆုံးထား ပါဝင်ကာ အဓိပ္ပါယ်ပြည့်ဝတဲ့ ​မွေး​နေ့လက်​ဆောင်​တွေကို အားပါးတရ​ ပေးပို့နိုင်ပါတယ်။ 🎁

#မွေးနေ့လက်ဆောင်ကမ်ပိန်း
#မင်းမော်ကွန်း

“ မွေးနေ့လက်ဆောင် “ ကမ်ပိန်းအတွက်မြန်မာနိုင်ငံမှ ထည့်ဝင်လိုသူများအနေဖြင့် အောက်ဖော်ပြပါ Fundraiser များထံမှာ ယုံကြည်စိတ်...
25/02/2026

“ မွေးနေ့လက်ဆောင် “ ကမ်ပိန်းအတွက်မြန်မာနိုင်ငံမှ ထည့်ဝင်လိုသူများအနေဖြင့် အောက်ဖော်ပြပါ Fundraiser များထံမှာ ယုံကြည်စိတ်ချစွာထည့်ဝင်နိုင်ပါတယ်

■ "Myanmar"

Eaint
THB, MMK, SDB, DMMK
https://www.facebook.com/share/16ZcmmhyuM/?mibextid=wwXIfr

Boston Free Burma
MMK , DMMK, SDB, USD, US(Zelle) , Venmo, PayPal
https://www.facebook.com/profile.php?id=61557410600669

Linn Lae
SDB , DMMK , SGD, MMK, MYR, Biance, Bybit, Bitget, MEXC, SDB token
https://www.facebook.com/profile.php?id=61569588458864&mibextid=ZbWKwL

Nway Oo Chums
MMK, DMMK, SDB, THB, SGD, JPY, USD(Zelle), USDT, Paypal
https://www.facebook.com/nwayoochums

PDFs Support Group
SDB, DMMK , MMK, THB
https://www.facebook.com/share/1SRV3Y89V1/?mibextid=wwXIfr

Spring Revolution Supportive Soldiers (SRSS)
Myanmar,Thai,Signapore,Korea,UAE

https://www.facebook.com/profile.php?id=61572700841567

https://www.facebook.com/share/17wQd9CWBR/?mibextid=wwXIfr

The Myanmar People’s Spring ပြည်သူ့နွေဦး
MMK, SGD, AUD, THB, SDB, DMMK, PayPal
https://www.facebook.com/TMPSfundraiser

နွေဦးအားမာန်
MMK, DMMK, SDB, SGD, THB, US, Malaysia, KRW, JPY
https://www.facebook.com/profile.php?id=100095223915640

Myanmar Care Group (MCG)
MMK, DMMK, SDB, SGD
http://m.me/Myanmarcaregroup

We Support Heroes
MMK , DMMK , THB , SGD , AUD , JPY , USA , MYR , SDB
m.me/wesupportheroes

Moon King
MMK , SGD , THB , AUD , SDB
https://www.facebook.com/moonkingofpofficialfundraiser

👉 https://m.me/artistsshelter ကို စာပို့ပြီး “မွေးနေ့လက်ဆောင်” ကမ်ပိန်းမှာ ပါဝင်နိုင်သလို ကောမန့်က  link မှာပါရှိတဲ့ နို...
25/02/2026

👉 https://m.me/artistsshelter ကို စာပို့ပြီး “မွေးနေ့လက်ဆောင်” ကမ်ပိန်းမှာ ပါဝင်နိုင်သလို ကောမန့်က link မှာပါရှိတဲ့ နိုင်ငံတကာ FR တွေဆီကလည်း ထောက်ပို့လှူဒါန်းနိုင်ပါတယ်

မနက်ဖြန် ကိုကျော့်မွေးနေ့…

ကိုကျော်က သူ့မွေးနေ့အတွက် ထိခိုက်ဒဏ်ရာရထားပြီး ခြေလက်အင်္ဂါအစားထိုး တပ်ဆင်နိုင်ဖို့စောင့်နေရတဲ့ ရဲဘော်တွေကိုကူညီနိုင်ဖို့ ကမ်ပိန်းလေး လုပ်နေတာရှိပါတယ်

ကမ်ပိန်းက မနက်ဖြန် ကိုကျော့်မွေးနေ့မှာပဲ နောက်ဆုံးနေ့အဖြစ် ပြုလုပ်သွားမှာပါ။
ကမ်ပိန်းမျှော်မှန်းထားတဲ့ ပမာဏကိုပြည့်မီဖို့ အနည်းငယ်ပဲ လိုတော့တာမလို့ ဝိုင်းဝန်း ကူညီပေးကြပါဦးနော်…

ကူညီလို့ရတဲ့ FR list ကို ကောမန့်မှာ မန့်ထားပါတယ် 😇

25/02/2026

ထိခိုက်ဒဏ်ရာရပြီးတဲ့နောက် ရဲ​ဘော်​တွေရဲ့ ခရီးလမ်းဟာ ရပ်တန့်သွားပါသလား?

ဒီအတွက် အ​ဖြေက ရပ်တန့်မသွားဘူးလို့ပဲ ​ပြောပါရ​စေ။ ယာယီအားဖြင့် ကာလတခု အနားယူ ပြင်ဆင် ဖြည့်ဆည်းရတဲ့ အချိန်တွေ ရှိနိုင်​ပေမယ့်... သူတို့ဟာ သူတို့တတ်စွမ်းသမျှ ကိုယ်​ရော၊ စိတ်ပါ ထည့်သွင်းပြီး ​မပြီးဆုံး​သေးတဲ့ ရည်ရွယ်ရာခရီးလမ်းအတွက် ​ရှေ့ဆက် ​လျှောက်လှမ်းကြမြဲ ဖြစ်ပါတယ်။

ခြေတုလက်တု တပ်ဖို့ စောင့်ဆိုင်းနေတဲ့ ရဲဘော်တွေကို ကူညီနိုင်ဖို့ Artists’ Shelter ရဲ့ Page Messenger 👉 https://m.me/artistsshelter ကို စာပို့ပြီး “မွေးနေ့လက်ဆောင်” ကမ်ပိန်းမှာ ပါဝင်နိုင်ပါတယ်။

#မွေးနေ့လက်ဆောင်ကမ်ပိန်း
#မင်းမော်ကွန်း

ที่อยู่

Mae Sot
63110

เวลาทำการ

พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Artists' Shelterผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ องค์กรนั้น

ส่งข้อความของคุณถึง Artists' Shelter:

แชร์