09/05/2026
Joy House performance at the Rockout for Refugees concert at the New International School Thailand (NIST) in Bangkok was a smashing success. The annual event is organized by the Phu Li Phay (Refugee) student organization, which focuses on service work for refugees. Phu Li Phay aims to raise awareness about the crisis in Myanmar and also organizes fundraising activities for refugees camp and Joy House.
NIST students and teachers performed rock, acoustic, blues and Thai music.
Joy House musician Phoe San performed his new song Hmone Shwe Yee for the first time -a unique blending of Myanmar traditional, country, and rock music.
Joy House is proud to partner with Phu Li Phay and NIST and share the voices of refugees from the border and IDPs in Myanmar to amplify the voices that long for peace.
ဘန်ကောက်မြို့ရှိ New International School Thailand (NIST) တွင်ပြုလုပ်သည့် Rockout for Refugees ဖျော်ဖြေပွဲတွင် Joy House ပီတိအိမ်၏ ဖျော်ဖြေမှုမှာ အံ့မခန်းအောင်မြင်ခဲ့ပါတယ်။ နှစ်စဥ်အမြဲကျင်းပလေ့ရှိသော ဤပွဲအားဒုက္ခသည်များအတွက် ကူညီသော လုပ်ရှားမှုများကို အားစိုက်လုပ်ဆောင်သော Phu Li Phay ( ထိုင်းဘာသာစကားဖြင့် “ဒုက္ခသည်” ) အမည်ရှိသော ကျောင်းသားအဖွဲ့အစည်းမှ ဦးစီးလုပ်ဆောင်လုပ်ပါတယ်။ Phu Li Phay သည်မြန်မာနိုင်ငံတွင်ဖြစ်နေသော အကျပ်အတည်းများနှင့်ပတ်သက်၍ လူထုအာရုံစိုက်မှုရရှိရင် တင်ပြမှု့များကို လုပ်ဆောင်သလို့၊ Joy House လိုအပ်သော ရန်ပုံငွေရှာဖွေရေး အလုပ်များမှုများကိုလည်း ကူညီဆောင်ရွက်ပေးပါတယ်။
NIST ကျောင်းသားများနှင့် ဆရာများသည် rock, acoustic, blues နှင့် ထိုင်းဂီတတို့ကို ဖျော်ဖြေခဲ့ကြပြီး Joy House မှ ဂီတပညာရှင် တယောဖိုးစံမှ မှုံရွှေရည် သီချင်းအား မြန်မာ့ရိုးရာဂီတ၊ ကန်းထရီးနှင့် ရော့ခ်ဂီတ တို့နှင့်ပေါင်းစပ်၍ ထူးခြားစွာ တီးခတ်တင်ဆက်ခဲ့ပါတယ်။
Joy House အနေဖြင့် Phu Li Phay၊ NIST တို့ဖြင့် ပူးပေါင်းပြီး ငြိမ်းချမ်းရေးအတွက် လိုလားတောင့်တသော အသံများကိုချဲ့ထွင်ရန် အတွက် နယ်စပ်မှ ဒုက္ခသည်များနှင့် မြန်မာနိုင်ငံရှိ IDPs များ၏အသံများကို ကိုယ်စားမျှဝေပေးနိုင်သည့်အတွက် ဂုဏ်ယူမိပါတယ်။