04/03/2026
📢 𝐀𝐧𝐧𝐨𝐮𝐧𝐜𝐞𝐦𝐞𝐧𝐭: 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐖𝐨𝐦𝐞𝐧’𝐬 𝐃𝐚𝐲 𝐄𝐯𝐞𝐧𝐭 𝟐𝟎𝟐𝟔
✨𝑮𝒊𝒗𝒆 𝑻𝒐 𝑮𝒂𝒊𝒏: 𝑨 𝑱𝒐𝒖𝒓𝒏𝒆𝒚 𝒐𝒇 𝑮𝒆𝒏𝒆𝒓𝒐𝒔𝒊𝒕𝒚, 𝑪𝒐𝒍𝒍𝒂𝒃𝒐𝒓𝒂𝒕𝒊𝒐𝒏, 𝒂𝒏𝒅 𝑺𝒉𝒂𝒓𝒆𝒅 𝑷𝒓𝒐𝒈𝒓𝒆𝒔𝒔✨
၂၀၂၆ ခုနှစ် မတ်လ (၈) ရက်နေ့ - 𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗪𝗼𝗺𝗲𝗻’𝘀 𝗗𝗮𝘆 ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျွန်ုပ်တို့ 𝗧𝗵𝗲 𝗦𝗽𝗮𝗰𝗲 အဖွဲ့အစည်းမှ ဦးဆောင်၍ မိတ်ဖက်အဖွဲ့အစည်းများနှင့်အတူ စိတ်လှုပ်ရှားဖွယ်ရာ Campaign Movement ပွဲတစ်ခုကို ကျင်းပပြုလုပ်သွားဖို့ ရှိပါတယ်။
အမျိုးသမီးတစ်ယောက်ရဲ့ စွမ်းဆောင်ရည် နဲ့ ခေါင်းဆောင်နိုင်မှု ဆိုတာ တစ်ဦးတည်းစွမ်းရည်အပေါ် မူတည်နေတာမဟုတ်ဘဲ ခိုင်မာတဲ့ ကူညီပံ့ပိုးမှုစနစ်၊ ကျောထောက်နောက်ခံ အင်အားစု စတဲ့ Support System ရှိနေဖို့က အဓိကကျပါတယ်။ ခေါင်းဆောင်မှုဆိုတာ ရာထူးနေရာတစ်ခု မဟုတ်ဘဲ အချင်းချင်း ဝိုင်းဝန်းတွန်းအားပေးခြင်း (Collective Action) နဲ့ အတူတကွ ရှေ့ဆက်ခြင်း (Shared Leadership) ပဲ ဖြစ်တယ်လို့ ကျွန်ုပ်တို့ ယုံကြည်ပါတယ်။
ယခု ပြုလုပ်သွားမယ့် Campaign ပွဲမှာ - ပံ့ပိုးမှုတွေက အမျိုးသမီးတွေရဲ့ ဘဝကို ဘယ်လို ပြောင်းလဲစေသလဲ? အချင်းချင်း လက်တွဲပြီး ဘယ်လို ခေါင်းဆောင်မှုမျိုးကို ဖန်တီးမလဲ? စတဲ့ အကြောင်းအရာတွေကို အသိပညာ၊ အနုပညာ ပြသမှုများ နှင့် အတူတကွ ဆွေးနွေးဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။
ဒီ Campaign ပွဲမှာ ပါဝင်မယ့် အဓိကအစီအစဉ်တွေကတော့…
💠𝗛𝗶𝘀𝘁𝗼𝗿𝘆 & 𝗞𝗲𝘆 𝗠𝗲𝘀𝘀𝗮𝗴𝗲: IWD သမိုင်းကြောင်းနှင့် "Give To Gain" ခံယူချက်များ မျှဝေခြင်း။
💠𝗗𝗲𝗯𝗮𝘁𝗲 𝗦𝗲𝘀𝘀𝗶𝗼𝗻: "အမျိုးသမီးခေါင်းဆောင်မှုတွင် အမျိုးသားများ၏ ပံ့ပိုးမှု လိုအပ်သလား?" ဆွေးနွေးပွဲ။
💠 𝗔𝗿𝘁 𝗘𝘅𝗵𝗶𝗯𝗶𝘁𝗶𝗼𝗻: အမျိုးသမီးထု၏ ကြံ့ကြံ့ခံနိုင်စွမ်း (Resilience) ကို ဖော်ကျူးသည့် အနုပညာပြပွဲ။
💠𝗖𝘂𝗹𝘁𝘂𝗿𝗲 & 𝗔𝗿𝘁𝘀: ထမီသပိတ်၊ သံချပ် နှင့် Mini Theatre (Documentary) ပြသခြင်း။
💠𝗠𝘂𝘀𝗶𝗰 & 𝗬𝗼𝘂𝘁𝗵: Unplugged ဖျော်ဖြေရေးနှင့် Station Game အစီအစဉ်များ။
📅 Event Date: 8 March 2026 (Sunday)
📍 Location: The Space Youth Learning Center (No.989, Moo 7, Ning Bua, Mae Pa Subdistrict, Mae Sot.)
🕚 Time: 11:00 AM - 6:00 PM
ဒီလှုပ်ရှားမှုမှာ အားလုံးအတူတကွ ပူးပေါင်းပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။