25/07/2026
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်
ယနေ့တွင် ကျွန်ုပ်တို့၏ မဲဆောက်အခြေစိုက် Gender-Based Violence Coordination Group (GBVCG) အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးသို့ အဖွဲ့အစည်းအသီးသီးမှ ကွန်ယက်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး မိမိတို့မြေပြင်အခြေအနေတွင် ကြုံတွေ့နေရသည့် အတွေ့အကြုံများ၊ အခက်အခဲများနှင့် စိန်ခေါ်မှုများကို ပွင့်လင်းမြင်သာစွာ အပြန်အလှန် မျှဝေဆွေးနွေးခဲ့ကြသည်။
ထို့အပြင်UN Women Consultant မှ Peer Support Network အကြောင်းနှင့် GBVCG network အတွက် Update Peer Support အကြောင်းကို ရှင်းပြခဲ့သည်။ ထို့နောက် အဖွဲ့အစည်းအသီးသီးမှ မြေပြင်တွင် ကြုံတွေ့ရသည့် အခက်အခဲ၊ စိန်ခေါ်မှုများကိုလဲ ဆေွးနွေးတင်ပြခဲ့ကြပြီး အဖွဲ့အစည်းတစ်ခုချင်းစီမှ မိမိတို့အဖွဲ့အစည်းနှင့်ပတ်သက်ပြီး updateများတင်ပြ ဆွေးနွေးခဲ့ကြသည်။
Gender-Based Violence Coordination Group (GBVCG)သည် မဲဆောက်ဒေသတွင်းရှိ လိင်ကွဲပြားမှုအပေါ်အခြေခံပြီးဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများကို လျော့နည်းပပျောက်စေရန်ရည်ရွယ်ပြီး ကူညီလုပ်ဆောင်ပေးနေသည့် လူထုအခြေပြုအဖွဲ့အစည်းများနှင့်ဖွဲ့စည်းထားသော ကွန်ယက်တစ်ခုဖြစ်ပါသည်။