Fight for Justice

Fight for Justice သရော်မယ် လှောင်မယ် အောင်ပွဲခံမယ်။ https://youtube.com/

မင်္ဂလာ ညနေခင်းလေးပါ….Fight for Justice ပရိသတ်ကြီး… ရှင်ဒီလို ခေတ်စနစ်ဆိုးရဲ့ ဖိနှိပ်ခံ နင်းပြားလူငယ်တွေရဲ့ ဘဝဇာတ်ကြောင်...
12/08/2026

မင်္ဂလာ ညနေခင်းလေးပါ….
Fight for Justice ပရိသတ်ကြီး… ရှင်

ဒီလို ခေတ်စနစ်ဆိုးရဲ့ ဖိနှိပ်ခံ နင်းပြားလူငယ်တွေရဲ့ ဘဝဇာတ်ကြောင်းတွေကိုတော့ တင်ဆက်ပေးနေတဲ့ ဆရာလင်းခါးရဲ့ လက်ရာ "ရေသေအိုင်" ဆိုတဲ့ Audio Book Video ဟာ YouTube Channel အပိုင်း(၂) ကို တင်ထားပြီးပါပြီ.. ရှင်

ဆရာလင်းခါးရဲ့ လက်ရာ "ရေသေအိုင်" ဆိုတဲ့ Audio Book Video လေးကို နားဆင်ရင်း ကျွန်မတို့ရဲ့ Fight For Justice YouTube Channel လေးကိုလည်း Subscribe လုပ်‌ပေးသွားကြပါဦး... ရှင့်
Watch Time လေးလည်းအများကြီးရအောင် ကြည့်ပေးကြပါဦးနော်



#ရေသေအိုင်

မတူညီတဲ့ လမ်းတွေပေါ်က တူညီတဲ့ အိပ်မက်များလူငယ်ဆိုတာ အသက်အရွယ်တစ်ခုကိုပဲ ခေါ်တာမဟုတ်ဘူး။ အိပ်မက်ရှိသူ၊ ပြောင်းလဲချင်စိတ်ရ...
12/08/2026

မတူညီတဲ့ လမ်းတွေပေါ်က တူညီတဲ့ အိပ်မက်များ

လူငယ်ဆိုတာ အသက်အရွယ်တစ်ခုကိုပဲ ခေါ်တာမဟုတ်ဘူး။ အိပ်မက်ရှိသူ၊ ပြောင်းလဲချင်စိတ်ရှိသူ၊ မဖြစ်နိုင်ဘူးဆိုတဲ့ စကားကို “ဖြစ်နိုင်အောင် ဘယ်လိုလုပ်မလဲ” လို့ ပြန်မေးရဲသူတိုင်းဟာ လူငယ်ပါပဲ။

ဩဂုတ်လ (၁၂) ရက်နေ့ ဖြစ်တဲ့ ဒီနေ့ဟာ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (International Youth Day) ပဲ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ကို ၁၉၉၁ ခုနှစ်တွင် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့ (Vienna) ၌ ကျင်းပတဲ့ ကမ္ဘာ့ကုလသမဂ္ဂ လူငယ်များဆိုင်ရာ ဖိုရမ် (World Youth Forum of the United Nations System) တွင် လူငယ်အများအပြားက အကြံပေး တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။ ၁၉၉၈ ခုနှစ်၊ လစ္စဘွန်းမြို့ (Lisbon) မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့လူငယ်ရေးရာ ဝန်ကြီးများ ညီလာခံမှာ ဒီအဆိုပြုတင်ပြချက်ကို ထောက်ခံခဲ့ကြပြီး၊ ၁၉၉၉ ခုနှစ်တွင် ကုလသမဂ္ဂက မီးစိမ်းပြခဲ့ကာ ဩဂုတ်လ (၁၂) ရက်နေ့ကို "အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့" အဖြစ် တရားဝင်အတည်ပြု သတ်မှတ်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပထမဆုံး တရားဝင် အခမ်းအနားကို ၂၀၀၀ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့တွင် ကမ္ဘာတစ်ဝန်း စတင်ကျင်းပခဲ့ကြပါတယ်။ ဒီနေ့မှာဆိုရင် လူငယ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကမ္ဘာတစ်ဝန်းမှာ လူငယ်အခမ်းအနားများနှင့် လှုပ်ရှားမှုများကို နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိကြပါတယ်။

ကျင်းပရသော ရည်ရွယ်ချက်
• လူငယ်များ ရင်ဆိုင်နေရသော ပြဿနာများနှင့် စိန်ခေါ်မှုများကို ကမ္ဘာသိစေရန်၊ လူငယ်များ၏ အခန်းကဏ္ဍနှင့် အကြံဉာဏ် များကို လူ့အဖွဲ့အစည်း တည်ဆောက်ရေးတွင် အဓိက မိတ်ဖက်အဖြစ် အသိအမှတ်ပြုရန်တို့ ဖြစ်ပါတယ်။
၂၀၂၆ ဆောင်ပုဒ်
• ယနေ့ကျရောက်သည့် International Youth Day 2026 အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အတွက် ကုလသမဂ္ဂမှ ချမှတ်ထားသော အဓိကဆောင်ပုဒ်မှာ “Different Contexts, Common Aspirations” (“နောက်ခံမတူငြား၊ ရည်မှန်းတူထား၊ လူငယ်အား”) ဖြစ်ပါတယ်။
ဆောင်ပုဒ်၏ အနှစ်သာရ အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူငယ်များသည် မတူညီသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသန္တရ အခြေအနေအမျိုးမျိုးတွင် ကြီးပြင်းရှင်သန်နေကြရပြီး မတူကွဲပြားသည့် ပတ်ဝန်းကျင်နောက်ခံ ရှိကြသော်လည်း လူငယ်အားလုံး၏ အနာဂတ်မျှော်မှန်းချက်များဖြစ်သော ဂုဏ်သိက္ခာရှိမှု၊ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ၊ အရည်အသွေးပြည့်ဝသည့် ပညာရေး နှင့် ရေရှည်တည်တံ့မည့် အနာဂတ်တို့ကို တူညီစွာ လိုလားကြတာပဲဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ လူငယ်တွေဟာ အခြေအနေချင်း မတူကြပါဘူး။ တချိုက စစ်ပွဲတွေကြားမှာ တိုက်ရင်းခိုက်ရင်း ရှင်သန်နေကြတယ်။ တချို့က ဗုံးသံ သေနတ်သံတွေကြား အသက်ရှင်သန်နိုင်ဖို့ ခိုလုံစရာရှာရင်း ပြေးလွှားနေကြရတယ်။၊ တချို့က စာသင်ခန်းထဲမှာ အနာဂတ်ကို ရှာဖွေနေကြတယ်။ တချို့က အလုပ်ခွင်ထဲမှာ မိသားစုနှင့် ဘဝအတွက် ရုန်းကန်နေကြရတယ်။ တချို့ကတော့ အိပ်မက်တွေနောက်ကို လျှောက်လိုက်ရင်း နေ့ရက်တွေကို ဖြတ်သန်းနေကြတယ်။
ဒီလို လမ်းတွေ မတူကြပေမယ့်… မျှော်လင့်ချက်တွေကတော့ တူကြတယ်။ ပိုကောင်းတဲ့ဘဝ၊ လုံခြုံမှု၊ စစ်ပွဲတွေမရှိတဲ့နေရာ၊ တရားမျှတမှု၊ လွတ်လပ်စွာ ရပ်တည်ခွင့်၊ ကိုယ့်ရဲ့အသံကို ကိုယ်တိုင် ပြောခွင့်ရချင်ကြတယ်ဆိုတာ အတူတူပါပဲ။ အနာဂတ်မှာ ကိုယ့်နောက်က မျိုးဆက်တွေအတွက် ပိုကောင်းတဲ့ ကမ္ဘာတစ်ခုကို ချန်ထားခဲ့ချင်ကြတာကလည်း ဆန္ဒတစ်ခုပါပဲ။

ဒီနေ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ မှာ ကမ္ဘာတစ်ဝှမ်းက လူငယ်များအပြင် မတရားမှုများနှင့် ဖိနှိပ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင် နေကြရသော လူငယ်များအတွက် အားပေးစကားပြောချင်တာကတော့ —
မင်းတို့ရဲ့အသံတွေ၊ မင်းတို့ရဲ့အိပ်မက်တွေ ဘယ်လောက်ပဲသေးငယ်နေပါစေ အရေးမကြီးတာ တန်ဖိုးမရှိတာ မဟုတ်ပါဘူး။ ပြောင်းလဲမှုကြီးတိုင်းဟာ တစ်စုံတစ်ယောက်ရဲ့ သေးငယ်တဲ့ ယုံကြည်မှုကနေစခဲ့တာပါ။ မင်းတို့ရဲ့ တီထွင်ဖန်တီးမှုကြီးဟာ အံ့မခန်း လောက်ပါပဲ။
ဒါကြောင့်… မင်းဘယ်နေရာမှာပဲရှိရှိ၊ ဘယ်လိုအခြေအနေမှာပဲရှိရှိ၊ မင်းရဲ့ အသံကို မတိတ်လိုက်ပါနဲ့၊ မင်းရဲ့ အိပ်မက်တွေကို မစွန့်လွှတ်လိုက်ပါနဲ့။ တီထွင်မှုတွေကို မရပ်တန့်လိုက်ပါနဲ့။ စဉ်ဆက်မပြတ်လေ့လာပါ၊ အများအကျိုးဆောင်ရွက်ပါ၊ စိတ်ကျန်းမာရေး ဂရုစိုက်ပါ။
ဒီကမ္ဘာကြီးရဲ့ အနာဂတ်ကို “ဒီနေ့ကစပြီး ငါ ဘာလုပ်နိုင်မလဲ” ဆိုတဲ့ မေးခွန်းနဲ့ပဲ တည်ဆောက်လိုက်ပါ။
လူငယ်တွေဟာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေဖြစ်လာဖို့အတွက် ဒီနေ့ရဲ့ ပြောင်းလဲမှုကို ဖန်တီးနေသူတွေအဖြစ် ရှင်သန်လိုက်ကြဖို့ ဖြစ်ပါတယ်။ ✊🌱

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ တွင် မတရားမှုများနှင့် ဖိနှိပ်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်နေကြရသော လူငယ်များအတွက် လွတ်မြောက်ရေး၊ တရားမျှတရေးနှင့် ငြိမ်းချမ်းရေးတို့ကို ဦးတည်သည့် လူငယ်တိုင်းရဲ့
အိပ်မက်တွေ မပျောက်ဆုံးပါစေနဲ့။
အခက်အခဲတွေကြားမှာ မျှော်လင့်ချက် မပျက်ပါစေနဲ့။
ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့ ခွန်အားနဲ့ သတ္တိတွေ ပြည့်ဝကြပါစေ။
ခေတ်စနစ်ဆိုးတွေကြား မည်မျှပင် ဖိနှိပ်ချုပ်ချယ်ပါစေ၊ လူငယ်တို့၏ လွတ်လပ်လိုစိတ်၊ တန်းတူညီမျှမှု တောင်းဆိုသံများကို မည်သည့်အာဏာကမှ ဖုံးကွယ်မထားနိုင်တာကြောင့် အမှောင်ဆုံးအချိန်သည် မနက်ခင်းမတိုင်မီ အနီးစပ်ဆုံးအချိန်ဖြစ်သဖြင့် မျှော်လင့်ချက် မီးတောက်ကို ဆက်လက်ထွန်းညှိထားနိုင်ကြပါစေ။
မတူညီတဲ့လမ်းတွေကနေ တူညီတဲ့ ပိုကောင်းတဲ့ အနာဂတ်ဆီ အတူတူ လျှောက်လှမ်းနိုင်ကြပါစေ။ ❤️ ကြောင်း Fight For Justice အဖွဲ့သားများက လေးနက်စွာ ဂုဏ်ပြုဆုတောင်းပေးလိုက်ပါတယ်… ရှင်
Happy International Youth Day! ✨


#လူငယ်များနေ့


#လူငယ်များရဲ့အနာဂတ်

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မနက်ခင်းလေးမှ ကြိုဆိုပါတယ်.. ရှင်ဒီနေ့မှာ မြန်မာပြည်ရဲ့  တစ်နေရာဖြစ်တဲ့ ဧရာဝတီတိုင်း ဒေသ...
12/08/2026

မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မနက်ခင်းလေးမှ ကြိုဆိုပါတယ်.. ရှင်

ဒီနေ့မှာ မြန်မာပြည်ရဲ့ တစ်နေရာဖြစ်တဲ့ ဧရာဝတီတိုင်း ဒေသကြီး ကြံခင်းမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ထုံးဘိုမြို့ နယ်နိမိတ် ဆုံစည်းရာ ဧရာဝတီ မြစ်ကမ်းဘေးမှာ တည်ရှိတဲ့ ကျောက်နံရံကပ် ဗုဒ္ဓရုပ်ပွားတော်များဖြင့် ကြည်ညိုဖွယ်ရာ အကောက်တောင်စေတီတော်မြတ်ကြီးပဲ ဖြစ်ပါတယ်။





゚viralシfypシ゚viralシalシ

11/08/2026

မင်္ဂလာနေ့လယ်ခင်းလေးပါ Fight For Justice မိတ်ဆွေများ ရှင်...
Fight For Justice တပ်သားလေးရဲ့ လှောင်မယ် ပြောင်မယ် သရော်ကြမယ် ဆိုတဲ့ သူ၏ ရည်ရွယ်ချက်လေးဟာဆိုရင် CM ပိတ်ခံထိထားတာကြောင့် ရိုးသားစွာလိမ္မာနေရပါတယ်...

ဒါကြောင့် ဒီအချိန်မှာ YouTube Channel လေးကို မိတ်ဆွေများက အားပေးကြဖို့ မေတ္တာရပ်ခံ ဖိတ်ခေါ်လိုက်ရပါတယ်။
YouTube မှာဆိုရင် Subscribers လေးဟာ တစ်ရာတောင် မပြည့်တာမို့ တပ်သားလေးခမျာ တော် တော်လေးကို ဝမ်းနည်းနေရပါတယ်.. 😭
ဒီလလည်း စိတ်ရှိတိုင်း လှူနိုင်ပါ့မလားလို့ စိုးရိမ်နေမိပါတယ်.. 😔
ဒါပေမယ့်လည်းလုံးဝတော့ လက်မလျော့ပါဘူး အစွမ်းကုန် ကြိုးစားနေပါတယ်။ မိတ်ဆွေများဆီကိုလည်း အစီအစဉ်အသစ်တွေပေးနိုင်အောင်လည်း ကြိုးစားအားထုတ်နေပါတယ်။

ဆိုတော့ကာ ချစ်ရတဲ့ Fight For Justice မိတ်ဆွေများက YouTube Channel လေးကို Subscribe လုပ်ပေးကြဖို့ နာရီရအောင် ကြည့်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ Fight For Justice Myanmar လို့ ရိုက်ရှာလိုက်ရင် တွေ့ရပါမယ်။ ကြည့်ရကျိုးနပ်မယ့် ကွန်းတန့်အသစ်လေးတွေ တင်ပေးနိုင်အောင် အစွမ်းကုန်ကြိုးစားပါမယ်။ မိတ်ဆွေတို့လည်း ကူညီအားပေးကြပါနော်.. 🙏





゚viralシfypシ゚viralシalシ

မင်္ဂလာ မနက်ခင်းလေးဖြစ်ကြပါစေ.. ရှင်မနေ့က admin လိုင်းမရလို့ တစ်နေ့လုံး ဘာမှ မတင်ဖြစ်ဘူးရယ်...ဒီနေ့မှာ နေ့တိုင်း တင်ဆက်ပ...
11/08/2026

မင်္ဂလာ မနက်ခင်းလေးဖြစ်ကြပါစေ.. ရှင်

မနေ့က admin လိုင်းမရလို့ တစ်နေ့လုံး ဘာမှ မတင်ဖြစ်ဘူးရယ်...
ဒီနေ့မှာ နေ့တိုင်း တင်ဆက်ပေးနေတဲ့ ကမ္ဘာတစ်လွှားမှ အလှတရားများ ဓာတ်ပုံလေးတွေ ပြန်လည် တင်ဆက်ပေးမှာပါ....

ဒီနေ့အတွက် ရွေးချယ်ထားတဲ့ ပုံလေးကတော့

လန်ဒန်မြို့လယ်၊ Whitehall အနီးမှာရှိတဲ့ နာမည်ကျော် Horse Guards Parade (ဟော့စ်ဂါးဒ်စ် ပရိတ်) ဖြစ်ပါတယ်။ 🇬🇧
Horse Guards Parade ဟာ ဗြိတိန်နိုင်ငံရဲ့ အထင်ကရ စစ်ရေးအခမ်းအနားများ ကျင်းပရာ ကျယ်ဝန်းတဲ့ Parade Ground တစ်ခုပါ။

ပုံထဲမှာ Horse Guards Building နဲ့အတူ ညာဘက် နောက်ခံမှာ London Eye ကိုပါ တွဲမြင်ရမှာပါ။ ဒီအဆောက်အအုံကို William Kent ရဲ့ ဒီဇိုင်းနဲ့ ၁၈ ရာစုအလယ်ပိုင်းမှာ တည်ဆောက်ခဲ့တာဖြစ်ပြီး အလယ်မှာရှိတဲ့ နာရီမျှော်စင်နဲ့ အမိုးခုံးပုံစံ (domed clock tower) က အထူးသိသာတဲ့ အမှတ်အသားတစ်ခုဖြစ်တယ်...

Horse Guards Parade ကလည်း သာမန်လမ်းမတစ်ခုမဟုတ်ပါဘူး။ ဗြိတိန်တော်ဝင်တပ်ဖွဲ့တွေရဲ့ အရေးကြီးတဲ့ အခမ်းအနားပြုလုပ်ရာ Parade Ground ဖြစ်ပြီး Trooping the Colour လို တော်ဝင်အခမ်းအနားကြီးတွေ ကျင်းပတဲ့နေရာပါ။
London Eye ကို ဒီ Horse Guards ဘက်ကနေ မြင်ရတဲ့ မြင်ကွင်း ဟာ လန်ဒန်ရဲ့ လူသိများတဲ့ ရှုခင်းတစ်ခုဖြစ်ပါတယ်။



゚viralシfypシ゚viralシalシ

စာရေးဆရာကြီး George Orwell ရဲ့ Animal Farm စာအုပ် အကျဉ်းချုပ် အခန်း (၆) (၇) (၈) ကို Fight For Justice Myanmar YouTube ချ...
09/08/2026

စာရေးဆရာကြီး George Orwell ရဲ့ Animal Farm စာအုပ် အကျဉ်းချုပ် အခန်း (၆) (၇) (၈) ကို Fight For Justice Myanmar YouTube ချန်နယ်မှာ တင်လိုက်ပါပြီ။





゚viralシfypシ゚viralシalシ

မင်္ဂလာ မနက်ခင်းလေး ဖြစ်ကြပါစေ.. ရှင်ဒီမနက်တော့ ဘုရားသွားကြမယ်... ကျွန်မတို့ မြန်မာပြည်က ဗုဒ္ဓဘာသာနိုင်ငံဆိုတဲ့အတိုင်းပါ...
08/08/2026

မင်္ဂလာ မနက်ခင်းလေး ဖြစ်ကြပါစေ.. ရှင်
ဒီမနက်တော့ ဘုရားသွားကြမယ်...

ကျွန်မတို့ မြန်မာပြည်က ဗုဒ္ဓဘာသာနိုင်ငံဆိုတဲ့အတိုင်းပါပဲ.. မြို့ရွာများမကျန် နေရာဒေသအနှံ ကြည်ညိုစရာ ဘုရားပုထိုးများနှင့် စေတီများကို ဖူးမြင်ရမှာဖြစ်ပါတယ်။
ဒီထဲကမှ ဒီနေ့မှာတော့ တနင်္သာရီတိုင်း ထားဝယ်မြို့မှာရှိတဲ့ ရွှေတောင်စားစေတီဆီ သွားရောက်ဖူးမြှော်ကြမယ်.. ရှင့်



゚viralシfypシ゚viralシalシ

ထိုင်းနိုင်ငံရောက် မင်းအောင်လှိုင်ကို ထိုင်းပြည်သူအချို့၊ အဖွဲ့အစည်းအချို့နဲ့ ထိုင်းရောက် မြန်မာနိုင်ငံသားများက ကန့်ကွက်...
07/08/2026

ထိုင်းနိုင်ငံရောက် မင်းအောင်လှိုင်ကို ထိုင်းပြည်သူအချို့၊ အဖွဲ့အစည်းအချို့နဲ့ ထိုင်းရောက် မြန်မာနိုင်ငံသားများက ကန့်ကွက်ဆန္ဒပြ "ရာဇဝတ်ကောင်ကို ကြိုဆိုမည်မဟုတ်" ဟု ကြွေးကြော်

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ထိုင်းနိုင်ငံခရီးစဉ်အား ကန့်ကွက်သည့် ဆန္ဒပြပွဲတစ်ရပ်ကို ဩဂုတ် ၆ ရက် ညနေပိုင်းက ထိုင်းရောက် မြန်မာများနှင့် မြန်မာဒီမိုကရေစီအရေး လှုပ်ရှားနေသော ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ထိုင်းနိုင်ငံ ပြည်သူ့ အုပ်ချုပ်ရေးဖွံ့ဖြိုးတိုးတက်မှုကော်မရှင် (the Commission for the Development of Civil Administration - OCDA) ရုံးရှေ့တွင် ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့က လုံခြုံရေးတင်းကြပ်ခဲ့ပြီး၊ ဆန္ဒပြသူများကို သတ်မှတ်ထားသော နေရာအတွင်းသာ စုဝေးခွင့်ပြုခဲ့ကြောင်း သိရပါတယ်။
ဆန္ဒပြသူများက ထိုင်းဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူနှင့် မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့၏ မျက်နှာဖုံးများကို ဝတ်ဆင်ကာ သဘာဝအရင်းအမြစ်များ ခွဲဝေသုံးစွဲမှု သင်္ကေတအဖြစ် ကိတ်မုန့်ှီးဖြတ်စားသုံးခြင်း လှုပ်ရှားမှုများဖြင့် သယံဇာတအကျိုး စီးပွား၊ ပတ်ဝန်းကျင်ထိခိုက်မှုနှင့် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများကို ထောက်ပြကာ၊ မင်းအောင်လှိုင်၏ ထိုင်း ခရီးစဉ်သည် မြန်မာ့အရေးနှင့် နယ်စပ်ပြဿနာများကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။

ယနေ့ ထိုင်းနိုင်ငံသည် ၂၀၂၁ ခုနှစ် မြန်မာစစ်အာဏာသိမ်းမှု၏ အဓိကကြိုးကိုင်သူ၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က အလိုရှိနေသော စစ်ရာဇဝတ်မှုကျူးလွန်သူ မင်းအောင်လှိုင်အား အနီရောင်ကော်ဇောခင်း၍ တရားဝင်ကြိုဆိုမှုနှင့် စီးပွားရေး ဖိုရမ်များတွင် ပါဝင်ခွင့်ပေးမှုသည် မြန်မာစစ်အာဏာရှင်အဖွဲ့အား နိုင်ငံတကာအသိအမှတ်ပြုမှုရရှိစေရန် အထောက်အကူပြုနေခြင်း ဖြစ်တယ်။ ၎င်းသည် စစ်တပ်က ဖန်တီးကျင်းပခဲ့သော အတုအယောင်ရွေးကောက်ပွဲများနောက်ပိုင်းတွင် ၎င်း၏ "သမ္မတ" အဖြစ် ရပ်တည်မှုကို နိုင်ငံတကာအသိုက်အဝန်းမှ အသိအမှတ်ပြုလာစေရန် ကြိုးပမ်းနေသူလည်း ဖြစ်ပါတယ်။

ထို့အပြင် ထိုင်းအာဏာပိုင်များသည် နိုင်ငံဖြတ်ကျော် ဖိနှိပ်မှု (Transnational Repression) တွင် ပူးပေါင်းပါဝင်နေသကဲ့သို့ မြန်မာတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးခြင်းနှင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို တားဆီးခြင်း တို့ကို လုပ်ဆောင်နေခြင်းသည် ငြိမ်းချမ်းစွာနေထိုင်နေကြသော ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းအသိုက်အဝန်းအတွက် စိုးရိမ်ဖွယ်အခြေအနေဖြစ်ပါတယ်။

Manushya Foundation ကလည်း မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း ထုတ်ပြန်ကာ လူအများအပြားကို သတ်ဖြတ် နေသော အာဏာရှင်တစ်ဦးအား ဤကဲ့သို့ ရှက်ဖွယ်ကောင်းလောက်အောင် နိုင်ငံတကာ အသိအမှတ်ပြုမှု ပေးနေခြင်းကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။
ထို့အပြင် နိုင်ငံတော်အနေဖြင့် ညှဉ်းပန်းနှိပ်စက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၁၃)၊ ညှဉ်းပန်းနှိပ်စက်မှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း (Convention Against Torture) ပုဒ်မ (၃) နှင့် အတင်းအကျပ် ပျောက်ဆုံးစေမှုတိုက်ဖျက်ရေး ကွန်ဗင်းရှင်း (Convention on Enforced Disappearance) ပုဒ်မ (၁၆) တို့ပါ ပြဋ္ဌာန်းချက်များအရ "ဘေးကင်းလုံခြုံမှုမရှိသည့် နေရာသို့ ပြန်မပို့ရ" (non-refoulement) ဟူသော မူဝါဒကို လိုက်နာကျင့်သုံးရမည် ဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်များအနေဖြင့် နယ်စပ်တစ်လျှောက်တွင် စစ်အာဏာရှင်အုပ်စု၏ ညစ်ပတ်သောလုပ်ရပ်များကို လုပ်ဆောင်ပေးနေခြင်းအား ရပ်တန့်ရမည်ဖြစ်ပြီး ထိုင်းအစိုးရအနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းများကို လေးစားလိုက်နာပြီး ဒုက္ခသည်များနှင့် မြန်မာတက်ကြွလှုပ်ရှားသူများအား အကာအကွယ်ပေးရန် တိုက်တွန်းခဲ့ကာ၊ ယခုခရီးစဉ်အတွင်း သို့မဟုတ် ယင်းနောက်ပိုင်း ဖြစ်ပေါ်လာနိုင်သည့် ဖိနှိပ်မှုများကို အနီးကပ် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဩဂုတ် ၆ ရက်နှင့် ၇ ရက် နှစ်ရက်တာ ထိုင်းနိုင်ငံသို့ တရားဝင်လာရောက်ခဲ့ခြင်းဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် အနုတင် အပါအဝင် အစိုးရအဖွဲ့က စစ်ရေးပြအခမ်းအနားဖြင့်ကြိုဆိုခဲ့ကြသည်။

✊ စစ်အုပ်စု ဖန်တီးထားသော ရွေးကောက်ပွဲများကို တရားဝင်မှု မပေးပါနှင့်။
✊ အစုလိုက်အပြုံလိုက် သတ်ဖြတ်သူများအတွက် အနီရောင်ကော်ဇော မခင်းပါနှင့်။
✊ မြန်မာပြည်သူများအတွက် တရားမျှတမှုကို ဖော်ဆောင်ပေးပါ။

ကိုးကား - The Reporters
- Manushya Foundation
Photo - ထိုင်းသတင်းဌာနများ









#เดอะรีพอร์ตเตอร์
#มินอองไหล์

“ဆာဝါဒီ စကပ်”  Just for Fun 😜🤭   ゚viralシfypシ゚viralシalシ
07/08/2026

“ဆာဝါဒီ စကပ်”
Just for Fun 😜🤭



゚viralシfypシ゚viralシalシ

07/08/2026

*ထိုင်းလွှတ်တော်၌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် လွှတ်တော်ဥက္ကဋ္ဌ ဦးမောင်ဂိုလ်တို့ တွေ့ဆုံစဉ် ရုန်းရင်းဆန်ခတ်ဖြစ်ပွားမှုအပေါ် လွှတ်တော်အမတ် အနုဆွန် သားမားချတ် ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာမှုဖြင့် ဖြေရှင်းရန် တိုက်တွန်း*

*ဘန်ကောက်၊ ဩဂုတ် (၇)*

ထိုင်းနိုင်ငံ လွှတ်တော်အဆောက်အအုံအတွင်း အစိုးရ၏ ဧည့်သည်တော်အဖြစ် တရားဝင် လာရောက်လည်ပတ်သည့် မြန်မာနိုင်ငံ သမ္မတ/ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ထိုင်းအောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ မောင်ဂိုလ် စူရာဆက် (Mr. Mongkol Surasak) တို့ အထူးဧည့်ခန်းမဆောင် (၂၀၄) တွင် တွေ့ဆုံဧည့်ခံပွဲ ကျင်းပနေစဉ်အတွင်း ရုန်းရင်းဆန်ခတ် ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ရဲတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ဧရိယာတစ်ခုလုံးကို အရေးပေါ် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ လွှတ်တော်အမတ် မစ္စတာ အနုဆွန် သားမားချတ် (Anusorn Thammachart) က မစ္စတာ မောင်ဂိုလ်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အကြား ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အခြေခံ၍ သဘောထားကြီးစွာ ဖြေရှင်းကြရန် တောင်းဆိုလိုက်သည်။

အကြောင်းအရာစာသား နှင့် ရုပ်သံ - The Reporters မှ ကောက်နုတ်တင်ပြခြင်းဖြစ်သည်။




#เดอะรีพอร์ตเตอร์
#พรรคประชาชน
#อนุสรณ์

ที่อยู่

Mae Sot

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Fight for Justiceผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์