27/07/2026
MRPWG ကွန်ယက်၏ လပတ်အစည်းအဝေး ကျင်းပပြုလုပ်ခြင်း
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့တွင် မယ်တော်ဆေးခန်းရှိ Seminar Hall - 2 ၌ MRPWG ကွန်ယက်၏ လပတ်အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ MRPWG ကွန်ယက်အဖွဲ့ဝင် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး အောက်ပါ အကြောင်းအရာများကို အဓိကထား ဆွေးနွေးတိုင်ပင်ခဲ့ကြပါသည် ။
မဲဆောက်ဒေသတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများနှင့် သက်ဆိုင်သည့် လက်ရှိအခြေအနေများ၊ စိန်ခေါ်မှုများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခြင်း၊ရှေ့ဆက်လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ ကွန်ယက်၏ ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးတိုင်ပင်ခဲ့ကြပြီးကွန်ယက်အဖွဲ့ဝင် အဖွဲ့အစည်းများအကြား မိမိတို့ တတ်နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်ကာ အပြန်အလှန် တာဝန်ခွဲဝေယူခဲ့ကြပါသည်။
MRPWG ကွန်ယက်သည် မဲဆောက်ဒေသအတွင်းရှိ မဲဆောက်အခြေစိုက် လူထုအခြေပြုအဖွဲ့အစည်း (CBO) အသီးသီးဖြင့် စုစည်းဖွဲ့စည်းထားသော ကွန်ယက်တစ်ခုဖြစ်ပြီး ရွှေ့ပြောင်းလူထု၏ အကျိုးအတွက် အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။