PDF ယက္ခ ၆၀

PDF ယက္ခ ၆၀ တော်လှန်သော လူငယ်

ထောက်ပို့ထီလေးတွေ အားပေးကြပါဗျ ရှေ့တန်းရဲဘော်လေးတွေနဲ့ တပ်ရင်းရဲ့ အထွေထွေအသုံးစရိတ်လေးတွေပါ ၅စောင်တတွဲကို တစ်သောင်းပါ. တ...
07/09/2025

ထောက်ပို့ထီလေးတွေ အားပေးကြပါဗျ ရှေ့တန်းရဲဘော်လေးတွေနဲ့ တပ်ရင်းရဲ့ အထွေထွေအသုံးစရိတ်လေးတွေပါ ၅စောင်တတွဲကို တစ်သောင်းပါ. တစ်စောင်ကို ၂ထောင်ပဲ ကျသင့်ပါတယ်. မိမိအတွက် ကွမ်းဖိုး ဆေးလိပ်ဖိုးလောက်သာဖြစ်ပေမယ့် ရဲဘော်တွေအတွက်တော့ အားအင်တစ်ခုပါ. ပေါက်ခဲ့ရင်လဲ ဆုငွေမနှေး အမြန်ပေးမှာပါ
ကြိုက်တဲ့အစောင်ရှိရင် CBမှာ လာရောက်မှာယူနိုင်ပါတယ်
ပထမဆု သိန်း ၁၀၀၀
ဒုတိယဆု သိန်း ၂၀၀၀
တတိယ သိန်း၁၀၀
၁၀သိန်းဆု ၁၀ဆု
၅လုံးတူ ၅သိန်း
၄လုံးတူ ၁သိန်း
၃လုံးတူ ၅သောင်း
ကံထူးကြပါစေ

ဘာလဲ ဘယ်လဲ
07/09/2025

ဘာလဲ ဘယ်လဲ

အင်းတော်ကြီးနယ်မြေမှာ တိုက်ပွဲပြင်းထန်ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ အင်းတော်ကြီးအနီး မောင်နောင်နဲ့ မမုံကိုင်ရွာကြားမှာ အ...
06/09/2025

အင်းတော်ကြီးနယ်မြေမှာ တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ အင်းတော်ကြီးအနီး မောင်နောင်နဲ့ မမုံကိုင်ရွာကြားမှာ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ် နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်တို့ အကြား စက်တင်ဘာ ၁ ရက်နေ့က တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပြီး ယခုအချိန်ထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်နဲ့ လက်တွဲထားတဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) တပ်သားတွေက မောင်နောင်ဘက်ကနေ မမုံကိုင်ရွာထဲ ဝင်ရောက်ခဲ့တာကြောင့် တိုက်ပွဲ စတင်ခဲ့တာဖြစ်ပြီး၊ မမုံကိုင်ရွာဟာ ယခင်ကတည်းက KIA-led ညီလာခံတပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ ဒေသဖြစ်ပါတယ်။

တိုက်ပွဲတွေဟာ စက်တင်ဘာ ၂၊ ၃ နဲ့ ၄ ရက်တွေထဲမှာလည်း ဆက်လက်ကြာရှည်ပွားလာခဲ့ပြီး၊ ဒေသခံတွေ အနေနဲ့ မောင်နောင်အနီး တောဘက်ကို မသွားကြတော့ဘဲ တိုက်ပွဲကြားကျသွားမလားဆိုတဲ့ ကြောက်ရွံ့မှုကြောင့် အိမ်နီးချင်းအချင်းချင်း သတိပေးတစ်လျှောက် နေကြတယ်လို့ သိရပါတယ်။

> “မမုံကိုင်က KIA ထိန်းထားတဲ့ ဒေသပါ။ စက်တင်ဘာ ၁ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေပြီး အခုလည်း တောထဲကို မထွက်ရဲတော့ပါဘူး။ သေသွား မလား၊ ထိခိုက်သွားမလား ကြောက်နေလို့ပါ” လို့ မောင်နောင်ရွာသား အသက် ၄၀ ကျော် တစ်ဦးက ပြောပါတယ်။

ယခုအချိန်မှာတော့ အင်းတော်ကြီးနယ်မြေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဒေသခံပြည်သူတွေ လုံခြုံရေးအတွက် ကြောက်ရွံ့စိုးရိမ်နေရတဲ့ အခြေအနေ တိုက်ရိုက် ထိခိုက်နေလို့ သိရပါတယ်။
Photo Crd

ဟံသာဝတီမြို့ဟောင်း မြို့ရိုးထိန်းသိမ်းရေးအတွက် နေအိမ်ဖျက်သိမ်းမှု အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ ညွှန်ကြားချက်ထုတ်ပဲခူးမြိ...
06/09/2025

ဟံသာဝတီမြို့ဟောင်း မြို့ရိုးထိန်းသိမ်းရေးအတွက် နေအိမ်ဖျက်သိမ်းမှု အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီ ညွှန်ကြားချက်ထုတ်

ပဲခူးမြို့ရှိ ဟံသာဝတီမြို့ဟောင်း မြို့ရိုးနှင့် ကျုံးများကို ထိန်းသိမ်းရန်အတွက် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ က နယ်နမိတ်အတွင်း တည်ဆောက်ထားသည့် နေအိမ်များကို ဖျက်သိမ်းပြောင်းရွှေ့ပေးရန် ညွှန်ကြားထားသည်။ သို့သော် ထိုအကြောင်းကြောင့် အိမ်ပိုင်ရှင်များထံမှ ပြန်လည်စဉ်းစားသုံးသပ်ပေးရန် တောင်းဆိုသံများ ပေါ်ထွက်လာနေပြီ ဖြစ်သည်။

အိမ်ပိုင်ရှင်အများစုက အခြေခံလူထုနှင့် လူလတ်တန်းစားများ ဖြစ်ပြီး အိမ်ဖျက်သိမ်းမှုကြောင့် မိသားစုများစွာ အိုးမဲ့အိမ်မဲ့ဖြစ်သွားနိုင်ကြောင်း စိုးရိမ်ကြသည်။

“ဘိုးဘွားတွေကတည်းက နေခဲ့တဲ့ မြေကြီးပါ။ ဂရမ်တော့မရှိပေမယ့် ကျုံးနဲ့ ပေ ၂၀၀ မလွတ်လို့ ဖျက်ရမယ့်စာရင်းထဲဝင်သွားပါတယ်။ ငယ်ငယ်လေးကတည်းက အိမ်ငှားမနေနိုင်ခဲ့ကြပေမယ့် အခုတော့ အိမ်ငှားရမယ့် အခြေအနေကြုံလာပါတယ်။ လချုပ်ငှားတာတွေကို နေ့စားနေ့လုပ်မူဝါဒနဲ့ သက်ဆိုင်တဲ့ မိသားစုတွေအတွက် မပြေလည်နိုင်ဘူး” ဟု တစ်ဦးက မျက်နှာမဖော်လိုသော အိမ်ပိုင်ရှင်တစ်ဦးက ဝမ်းနည်းသံဖြင့် ပြောသည်။

ဖျက်သိမ်းခံရမည့် နေရာများမှာ ဆိုရှယ်လစ်၊ ပုဏ္ဍားစု၊ စကြာခြံ၊ မှော်ကန်နှင့် အလင်းရောင် ရပ်ကွက်များ ဖြစ်ပြီး စက်တင်ဘာလ ၃ ရက်နေ့အတွင်း ပြောင်းရွှေ့ပြီးစီးရန် အသိပေးထားခဲ့သည်။ သို့သော် နေထိုင်သူများက အနည်းဆုံး ဝါတွင်းကာလပြီးဆုံးအထိ စောင့်ဆိုင်းပေးရန် တောင်းဆိုခဲ့ရာ စစ်ကောင်စီဘက် မှ စက်တင်ဘာလကုန်အထိသာ သက်သာခွင့်ပေးထားသည်ဟု သိရသည်။

“ကျူးကျော်မဟုတ်ပါဘူး၊ ငါတို့ မမွေးခင်ကတည်းက အမေတို့နေလာတဲ့ မြေကြီးပါ။ အခုတော့ အိမ်ခြံပိုင်ကနေ အိမ်မဲ့ခြံမဲ့ အခြေအနေကို ရင်ဆိုင်နေရပြီ” ဟု တစ်ဦးက ထပ်မံဖွင့်ဟသည်။

ဒီသတင်းကြောင့် နေထိုင်သူများအပြင် အများပြည်သူထံမှလည်း ဝေဖန်သံများ ပေါ်ထွက်လာသည်။

“ဒီအချိန်မှာ မြို့ရိုးနဲ့ ကျုံးကို ထိန်းသိမ်းရန် အရေးကြီးသလားဆိုတာ ပြန်စဉ်းစားသင့်ပါတယ်။ အိမ်မဲ့မိသားစုတွေ ထပ်မံပေါ်ပေါက်ရမယ့် အကျိုးဆက်ကိုလည်း ထည့်တွက်ဖို့လိုတယ်။ တကယ်လိုအပ်ရင် မြေအစားပြန်ပေးခြင်းမျိုးကို စစ်ကောင်စီဘက်က စဉ်းစားသင့်ပါတယ်” ဟု ပြည်သူတစ်ဦးက ထပ်မံဝေဖန်ခဲ့သည်။

လက်ရှိအခြေအနေအရ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီ ဘက်ကနေ ဖျက်သိမ်းခံရမည့် အိမ်များအတွက် မြေအစားအပြန်ပေးမည့် အစီအစဉ်မရှိပေ။ သို့သော် နေထိုင်သူများအတွက် ဤအမိန့်သည် ဘဝမပြေလည်မှုအကြီးမားဆုံး စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေပြီ ဖြစ်သည်။

06/09/2025

ကိုထိန်လင်း (Kim Aris) နဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင် တွေ့ဆုံ၊ ဖက်ဒရယ်ဒီမိုကရေစီမြန်မာနိုင်ငံအတွက် ဆက်လက်ရင်ဆိုင်ကြမည်ဟု သဘောတူ

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်းလင်း (ခ) Kim Aris နဲ့ အာရကန်တပ်မတော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ မကြာသေးခင်က အွန်လိုင်းကနေ တိုက်ရိုက်တွေ့ဆုံပြီး၊ မြန်မာနိုင်ငံတစ်ဝှမ်းမှာ လူတိုင်း ဂုဏ်သိက္ခာရှိရှိနဲ့ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်မယ့် ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးအတွက် ဆက်လက်ပူးပေါင်း ကြိုးပမ်းသွားဖို့ သဘောတူညီကြပါတယ်။

ဒီတွေ့ဆုံပွဲအတွင်းမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဒေါ်အောင်ဆန်းစုကြည်ကို အထူးလေးစားကြောင်း၊ မိမိကျန်းမာရေးအခြေအနေအပေါ်လည်း စိုးရိမ်နေကြောင်း ပြောကြားခဲ့သလို၊ မည်သည့် ငြိမ်းချမ်းရေးဖြေရှင်းချက်မျှ မည်သူ့အပေါ် တရားမရှိတဲ့အဖမ်းအထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ထားရှိနေသည့်အခါ အောင်မြင်ဖို့ မဖြစ်နိုင်ဘူးလို့ ချက်ချင်းပြောခဲ့တာကိုလည်း သိရပါတယ်။

ကိုထိန်းလင်းကလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ရှာမရှားတဲ့ ခေါင်းဆောင်မှုနဲ့၊ AA တပ်ဖွဲ့ရဲ့ အောင်မြင်မှုတွေကို ချီးကျူးဂုဏ်ပြုခဲ့ပြီး၊ ရခိုင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စစ်ဘေးအန္တရာယ်တွေ၊ တိမ်းရှောင်နေသူတွေဟာ ဘယ်လောက်နာကျင်နေရတယ်ဆိုတာ ပိုမိုနားလည်သွားခဲ့ကြောင်း ပြောပါတယ်။

"ကျနော်တို့ နှစ်ယောက်ဟာ သံတမန်အဖြစ်နဲ့ မျက်နှာမူချက်တူကြပါတယ်။ တစ်ဦးကို တစ်ဦး ကူညီပံ့ပိုးရမယ်၊ လူတိုင်း ငြိမ်းချမ်းစွာနဲ့ ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်မယ့် မြန်မာနိုင်ငံအသစ်တည်ဆောက်ဖို့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကပဲ ဖြေရှင်းချက်တစ်ခုတည်းဖြစ်တယ်။” လို့ ကိုထိန်းလင်းက ပြောကြားခဲ့ပါတယ်။

ဒီသတင်းဟာ ဖက်ဒရယ်စနစ်အပေါ် အမြင်တူတူထားတဲ့ လူနာမည်ကြီးနှစ်ဦးကြားက ယုံကြည်မှုကို ဖော်ပြနေတဲ့အပြင်၊ ရုပ်ပိုင်းဆိုင်ရာကပဲမဟုတ်ဘဲ စိတ်ပိုင်းလည်းအတူတူရှိနေကြကြောင်း သိရှိရတာ ဝမ်းသာမိပါတယ်

---

#ဖက်ဒရယ်ဒီမိုကရေစီ
#တိုင်းပြည်အတွက်လက်တွဲကြ
#ဒေါ်အောင်ဆန်းစုကြည်
#ဗိုလ်ချုပ်ထွန်းမြတ်နိုင်
#ကိုထိန်လင်း (Kim Aris)
#မြန်မာပြည်အနာဂတ်

KNLA ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ “အောင်ဇေယျ” စစ်ကြောင်းကို ဝိုင်းဝန်ပိတ်ဆို့ကရင်ပြည်နယ်၊ ကော့ကရိတ်–မြဝတီ (အာရှ) အကြီး...
06/09/2025

KNLA ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ “အောင်ဇေယျ” စစ်ကြောင်းကို ဝိုင်းဝန်ပိတ်ဆို့

ကရင်ပြည်နယ်၊ ကော့ကရိတ်–မြဝတီ (အာရှ) အကြီးစားလမ်းမကို ပြန်လည်ထိန်းချုပ်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီရဲ့ “အောင်ဇေယျ” စစ်ဆင်ရေးကြောင်းကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာ ၆ ရက် မနက်ပိုင်းအချိန်မှာ တင်းတင်းကြပ်ကြပ် ဝိုင်းဝန်ပိတ်ဆို့ထားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ထုတ်ဖော်ပြောကြားပါတယ်။

စစ်တပ်ဘက်က စက်တင်ဘာ ၅ ရက်နေ့မှာ တပ်မ ၄၄၊ ၂၂၊ ၅၅၊ ၆၆ တပ်ဖွဲ့တွေအပါအဝင် စစ်မှုထမ်းအသစ်တွေနဲ့ စစ်အင်အားပြည့်စုံစွာဖြင့် နယ်ခြားစောင့်တပ် BGF ကိုလည်း တိုက်ပွဲတွင်ပါဝင်စေကာ၊ လေကြောင်းထောက်ကူမှု၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ထောက်ပံ့ကာ နို့ဖိုးရွာနဲ့ ထီးမူထရွာဘက်ကနေ ထိုးဖောက်စစ်ဆင်လာတာဖြစ်ပါတယ်။

ဒါအတိုင်း KNLA နဲ့ ပူးပေါင်းတပ်တွေကတော့ မြဝတီလမ်းမတလျှောက်က နယ်မြေတွေကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကောင်စီတပ်ဖွဲ့တွေကို တင်းမာစွာတားဆီးတပ်မက်နေပြီး၊ "အောင်ဇေယျ" စစ်ဆင်ရေးကြောင်းကို လတ်တလောမှာ အောင်မြင်ဖို့ခက်ခဲအောင် လုပ်ဆောင်နေပုံတွေ့ပါတယ်။

အကြမ်းဖက်မှုနဲ့အတူ တိုက်ပွဲအင်အားမြင့်လာသည့်အခြေအနေအတွင်း၊ ဒေသခံအရပ်သားတွေတချို့ကလည်း လုံခြုံရေးအတွက် တိမ်းရှောင်နေရပုံများ သတင်းရရှိနေပါတယ်။

📌မှတ်ချက် – ဒီသတင်းဟာ စက်တင်ဘာ ၆ ရက် မနက်ပိုင်းအထိ ရရှိထားတဲ့ မြေပြင်သတင်းအချက်အလက်တွေအပေါ် အခြေခံရေးသားထားခြင်းဖြစ်ပါတယ်။

06/09/2025

Hi everyone! 🌟 You can support me by sending Stars - they help me earn money to keep making content you love.

Whenever you see the Stars icon, you can send me Stars!

ဘောမတို့ဆိုတာ ဦးဏှောက်ထဲမှာ ချေးနဲ့ဘောပဲ ပြည့်နေတော့ ဉာဏ်မမီကြပါဘူး ဗဟုသုတနည်းတဲ့အပြင် ဘာကြည့်ကြည့် ဘောကြားထဲကကြည့်နေရတ...
06/09/2025

ဘောမတို့ဆိုတာ ဦးဏှောက်ထဲမှာ ချေးနဲ့ဘောပဲ ပြည့်နေတော့ ဉာဏ်မမီကြပါဘူး ဗဟုသုတနည်းတဲ့အပြင် ဘာကြည့်ကြည့် ဘောကြားထဲကကြည့်နေရတော့ စိန်ခြူးကြာညောင်နဲ့ ရွာပတ်နေတဲ့ကောင်တွေ

ဟိုတစ်နေ့က ဆစ်ဒနီ မာရသွန်ပွဲမှာ ဦးကျော်သူရဲ့
သမီး ဒေါက်တာမြင့်မိုရ်ဦးက မြန်မာ့ရိုးရာဝတ်စုံ
ဝတ်ဆင်ပြီး ဝင်ပြေးတာ Guiness ကမ္ဘာ့စံချိန်
မှတ်တမ်းဝင်ခဲ့တယ်.....

အဲ့ဒါနဲ့ပတ်သက်ပြီး မြောက်မြန်မာမှာ မီးလောင်သွားတာ ဆူညံနေတာပဲ။
ဆိုရှယ်မီဒီယာတွေမှာ မဖြစ်နိုင်ဘူး။ မဖြစ်ရဘူး
ဆိုပြီး လောင်နေကြတာ သနားစရာတွေတောင်
ကောင်းနေတယ်။ အမယ် သူတို့က ပန်းဝင်တဲ့
စံချိန်ကို ဂဏန်းပေါင်းစက်နဲ့ ထိုင်တွက်ကြပြီး
တစ်စက္ကန့်မှာ ဘယ်နှပေပြေးတာ၊ မဖြစ်နိုင်ဘူး
ဆိုပြီး ငိုသံကြီးနဲ့ ဝေဘင်နေကြတာ....

အဲ့ဒီ ကလေးလေးတွေကို ပြောပြချင်တယ်....

အဲ့ဒီ ဆစ်ဒနီမာရသွန်ပြေးပွဲမှာ Guiness စံချိန်
မှတ်တမ်းရယူဖို့ ကြိုးစားတဲ့ အပြေးသမားတွေ
၁၉ ယောက် ရှိခဲ့တယ်။ အဲ့ဒီအထဲက ၁၃ ယောက်
စံချိန်မှတ်တမ်း ရခဲ့တယ်။ လူတိုင်းမှာ သူတို့တွေရဲ့
ရည်ရွယ်ချက်တွေရှိတယ်....

ဒေါက်တာမြင့်မိုရ်ဦးက Run for Myanmar လို့
မြန်မာ့အခြေအနေကို ကမ္ဘာက မေ့ပျောက်မသွားဖို့
ရည်ရွယ်ပြီး လှုံ့ဆော်ခဲ့တာ။ သူက 42 ကီလိုမီတာ
သာသာလေးရှိတဲ့ ၂၀၂၅ ဆစ်ဒနီမာရသွန်ပြေးပွဲကို
၄ နာရီ ၁၂ မိနစ် ၁၉ စက္ကန့်နဲ့ ပန်းဝင်ခဲ့တယ်....

ဒေါက်တာမြင့်မိုရ်ဦးလို Guiness ကမ္ဘာ့စံချိန်
မှတ်တမ်းဝင်အောင် ကြိုးစားပြီး အောင်မြင်
ခဲ့ကြသူတွေက....

Mohd Syahidan Bin Alias
ကျောင်းဝတ်စုံ (02:44:12)

Simone Carniglia
ဆီးချိုအမျိုးအစား ၁ ရှိပြီး အဓိက မာရသွန်
ပြိုင်ပွဲ ၇ ပွဲမှာ ဝင်ပြိုင်ခြင်း (18:41:59)

Masakazu Konno
Star Wars ဇာတ်ကောင်ပုံစံ (03:03:20)

Andrew Reid
ရေလွှာလျှောစီးဝတ်စုံ (03:17:37)

Ralph Mathiessen
အိန္ဒိယ Shalwar kameez ဝတ်စုံ (03:18:26)

Zachery Cacciola
စက်ပြင်သမားဝတ်စုံ (03:28:28)

Faisal Shafi
စစ်ဝတ်စုံအပေါ့စား (03:40:13)

Michael Daly
ဖန်ခွက်ပုံစံ? (03:41:46)

Melissa Huston
တရုတ်ရိုးရာ Cheongsam ဝတ်စုံ (03:51:27)

Daniel Byrnes
အောက်ခံဘောင်းဘီ ၅၃ ထည် ဝတ်ပြီးပြိုင်ခြင်း

Emily and Isabella Chen
အမွှာညီအမ (07:37:02)

Adele Roberts
အစာအိမ်နဲ့ပတ်သက်တဲ့ရောဂါရှိပြီး အဓိက
မာရသွန် ပြိုင်ပွဲ ၇ ပွဲမှာ ဝင်ပြိုင်ခြင်း (23:52:44)

မြန်မာတစ်ယောက်က မြန်မာ့ရိုးရာဝတ်စုံကိုဝတ်ပြီး
ကမ္ဘာ့အလည်မှာ လူအများသိအောင် လုပ်ခဲ့တာကို
ဂုဏ်ယူရမယ့်အစား မဖြစ်နိုင်ဘူးဆိုပြီး ဖျင်ပိတ်
ငြင်းနေတာဟာ ခင်ဗျားတို့ရဲ့ အသိဉာဏ် level
ဘယ်လောက်ရှိတယ်ဆိုတာ ပြနေတာပဲ....

သူ့ရဲ့ရည်ရွယ်ချက်ကြောင့် ခင်ဗျားတို့ အနာပေါ်
တုတ်ကျသွားတယ် ဆိုရင်လည်း ပါးစပ်ပါ
ပိတ်ထားပြီး ငြိမ်ငြိမ်လေး နေလိုက်ကြပါလား....

😪😪😪

KNU ကိုလုံးပါးပါးလာအောင် တော်လှန်ရေးရဲဘော် PDF တွေကရင်နယ်မြေမှာ စိတ်ပျက်လာအောင် BGFက အစီအစဥ်ချ ကြိုးပမ်းနေတာလား ၁.စကမ အာ...
06/09/2025

KNU ကိုလုံးပါးပါးလာအောင် တော်လှန်ရေးရဲဘော် PDF တွေကရင်နယ်မြေမှာ စိတ်ပျက်လာအောင် BGFက အစီအစဥ်ချ ကြိုးပမ်းနေတာလား ၁.စကမ အားနည်း KNU PDF နဲ့ တခြား EAOs တွေ အားသာလာချိန်မှာ BGF က စကမ အောက်ကနေခွဲထွက် KNA လို့ပြောင်း ၂.စကမ နည်းနည်း အားသာမယ့်သဘောမြင်လာတော့ စကမကိုပြန်ကပ် ကရင်ပြည်နယ်မှာ သူသာအင်အားအကြီးဆုံးဖြစ် ကျန်တဲ့အဖွဲ့တွေက စကမနဲ့တိုက်ရလို့ အားနည်း သူက ဘယ်တိုက်ပွဲမှမပါလို့ ဘာမှမဆုံးရှုံး နောက်ဆုံး ကရင်ပြည်နယ်မှာ BGF/KNA သာ ဆရာကြီးအဆင့်ဆိုပြီးဖြစ်အောင် ကြံစည် စီစဥ်နေပုံပဲ

06/09/2025

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်း.....

05/09/2025
နောက်တက်တဲ့ အစိုးရအဆက်ဆက်ကတော့ ခံပေရော့ပြည်သူလဲ ခံပေရော့အကြွေးသံသရာမှာ တိုင်းပြည် ဖြူခါပြာခါကျ နောက်တက်မယ့်အစိုးရအဆက်ဆက်...
05/09/2025

နောက်တက်တဲ့ အစိုးရအဆက်ဆက်ကတော့ ခံပေရော့ပြည်သူလဲ ခံပေရော့အကြွေးသံသရာမှာ တိုင်းပြည် ဖြူခါပြာခါကျ နောက်တက်မယ့်အစိုးရအဆက်ဆက် တရုတ်လက်အောက်မှာ ဆက်နေ ဆက်ခံဆိုတဲ့သဘော မြစ်ဆုံကိုစာချုပ်ဖျက်လို့မရတဲ့ဇာတ်လမ်းမျိုးတွေနဲ့

“တရုတ် အကျိုးစီးပွားတွေက များနေတယ်။ လမ်းဖောက်လုပ်တဲ့အခါ မြန်မာပြည်အစိုးရက ကျခံရမယ်၊ လမ်းပေါ်မှာ ဖြတ်တဲ့ နှစ်စဉ်ကြေး အစိုးရက ရမယ်ဆိုပေမယ့် အဲဒီပေါ်မှာ ကုန်ကျစရိတ်က ချေးငွေနဲ့ယူရင် နှစ်ထပ်ပေးရ မှာလေ။ ဒါကြောင့် အစိုးရအဆက်ဆက်က ဒါက များလွန်းတယ်ဆိုပြီးတော့ ဆိုင်းငံ့ထားတာ။ အခုလည်း ချေးငွေနဲ့ လုပ်မှာပဲ ထင်တယ်”
Website တွင် ဖတ်ရန် https://bit.ly/41A4frT

---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

ที่อยู่

Mae Tao Street
Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ PDF ယက္ခ ၆၀ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์