စိမ်းလန်းမြေ တောင်တန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့

စိမ်းလန်းမြေ တောင်တန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Environmental Conservation Organisation

အကျိုး​အမြတ်​မယူဘဲ​ ၃ နှစ်အတွင်း​ ဒေသခံ​ကျေးရွာ​များနဲ့အတူ စိမ်းလန်းမြေ​ တောင်တန်း​ဒေသ​ သဘာဝ​ပတ်​ဝန်းကျင်​ထိန်းသိမ်း​ရေး...
01/06/2026

အကျိုး​အမြတ်​မယူဘဲ​ ၃ နှစ်အတွင်း​ ဒေသခံ​ကျေးရွာ​များနဲ့အတူ စိမ်းလန်းမြေ​ တောင်တန်း​ဒေသ​ သဘာဝ​ပတ်​ဝန်းကျင်​ထိန်းသိမ်း​ရေးအဖွဲ့​သားများ​မှ​ သစ်ပင်အပင်ပေါင်း ၂၀၀၀၀​ ကျော်​ထိ ပူးပေါင်း​စိုက်ပျိုးနိုင်ခဲ့ပါတယ်၊၊

စိမ်းလန်းမြေ တောင်တန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့

23/05/2026

ကပ်လမ်းမြေပျိုခြင်း​ မြင်ကွင်း
စိမ်းလန်းမြေ တောင်တန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့

ရွေ့ပြောင်းတောင်ယာ​ စိုက်ပျိုး​ရေးဂေဟာ​စနစ်ရဲ့ အကျိုး​ဆက်

မြေဆီလွှာအာဟာရ ကုန်ခမ်းသွားတဲ့ စိုက်ခင်းဟောင်းကို စွန့်ခွာပြီး ၅ နှစ်ကနေ ၁၅ နှစ်အထိ အနားပေးခြင်းဖြင့် သစ်ပင်တွေ သဘာဝ​အတိုင်း​ ပြန်လည်ပေါက်ဖွား​လို့ မြေဆီလွှာအာဟာရကို အလိုအလျောက် ပြန်လည်ဖြည့်တင်းချိန်ကိုစောင့်ပြီး ဒီကြားထဲ မြေနေရာသစ်ကို ၇ နေရာလောက်က​ အနည်းဆုံး​ ခုတ်ထွင်​ရှင်းလင်း​ စိုက်ပျိုး​ပြီးနေပါပြီ၊၊

တောကိုခုတ်ထွင်ပြီးမီးရှို့တဲ့ စနစ်နဲ့ပတ်သက်ပြီး မကောင်းတဲ့အကျိုးဆက်တွေများစွာရှိပါတယ်

(၁) မြေဆီလွှာတိုက်စားခြင်း
သစ်တောများကို ခုတ်ထွင်ရှင်းလင်းလိုက်ခြင်းကြောင့် အပင်မြစ်များ၏ မြေဆီလွှာထိန်းသိမ်းနိုင်စွမ်း လျော့နည်းသွားပြီး၊ မိုးရွာသွန်းတဲ့အခါမှာ အဖိုးတန်သည့် အပေါ်ယံမြေဆီလွှာများ​ကို​ တဖြေးဖြေတိုက်စားလာပြီး အလွယ်တကူ ပျိုကျ၊ ရေထဲမျောပါပျက်စီးစေပါတယ်၊၊

(၂)​ သစ်တောပြုန်းတီးခြင်း
စိုက်ပျိုးမြေနေရာသစ်များအတွက် ထပ်ခါတလဲလဲ ချဲ့ထွင်ခုတ်ထွင်ခြင်းကြောင့် အဖိုးတန်ရှားပါးသစ်တောများနှင့် မူရင်းဒေသရှိ ဇီဝမျိုးစုံမျိုးကွဲများ၏ စဉ်ဆက်မပြတ် ပျက်စီးဆုံးရှုံးရပါတယ်၊၊

(၃) ရာသီဥတုပြောင်းလဲခြင်း
တောမီးရှို့ခြင်းကြောင့် ထွက်ပေါ်လာသော ဖန်လုံအိမ်ဓာတ်ငွေ့များနှင့် မီးခိုးမြူများကတဆင့် ကမ္ဘာကြီးပူနွေးမှုကို အရှိန်အဟုန်မြှင့်စေပြီး ဒေသတွင်း လေထုအရည်အသွေးကို ဆိုးရွားစွာ ကျဆင်းစေပါတယ်​။

(၄) စီးပွားရေးမတည်ငြိမ်ခြင်း
မြေဆီလွှာအာဟာရ လျင်မြန်စွာ ကုန်ခမ်းခြင်းကြောင့် သီးနှံအထွက်နှုန်း နှစ်စဉ်ကျဆင်းလာပြီး၊ ရေရှည်မှာ တောင်သူများ၏ မိသားစုဝင်ငွေနှင့် စားနပ်ရိက္ခာဖူလုံမှုကို အင်မတန်​ခြိမ်းခြောက်မှုရှိလာပါတယ်။

2025 ခုနှစ်​တွင်​ ပျိုးပင်အပင်ပေါင်း 6000 နီးပါးကို​ Greenland မှ​ အကျိုးအမြတ်မယူဘဲ​ စိုက်ပျိုး​​ရာတွင် အပင်တိုင်းလိုလို...
02/12/2025

2025 ခုနှစ်​တွင်​ ပျိုးပင်အပင်ပေါင်း 6000 နီးပါးကို​ Greenland မှ​ အကျိုးအမြတ်မယူဘဲ​ စိုက်ပျိုး​​ရာတွင် အပင်တိုင်းလိုလိုရှင်သန်အောင်မြင်​မှုရှိ​ 🩷

Dec 2-12-2025
#စိန်းလမ်းမြေတောင်တန်းဒေသသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့

ที่อยู่

Mae Sot

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ စိမ်းလန်းမြေ တောင်တန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์