OEDC - Olive Educational Development Center

OEDC - Olive Educational Development Center OEDC is a multidisciplinary training school for human resource development skills.

အသက်မွေးဝမ်းကျောင်း စားဖိုမှူးသင်တန်း(အပတ်စဉ် ၄) သင်တန်းသား ခေါ်ယူခြင်းသင်က အချက်အပြုတ်ပညာနဲ့ အောင်မြင်တဲ့ အနာဂတ်ကို ပို...
16/01/2026

အသက်မွေးဝမ်းကျောင်း စားဖိုမှူးသင်တန်း
(အပတ်စဉ် ၄)
သင်တန်းသား ခေါ်ယူခြင်း

သင်က အချက်အပြုတ်ပညာနဲ့ အောင်မြင်တဲ့ အနာဂတ်ကို ပိုင်ဆိုင်လိုတဲ့ ရွှေ့ပြောင်းလူငယ်တစ်ယောက် ဆိုရင်တော့ ဒီသင်တန်းဟာ သင့်အတွက် အထူးသတင်းကောင်း တစ်ခုပါပဲ။

ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) နဲ့ Olive Educational Development Center (OEDC) တို့ပူးပေါင်းပြီး အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုအဖြစ် ရပ်တည်နိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်မယ့် "စားဖိုမှူးသင်တန်း (အပတ်စဉ် ၄)" ကို တက်ရောက်ဖို့ ဖိတ်ခေါ်အပ်ပါတယ်။

ဒီသင်တန်းဟာ အချက်အပြုတ်ပညာကို စိတ်ဝင်စားမယ်ဆိုရင် သင့်ဘဝကို ပြောင်းလဲပေးနိုင်တဲ့ အဖိုးတန် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။

ဈေးကွက်ဝင် ဟင်းလျာတွေကို ကျွမ်းကျွမ်းကျင်ကျင်၊ ပိုင်ပိုင်နိုင်နိုင် ချက်ပြုတ်နိုင်စေဖို့အတွက် အတွေ့အကြုံရင့် ဝါရင့်စားဖိုမှူးကိုယ်တိုင် သင်ကြားပေးမှာဖြစ်လို့ပါပဲ။

✅ သင်တန်းမှာ ဘာတွေပို့ချသွားမှာလဲ (လက်တွေ့ဦးစားပေး)
• 🍲 ထိုင်းဟင်းလျာ: အရသာရှိပြီး လူကြိုက်များသော နာမည်ကြီး ထိုင်းအစားအစာများ
• 🍛 တရုတ်ဟင်းလျာ: အခြေခံနှင့် လူကြိုက်များသော တရုတ်ဟင်းပွဲများ
• 🔥 မာလာအမျိုးမျိုး: ခေတ်စားနေသော မာလာရှမ်းကောနှင့် မာလာဟင်းလျာများ
• စုစုပေါင်း: ဈေးကွက်ဝင် ဟင်းလျာပေါင်း (၃၅) မယ် ကျော်ကို သင်ကြားပို့ချသွားမည်ဖြစ်ပါသည်။

📅 သင်တန်းအစီအစဉ်
• သင်တန်းကာလ: ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၃) ရက် မှ ဖေဖော်ဝါရီလ (၁၄) ရက် အထိ (၁၀ ရက်)
• သင်တန်းချိန်: နံနက် ၉:၀၀ နာရီ မှ ညနေ ၃:၀၀ နာရီ အထိ (နေ့စဉ်)
• သင်တန်းနေရာ: မဲဆောက်မြို့။
• သင်တန်းသားဦးရေ: (၁၆) ဦးသာ ကန့်သတ်ထားပါသည်။
• လျှောက်လွှာပိတ်ရက်: ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၃၁) ရက်၊ ထိုင်းစံတော်ချိန် ညနေ (၅) နာရီ။

💰 သင်တန်းကြေးနှင့် ပညာသင်ဆု
• သင်တန်းကြေး: သင်တန်းတွင် လက်တွေ့ချက်ပြုတ်ရမည့် ဟင်းလျာများအတွက် ကုန်ကျစရိတ် မျှခံသည့် အစီအစဉ်အနေဖြင့် သင်တန်းသား တစ်ဦးလျှင် ၂၀၀၀ ဘတ် ပေးသွင်းရမည်ဖြစ်သည်။ (မှတ်ချက် - OEDC ၏ စားဖိုမှူးသင်တန်းသည် မည်သည့် ပရောဂျက်မှ ပံ့ပိုးထားခြင်း မရှိပါ)

• ပညာသင်ဆု (Scholarship): ငွေရေးကြေးရေး အမှန်တကယ် ခက်ခဲသူများအနေဖြင့် Scholarship လျှောက်ထားနိုင်ပြီး၊ သတ်မှတ်ထားသော စည်းမျဉ်းများအတိုင်း အများဆုံး (၅) ဦး ကိုသာ ရွေးချယ်ခွင့်ပြုမည်ဖြစ်သည်။

📝 သင်တန်းတက်ရောက်ရန် လိုအပ်ချက်များ

၁။ သင်တန်းကာလ (၁၀) ရက်လုံးကို မပျက်မကွက် တက်ရောက်နိုင်သူ ဖြစ်ရမည်။
၂။ အချက်အပြုတ်ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုရန် စိတ်အားထက်သန်ပြီး အမှန်တကယ် ပြန်လည် အသုံးချမည့်သူ ဖြစ်ရမည်။
၃။ အစားအသောက်ဝန်ဆောင်မှုပေးသော သင်တန်းဖြစ်သဖြင့် သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်သူ တစ်ဦးဖြစ်ရမည်။

👉 လျှောက်ထားရန်:
• ယခင် အပတ်စဉ်များတွင် လျှောက်ထားဖူးသူများနှင့် အသစ်လျှောက်ထားလိုသူများ အားလုံး အကျုံးဝင်ပါသည်။
• သင်တန်းတက်ရောက်လိုပါက OEDC Page Messenger သို့ ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ပါသည်။

🌿OEDC မှ သင်တန်းသား ခေါ်ယူခြင်း အခြေခံသတင်းစာပညာ၊ အွန်လိုင်းသတင်းရေးသားနည်းနှင့် သတင်းရုပ်သံရိုက်ကူး တင်ဆက်ခြင်း - အပတ်စ...
06/01/2026

🌿OEDC မှ သင်တန်းသား ခေါ်ယူခြင်း

အခြေခံသတင်းစာပညာ၊ အွန်လိုင်းသတင်းရေးသားနည်းနှင့် သတင်းရုပ်သံရိုက်ကူး တင်ဆက်ခြင်း - အပတ်စဉ်(၉)

(၂ လ အချိန်ပြည့် သင်တန်း)

ထိုင်းနိုင်ငံတွင်း ရောက်ရှိနေသော လူငယ်များနှင့် တိုင်းရင်းသားဒေသမှ လူငယ်များအတွက် သတင်းများ တင်ဆက်ရေးသားနိုင်ရန်၊ သတင်းရုပ်သံများ ကိုယ်တိုင်ဖန်တီး ထုတ်လုပ်နိုင်ရန် ရည်ရွယ်ပြီး OEDCအနေဖြင့် အခြေခံသတင်းစာပညာ၊ အွန်လိုင်းသတင်းရေးသားနည်းနှင့် သတင်းရုပ်သံ ရိုက်ကူးထုတ်လုပ်တင်ဆက်သည့်ပညာရပ်ကို သင်ကြားပေးမည့် သင်တန်းအစီအစဉ်ကို မိတ်ဆက်လိုက်ပါသည်။

မှတ်ချက် - ယခုသင်တန်းသည် ၂၀၂၆ ခုနှစ်အတွင်း ဖွင့်လှစ်ရန်ပြင်ဆင်နေသော သတင်းစာပညာဒီပလိုမာသင်တန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်မည်ဖြစ်ပါသည်။

သတင်းစာပညာရပ်အား စုံလင်စွာလေ့လာလိုသူများအနေဖြင့် တစ်နှစ်တာအတွင်း ယခုသင်တန်းအပါအဝင် သတင်းစာပညာနှင့်သက်ဆိုင်သော ဘာသာရပ် ၈ခုအား တက်ရောက်ပြီးဆုံးပါက ဒီပလိုမာလက်မှတ်ပေးနိုင်ရန် OEDC အနေဖြင့် ပြင်ဆင်လျက်ရှိသည်။

ယခုသင်တန်းတွင် ဘာတွေ သင်ယူရရှိမလဲ?
အောက်ပါ အဓိကကဏ္ဍများကို စာတွေ့၊ လက်တွေ့ (Hands-on) သင်ယူရရှိပြီး၊ လက်တွေ့ထုတ်လုပ်ခြင်းများ အဓိက ပါဝင်မည် ဖြစ်သည်။

🍀Basic Journalism
🍀Online News Packaging
🍀Photo Journalism
🍀Script Writing
🍀Camera, Lighting and Sound
🍀Visual Storytelling
🍀Stand Reporting

📒သင်တန်းကာလနှင့် အချိန်

သင်တန်းကာလ: ၂ လ (အချိန်ပြည့်)
သင်တန်းစတင်မည့်ရက်: ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၆ခုနှစ်။
အချိန်: တစ်ပတ်လျှင် ၅ ရက် (တနင်္လာ - သောကြာ)
မှတ်ချက်(လက်တွေ့လုပ်ဆောင်ရသည့်ရက်များတွင် ပိတ်ရက်များပါ လုပ်ဆောင်ရနိုင်သည်)
သင်တန်းပုံစံ: လူတွေ့ (In-person) သင်ကြားမည်။

📒ဘယ်သူတွေ လျှောက်ထားနိုင်မလဲ?

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များ။
ကွန်ပျူတာ ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ။
သင်တန်းကာလ (၂) လကို ပျက်ရက်မရှိ (အချိန်ပြည့်) တက်ရောက်နိုင်သူ။
သင်ခန်းစာ Assignment များကို လိုက်ပါ လုပ်ဆောင်နိုင်သူ။
အသင်းအဖွဲ့စိတ်ဓာတ်ရှိပြီး၊ ပူးပေါင်းလုပ်ဆောင် သင်ယူနိုင်သူ။
အမျိုးသမီးများအား အထူးဦးစားပေး လျှောက်ထားနိုင်ပါသည်။

အထူးမှတ်ချက်: လျှောက်ထားသူများထဲမှ (၈) ဦးကိုသာ ရွေးချယ်သွားမည်ဖြစ်ပြီး၊ ယခုတစ်ခေါက် ရွေးချယ်မခံရသူများအား နောက်ဖွင့်လှစ်မည့် သင်တန်းများတွင် ဦးစားပေးအဖြစ် ထည့်သွင်းစဉ်းစားပေးသွားမည် ဖြစ်သည်။

📒သင်တန်းကြေးနှင့် ပညာသင်ဆု
သင်တန်းကြေး: ဘတ် ၅,၀၀၀ (နှစ်လစာအတွက်)

🌟ပညာသင်ဆု (Scholarship)

အမှန်တကယ် ပညာသင်ယူလိုစိတ် ပြင်းပြပြီး၊ ငွေကြေးအခက်အခဲရှိသူဖြစ်ကြောင်း ခိုင်လုံပါက ပညာသင်ဆု (Full/Partial) လျှောက်ထားနိုင်ပါသည်။

📒ကိုယ်တိုင်ကျခံရမည့် စရိတ်များ
သင်တန်းသို့ သွား/ပြန်စရိတ်နှင့် သင်တန်းကာလအတွင်း နေ့လည်စာ/စားသောက်စရိတ်များကို သင်တန်းသား/သူ ကိုယ်တိုင် ကျခံရမည် ဖြစ်သည်။

📒မေးမြန်းစုံစမ်းရန်
သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက OEDC သင်တန်းကျောင်း Page Messenger မှတစ်ဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

📒လျှောက်လွှာ ပိတ်ရက်: ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၆ (ညနေ ၅ နာရီ)။

📒သင်တန်းလျှောက်ထားရန် လင့်ခ်
https://forms.gle/Kz3TC7t8bcPjsCv68

OEDC - ရဲ့ Network ထဲက အိုင်တီကိုလည်းစိတ်ဝင်စားတယ် ဘာတွေ ဆက်လုပ်ရမယ်မှန်းမသိဘူး။ ဘယ်ကနေပြီးစရမယ်မှန်းမသိတယ့်  ညီငယ်/ညီမင...
23/12/2025

OEDC - ရဲ့ Network ထဲက အိုင်တီကိုလည်းစိတ်ဝင်စားတယ် ဘာတွေ ဆက်လုပ်ရမယ်မှန်းမသိဘူး။ ဘယ်ကနေပြီးစရမယ်မှန်းမသိတယ့် ညီငယ်/ညီမငယ်လေးများအတွက် အထူးကို recommended ပေးပါတယ်။ ဒီ - စာသင် စာမျက်နှာကနေတစ်ဆင့် scholarship ရယူပြီး အိုင်တီ chapter One ကိုစတင်လိုက်ကြပါ။

Sarthin ရဲ့ Web Discovery Course အတွက် ပညာသင်ဆု အစီအစဉ်ကို အချိန်အကန့်အသတ်မရှိ လျှောက်ထားနိုင်ပါပြီ‼️

Sarthin - စာသင် ဟာ အမြတ်အစွန်းထက် လူမှုအကျိုးပြုခြင်းကို ရှေ့တန်းတင်တဲ့ Social Enterprise (လူမှုအကျိုးပြု စီးပွားရေးလုပ်ငန်း) တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ရဲ့ Web Discovery Course ကို ဝင်ရောက်လေ့လာတဲ့ ကျောင်းသားတစ်ဦးချင်းစီရဲ့ သင်တန်းကြေးထဲက အကျိုးအမြတ် (၃၀%) ကို ပညာသင်ဆု (Scholarship) လိုအပ်နေတဲ့ ကျောင်းသားများအတွက် ပြန်လည် အသုံးချသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် မူလက ပညာသင်ဆု လျှောက်ထားရန် နောက်ဆုံးရက်ကို ဒီဇင်ဘာ (၂၆) ရက်နေ့အဖြစ် သတ်မှတ်ခဲ့သော်လည်း၊ အခွင့်အလမ်းနည်းပါးတဲ့ လူငယ်များစွာအတွက် ရည်ရွယ်ပြီး ယခုအခါတွင် အချိန်အကန့်အသတ်မရှိ (Ongoing) တောက်လျှောက် ဖွင့်လှစ်ပေးထားတော့မှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ။

💯နည်းပညာ စိတ်ဝင်စားသူ မည်သူမဆို sarthin.com မှ Web Discovery Course ကို လေ့လာရန် ပညာသင်ဆုအား အချိန်မရွေး လျှောက်ထားနိုင်ပါပြီ။

💯လျှောက်ထားသူများကို ၃ရက်အတွင်း Email မှတစ်ဆင့် အကြောင်းပြန်ပေးသွားမှာဖြစ်ပါတယ်။

မြန်မာလူငယ်တိုင်း နည်းပညာနဲ့ အလှမ်းမဝေးစေဖို့ Sarthin ရှိနေပါတယ်။

👉 Web Discovery Course နဲ့ ပညာသင်ဆုအကြောင်း အသေးစိတ်သိလိုပါက (mention page name) တွင် ဝင်ရောက်ကြည့်ရှုနိုင်သလို Page messenger မှာလည်း လာရောက်မေးမြန်းနိုင်ပါတယ်။

ာသင်


20/12/2025

"ဆာဝါဒီခ" - သိထားသင့်သည့် ထိုင်းရိုးရာပွဲတော်များ

"Sawadee ka/krub!" (สวัสดีค่ะ/ครับ) ။ ထိုင်းနိုင်ငံရဲ့ ရိုးရာပွဲလမ်းသဘင်တွေဟာ ယဉ်ကျေးမှုအမွေအနှစ်တွေနဲ့ ပျော်ရွှင်စရာတွေ ပေါင်းစပ်ထားတဲ့ ထူးခြားတဲ့ အတွေ့အကြုံကို ပေးစွမ်းပါတယ်။
ထိုင်းပွဲတော်တွေမှာ စနစ်တကျ ပါဝင်ဆင်နွှဲဖို့နဲ့ ဘာတွေ သတိထားသင့်တယ်ဆိုတာကို ကြည့်လိုက်ရအောင်။

#ဆာဝါဒီခထိုင်းစကားပြောမကြောက်နဲ့

05/12/2025

"ဆာဝါဒီခ" - ထိုင်းရဲများနှင့် စစ်ဆေးရေးဂိတ်တွင် လေးစားစွာ ပြောဆိုဆက်ဆံနည်း

"Sawadee ka/krub!" (สวัสดีค่ะ/ครับ) ထိုင်းနိုင်ငံမှာ နေထိုင်ရင်း ဒါမှမဟုတ် ခရီးသွားရင်း ရဲ (Police) တွေ၊ ယာဉ်ထိန်းရဲတွေ ဒါမှမဟုတ် စစ်ဆေးရေးဂိတ် (Check Point) တွေနဲ့ ရင်ဆိုင်ရတာမျိုး ဖြစ်လာနိုင်ပါတယ်။ စိုးရိမ်စရာမရှိပါဘူး! ယဉ်ကျေးပြီး လေးစားမှုရှိတဲ့ စကားပြောဆိုမှုအတွက် သိထားသင့်တာတွေကို အချိန်နည်းနည်းအတွင်း သင်ယူလိုက်ရအောင်။

#ဆာဝါဒီခထိုင်းစကားပြောမကြောက်နဲ့

28/11/2025

"ဆာဝါဒီခ" - ထိုင်းဆေးရုံ၊ ဆေးခန်းသွားရာတွင် သိထားသင့်သည့် စကားများ

"Sawadee ka/krub!" (สวัสดีค่ะ/ครับ) နိုင်ငံခြားမှာ နေထိုင်တဲ့အခါ ကျန်းမာရေးကိစ္စတွေက အရေးကြီးဆုံးပါပဲ။ ထိုင်းမှာ ဆေးရုံ၊ ဆေးခန်းသွားတဲ့အခါ ကိုယ်ခံစားရတာကို ထိုင်းလို ဘယ်လိုပြောပြမလဲ၊ ဆေးဝယ်တဲ့အခါ ဘယ်လိုမေးမလဲဆိုတာကို အတူလေ့လာကြရအောင်။

#ဆာဝါဒီခထိုင်းစကားပြောမကြောက်နဲ့

22/11/2025

"ဆာဝါဒီခ" - ထိုင်းလုပ်ငန်းခွင်ဆိုင်ရာ သိကောင်းစရာများ

"Sawadee ka/krub!" (สวัสดีค่ะ/ครับ) ထိုင်းနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှာဖွေနေပါသလား။ ထိုင်းလူမျိုး သူဌေးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလုပ်ကိစ္စပြောဆိုရာမှာ အထောက်အကူဖြစ်စေမယ့် အခြေခံစကားလုံးနဲ့ စကားစုလေးတွေကို လေ့လာကြည့်ရအောင်။

#ဆာဝါဒီခထိုင်းစကားပြောမကြောက်နဲ့

📢 OEDC မှ ဖွင့်လှစ်မည့် "သတင်းတင်ဆက်သူ" သင်တန်း (News Presenter Training) 📢သင်ဟာ ကင်မရာရှေ့မှာ ယုံကြည်မှုရှိရှိ ရပ်တည်ပြ...
16/11/2025

📢 OEDC မှ ဖွင့်လှစ်မည့် "သတင်းတင်ဆက်သူ" သင်တန်း

(News Presenter Training) 📢

သင်ဟာ ကင်မရာရှေ့မှာ ယုံကြည်မှုရှိရှိ ရပ်တည်ပြီး၊ ပရိသတ်ကို ရှင်းလင်းပြတ်သားစွာ တင်ဆက်နိုင်တဲ့ "News Presenter" ကောင်းတစ်ယောက် ဖြစ်ချင်ပါသလား။

OEDC (Olive Educational Development Center) မှ (၃) ရက်တာ အထူးကြပ်မတ် သင်ကြားပေးမည့် "သတင်းတင်ဆက်သူသင်တန်း (News Presenter Training) " သင်တန်းကို မိတ်ဆက်လိုက်ပါသည်။
________________________________________

🎙️ သင်တန်းမှ သင်ကြားပို့ချမည့် အဓိက အကြောင်းအရာများ

ဤသင်တန်းတွင် သတင်းတင်ဆက်သူတစ်ဦးအတွက် မရှိမဖြစ်လိုအပ်သော အဓိက ကျွမ်းကျင်မှုများကို သင်ကြားပေးသွားမည်ဖြစ်ပြီး၊ သီအိုရီသက်သက်မဟုတ်ဘဲ လက်တွေ့လုပ်ဆောင်မှုများကို အဓိကထား သင်ကြားပေးသွားမည် ဖြစ်ပါသည်။

• ✅ သတင်းတင်ဆက်သူ (Anchor) တစ်ယောက်၏ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် တာဝန်များ။
• ✅ Studio အတွင်း သတင်းတင်ဆက်ခြင်း နည်းစနစ်များနှင့် တင်ဆက်မှုပုံစံများ (Presenting Styles)။
• ✅ သတင်းထောက်များနှင့် တိုက်ရိုက်ချိတ်ဆက် တင်ဆက်ခြင်း (Live Reporting)။
• ✅ ယုံကြည်မှုရှိသော တင်ဆက်မှုဆိုင်ရာ စွမ်းရည်များ (Presentation Skills)။
________________________________________

✨ အထူးမှတ်ချက် (Diploma Program သို့ လမ်းညွှန်) ✨

ဒါဟာ သာမန်သင်တန်းတိုတစ်ခု မဟုတ်ပါဘူး။

• 📌 ယခုသင်တန်းသည် ၂၀၂၆ ခုနှစ်အတွင်း ဖွင့်လှစ်ရန် ပြင်ဆင်နေသော သတင်းစာပညာ ဒီပလိုမာသင်တန်း (Journalism Diploma Program) ၏ အဓိက ဘာသာရပ်တစ်ခု ဖြစ်ပါသည်။
• 📌 တစ်နှစ်တာအတွင်း ယခုသင်တန်းအပါအဝင် သတင်းစာပညာနှင့် သက်ဆိုင်သော ဘာသာရပ် (၈) ခုအား အောင်မြင်စွာ တက်ရောက်ပြီးဆုံးပါက OEDC မှ တရားဝင် ဒီပလိုမာလက်မှတ် (Diploma Certificate) ချီးမြှင့်နိုင်ရန် စီစဉ်လျက်ရှိပါသည်။
________________________________________

🎯 ဘယ်သူတွေ တက်ရောက်သင့်သလဲ?
• သတင်းမီဒီယာလောကသို့ ဝင်ရောက်လိုသူ လူငယ်များ။
• သတင်းတင်ဆက်သူ (Presenter/Anchor) ဖြစ်လိုသူများ။
• လက်ရှိ သတင်းသမားများအနက် မိမိ၏ တင်ဆက်မှုစွမ်းရည် မြှင့်တင်လိုသူများ။

________________________________________
📝 သင်တန်း အချက်အလက်နှင့် စာရင်းပေးသွင်းရန်
• သင်တန်းရက် : နိုဝင်ဘာ ၂၁ - ၂၃၊ ၂၀၂၅ (သောကြာ၊ စနေ၊ တနင်္ဂနွေ)။
• သင်တန်းအချိန် : နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ။
• သင်တန်းကြေး : ၁၀၀၀ ဘတ်။
• နေရာ : OEDC၊ မဲဆောက်မြို့။
• လျှောက်လွှာပိတ်ရက် : နိုဝင်ဘာ ၁၉ ရက်၊ ညနေ ၅ နာရီ။
• လျှောက်ထားရန် Link : https://docs.google.com/forms/d/e/1FAIpQLSdi5cABDubc--P3pNFEOouIHDRwrwwvpPtwGAXJ3O0DtQG8sQ/viewform

ဆက်သွယ်ရန်: အသေးစိတ်သိရှိလိုပါက OEDC Page Messenger မှတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

14/11/2025

"ဆာဝါဒီခ" - ထိုင်းယဉ်ကျေးမှုဆိုင်ရာ သိကောင်းစရာများ

"Sawadee ka/krub!" (สวัสดีค่ะ/ครับ) ထိုင်းနိုင်ငံဟာ ပြုံးပြုံးရွှင်ရွှင်ရှိတဲ့ လူတွေနေထိုင်ရာ နေရာတစ်ခုပါ။ ဒီနေရာမှာ ချစ်ခင်ရင်းနှီးမှုရှိတဲ့ ဆက်ဆံရေးတွေ တည်ဆောက်နိုင်ဖို့အတွက် ထိုင်းလူမျိုးတွေရဲ့ ယဉ်ကျေးမှုဆိုင်ရာ အခြေခံအချက်တွေကို လေ့လာကြည့်ရအောင်။"

#ဆာဝါဒီခထိုင်းစကားပြောမကြောက်နဲ့

07/11/2025

"ဆာဝါဒီခ" - ထိုင်းစကားပြောမကြောက်နဲ့

“Sawadee ka/krub!” (สวัสดีค่ะ/ครับ) ထိုင်းကိုရောက်နေတဲ့သူတွေ၊ ဒါမှမဟုတ် ထိုင်းကိုလာဖို့ စဉ်းစားနေတဲ့သူတွေအတွက် ထိုင်းစကားပြောရမှာ မကြောက်ရအောင် နေ့စဉ်သုံး အခြေခံဝါကျတိုလေးတွေကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

#ဆာဝါဒီခထိုင်းစကားပြောမကြောက်နဲ့

📢 OEDC မှ သင်တန်းသား ခေါ်ယူခြင်း 📢 အခြေခံသတင်းစာပညာ၊ အွန်လိုင်းသတင်းရေးသားနည်းနှင့် သတင်းရုပ်သံရိုက်ကူး တင်ဆက်ခြင်း (၂ လ...
02/11/2025

📢 OEDC မှ သင်တန်းသား ခေါ်ယူခြင်း
📢 အခြေခံသတင်းစာပညာ၊ အွန်လိုင်းသတင်းရေးသားနည်းနှင့် သတင်းရုပ်သံရိုက်ကူး တင်ဆက်ခြင်း (၂ လ အချိန်ပြည့် သင်တန်း)

ထိုင်းနိုင်ငံတွင်း ရောက်ရှိနေသော လူငယ်များနှင့် တိုင်းရင်းသားဒေသမှ လူငယ်များအတွက် သတင်းများ တင်ဆက်ရေးသားနိုင်ရန်၊ သတင်းရုပ်သံများ ကိုယ်တိုင်ဖန်တီး ထုတ်လုပ်နိုင်ရန် ရည်ရွယ်ပြီး Olive Educational Development Center (OEDC) အနေဖြင့် အခြေခံသတင်းစာပညာ၊ အွန်လိုင်းသတင်းရေးသားနည်းနှင့် သတင်းရုပ်သံ ရိုက်ကူးထုတ်လုပ်တင်ဆက်သည့် ပညာရပ်ကို သင်ကြားပေးမည့် သင်တန်းအစီအစဉ်ကို မိတ်ဆက်လိုက်ပါသည်။ 🎙️📹

မှတ်ချက် - ယခုသင်တန်းသည် ၂၀၂၆ ခုနှစ်အတွင်း ဖွင့်လှစ်ရန်ပြင်ဆင်နေသော သတင်းစာပညာဒီပလိုမာသင်တန်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်မည်ဖြစ်ပါသည်။
သတင်းစာပညာရပ်အား စုံလင်စွာလေ့လာလိုသူများအနေဖြင့် တစ်နှစ်တာအတွင်း ယခုသင်တန်းအပါအဝင် သတင်းစာပညာနှင့်သက်ဆိုင်သော ဘာသာရပ် ၈ခုအား တက်ရောက်ပြီးဆုံးပါက ဒီပလိုမာလက်မှတ်ပေးနိုင်ရန် OEDC အနေဖြင့် ပြင်ဆင်လျက်ရှိသည်။

📚 ယခုသင်တန်းတွင် ဘာတွေ သင်ယူရရှိမလဲ?

အောက်ပါ အဓိကကဏ္ဍများကို စာတွေ့၊ လက်တွေ့ (Hands-on) သင်ယူရရှိပြီး၊ လက်တွေ့ထုတ်လုပ်ခြင်းများ အဓိက ပါဝင်မည် ဖြစ်သည်-

📝 Basic Journalism

💻 Online News Packaging

📸 Photo Journalism

✍️ Script Writing

🎤 Camera, Lighting and Sound

🎬 Visual Storytelling

🧑‍💻 Stand Reporting

🗓️ သင်တန်းကာလနှင့် အချိန်

သင်တန်းကာလ: ၂ လ (အချိန်ပြည့်)

သင်တန်းစတင်မည့်ရက်: နိုဝင်ဘာ ၂၄ ရက်၊ ၂၀၂၅

အချိန်: တစ်ပတ်လျှင် ၅ ရက် (တနင်္လာ - သောကြာ)

ပုံစံ: လူတွေ့ (In-person) သင်ကြားမည်။

🎯 ဘယ်သူတွေ လျှောက်ထားနိုင်မလဲ?

အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ်များ။

ကွန်ပျူတာ ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ။

သင်တန်းကာလ (၂) လကို ပျက်ရက်မရှိ (အချိန်ပြည့်) တက်ရောက်နိုင်သူ။

သင်ခန်းစာ Assignment များကို လိုက်ပါ လုပ်ဆောင်နိုင်သူ။

အသင်းအဖွဲ့စိတ်ဓာတ်ရှိပြီး၊ ပူးပေါင်းလုပ်ဆောင် သင်ယူနိုင်သူ။

🚺 အမျိုးသမီးများအား အထူးဦးစားပေး လျှောက်ထားနိုင်ပါသည်။

👉 အထူးမှတ်ချက်: လျှောက်ထားသူများထဲမှ (၁၂) ဦးကိုသာ ရွေးချယ်သွားမည်ဖြစ်ပြီး၊ ယခုတစ်ခေါက် ရွေးချယ်မခံရသူများအား နောက်ဖွင့်လှစ်မည့် သင်တန်းများတွင် ဦးစားပေးအဖြစ် ထည့်သွင်းစဉ်းစားပေးသွားမည် ဖြစ်သည်။

💰 သင်တန်းကြေးနှင့် ပညာသင်ဆု

သင်တန်းကြေး: ဘတ် ၅,၀၀၀ (နှစ်လစာအတွက်)

ပညာသင်ဆု (Scholarship): အမှန်တကယ် ပညာသင်ယူလိုစိတ် ပြင်းပြပြီး၊ ငွေကြေးအခက်အခဲရှိသူဖြစ်ကြောင်း ခိုင်လုံပါက ပညာသင်ဆု (Full/Partial) လျှောက်ထားနိုင်ပါသည်။

ကိုယ်တိုင်ကျခံရမည့် စရိတ်များ: သင်တန်းသို့ သွား/ပြန်စရိတ်နှင့် သင်တန်းကာလအတွင်း နေ့လည်စာ/စားသောက်စရိတ်များကို သင်တန်းသား/သူ ကိုယ်တိုင် ကျခံရမည် ဖြစ်သည်။

📬 မေးမြန်းစုံစမ်းရန် သင်တန်းနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက OEDC သင်တန်းကျောင်း Page Messenger မှတစ်ဆင့် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

‼️ လျှောက်လွှာ ပိတ်ရက်: နိုဝင်ဘာ ၁၆ ရက်၊ ၂၀၂၅ (ညနေ ၅ နာရီ)

➡️ သင်တန်းလျှောက်ထားရန် လင့်ခ်

https://forms.gle/Kz3TC7t8bcPjsCv68

Basic Journalism and Video Journalism Internship

MIL Week: A Collaboration Between Migrant Students and OEDC Former InternsOctober 25In what is called the digital age, i...
30/10/2025

MIL Week: A Collaboration Between Migrant Students and OEDC Former Interns
October 25

In what is called the digital age, information constantly flows to those living through it, reaching them from various platforms moment by moment.

In this context, the ability to discern whether the incoming information is genuine or fake becomes a necessity.

Only by having this ability can one critically analyze and consider the intentions of those who create and transmit the information.

Therefore, Media and Information Literacy (MIL) has become a fundamental requirement of the digital age.

This year, to promote the topic of MIL, students from the migrant learning center, *New Road (လမ်းသစ်) Learning Center*, collaborated with young former chef interns from OEDC.

This program was organized on October 25th through the joint effort of OEDC and the former chef trainees from internship batches 1 and 2.

# # # What is Global MIL Week 2025?

Global MIL Week is a worldwide event led by UNESCO and held annually from October 24 to 31.

Its main objective is to promote "Media and Information Literacy (MIL)" among people around the world, especially youth.

The main theme for this year, 2025, is "Minds Over AI – MIL in Digital Spaces" (Human's Mental Power over AI - Media and Information Literacy in the Digital World). The main conference was held in Cartagena, Colombia, on October 23-24.

This theme primarily focuses on discussing how Artificial Intelligence (AI) technologies are changing the way we receive information and create data.

The main reason for holding this week is that as AI technologies become increasingly prevalent in daily life, it is becoming more difficult to distinguish which information is real and which is Disinformation (fake news and false information) created by AI.

Therefore, the skill known as MIL has become extremely important.

MIL is the ability to critically evaluate and reflect upon the news, photos, and videos we see online without immediately believing them, asking questions like: Who created this? What is their intent? Is the evidence reliable?

Photo- OEDC Internship Batch -7

ที่อยู่

Unnamed Road, 133/24 สองแคว2หลังเทสโกโลตัส Mae Sot District, Tak
Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ OEDC - Olive Educational Development Centerผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์