Union of Thai-Myanmar border's youths

เส้นทาง เว็บไซต์

Union of Thai-Myanmar border's youths Supporting Civil Disobedience Movement in Myanmar. Emergency responding for refugees who has fled fro

" PDF သည်ပြည်သူ့အင်းအား၊ ပြည်သူ့အင်အားသည် PDFအာဏာရှင်တွေမသေမချင်း ပုဝါမကူ၊ ရေမရှူကြေး...."ထည့်ဝင်လှူဒါန်းသော အလှူရှင်မျာ...
07/08/2021

" PDF သည်ပြည်သူ့အင်းအား၊ ပြည်သူ့အင်အားသည် PDF

အာဏာရှင်တွေမသေမချင်း ပုဝါမကူ၊ ရေမရှူကြေး...."

ထည့်ဝင်လှူဒါန်းသော အလှူရှင်များအားလုံးကို
ကျွန်ုပ်တို့ Unon of Thai-Myanmar border's youths မှ
ကျေးဇူးအထူးတင်ရှိပါသည်။

အုပ်တချက်သဲတပွင့်...ထည့်ဝင်လိုသူများ Inbox တွင်ဆက်သွယ်နိုင်ပါတယ်ခင်ဗျ...

"အာဏာရှင်စနစ် မုချ ကျဆုံးရမည်။"

နွေဦးတော်လှန်ရေးအတွင်း အသက်ပေးသွားသောသူ တစ်ဦးတိုင်းသည် မမေ့အပ်သောသူရဲကောင်းများဖြစ်သည်။
29/07/2021

နွေဦးတော်လှန်ရေးအတွင်း အသက်ပေးသွားသောသူ တစ်ဦးတိုင်းသည် မမေ့အပ်သောသူရဲကောင်းများဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် တစ်နေရာက မယ်တော်ဆေးခန်း(သို့)ကျောင်းသားဆေးခန်းလို့ခေါ်ဆိုတဲ့ နေရာလေးဟာ ကျွန်တော်တို့ ရွှေ့ပြောင်းလုပ...
23/07/2021

ထိုင်း-မြန်မာနယ်စပ် တစ်နေရာက မယ်တော်ဆေးခန်း(သို့)ကျောင်းသားဆေးခန်းလို့ခေါ်ဆိုတဲ့ နေရာလေးဟာ ကျွန်တော်တို့ ရွှေ့ပြောင်းလုပ်သားတွေအတွက် ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖူလုံရေးတို့အတွက် အားထားရာ နေရာလေးတစ်နေရာဖြစ်ပါတယ်။

မယ်တော်ဆေးခန်းလေးဟာ ရွှေ့ပြောင်းလုပ်သားတွေအတွက် မားမားမတ်မတ်ရပ်တည်လာခဲ့တာ နှစ်ပေါင်း(၃၂)နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ ခုတော့ မယ်တော်‌ဆေးခန်းလေးကို ကျွန်တော်တို့ ပြန်လည်ကြည့်ရှုဖေးမဖို့ အချိန်တန်ပြီဖြစ်ပါတယ်။

ယခုမယ်တော်ဆေးခန်းလေးမှာ ဝန်ဆောင်မှုတွေပေးနေတဲ့ တချို့ကျန်းမာရေးလုပ်သားတွေနဲ့ အထွေထွေဝန်ထမ်းတွေး COVID ရောဂါပိုးကူးစပ်ခံနေရသောကြောင့် ဆေးခန်းအတွင်းမှာ Quarantine ဝင်နေကြရပါတယ်။

ထိုသို့ Quarantine ဝင်လျက်ရှိသော ဝန်ထမ်းများအတွက် အားဖြစ်စေမယ့် အစားစားများကို အလှူရှင်များ ထည့်ဝင်ထားသော ငွေအချို့ဖြင့် ကျွန်တော်တို့အဖွဲ့လေးမှ ယနေ့သွားရောက်ပံ့ပိုးပေးခဲ့ပါတယ်။

အကယ်၍ မိဘပြည်သူများအနေဖြင့်လည်း မယ်တော်ဆေးခန်းလေးမှ ဝန်ထမ်းများအတွက် မိမိတို့ တတ်နိုင်သလောက် ပါဝင်ပံ့ပိုးလိုပါက CB တွင် ဆက်သွယ်ကြပါခင်ဗျာ။ ကျွန်တော်တို့အဖွဲ့လေးမှ မိဘပြည်သူများ လှူဒါန်းသည့် ပစ္စည်းများကို တဆင့်ပြန်လည်ပြီး သွားရောက်ပို့ဆောင်ပေးပါ့မယ်ခင်ဗျ....

#အရေးတော်ပုံအောင်ရမည်။
#အာဏာရှင်စနစ်မုချကျဆုံးရမည်။
ကပ်ရောဂါဆိုကြီးကို အတူတကွရင်ဆိုင်နိုင်ရမည်။

ကျွန်ုပ်တို့ လူငယ်အဖွဲ့လေးသည် ထိုင်း-မြန်မာ နယ်စပ်တစ်နေရာမှ မြန်မာပြည်အတွင်း အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး မတရားသောအမိန့်အ...
21/07/2021

ကျွန်ုပ်တို့ လူငယ်အဖွဲ့လေးသည် ထိုင်း-မြန်မာ နယ်စပ်တစ်နေရာမှ မြန်မာပြည်အတွင်း အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး မတရားသောအမိန့်အာဏာဟူသမျှကို ဖီဆန်ရန် မိမိတို့တတ်စွမ်းသမျှ ဆော်ဩပေးနေသော လူငယ်အဖွဲ့လေးဖြစ်သည်။

မိမိတို့အဖွဲ့၏ လုပ်ငန်းစဉ်များ အထိုက်အလျှောက် လိုရာသို့ရောက်ခဲ့သော်လည်း မိမိတို့အဖွဲ့ဝင်များ၏လုံခြုံရေးအရ စိုးရိမ်ရသည့်အခြေအနေများကြောင့်မကြာခင် လများအတွင်း မြေအောက်လှုပ်ရှားမှုအသွင်ကို ပြောင်းလဲလှုပ်ရှားခဲ့ရသည်။

သို့သော် လက်ရှိအခြေအနေတွင် မြန်မာပြည်သူ/သားများသည် အာဏာရှင်လူတစ်စု၏ ဗိုလ်ကျအနိုင်ကျင့်မှုကိုသာမက COVID-19 ကပ်ရောဂါဆိုးကိုပါ တပြိုင်တည်းခံစားနေရသောကြောင့် မိမိတို့အဖွဲ့အနေဖြင့် ရှိပြီးသားထောက်ပံ့ရေး လုပ်ငန်စဉ်များအပြင်..." COIVD-19 ကာကွယ်ရေး" ခေါင်းစဉ်တစ်ခုကိုပါ ထပ်တိုးပြီး အမှန်တကယ်လိုအပ်နေသော ပြည်သူများကို ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

ထို့ကြောင့် မိမိတို့အဖွဲ့နှင့်အတူ ထိုင်းနိုင်ငံတွင်သာမက နိုင်ငံရပ်ခြားအသီးသီးတွင် နေထိုင်လျက်ရှိကြသော ပြည်ပရောက်အင်အားစုတစ်ရပ်အနေဖြင့် တမြေတည်းနေ တရေထဲသောက် မိမိတို့နိုင်ငံသားများ ခံစားနေရသော ဒုက္ခများကို သက်သာစေရန်အလို့ငှာ အုပ်တချက်သဲတပွင့် အလှူငွေများ ထည့်ဝင်လိုပါက CB တွင်ဆက်သွယ်နိုင်ပါကြောင်း သတင်းပါးအပ်ပါတယ်ခင်ဗျား....။

အရေးတော်ပုံအောင်ရမည်...အာဏာရှင်စနစ် မုချကျရှုံးရမည်။

ကျွန်ုပ်တို့အဖွဲ့လေးကို အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူ့ဘက်တော်သား CDM ဝန်ထမ်းများ  ဆက်တိုက်ဆိုသလို အကူအည...
25/05/2021

ကျွန်ုပ်တို့အဖွဲ့လေးကို အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရသော ပြည်သူ့ဘက်တော်သား CDM ဝန်ထမ်းများ ဆက်တိုက်ဆိုသလို အကူအညီများ တောင်းခံလာကြပါတယ်ခင်ဗျာ...။

အများစုဟာ CDM လှုပ်ရှားမှုကြောင့် အလုပ်ကိုင်အခွင့်အလမ်းတွေကိုလည်း လက်လွှတ်လိုက်ရသလို၊ လက်ရှိအချိန်မှာ အသက်ဘေးနှင့်ပါ ကြုံတွေ့နေကြရပါတယ်ခင်ဗျာ။

မိမိတို့ တာဝန်သိ ပြည်သူများအနေဖြင့်လည်း CDM ဝန်ထမ်းမျာ၏ စွန့်လွှတ်အနစ်နာခံမှုများအပော် တာဝန်ကျေပွန်သောအားဖြင့် တတ်နိုင်သလောက် ဝိုင်းဝန်းကူညီဖို့ ကျွန်ုပ်တို့အဖွဲ့မှ ရောင်းချသော တီရှပ်လေးများကိုဝယ်ယူအားပေးရင်းဖြစ်စေ၊ မိမိတို့တတ်နိုင်သည့် ငွေပမာဏလေးများကို ဖြစ်စေ ပါဝင်လှူဒါန်းနိုင်ကြောင်း အသိပေးနှိုးဆော်အပ်ပါတယ်ခင်ဗျာ...။

CDM ကြီးမယိုင်ဖို့ ဝိုင်းဝန်းဖေးကူကြပါစို့...

ယနေ့ မေလ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်နောက်ဆုံးလက်ခံရရှိသော အလှူငွေစာရင်းဖြစ်ပါတယ်ခင်ဗျာ...အလှူရှင်များအာလုံးကို အထူးကျေးဇူးတင်ရှိ...
25/05/2021

ယနေ့ မေလ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်
နောက်ဆုံးလက်ခံရရှိသော အလှူငွေစာရင်းဖြစ်ပါတယ်ခင်ဗျာ...

အလှူရှင်များအာလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုမှတ်တမ်းနှင့်တကွ ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ...။

လိုလျှင်ယူ ပိုလျှင်လှူ အစီအစဉ်အတွက် အလှူငွေထည့်ဝင်လာကြသော အလှူရှင်များအားလုံး အတွက် အားတက်ဖွယ်....
10/05/2021

လိုလျှင်ယူ ပိုလျှင်လှူ အစီအစဉ်အတွက် အလှူငွေထည့်ဝင်လာကြသော အလှူရှင်များအားလုံး အတွက် အားတက်ဖွယ်....

အလှူရှင်များ ထည့်ဝင်လှူဒါန်းလာသော အလှူငွေများဖြင့် စစ်ဘေးရှောင် မြန်မာနိုင်ငံသားများ၏ အရေးပေါ်လိုအပ်ချက်များကို အချိန်နှ...
10/05/2021

အလှူရှင်များ ထည့်ဝင်လှူဒါန်းလာသော အလှူငွေများဖြင့် စစ်ဘေးရှောင် မြန်မာနိုင်ငံသားများ၏ အရေးပေါ်လိုအပ်ချက်များကို အချိန်နှင့်တပြေးညီဖြည့်ဆည်းနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်သလို၊ အလှူရှင်များအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင့်...။

#အရေးတော်ပုံအောင်ရမည်။ အာဏာရှင်စနစ် လုံးဝကျဆုံးရမည်။

ရေဆန်ခရီးဖြစ်သည့်အတွက် ဝေဆုတောင်းရင် လှော်တတ် တစ်ချောင်းစီရမည်ဆိုသည့် ကိုမင်းကိုနိုင်ပြောခဲ့သည့် စကားအတိုင်း...အရေးတော်ပ...
10/05/2021

ရေဆန်ခရီးဖြစ်သည့်အတွက် ဝေဆုတောင်းရင် လှော်တတ် တစ်ချောင်းစီရမည်ဆိုသည့် ကိုမင်းကိုနိုင်ပြောခဲ့သည့် စကားအတိုင်း...အရေးတော်ပုံ အောင်မြင်ဖို့ တတ်စွမ်းသမျှ ပါဝင်ကူညီနေကြသော အလွှာအသီးသီးမှ မြန်မာနိုင်ငံသားအားလုံးကို မိမိတို့အထူးကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင်လွှာများဖြင့် ဂုဏ်ပြုအပ်ပါသည်။

အရေးတော်ပုံအောင်ရမည်။

ကျွန်ုပ်တို့အဖွဲ့ရဲ့ နောက်ဆုံးလက်ခံရရှိထားသော အလှူငွေစာရင်းများဖြစ်ပါတယ်ခင်ဗျာ။မြန်မာပြည်အရေး အုတ်တချက်သဲတပွင့် ပါဝင်လာသ...
07/05/2021

ကျွန်ုပ်တို့အဖွဲ့ရဲ့ နောက်ဆုံးလက်ခံရရှိထားသော အလှူငွေစာရင်းများဖြစ်ပါတယ်ခင်ဗျာ။

မြန်မာပြည်အရေး အုတ်တချက်သဲတပွင့် ပါဝင်လာသူ အယောက်စီတိုင်းကို ကျေးဇူးတင်ရှိကြောင်း ဂုဏ်ပြုမှတ်တမ်းလွှာဖြင့် ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

အရေးတော်ပုံအောင်ရမည်။

အရေးပေါ်လိုအပ်ချပ်များကို အတူတကွ ဖြည့်စည်းပေးကြပါစို့...။အရေးတော်ပုံအောင်ရမည်။ စစ်မှန်သော ဖဒရယ်ဒီမိုကရေစီ မုချရရှိရမည်။
07/05/2021

အရေးပေါ်လိုအပ်ချပ်များကို အတူတကွ ဖြည့်စည်းပေးကြပါစို့...။

အရေးတော်ပုံအောင်ရမည်။ စစ်မှန်သော ဖဒရယ်ဒီမိုကရေစီ မုချရရှိရမည်။

ที่อยู่

Mae Sot
63110

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Union of Thai-Myanmar border's youths โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์