04/10/2026
🌏📚 Happy World Teachers’ Day!
Today, we celebrate teachers — from Karenni State to every corner of the world — who continue to teach, inspire, and give hope to the next generation.
For many teachers in Karenni State, teaching is not easy. Despite conflict, displacement, and uncertainty, they continue to show up for their students and keep learning alive.
Every lesson is more than just a lesson.
Every classroom is more than just a classroom.
They are spaces where children can still learn, dream, and hope for a better future. 🌱
To all the teachers who continue this work with courage, patience, and love — thank you. ❤️
Thank you for believing in your students.
Thank you for keeping the light of education alive.
And thank you for reminding us that even in difficult times, education gives us hope. 🕯️
Wishing all teachers in Karenni State and around the world a very Happy World Teachers’ Day! 🍎📖
🌏📚 ကမ္ဘာ့ဆရာများနေ့ မင်္ဂလာပါ။
ဒီနေ့မှာ ကရင်နီပြည်ကနေ ကမ္ဘာတစ်ဝှမ်းက ဆရာ၊ ဆရာမများအားလုံးကို လေးစားဂုဏ်ပြုလိုက်ပါတယ်။
ကရင်နီပြည်မှာ ဆရာ၊ ဆရာမတစ်ယောက်အဖြစ် ပညာသင်ကြားပေးရတာ မလွယ်ကူပါဘူး။ ပဋိပက္ခတွေ၊ နေရပ်စွန့်ခွာရမှုတွေနဲ့ မသေချာမရေရာမှုတွေကြားထဲမှာတောင် ကျောင်းသား၊ ကျောင်းသူတွေအတွက် ဆက်လက်ရပ်တည်ပြီး ပညာရေးကို ဆက်လက်ရှင်သန်အောင် ကြိုးစားပေးနေကြပါတယ်။
သင်ကြားပေးတဲ့ သင်ခန်းစာတိုင်းဟာ သင်ခန်းစာတစ်ခုထက် ပိုပါတယ်။
စာသင်ခန်းတိုင်းဟာလည်း စာသင်ဖို့နေရာတစ်ခုထက် ပိုပါတယ်။
အဲဒီနေရာတွေဟာ ကလေးတွေအတွက် ပညာသင်ယူနိုင်တဲ့၊ အိပ်မက်မက်နိုင်တဲ့၊ ပိုကောင်းတဲ့အနာဂတ်ကို မျှော်လင့်နိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။ 🌱
ရဲရင့်မှု၊ စိတ်ရှည်မှုနဲ့ မေတ္တာတွေနဲ့ ဆက်လက်သင်ကြားပေးနေကြတဲ့ ဆရာ၊ ဆရာမများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်။
ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနာဂတ်ကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ပညာရေးအလင်းရောင်ကို ဆက်လက်ထွန်းလင်းပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အခက်အခဲတွေကြားထဲမှာတောင် ပညာရေးက မျှော်လင့်ချက်ပေးနိုင်တယ်ဆိုတာ ပြသပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 🕯️
ကရင်နီပြည်နဲ့ ကမ္ဘာတစ်ဝှမ်းက ဆရာ၊ ဆရာမများအားလုံး
ကမ္ဘာ့ဆရာများနေ့မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ 🍎📖❤️
#ကမ္ဘာ့ဆရာများနေ့ #ကရင်နီပြည် #ပညာရေး