Justice for Karenni

Justice for Karenni ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Justice for Karenni, องค์กรไม่แสวงหาผลกำไร, Soi1, Ban Nai Soi, Mae Hong Son

27/03/2026

တောင်ငူမြို့မှာ ယာဥ်လိုင်စင် စစ်ဆေးမှာဖြစ်လို့ ကရင်နီက ကုန်ကားတွေ အခက်ကြုံနိုင်ပြီး ကုန်စျေးနှုန်းတက်လာနိုင်

ကန္တာရဝတီတိုင်း (မ်)

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ လာမယ့်ရက်ပိုင်းအတွင်း ယာဥ်လိုင်စင် စစ်ဆေးမှာဖြစ်လို့ တောင်ငူမြို့မှာ ကုန်စည်ပစ္စည်းတွေ အဓိက ဝယ်ယူတင်သွင်းနေတဲ့ ကရင်နီက ကုန်ကားတွေဟာ မြို့တွင်းကုန်ပစ္စည်းဝင်ယူဖို့ အခက်ကြုံလာရနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

တောင်ငူမြို့ကနေ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို ကုန်စည်သွင်းနေတဲ့ ကုန်ကားတွေအများစုက လိုင်စင်မရှိကြလို့ လိုင်စင်ရှိတဲ့ ကားတွေကို ထပ်ဆင့်ငှားရမ်းရင်း ကုန်စည်ခ မြင့်တက်လာမှာဖြစ်တယ်လို့ ကုန်သည်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။

“အခုက စ စစ်နေပြီ။ မြို့ပြင်အထိပါစစ်မယ်လို့ ကြားပါတယ်။ တောင်ငူမြို့ပြင်အမှတ် ၃ ရဲစခန်းကနေ အဓိက မိန်း (Main) ထားပြီး စစ်မယ်လို့ကြားပါတယ်။ လိုင်စင်မရှိတာရယ် ဆီစျေးတက်တာရယ်ကြောင့် ကားတိုင်းမသွားနိုင်ဘူး။ သွားတဲ့ကားတွေက လိုင်စင်ရှိတဲ့ ကား‌တွေကို ခေါက်တို တဆင့်ငှားပြီး ကုန်ချိန်းရမယ်ထင်တယ်။ အဲလိုလုပ်ရင်တော့ ကုန်စျေးနှုန်းက ၃ ဆ တက်ဖို့ပဲ ရှိမှာပါ” လို့ အဆိုပါ ကုန်သည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိအခြေအနေအရ လောင်စာဆီ စျေးမြင့်တက်တာနဲ့ လိုင်စင်စစ်မယ့် လုပ်ငန်းစဥ်တွေကြောင့် ပြည်တွင်းကုန်စည်စီးဆင်းမှု မပြတ်အောင် အခြေနေပေါ် မူတည်ပြီး ကုန်သွင်းပေးရမယ့် အနေအထားမှာရှိတယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာ့အရှေ့အလယ်ပိုင်းဒေသအတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ရိုက်ခတ်လာတဲ့ လောင်စာဆီဈေးနှုန်းမြင့်တက်မှုအပြင် ထပ်ကြုံလာနိုင်တဲ့ ကုန်စည်စျေးနှုန်းမြင့်တက်မှုတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။

ကုန်စျေးနှုန်းမြင့်တက်မှုက သာမာန်လက်လုပ်လက်စား စစ်ဘေးရှောင်၊ ဒေသခံ တွေအတွက် အိမ်တွင်းအကြပ်အတည်း ကြုံလာရနိုင်တယ်လို့ ဒေသခံအမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။

“စားဖို့သောက်ဖို့ဆိုရင် တရက်ကို တစ်သောင်းဝန်းကျင် ၊ တစ်သောင်းထိ မသုံးလည်းရတယ်။ ရှစ်ထောင် ကိုးထောင် တစ်သောင်း အဲလောက်ဝန်းကျင်သုံးလို့ရတယ် တစ်ရက်ဆိုရင်။ အခုက တနေရာသွားမယ်ဆို ဆီက အနည်းဆုံး ရှစ်ထောင်ကနေ တစ်သောင်းဆိုတော့ ဆီထည့်တာနဲ့တင် တစ်ရက်ကို တစ်သောင်းဝန်းကျင်ကုန်နေပြီး။ အစားအသောက်နဲ့ဆိုရင် တစ်သောင်း ၊ တစ်သောင်းခွဲ အဲ့လိုအနေအထားရှိတာပေါ့” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

ကုန်စျေးနှုန်းမြင့်တက်တာက အခြေခံစားသောက်ကုန်တွေတင်မက ဆေးဝါးတွေပါ မြင့်တက်လာမှာဖြစ်လို့ ရေရှည်ဆေးဝါး သောက်သုံးနေရသူတွေအတွက်လည်း ငွေကြေးအကြပ်အတည်း ပိုဖြစ်လာနိုင်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ တောင်ငူမြို့က ကရင်နီလူထုရဲ့ ကုန်စည်စီးဆင်းရာ အဓိကကျတဲ့မြို့ ဖြစ်လာခဲ့တာဖြစ်ပြီး နေ့စဥ် ကုန်ကား အစီးရေ ၅၀ ထက်မနည်း အသွားအလာလုပ်နေရတာဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ပုံစာ - ကရင်နီပြည် ၊ ဒီး​မော့ဆိုအ​နောက်ဖက်ခြမ်းမှာ သွားလာနေတဲ့ ယာဉ်တွေကို ​တွေ့ရစဥ်

#ကရင်နီကုန်စည် #စျေးမြင့်တက်လာနိုင် #တောင်ငူမြို့ #ယာဥ်လိုင်စင်စစ်မည်

https://youtu.be/YqJ_eYDVxDQကယန်းတိုင်းရင်းသူ မူဂျူးလိယက်၏ တင်ဆက်မှုကရင်နီတို့ရဲ့ အဲဒေါ်ပေါမီပွဲတော်၊ ချင်းမိုင်။
29/09/2025

https://youtu.be/YqJ_eYDVxDQ

ကယန်းတိုင်းရင်းသူ မူဂျူးလိယက်၏ တင်ဆက်မှု
ကရင်နီတို့ရဲ့ အဲဒေါ်ပေါမီပွဲတော်၊ ချင်းမိုင်။

Karenni Traditional

03/09/2025
03/09/2025
01/09/2025

🚩အလှူငွေရရှိမှုအခြေအနေ တင်ပြခြင်း 🚩

သင်တို့အားလုံးရဲ့ မယုံနိုင်စရာကောင်းတဲ့ ထောက်ခံမှုကျေးဇူးကြောင့် ကမ်ပိန်း ရည်မှန်းချက်ရဲ့ ၄၂% ကို ရောက်ရှိခဲ့ပါပြီ။

💙🙏 သင်ပေးသော အလှူငွေတိုင်းသည် အကြမ်းဖက်စစ်တပ်၏ ရက်စက်သော တိုက်ခိုက်မှုများမှ ကျွန်ုပ်တို့၏ ပြည်သူလူထု၊ မြေနှင့် အနာဂတ်ကို ကာကွယ်ပေးနေသော စစ်ဦးစီးအဖွဲ့ (JCS) အတွက် အင်အားဖြစ်လာသည်။

ဒါပေမဲ့ ခရီးစဉ်က မပြီးသေးပါဘူး။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို မရောက်မီ ၅၈% အထိ ရောက်ဖို့ လိုပါသေးတယ်။ အတူတကွ ဒါကို ဖြစ်အောင် လုပ်နိုင်တယ်။ ✊

#ကရင်နီ

ที่อยู่

Soi1, Ban Nai Soi
Mae Hong Son
58000

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Justice for Karenni โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์