Yuva Platform ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Yuva Platform, องค์กรชุมชน, Chiang Rai.

03/05/2026

Yuva's Journey

✨What is Yuva Platform?
Yuva ဆိုတာ နာမည်တစ်ခုထက်ပိုပါတယ်...
အိပ်မက်တွေကို အတူတူလိုက်ရှာတဲ့ လူတွေ၊
မလွယ်ကူတဲ့လမ်းပေါ်မှာတောင် မရပ်မနားလျှောက်တဲ့ စိတ်ဓာတ်လေးတွေကို ပြသထားပါတယ်။ ကျွန်တော်တို့ တစ်ဦးတစ်ယောက်ချင်းစီကနေ စတင်ပြီး အတူတူတက်လှမ်းသွားတဲ့ journeyလေး တစ်ခုဖြစ်ပါသည်။
ဒီ video လေးကတော့ Yuva ရဲ့ အစကနေ အခုထိ ဘယ်လိုတိုးတက်လာခဲ့လဲဆိုတာကို ပုံဖော်ထားတာ ဖြစ်ပါတယ်။💫
Yuva က…အတူတူကြိုးစားနေတဲ့ လူတွေကြားက နေရာလေးတစ်ခုဘဲ ဖြစ်ပါတယ်။ 🤍🙏✨

✨ What is Yuva Platform?

Yuva is more than just a name…It’s a space where dreams are shared, where people come together to chase something bigger than themselves.

It represents the courage to keep moving forward, even when the road isn’t easy,even when uncertainty tries to hold you back.

Every journey begins with one small step.Yuva is that journey, started by individuals, but grown together as one.

This video tells the story of Yuva from where it all began to how far it has come today… 💫

Through experiments, through challenges, through building things like capacity building, chatbots, we didn’t just create projects, we built resilience, belief, and purpose.

Yuva isn’t perfect,but it’s real. It’s progress, growth, and people who refuse to give up.

Yuva is…a place where passionate hearts meet,where small efforts turn into meaningful change, and where we rise together. 🤍🙏✨



အတာသင်္ကြန်ဆုမွန်လွှာ_______________________မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်သို့  နှစ်သစ်ကူးပြောင်းသည့် အတာသင်္ကြန်အခါသမယတွင် ...
13/04/2026

အတာသင်္ကြန်ဆုမွန်လွှာ
_______________________
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်သို့ နှစ်သစ်ကူးပြောင်းသည့်
အတာသင်္ကြန်အခါသမယတွင် စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းတို့ဖြင့်
ပြည့်စုံကြပြီး စီးပွါးဥစ္စာများဒီရေအလား တိုးပွါးကြပါစေကြောင်း ယုဝပလက်ဖောင်း မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ယုဝ ပလက်ဖောင်း စတုဒီတာအလှုူ ——————————————————ခင်မင်လေးစားစွာဖြင့်ဖိတ်ကြားခြင်းYuva Platform ယုဝ မိသားစုများ မှ မြန်မာ့ရ...
12/04/2026

ယုဝ ပလက်ဖောင်း စတုဒီတာအလှုူ
——————————————————
ခင်မင်လေးစားစွာဖြင့်ဖိတ်ကြားခြင်း

Yuva Platform ယုဝ မိသားစုများ မှ မြန်မာ့ရိုးရာအတာသင်္ကြန် အထိမ်းအမှတ်အဖြစ် စတုဒီတာကျွေးမွေး ဧည့်ခံမည်ဖြစ်ပါ၍ မည်သူမဆို လာရောက်သုံးဆောင်နိုင်ပါကြောင်း ခင်မင်လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

🔹နေ့ရက် - ဧပြီလ ၁၄ ရက်နေ့
(ဗုဒ္ဓဟူးနေ့- မြန်မာသင်္ကြန်အကျနေ့)

🔹အချိန် - ညနေ ၅ နာရီမှ ည ၇နာရီ

🔹နေရာ - Harbor Student Center, MFU, Chiang Rai
………………………..

ကြက်သားကာလသားဟင်း ၊ ငရုတ်သီးကြော် ၊
အချဉ်သုပ် တို့ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးပါမည်။

ခင်မင်ရင်းနှီးစွာဖြင့်
ယုဝပလက်ဖောင်း

THE DREAMS - အိပ်မက်များမှောင်မိုက်နေတဲ့အရာတွေကြားထဲက တောက်ပနေတဲ့မျက်လုံးတွေ နဲ့ မလွှတ်ချနိုင်တဲ့ အိပ်မက်အလင်းတန်း……..မရ...
31/03/2026

THE DREAMS - အိပ်မက်များ

မှောင်မိုက်နေတဲ့အရာတွေကြားထဲက တောက်ပနေတဲ့မျက်လုံးတွေ နဲ့
မလွှတ်ချနိုင်တဲ့ အိပ်မက်အလင်းတန်း……..

မရေရာတဲ့ဘဝတွေ၊ ကြောက်ရွံမှုတွေနဲ့ ပြည့်နေတဲ့ အချိန်တွေကြားမှာ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများရဲ့ အသံတွေကို မမြင်ရသလို မကြားရဘူးလား?

THE DREAMS – အိပ်မက်များ ဟာ
ဘဝအခက်အခဲတွေကြားကနေ အိပ်မက်နောက်ကို ဆက်လက်လိုက်နေတဲ့ ရွှေ့ပြောင်းမြန်မာလုပ်သားတွေအတွက် သတင်းစကားတခုကို မကြာခင်သယ်ဆောင်ပေးလာတော့မှာပါ။

YUVA Platform အနေဖြင့်
ရွှေ့ပြောင်းလုပ်သားတွေရဲ့ အသံတွေကို မြင်စေဖို့
ယုံကြည်ရာအိပ်မက်တွေနောက်ကို တန်ဖိုးထားစေဖို့
ဒီပုံပြင်ကို ပြောပြလိုက်ပါတယ်။

“မင်းတစ်ယောက်တည်း မဟုတ်ဘူး…”

THE DREAMS

Among the darkness, there are shining eyes,
and a beam of dream-light that cannot be let go…

In times filled with uncertainty, fear, and unstable lives—
have you not seen or heard the voices of migrant workers in Thailand?

THE DREAMS
will soon bring a message for Myanmar migrant workers
who continue chasing their dreams despite life’s hardships.

As YUVA Platform,
we share this story to help make migrant workers’ voices visible,
and to remind them to value and believe in their dreams.

“You are not alone…”

🎬 Coming Soon
#အိပ်မက်များ

Special Thanks to The Harbor Student Center__________________________________________Burmese Version Below As the Yuwa P...
03/03/2026

Special Thanks to The Harbor Student Center
__________________________________________

Burmese Version Below

As the Yuwa Platform, we successfully organized and held a meaningful Meet Up event on February 26, 2026 at The Harbor Student Center.

This Meet Up was an important part of our initiative to bring together Myanmar students in Chiang Rai, creating a space for connection, sharing experiences, and mutual learning. The success of this event would not have been possible without your generous support.

We would like to express our deepest and most sincere gratitude to Floyd and Katrina for thoughtfully arranging everything we needed, including the venue, projector, and technical support. Your warm hospitality, kindness, and genuine willingness to support us created not only a smooth and successful event, but also a welcoming and inclusive environment for everyone.

The space you provided was more than just a venue it became a safe and inspiring community space where ideas were exchanged, friendships were strengthened, and a sense of belonging was nurtured. Your support has truly contributed to the growth and unity of the Myanmar student community here.

We deeply appreciate your kindness and continued support, and we sincerely look forward to future collaborations together.

With heartfelt gratitude,
Yuwa Platform

ကျေးဇူးတင်လွှာ 🙏

ယုဝ ပလက်ဖောင်းအနေနဲ့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့တွင် Meet Up လေးတစ်ခုကို The Harbor Space Student Center တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

ဒီ Meet Up လေးဟာ ယုဝပလက်ဖောင်း၏ လှုပ်ရှားမှုများအတွင်း အလွန်အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ရွေ့ပြောင်းမြန်မာလုပ်သားများအရေးစိတ်ပါဝင်စားသူ မြန်မာကျောင်းသားများအချင်းချင်း ချိတ်ဆက်နိုင်ရန်၊ အတွေ့အကြုံများမျှဝေနိုင်ရန်နှင့် အပြန်အလှန် သင်ယူမှုများ ပြုလုပ်နိုင်ရန် အရေးကြီးသော အခွင့်အလမ်းတစ်ခုဖြစ်ခဲ့ပါသည်။ ထိုအခွင့်အလမ်းကို အောင်မြင်စွာ ဖန်တီးနိုင်ခြင်းသည် The Harbor Space Student Center ၏ အားပေးကူညီပံ့ပိုးမှုများကြောင့်ဖြစ်ပါသည်။

ကျွန်တော်တို့၏ Event အတွက် venue အပါအဝင် projector၊ technical setup နှင့် လိုအပ်သော အထောက်အပံ့များ
အားလုံးကို စနစ်တကျ ပြင်ဆင်စီစဉ်ပေးခဲ့ကြသော The Harbor Floyd နှင့် Katrina တို့အား ယုဝပလက်ဖောင်းမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ သင်တို့၏ နွေးထွေးသော ကြိုဆိုမှု၊ အလေးထားကူညီပံ့ပိုးပေးမှုနှင့် အစဉ်အမြဲ အားပေးပံ့ပိုးကူညီမှုများကြောင့် ယခုလို အောင်မြင်သော event တစ်ခု ဖြစ်ပေါ်လာစေခဲ့ပါသည်။လုံခြုံမှုရှိပြီး နွေးထွေးသော learning space environment တစ်ခုအဖြစ် ယုဝပလက်ဖောင်းသာမက Chiang Rai ရှိ မြန်မာကျောင်းသားများ အတွက် ယခုကဲ့သို့သော အားပေးမှုများကြောင့် community အတွင်း ယုံကြည်မှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အနာဂတ်အတွက် မျှော်လင့်ချက်များကို ပိုမိုခိုင်မာစေခဲ့ပြီး ယုဝပလက်ဖောင်းအနေဖြင့် The Harbor Student Center ၏ ကြင်နာမှု၊ အားပေးမှုနှင့် ယုံကြည်မှုတို့ကို အထူးတန်ဖိုးထားပြီး အမြဲတမ်း အမှတ်ရနေမည်ဖြစ်ပါကြောင်း နှင့် အနာဂတ်တွင်လည်း ယခုလို အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ရှိနေမည်ဟု မျှော်လင့်ပါသည်။

ကျေးဇူးတင်စွာဖြင့်
Yuwa Platform

မိတ်ဆွေတို့ရေယုဝပလက်ဖောင်းကတော့ မနေ့ကကျောင်းသားလူငယ်community များနဲ့ တွေ့စုံခဲ့ကြပါတယ်။🤓.............ဘာတွေပြောခဲ့ကြပါသလ...
27/02/2026

မိတ်ဆွေတို့ရေ
ယုဝပလက်ဖောင်းကတော့ မနေ့က
ကျောင်းသားလူငယ်community များနဲ့
တွေ့စုံခဲ့ကြပါတယ်။🤓.............

ဘာတွေပြောခဲ့ကြပါသလဲ။🤔

ရွှေ့ပြောင်းလုပ်သားတွေရဲ့ အခြေနေနဲ့ စာရွက်စာတမ်းကိစ္စတွေကို ဝိုင်းဝန်းဆွေးနွေးအဖြေရှာခဲ့ကြပါတယ်။...............
ဘာတွေလုပ်ခဲ့ကြပါသလဲ။🧐

မြန်မာကျောင်းသားလူငယ် အဖွဲ့များအနေနဲ့ မိမိတို့ လူ့အဖွဲ့အစည်းကို ဘယ်လိုဘယ်လို ပြန်ပြီး contribute လုပ်မလဲဆိုတာကို ယုဝ ပလက်ဖောင်းနဲ့အတူတူ တိုင်ပင်ခဲ့ကြပါတယ်။...............
ဘာတွေဆက်လုပ်ဖို့ရှိလဲ။🔍

ယုဝ (Yuva) အနေနဲ့ ရှေ့ဆက်ပြီးတော့ မြန်မာအဖွဲ့အစည်းများနဲ့ ချိတ်ဆက်လုပ်ဆောင်သွားဖို့နဲ့ ရွှေ့
ပြောင်းလုပ်သားတွေအတွက် ယုံကြည်စိတ်ချပြီး ကျယ်ပြန့်တဲ့ network ကို တည်ဆောက်ဖို့လုပ်ဆောင်သွားပါမယ်။.................
ကျေးဇူးတင်လွှာ🙏💙

မနေ့က (26,02,2025) Yuva Meet Up ကို တက်ရောက်ပေးခဲ့ကြပါသော ကျောင်းသားလူငယ်များအားလုံးနဲ့ နေရာထိုင်ခင်းအတွက် စီစဥ် ပေးခဲ့ပါသော The Harbor ကို အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
----------------------

English Below:
Dear friends,
Yesterday, the Yuva platform met with student and youth communities. 🤓.............
What did we talk about? 🤔
We discussed and looked for solutions together regarding the situation of migrant workers and issues related to documentation................
What did we do? 🧐
Together with the Yuva platform, Myanmar student and youth groups discussed ways in which we can give back to and contribute to our community................
What’s next? 🔍
As Yuva, we will continue to collaborate with Myanmar organizations and work towards building a reliable and extensive network for migrant workers..................
Acknowledgment 🙏💙
We would like to sincerely thank all the students and youths who attended the Yuva Meet Up yesterday (26/02/2025), as well as The Harbor for kindly arranging the venue and seating.



ဝမ်းမြောက်နွေးထွေးစွာဖြင့်ဖိတ်ကြားခြင်း________________________________________မင်္ဂလာပါရှင်/ခင်ဗျာ 🙏Yuva Platform မှ ဂု...
25/02/2026

ဝမ်းမြောက်နွေးထွေးစွာဖြင့်ဖိတ်ကြားခြင်း
________________________________________

မင်္ဂလာပါရှင်/ခင်ဗျာ 🙏
Yuva Platform မှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် Yuva Platform ၏ ပထမဆုံးသော Migrant Digital Pocket Guide အစီအစဉ်၏ ပထမဆုံးသော မိတ်ဖက်တွေ့ဆုံမှုပွဲလေးအဖြစ်
“What is Yuva Migrant Digital Chatbot”မိတ်ဆက်ခြင်းအခမ်းအနားကို ယုဝ အဖွဲ့ဝင်များ ဖိတ်ဖက်အဖွဲ့အစည်းများနှင့် မိတ်ဆွေများအားလုံးသို့ လှိုက်လှဲနွေးထွေးစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

ယခုအစီအစဉ်တွင် Yuva Platform မှ ဖန်တီးထားသော Migrant Digital Chatbot အကြောင်းကို အသေးစိတ်ရှင်းလင်းတင်ပြသွားမည်ဖြစ်ပြီး၊ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများအတွက် အသုံးဝင်ပုံများ၊ ရရှိနိုင်သော အကူအညီများနှင့် Digital Solution များကို မျှဝေပေးသွားမည်ဖြစ်ပါသည်။

📅 နေ့ရက် – 26 February 2026 (Thursday)
⏰ အချိန် – 4:30 PM – 6:00 PM
📍 နေရာ – The Harbor Space, Student Center
🍜 Refreshment – Burmese Ohn No Khao Swè

ဒီပွဲဟာ Myanmar migrant community အတွက် အသိပညာတိုးတက်စေမည့် အခွင့်အရေးကောင်းတစ်ခုဖြစ်ပြီး မိတ်ဆွေများအားလုံးပါဝင်တက်
ရောက်ဆွေးနွေးပြီး လိုအပ်သည်များ အကြံပြုပေးနိုင်ဖို့ရာ Yuva အဖွဲ့သားများမှ နွေးထွေးစွာဖြင့် ဖိတ်ကြားအပ်ပါသည်။

ယုဝ နှင့်အတူ အတွေ့အကြုံများကို မျှဝေကြပါစို့။

English Version Below
—————————————

📢 Yuva Meet Up Webinar Invitation

Mingalabar 🙏

Yuva Platform is delighted to warmly invite all Yuva members, partner organizations, and friends to our very first partner meet-up event under the Yuva Migrant Digital Pocket Guide initiative:

“What is Yuva Migrant Digital Chatbot” – Introduction Session

In this event, we will present an in-depth introduction to the Migrant Digital Chatbot developed by Yuva Platform. We will also share how this digital solution can support Myanmar migrant workers in Thailand, including accessible services, useful information, and available assistance.

📅 Date – 26 February 2026 (Thursday)
⏰ Time – 4:30 PM – 6:00 PM
📍 Venue – The Harbor Space, Student Center
🍜 Refreshment – Burmese Ohn No Khao Swe

This event offers a valuable opportunity to enhance knowledge and exchange ideas for the Myanmar migrant community. We warmly encourage everyone to join, participate in discussions, and share feedback.

✨ Let’s come together and share experiences with Yuva.

ထိုင်းတွင် အလုပ်လုပ်ခွင့် ဝေါ့ပါမစ် သက်တမ်းတိုး နောက်ဆုံးရက်ကို ၂၀၂၆ မတ် ၃၁ အထိ တိုးမြှင့်ဖေဖော်ဝါရီ ၂၂ထိုင်းနိုင်ငံ အလု...
22/02/2026

ထိုင်းတွင် အလုပ်လုပ်ခွင့် ဝေါ့ပါမစ် သက်တမ်းတိုး နောက်ဆုံးရက်ကို ၂၀၂၆ မတ် ၃၁ အထိ တိုးမြှင့်

ဖေဖော်ဝါရီ ၂၂

ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနသည် မြန်မာ၊ လာအိုနှင့် ဗီယက်နမ် အလုပ်သမားများအတွက် အလုပ်လုပ်ခွင့်ပါမစ် (Work Permit) သက်တမ်းတိုးလုပ်ငန်းစဉ်များကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်အထိ နောက်ဆုံးသတ်မှတ်ရက် တိုးမြှင့်လိုက်ကြောင်း သိရသည်။

ဤဆုံးဖြတ်ချက်ကို အလုပ်သမားဝန်ကြီး မစ္စ ထရီနုချ် သီယန်သောင် ဦးဆောင်သည့် နိုင်ငံခြားအလုပ်သမား စီမံခန့်ခွဲမှု မူဝါဒကော်မတီ (၂/၂၀၂၆) အစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ အစည်းအဝေးတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အေဂျင်စီများမှ အရာရှိများလည်း ပါဝင်တက်ရောက်ခဲ့သည်။

ယခုတိုးမြှင့်မှု၏ အဓိကရည်ရွယ်ချက်မှာ အလုပ်သမားများ ကြုံတွေ့နေသော အခက်အခဲများကို ဖြေရှင်းရန်ဖြစ်ပြီး—
• ကျန်းမာရေးအာမခံစာရွက်စာတမ်း တင်သွင်းမှု
• ဆေးစစ်မှုလုပ်ငန်းစဉ်
• အလုပ်လုပ်ခွင့်ကြေး (ဘတ် ၉၀၀) ပေးသွင်းခြင်း

စသည့် အဆင့်များတွင် ကြန့်ကြာမှုများ ရှိနေခြင်းကို ကူညီပေးရန် ဖြစ်သည်။

ယခင်က လုပ်ငန်းစဉ်များကို ၂၀၂၆ ဖေဖော်ဝါရီ ၂၄ ရက်တွင် အပြီးသတ်ရန် သတ်မှတ်ထားသော်လည်း အလုပ်သမားအချို့မှာ လုပ်ငန်းစဉ် မပြီးမြောက်နိုင်သေးကြောင်း တွေ့ရှိရသည်။ စုစုပေါင်း အလုပ်သမား ၈၉၀,၇၈၆ ဦးအနက် ၃၇၅,၀၃၈ ဦးမှာ ယနေ့ထိ လုပ်ငန်းစဉ် မပြီးစီးသေးကြောင်း ဝန်ကြီးမှ ပြောကြားခဲ့သည်။

သတ်မှတ်ရက် မတိုင်မီ မပြီးစီးပါက အလုပ်သမားများသည် တရားမဝင် အလုပ်လုပ်ကိုင်သူများအဖြစ် ပြောင်းလဲသွားနိုင်ပြီး အလုပ်ရှင်များအတွက်လည်း ဥပဒေအရ အလုပ်သမား ခေါ်ယူရန် အခက်အခဲများ ဖြစ်ပေါ်နိုင်သည်။ ထို့အပြင် လုပ်သားရှားပါး
ှုများ ဖြစ်ပေါ်ကာ စီးပွားရေးနှင့် ထုတ်လုပ်မှုအပေါ် သက်ရောက်မှုရှိနိုင်ကြောင်းလည်း သတိပေးထားသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနအနေဖြင့် အစည်းအဝေးမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်များကို အစိုးရအဖွဲ့ထံ တင်ပြအတည်ပြုရယူပြီး ဆက်လက်အကောင်အထည်ဖော်သွားမည် ဖြစ်သည်။

ေါ့ပါမစ်

#လုံခြုံစွာရွှေ့ပြောင်းအလုပ်လုပ်ကိုင်ခြင်း

မိတ်ဆွေတို့ရေ 🗣မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အရေးကြီးဆုံးစာရွက်စာတမ်းတစ်ခုဖြစ်တဲ့ CI (Certificate of Identity) မည...
22/02/2026

မိတ်ဆွေတို့ရေ 🗣
မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အရေးကြီးဆုံးစာရွက်စာတမ်းတစ်ခုဖြစ်တဲ့ CI (Certificate of Identity) မည်ကိုသူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် အကြောင်း ဒီတစ်ခါတော့ ပိုပြီးအသေးစိတ်ရှင်းပြပေးပါမယ်။ 🤓

━━━━━━━━━━━━━━━
🔹 CI ဆိုတာဘာလဲ
CI ဆိုတာက Passport မရှိသေးတဲ့ မြန်မာနိုင်ငံသားများအတွက် ထိုင်းအစိုးရနှင့် မြန်မာအစိုးရ ပူးပေါင်းထုတ်ပေးတဲ့
👉 ယာယီနိုင်ငံသားအတည်ပြုစာရွက်စာတမ်း ဖြစ်ပါတယ်။

✔️ အဓိကအသုံးပြုမှု
• မိမိဟာ မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုရန်
• ထိုင်းနိုင်ငံအတွင်း တရားဝင်နေထိုင်ရန်
• Work Permit ဆက်လက်လုပ်ဆောင်နိုင်ရန်

📌 CI ကို အများအားဖြင့် “စာအုပ်စိမ်း” လို့ခေါ်ကြပြီး
Passportမရှိသူများအတွက် အလွန်အရေးကြီးတဲ့ အခြေခံ ID အထောက်ထား ဖြစ်ပါတယ်။

━━━━━━━━━━━━━━━
🔹 CI လုပ်ဖို့လိုအပ်တဲ့အချက်များ (အသေးစိတ်)

👉 (၁) ကိုယ်ရေးအချက်အလက်
• နာမည်၊ မွေးသက္ကရာဇ်၊ မွေးရပ်မြေ တိတိကျကျဖြစ်ရမည်

👉 (၂) စာရွက်စာတမ်းများ
• မှတ်ပုံတင် (မူရင်း + မိတ္တူ)
• အိမ်ထောင်စုစာရင်း
• မွေးစာရင်း (ရှိပါက ပိုကောင်း)
• Work Permit (ရှိလျှင်)
• Pink Card (ရှိလျှင်)

👉 (၃) Biometric အချက်အလက်
• လက်ဗွေယူခြင်း
• မျက်လုံး Scan
• ဓာတ်ပုံရိုက်ခြင်း

👉 (၄) ငွေကြေး
• အစိုးရကြေး (ခန့်မှန်း ~ ၂၇၆၀ ဘတ်)
• Service / Agency fee (မတူနိုင်)

━━━━━━━━━━━━━━━
🔹 CI လုပ်တဲ့နေရာများ
ထိုင်းနိုင်ငံတွင် သတ်မှတ်ထားသော CI Center များမှာ—
• စမွတ်ဆာခွန် (Samut Sakhon)
• စမွတ်ပရာကန် (Samut Prakan)
• စူရတ်ဌာနီ (Surat Thani)
• ချင်းမိုင် (Chiang Mai)
• ချွန်ဘူရီ (Chonburi)

📌 မိတ်ဆွေတို့နေထိုင်ရာအနီးဆုံး Center ကိုရွေးချယ်နိုင်ပါတယ်။

━━━━━━━━━━━━━━━
🔹 CI လုပ်တဲ့အဆင့်များ (Step-by-Step)

1️⃣ Appointment / စာရင်းသွင်းခြင်း
• အလုပ်ရှင် (Employer) သို့မဟုတ် Agency မှ စာရင်းသွင်းပေးတတ်ပါတယ်

2️⃣ ငွေသွင်းခြင်း
• သတ်မှတ်ထားသောနေရာ (ဥပမာ 7-Eleven / Bank) တွင် ငွေသွင်းရပါမယ်

3️⃣ စာရွက်စာတမ်းတင်ပြခြင်း
• လိုအပ်သော စာရွက်စာတမ်းအားလုံးတင်ပြရမည်
✅ဘတ်ရိုက်ထားတဲ့ စာရွက်စာတမ်းများ
✅မှတ်ပုံတင် (မူရင်း နဲ့ မိတ္တူ)
✅အိမ်ထောင်စုစာရင်း
✅Work permit အထောက်အထားများ(ဘော်ထော်အပါ)
✅ငွေသွင်းပြီးကြောင်း ဘော်ချာစလစ်

အဆိုပါ အဆင့်၃ဆင့်ကိုကြိုတင်လုပ်ဆောင်ပြီးရင်တော့ CIစာအုပ်အတွက် လူကိုယ်တိုင် သက်ဆိုင်ရာ CI center တွေကိုကိုယ်တိုင်သွားပြီး အောက်ကအဆင့်တွေကို ဆက်လက်လုပ်ဆောင်ရပါမယ်

4️⃣အတည်ပြုခြင်းလုပ်ငန်းစဉ် Identity Verification
• လက်ဗွေနှိပ်
• မျက်လုံး scanဖတ်
• ဓာတ်ပုံရိုက်

5️⃣ လုပ်ငန်းကြာချိန်
• အချိန်အနည်းငယ် (တစ်ပတ်မှ အနည်းငယ်လပိုင်းထိ) စောင့်ရနိုင်

6️⃣ CI စာအုပ်လက်ခံရယူခြင်း

━━━━━━━━━━━━━━━
🔹 CI ရရှိပြီးနောက် အကျိုးကျေးဇူးများ

✔️ ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်နိုင်ခြင်း
✔️ ၉၀ ရက်တစ်ကြိမ် Immigration Report တင်နိုင်ခြင်း
✔️ Work Permit ဆက်လက်အသုံးပြုနိုင်ခြင်း
✔️ Smart Card ဖြင့် နယ်စပ်ဖြတ်သန်းနိုင်ခြင်း
✔️ ဖမ်းဆီးမှု၊ ဒဏ်ကြေးအန္တရာယ် လျော့နခြင်း

━━━━━━━━━━━━━━━
🔹 CI နဲ့ပက်သက်ပြီး သိထားသင့်တာများ

❗ CI သည် Passport လိုမျိုး နိုင်ငံတကာခရီးသွားလို့ မရပါဘူး။ ထိုင်း မြန်မာ နှစ်နိုင်ငံကိုဘဲအသွားအပြန်လုပ်လို့ရပါတယ်။

❗ CI မရှိပါက တရားမဝင်နေထိုင်မှုဖြစ်ပြီး ဖမ်းဆီးခံရနိုင်ပါတယ်။

❗ CI + ဝေါ့ပါမစ်Work Permit ရှိရင်တရားဝင်အလုပ်လုပ်နိုင်မှုရရှိမှာပါ။

❗️Passport စာအုပ်အနီရှိပြီးသူများ CI လုပ်ဖို့ လုံးဝ(လုံးဝ)မလိုပါ

━━━━━━━━━━━━━━━
🔹 အရေးကြီးသတိပြုရန်

⚠️ အချက်အလက်မမှန်ပါက CI ပယ်ချခံရနိုင်သည်
⚠️ အထောက်အထားအတုများ Fake document မသုံးပါနှင့်
⚠️ ယုံကြည်ရသော အေးဂျင့်များ လိုင်စင်ရ အေဂျင်စီ များ ကိုသာ အသုံးပြုပါ

━━━━━━━━━━━━━━━
✨ ဒီ Post ကနေ CI အကြောင်းကို ပိုမိုနားလည်သွားမယ်လို့ မျှော်လင့်ပါတယ်။
🤍 နောက်ထပ် Work Permit / Pink Card / Visa အကြောင်းတွေကိုလည်း ဆက်လက်မျှဝေပေးပါမယ်
Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်

ီအိုင်
#လုံခြုံစွာရွှေ့ပြောင်းအလုပ်လုပ်ကိုင်ခြင်း


🌏⚖️World Day of Social Justice ⚖️🌏ကမ္ဘာလုံးဆိုင်ရာ လူမှုတရားမျှတမှုနေ့ _____________________________________English Vers...
19/02/2026

🌏⚖️World Day of Social Justice ⚖️🌏
ကမ္ဘာလုံးဆိုင်ရာ လူမှုတရားမျှတမှုနေ့
_____________________________________

English Version Below

လူမှုရေးတရားမျှတမှုဆိုတာ လူတိုင်းကို မခွဲခြားဘဲ ပညာရေး၊ အလုပ်အကိုင်၊ ကျန်းမာရေးနှင့် ဥပဒေအောက်တွင် တန်းတူညီမျှအခွင့်အရေးရရှိစေခြင်းကို ဆိုလိုပါတယ်။ ဒါပေမယ့် ဒီနေ့မျက်မှောက်ကမ္ဘာကြီးမှာ လူအချို့အတွက်တော့ အခွင့်အရေးမညီမျှမှုများ၊ အခက်အခဲများနှင့် ခွဲခြားဆက်ဆံမှုများ ရှိနေဆဲဖြစ်ပါတယ်။ဒီလို လူမှုရေးတရားမျှတမှုမရှိတဲ့ဖြစ်ရပ်တွေကို သတိပြုမိစေဖို့ World Day of Social Justice ( ကမ္ဘာလုံးဆိုင်ရာ လူမှုတရားမျှတမှုနေ့) အဖြစ် ကမ္ဘာ့လုလသမဂ္ဂအဖွဲ့ (United Nations-UN) က သတ်မှတ်ပေးထားပြီး လူမှုရေးတရားမျှတမှု၊ လူ့အခွင့်အရေးနှင့် တန်းတူညီမျှမှုကို ကမ္ဘာလုံးဆိုင်ရာအဆင့်တွင် အားပေးမြှင့်တင်ရန် ရည်ရွယ်ထားပါသည်။

ဒီနေ့ဖြစ်လာရတဲ့ အဓိကအကြောင်းအရာတွေမှာ—
🔹ဆင်းရဲမှုလျှော့ချရေး (Poverty Reduction)
🔹အလုပ်အကိုင်အခွင့်အလမ်းများ တိုးချဲ့ရေး (Decent Work for All)
🔹လူမှုရေးတန်းတူညီမျှမှု ရရှိရေး (Social Inclusion & Equality)
🔹 လူ့အခွင့်အရေး ကာကွယ်ရေး (Human Rights Protection)
တို့ပါဝင်ပြီး အဆိုပါအချက်များသည် ကျွန်တော်တို့ Yuva Platform ရဲ့ အဓိက ရည်ရွယ်ချက်များနှင့် ထပ်တူကျလျှက်ရှိပါတယ်။
ကျွန်တော်တို့ဟာ လူမှုအသိုင်းအဝိုင်းအတွင်း အားနည်းနေသော လူနည်းစုအသိုက်ဝန်းများ၊ ရွှေ့ပြောင်းအခြေချ အလုပ်လုပ်ကိုင်နေသူများအထူးသဖြင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပါသည်။

အထူးသဖြင့်—

အထူးသဖြင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအတွက်—
🔹 သတင်းအချက်အလက်ရရှိခွင့် (Access to Information)
🔹 ဥပဒေအကာအကွယ် (Legal Protection)
🔹 လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေး (Human Dignity & Rights)
စတဲ့ အခြေခံလူမှုရေးတန်းတူညီမျှမှုတွေအတွက် “လူတိုင်းသည် မခွဲခြားဘဲ တန်းတူအခွင့်အရေးရရှိသင့်သည်” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း မြန်မာရွှေ့ပြောင်းလုပ်သားတိုင်းဟာ လုံခြုံမှုရှိသောပတ်ဝန်းကျင်တွင် လူ့ဂုဏ်သိက္ခာနှင့်အညီ ဥပဒေဘောင်အတွင်း လုံခြုံစွာအသက်မွေးဝမ်းကျောင်းနိုင်ရန် အခွင့်အရေးရှိကြောင်းဖော်ပြရင်း ဒီနေ့အခါသမယမှာ ကျွန်တော်တို့တစ်ဦးချင်းစီက လူမှုရေးတရားမျှတမှုကို အတူတကွ မျှဝေထောက်ခံခြင်း၊
အသိပညာမျှဝေခြင်းနှင့်အခွင့်အရေးတန်းတူညီမျှမှုကို အားပေးခြင်းတို့မှတဆင့် ပိုမိုကောင်းမွန်သော လူမှုအသိုင်းအဝိုင်းတစ်ခုကို အတူတကွ ဖန်တီးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

✨ “လူတိုင်းအတွက် တရားမျှတမှု၊ လူတိုင်းအတွက် လူ့ဂုဏ်သိက္ခာ”

English Version
______________

Social justice means ensuring that everyone, without discrimination, has equal access to education, employment, healthcare, and justice under the law. However, in today’s world, inequalities, hardships, and discrimination still persist for many people.

To raise awareness of these ongoing injustices, World Day of Social Justice has been established by the United Nations to promote social justice, human rights, and equality at the global level.

The key focus areas of this day include:
• Poverty Reduction
• Decent Work for All
• Social Inclusion & Equality
• Human Rights Protection

These priorities strongly align with the core mission of the Yuva Platform. We are committed to supporting vulnerable and marginalized communities, especially migrant workers—particularly Myanmar migrant workers in Thailand.

In particular, for Myanmar migrant workers in Thailand, the following are essential:
🔹 Access to Information
🔹 Legal Protection
🔹 Human Dignity & Rights

In line with the principle that “everyone deserves equal rights without discrimination,” we believe that all Myanmar migrant workers should have the opportunity to live and work safely, with dignity, and within legal protection.

On this meaningful day, may each of us come together to support social justice, share knowledge, and promote equality, so that we can build a more just and inclusive society for all.



#လုံခြုံစွာရွှေ့ပြောင်းအလုပ်လုပ်ကိုင်ခြင်း



မိတ်ဆွေတို့ရေ...👋အရေးတကြီး ကြေညာစရာရှိပါတယ်ခင်ဗျာ။🗣 အဲ့တာကတော့ဘန်ကောက်မှာရှိတဲ့ မြန်မာ အလုပ်သမားရုံးကနေပြီးတော့CI လုပ်ဖိ...
19/02/2026

မိတ်ဆွေတို့ရေ...👋
အရေးတကြီး ကြေညာစရာရှိပါတယ်ခင်ဗျာ။🗣

အဲ့တာကတော့
ဘန်ကောက်မှာရှိတဲ့
မြန်မာ အလုပ်သမားရုံးကနေပြီးတော့
CI လုပ်ဖို့ရက်ကို
ကြေညာပေးထားလိုက်ပါပြီဗျ။

ဖေဖော်ဝါရီလ 📅ရက်နေ့
မှ စတင်ပြီး CI လုပ်ဖို့
ရုံးတွေဖွင့်ပေးတော့မှာ
ပဲဖြစ်ပါတယ်။

ဆိုတော့ ဒီနေ့မှာ
• CI လုပ်ဖို့ ဘာတွေ လိုမလဲ?
• ဘယ်နေရာတွေမှာလုပ်လို့ရလဲနဲ့ ?
• ဘယ်သူတွေလုပ်လို့ရလဲဆိုတာ?
ရှင်းပြပေးသွားပါမယ်ခင်ဗျာ။

CI လုပ်ဖို့ ဘာတွေလိုမလဲ?
CI လုပ်ဖို့ လိုအပ်တာတွေကတော့

1. မိမိရဲ့ ဓာတ်ပုံ🖼
2. မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံကတ်ပြား (သို့) မြန်မာ မှတ်ပုံတင်မိတ္တူ🏷
3. အိမ်ထောင်စု စာရင်း မိတ္တူ📄
4. Work permit(ဝေါ့ပါမစ်)အထောက်အထားအစုံ
5. ငွေသွင်းပြီးကြောင်း ဘောင်ချာစလစ်
6. ဘော်ထော်
7. လက်ဗွေနှိပ်စာရွက်

တို့ဖြစ်ပါတယ်။.......................
ဘယ်မှာလုပ်လို့ရမလဲ?👀

ဒီနှစ်မှာတော့ CI ရုံးကို
ထိုင်းနိုင်ငံတစ်နိုင်ငံလုံး
အအတိုင်းအတာအနေနဲ့
နေရာ၅ နေရာမှာ
လုပ်လို့ရမှာဖြစ်ပါတယ်။

နေရာ တွေကတော့
• စမွတ်ဆာခွန်
• စမွတ်ပရာကန်
• စူရတ်ဌာနီ
• ချင်းမိုင်
• ချွန်ဘူရီ
တို့ဖြစ်ပါတယ်။..................
ဘယ်သူတွေ တင်လို့ရလဲ?
-၂၀၂၅ ဒီဇင်ဘာမှာ name lists တင်ထားတဲ့ သူတွေနဲ့
-သက်တမ်းတိုးမယ့် သူ
နှစ်မျိုးစလုံး လုပ်လို့ရမှာ ဖြစ်ပါတယ်ခင်ဗျာ။.................

ဘယ်လောက်ကျမှာလဲ?💵
အေဂျင်စီ တစ်မျိုးနဲ့ တစ်မျိုးကတော့
တူမှာမဟုတ်ပေမယ့် ထိုင်းအစိုးရဲ့
တရားဝင်ထုတ်ပြန်ချက်မှာတော့ CI
စာအုပ်ဖိုးသီးသန့်က
ဘတ် ၂၆၇၀ ကျသင့်မှာဖြစ်ပါတယ်။...............

မိမိနဲ့ နီးစပ်ရာ 7/11 ဆိုင်တွေကို
သွားပြီးတော့ CI စာအုပ်ဖိုး ၂၆၇၀ဘတ်ကို
ပိုက်ဆံပေးသွင်းရမှာဖြစ်ပါတယ်။

ပြီးရင်တော့ ပိုက်ဆံသွင်းပြီးရရှိလာတဲ့
ဘော်ချာစလစ်လေးကို ယူပြီး အပေါ်မှာ
ဖော်ပြထားတဲ့ နေရာ၅နေရာထဲက
တစ်နေရာကို သွားရမှာဖြစ်ပါတယ်ခင်ဗျာ။.....................

ကဲဒီလောက်ဆိုရင်တော့ CI လုပ်ရမယ့်ရက်နဲ့ နေရာကိုသိလောက်ရောပေါ့။
----------------
ဆက်လက်ပြီးတော့လည်း CI နဲ့
ပက်သက်တဲ့ သတင်းအချက်အလက်တွေကို
မလစ်ဟင်းရအောင်
တင်ပေးသွားမှာဖြစ်လို့
page လေးကို follow လေးလည်း
လုပ်ပေးဖို့လည်း တောင်းဆိုအပ်ပါတယ်ခင်ဗျာ။..........

*သတိထားစရာကတော့ CI လုပ်မယ့် မိတ်ဆွေတို့အနေနဲ့ အပတ်စဥ် တနင်္လာနေ့နဲ့ ပိတ်ရက်တွေမှာတော့ ရုံးတွေ ပိတ်မှာဖြစ်ပါတယ်ခင်ဗျာ။

#လုံခြုံစွာရွှေ့ပြောင်းအလုပ်လုပ်ကိုင်ခြင်း


ที่อยู่

Chiang Rai
57100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Yuva Platformผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์