Adore Myanmar ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Adore Myanmar, องค์กรไม่แสวงหาผลกำไร, 363 Moo 5 T. Pong Pha Mae Sai, Chiang Rai.

01/06/2026

When we honor God, our perspective changes
Pastor Manaia | Adore Church

We stop focusing on the problem and start focusing on the Provider.
We stop focusing on our circumstances and start focusing on our Creator.
We stop focusing on our enemies and start focusing on Jesus.
We stop clinging to what we can do and remember what He has already done.

Worship doesn't make our problems disappear—it puts them in their proper place. As God becomes greater in our eyes, our problems become smaller in comparison.

No matter the circumstance, choose worship. 🙏

###

ဘုရားသခင်ကို ဂုဏ်ပြုကိုးကွယ်သောအခါ ကျွန်ုပ်တို့၏အမြင် ပြောင်းလဲသွားသည်။

ပြဿနာကို မကြည့်တော့ဘဲ ထောက်ပံ့ပေးသော ဘုရားသခင်ကို ကြည့်လာကြသည်။
အခြေအနေများကို မကြည့်တော့ဘဲ ဖန်ဆင်းရှင်ကို ကြည့်လာကြသည်။
ရန်သူကို မကြည့်တော့ဘဲ ယေရှုကို အာရုံစိုက်လာကြသည်။
မိမိလက်ထဲတွင် ရှိသောအရာများကို မဖက်တွယ်တော့ဘဲ၊ ကိုယ်စားတော်သည် ကျွန်ုပ်တို့အတွက် ပြုလုပ်ပေးပြီးသောအရာများကို သတိရလာကြသည်။

ကိုးကွယ်ခြင်းသည် ပြဿနာများကို ပျောက်ကွယ်သွားစေခြင်း မဟုတ်ပါ။ သို့သော် ၎င်းတို့ကို သူတို့၏ အမှန်တကယ်ရှိသင့်သော နေရာတွင် ထားပေးသည်။

ဘုရားသခင်သည် ကျွန်ုပ်တို့၏မျက်စိထဲတွင် ပိုမိုကြီးမြတ်လာသည်နှင့်အမျှ ပြဿနာများသည် သူတို့၏ အမှန်တကယ် အရွယ်အစားကို ပြန်လည်ရရှိလာကြသည်။

မည်သည့်အခြေအနေ၌မဆို ဘုရားသခင်ကို ကိုးကွယ်ရွေးချယ်ပါ။ 🙏

27/05/2026

အောက်မေ့တတ်သော ယုံကြည်ခြင်း | Faith That Remembers | Pastor Manaia | Adore Church


သေဒဏ်မစီရင်ခင် ညမှာ ပေတရုက အိပ်ပျော်နေခဲ့တယ်။ ဘယ်လိုလုပ်ပြီးလဲ?!
ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ပြုခဲ့တဲ့အရာတွေကို အောက်မေ့တတ်တဲ့ ယုံကြည်ခြင်းဟာ လူ့ဉာဏ်နဲ့ တွေးဆလို့မရတဲ့ ငြိမ်သက်ခြင်းကို သင့်အား ပေးစွမ်းနိုင်လို့ပါပဲ။
ဘုရားသခင် အရာရာကို အုပ်စိုးထားတဲ့အခါ သင် အေးချမ်းစွာ အိပ်စက်နိုင်ပါတယ်။ ထောင်ထဲမှာရှိနေသည်ဖြစ်ပါစေ၊ သေဘေးနဲ့ ရင်ဆိုင်နေရချိန်ဖြစ်ပါစေ၊ မနက်ဖြန်အတွက်ဖြစ်ပါစေ

Peter was sleeping the night before his ex*****on. HOW?!
Because faith that REMEMBERS what God has done gives you peace that makes no sense.
You can sleep when God is in control. Even in the prison. Even facing death. Even tomorrow.

18/05/2026

မျက်နှာသာရဖို့ ကြိုးစားနေတာတွေကို ရပ်လိုက်ပါ | Stop trying to earn His favor | Pastor Manaia | Adore Church


ကျွန်ုပ်တို့ဟာ ဘုရားသခင်ဆီက မျက်နှာသာရဖို့အတွက် ကိုးကွယ်ဝတ်ပြုကြတာ မဟုတ်ပါဘူး။
မျက်နှာသာကို ရရှိခံစားထားပြီးသား ဖြစ်လို့သာ ကိုးကွယ်ကြတာပါ။
သင် ဘုရားသခင်ကို ကိုးကွယ်ဝတ်ပြုတဲ့အခါ သင့်ရဲ့နှလုံးသားထဲမှာ အရင်ဆုံး ထူးခြားမှုတစ်ခု ဖြစ်ပျက်လာပါတယ်။
ဒါကို “ကျေးဇူးတော်ချီးမွမ်းခြင်း” လို့ ခေါ်ပါတယ်။
ကိုးကွယ်ခြင်းနဲ့ ကျေးဇူးသိတတ်ခြင်းဆိုတာ ခွဲခြားလို့မရတဲ့ အရာတွေပါ။
ပြီးတော့ အဲဒီကျေးဇူးသိတတ်တဲ့စိတ်တွေ လျှံထွက်လာတဲ့အခါ...
ဒါဟာ ချီးမွမ်းခြင်း၊ ဆက်ကပ်အပ်နှံခြင်းနဲ့ ကျေးဇူးတုံ့ပြန်ခြင်းတွေအဖြစ်နဲ့ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

We do not worship God to earn His favor.
We worship because favor was already given.
When you worship God, something happens inside you first.
It is called gratitude.
Worship and gratitude are inseparable.
And when gratitude rises — it comes out as praise. As surrender. As thanksgiving.

11/05/2026

သမ္မာတရားပါသော ကိုးကွယ်ခြင်း | Worship Demands Truth | Pastor Manaia | Adore Church

ရှင်ယောဟန် 4:24
'ဘု​ရား​သ​ခင်​သည် နာမ်​ဝိ​ညာဉ်​ဖြစ်​တော်​မူ၏။ ဘု​ရား​သ​ခင်​ကို ကိုး​ကွယ်​သော​သူ​တို့​သည်၊ နာမ်​ဝိ​ညာဉ်​နှင့်​လည်း​ကောင်း၊ သ​စ္စာ​နှင့်​လည်း​ကောင်း ကိုး​ကွယ်​ရ​မည်​ဟု မိန့်​တော်​မူ၏။- '
ဘုရားသခင်သည် ရွေးချယ်စရာလမ်းကို ပေးထားသည်မဟုတ်ဘဲ စည်းကမ်းချက်နှင့် လားရာတစ်ခုတည်းကိုသာ ပေးထားခြင်းဖြစ်သည်။
ဝိညာဉ်တော်တစ်ခုတည်း (သို့မဟုတ်) သမ္မာတရားတစ်ခုတည်း မဟုတ်ပါ။ နှစ်ခုလုံးရှိရန် လိုအပ်ပါသည်။
နာမ်ဝိညာဉ်ဖြင့် ကိုးကွယ်ခြင်းဆိုသည်မှာ မိမိ၏အတွင်းစိတ်ထဲမှလာခြင်းဖြစ်သည်။ ၎င်းသည် အတွင်းစိတ်၏ စစ်မှန်မှုဖြစ်ပြီး ယုံကြည်ခြင်းအားဖြင့် ကိုးကွယ်ခြင်းဖြစ်သည်။
သစ္စာသမ္မာတရားဖြင့် ကိုးကွယ်ခြင်းဆိုသည်မှာ ဘုရားသခင် မည်သူဖြစ်သည်ကို သိမြင်ခြင်းဖြစ်ပြီး၊ ထိုသမ္မာတရားနှင့်အတူ အကျင့်သီလ (အပြုအမူ)များ ပါဝင်ရမည်ဖြစ်သည်။
သမ္မာတရားဖြင့် ကိုးကွယ်ခြင်းသည် ကိုယ်တော်၏ ပညတ်ချက်များကို ဖော်ပြနေသော လူနေမှုဘဝပုံစံပင် ဖြစ်သည်။

John 4:24
God is spirit, and his worshipers must worship in the Spirit and in truth.
God does not give an option here. He gives a condition and one direction.
Not spirit or truth. Both are required.
Worship in spirit means from within. It is internal reality and it is by faith.
Worship in truth means who God is, and truth is accompanied by actions.
Worship in truth is also a lifestyle that expresses His principles.

04/05/2026

သူ့ကို ဖိတ်ခေါ်ပါ | Invite Him | Pastor Manaia | Adore Church


တဲတော်အတွင်းမှာ အခန်းနှစ်ခန်း ရှိခဲ့တယ်။
ပထမအခန်းမှာ "သန့်ရှင်းရာဌာန"၊ ဒုတိယအခန်းမှာ ထူထဲသော ကုလားကာဖြင့် ပိုင်းခြားထားသည့် "အသန့်ရှင်းဆုံးသောဌာန" ဖြစ်ပြီး ဘုရားသခင် ကိန်းဝပ်တော်မူရာနေရာ ဖြစ်တယ်။
ဤကုလားကာသည် အရာအားလုံး၏ အတားအဆီးဖြစ်ခဲ့တယ်။ ၎င်းသည် ဘုရားသခင်နှင့် လူသားမျိုးနွယ်ကြားရှိ နံရံတစ်ခု ဖြစ်တယ်။
သို့သော် ယေရှုခရစ်တော် အသေခံတော်မူသောအခါ ထိုကုလားကာသည် စုတ်ပြဲသွားခဲ့ပြီ။ လူသားက ဆွဲဖြဲခြင်းမဟုတ်ဘဲ ဘုရားသခင်ကိုယ်တိုင် ဆွဲဖြဲခဲ့ခြင်း ဖြစ်သည်။ ဘုရားသခင်သည် သင့်ဆီသို့ ထွက်လာနိုင်ရန်အတွက် ထိုကုလားကာကို ဆွဲဖြဲခဲ့ခြင်း ဖြစ်ပါတယ်။
ဘုရားသခင်သည် အစဉ်အမြဲ ဦးတည်ရွေ့လျားနေသော ပန်းတိုင်တစ်ခု ရှိသည်။ ထိုပန်းတိုင်မှာ "သင်" ပင် ဖြစ်တယ်။

There were two rooms inside the tabernacle.
The first room — The Holy Place.
The second room separated by a thick curtain - The Most Holy Place - The presence of God.
This veil was everything. It was the wall between God and humanity.
When Jesus died — the veil was torn.
God tore it. Not man. The veil was torn so God could come OUT.
God was always moving toward one destination. It is you.

27/04/2026

အတွင်းနှလုံးသားမှ စတင်၍ | Internal First | Pastor Manaia | Adore Church


ကိုးကွယ်ဝတ်ပြုခြင်းဆိုတာ ဤကမ္ဘာမြေပေါ်မှာ ပေါ်ထွန်းလာခဲ့တာဖြစ်ပါတယ်။ ကိုးကွယ်ဝတ်ပြုခြင်းရဲ့ ပထမဦးဆုံးသော ဖော်ပြချက်ဟာ ဂီတမဟုတ်ပါဘူး။ အဲဒါဟာ ပူဇော်သက္ကာ ပဲ ဖြစ်ပါတယ်။
ကမ္ဘာဦး 4:4-5
'4အာ​ဗေ​လ​သည်​လည်း၊ မိ​မိ​သိုး​စု​တွင် အ​ဦး​ဖွား​သော​သား​အ​ချို့​နှင့်၊ သိုး​ဆီ​ဥ​ကို​ဆောင်​ခဲ့၏။ ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗေ​လ​နှင့် သူ၏​ပူ​ဇော်​သ​ကာ​ကို​ပ​မာ​ဏ ပြု​တော်​မူ၏။ 5ကာ​ဣ​န​နှင့် သူ၏​ပူ​ဇော်​သ​ကာ​ကို ပ​မာ​ဏ​ပြု​တော်​မ​မူ။ ထို​ကြောင့် ကာ​ဣ​န​သည်​အ​လွန်​စိတ်​ဆိုး၍ မျက်​နှာ​ပျက်​လေ​၏။ '

သူတို့နှစ်ဦးစလုံး တစ်ခုခုကို ယူဆောင်လာခဲ့ကြတာပါ။ ဒါပေမဲ့ တစ်ယောက်ရဲ့ ပူဇော်သက္ကာကိုပဲ လက်ခံတော်မူခဲ့ပါတယ်။
ဘာကြောင့်လဲ?
ဘာဖြစ်လို့လဲဆိုတော့ ကိုးကွယ်ဝတ်ပြုခြင်းဆိုတာ သင် ဘာပေးသလဲ ဆိုတာထက် သင် ဘယ်လိုပေးသလဲ ဆိုတဲ့အပေါ်မှာ ပိုမူတည်လို့ပါ။ အဓိကအချက်က လက်ထဲမှာပါလာတဲ့ အရာဝတ္ထုရဲ့ “တန်ဖိုး” မဟုတ်ပါဘူး။ အဲဒါဟာ ပေးလှူသူရဲ့ နှလုံးသားအခြေအနေ သာ ဖြစ်ပါတယ်။

Worship is revealed on earth.
And the first expression of worship is not music.
It is offering.
Genesis 4:4–5 And Abel also brought fat portions from some of the firstborn of his flock. The Lord looked with favor on Abel and his offering, but on Cain and his offering he did not look with favor.
Both brought something.
But only one was received.
Why?
Because worship is not about what you give. It is about how you give.
It is not the value in the hand.
It is the condition of the heart.

20/04/2026

သင့်ဆီအိုးကိုပြန်ဖြည့်ပါ | Refill the Tank | Pastor Manaia | Adore Church

လမ်းခရီးအလယ်မှာ မရပ်တန့်ပါနဲ့။
အဆင်ပြေပြီးသက်တောင့်သက်သာဖြစ်နေတဲ့အထဲမှာပဲ ကျေနပ်မနေပါနဲ့။
မနေ့ကလိုမျိုး အသက်မရှင်ပါနဲ့။
ဘာကြောင့်လဲဆိုတော့ သင့်ကို ဒီအထိ ပို့ဆောင်ခဲ့တဲ့ ဘုရားသခင်က ဆက်ပြီး ရှေ့ဆက်ဖို့ ခေါ်နေတယ်။
ဒါပေမယ့် ရှေ့ဆက်ဖို့ဆိုရင် ဆာလောင်မှုလိုတယ်။
ရှေ့ဆက်ဖို့ဆိုရင်ကြီးထွားမှုလိုတယ်။
ရှေ့ဆက်ဖို့ဆိုရင် အသစ်သောဆီ လိုတယ်။

Do not stop in the middle.
Do not settle in comfort.
Do not live from yesterday.
Because the same God who helped you until here is calling you forward.
But forward requires hunger.
Forward requires growth.
Forward requires fresh oil.

13/04/2026

လိမ္မာပါးနပ်ကြရအောင် | Be Smart, Be Intelligent | Pastor Manaia

ထုတ်ကုန်ပစ္စည်းရဲ့ အရည်အသွေးနဲ့ ယုံကြည်စိတ်ချရမှုကို သက်ဆိုင်ရာကုမ္ပဏီက အာမခံချက် ပေးထားတာပါ။
ဘာလို့လဲဆိုတော့ အဲဒီပစ္စည်းပေါ်မှာ သူတို့ရဲ့ အမှတ်တံဆိပ် ပါနေလို့ပါ။
ဘယ်ကုမ္ပဏီမဆို သူတို့ရဲ့ အမှတ်တံဆိပ်ပါတဲ့အရာကို ကာကွယ်ကြတာ ထုံးစံပါပဲ။
ကျွန်တော်တို့သည်လည်း ရှင်ဘုရင်ရဲ့ နာမည်ကို ဆောင်နှင်းထားကြသူတွေဖြစ်တယ်။
ကျွန်တော်တို့သည် သိုးသူငယ်တော်ရဲ့ တံဆိပ် ဆောင်နှင်းသူများ ဖြစ်တယ်။
ကောင်းကင်နိုင်ငံတော်ကို ကိုယ်စားပြုတဲ့သူတွေဖြစ်ကြတယ်။
ဒါ့ကြောင့် ကျွန်တော်တို့ဟာ နိုင်ငံတော်နဲ့ တစ်သားတည်း ဖြစ်နေသရွေ့ ကျွန်တော်တို့ကို အမြဲတမ်း ကျောထောက်နောက်ခံ ပေးနေမှာပါ။
ကျွန်တော်တို့ တော်နေတတ်နေလို့မဟုတ်ပါဘူး၊ “ကိုယ်တော့်ရဲ့နာမတော်" က ကျွန်တော်တို့အပေါ်မှာ ရှိနေလို့ပဲ ဖြစ်တယ်။
ဘုရားသခင်ဟာ ကျွန်တော်တို့ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်သမျှအရာတိုင်းကိုတော့ လိုက်ပြီး တာဝန်မယူပေးပါဘူး။
ကိုယ်တော် အမြဲတမ်း ကျောထောက်နောက်ခံ ပေးထားတဲ့အရာကတော့ သူ့နိုင်ငံတော်ကို အမှန်တကယ် ကိုယ်စားပြုတဲ့ အရာအားလုံးကိုပဲ ဖြစ်ပါတယ်။

The company assures quality and reliability of their product.
Why?
Because the product carries the brand. And companies protect what carries their name.
We carry the name of the King. We carry the logo of the Lamb.
We represent the Kingdom of Heaven.
So when we align with the Kingdom, Heaven backs us.
Not because we are great.
But because His name is on us.
God does not back every decision we make.
But He always backs what truly represents His Kingdom.

06/04/2026

လူသားအဖြစ်ခံယူခြင်း | Son of Man | Pastor Manaia | Adore Church


ရွေးနုတ်ခြင်း ဆိုသည်မှာ တန်ဖိုးတစ်ခုကို ပေးဆပ်ခြင်းအားဖြင့် ပြန်လည်ဝယ်ယူခြင်း၊ ကယ်ဆယ်ခြင်းနှင့် နဂိုအခြေအနေသို့ ပြန်လည်ရောက်ရှိစေခြင်းကို ဆိုလိုပါသည်။ ယေရှုသည် သင့်ကို ရွေးနုတ်ခဲ့ပြီးပြီ။ ယေရှုသည် သင့်အတွက် ကြီးမားလှသော တန်ဖိုးကို ပေးဆပ်ခဲ့သည်။
ကျွန်ုပ်တို့ကို သေခြင်းမှ ရွေးနုတ်ရန်အတွက် သူသည် ကျွန်ုပ်တို့ကဲ့သို့ လူသားတစ်ဦး ဖြစ်လာခဲ့သည်ဆိုသည်ကို ကျွန်ုပ်တို့ နားလည်စေရန် ယေရှု အလိုရှိခဲ့ပါသည်။ သူသည် ပြည့်စုံလှပသော ကောင်းကင်ဘုံကို စွန့်ခွာခဲ့ပြီး သင်နှင့်ကျွန်ုပ်ကို သေခြင်းမှ ကယ်တင်ရန်အတွက် လူသားတစ်ဦး ဖြစ်လာခဲ့ပါသည်။

Redemption means to be bought back, rescued, and restored by paying a price. Jesus redeemed you
Jesus redeemed you
Jesus paid a huge price for you
Jesus wanted to make sure that we understand that he became like us, to redeem us from death.
He left the heavens, a perfect place and became man to save you and I from death.

05/04/2026

သေခြင်းကို အောင်တဲ့နေ့

ယေရှုခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာ၊ ပေးဆပ်ခြင်းနှင့် အောင်မြင်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်တယ်။

ที่อยู่

363 Moo 5 T. Pong Pha Mae Sai
Chiang Rai
57130

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Adore Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์