Mudraminds The word Mudra comes from the Sanskrit language, meaning spiritual connections.

မုဒြာဆိုသည်မှာ Sanskrit ဘာသာစကားဖြစ်ပြီး စိတ်ဝိဉာဉ်ချိတ်ဆက်မှုလို့ အဓိပ္ပါယ်ရပါတယ်။အပြန်အလှန် လေးစားပြီး ပံ့ပိုးတတ်တဲ့ အသိုင်းဝန်းလေးတွေ ဖေါ်ဆောင်ဖို့ ရည်ရွယ်ထားတဲ့ video series များ၊ စာအုပ်များ နှင့် resources များကို စုစည်းတင်ပြပေးသွားမှာဖြစ်ပါတယ်။ MudraMinds aims to promote meaningful connections between actions, thoughts, and communication that are inclusive, respectful, and safe for oneself and others. This page will share content related to resource development, training programs, tech-related initiatives, trainings for people from vulnerable communities and other innovative projects to promote inclusion, equity, and respectful communities for everyone.

22/09/2026

ကလေးငယ်တွေရဲ့ ကြည်လင်တဲ့ ကောင်းကင်ပြာလေးဆီကို…. ☁️🌈

ယနေ့ခေတ် ကလေးငယ်တွေဟာ ကျွန်မတို့ ဖြတ်သန်းခဲ့ရတဲ့ ကလေးဘဝတွေနဲ့မတူဘဲ မြန်ဆန်လှတဲ့ ခေတ်ကြီးထဲမှာ မမြင်ရတဲ့ စိတ်ဖိစီးမှု ဝန်ထုပ်ဝန်ပိုးတွေကို တိတ်တဆိတ် ထမ်းပိုးနေကြရပါတယ်။

မနက်လင်းတာနဲ့ ကျောင်းစာ၊ ညနေဆိုရင် ကျူရှင်နဲ့ အခြား ပြင်ပသင်တန်းတွေကြားမှာ အနားယူချိန်၊ ကစားချိန်မရှိဘဲ အချိန်ဇယားတွေ ပြည့်ကျပ်နေတတ်ပါတယ်။ ဒီလို ပြိုင်ဆိုင်မှုများတဲ့ ပညာရေးစနစ်နဲ့ ကျောင်းတွင်း ဖိအားတွေကြားမှာ အမှတ်ကောင်းဖို့၊ ထူးချွန်ဖို့ဆိုတဲ့ မျှော်လင့်ချက်တွေက ကလေးတွေရဲ့ လွတ်လပ်ပေါ့ပါးတဲ့ သဘာဝကို တဖြည်းဖြည်း လုယူသွားတတ်ကြပါတယ်။ ဒီလို မွန်းကျပ်စရာ အခြေအနေတွေအပြင် ကလေးတွေအတွက် နောက်ထပ် စိန်ခေါ်မှုတစ်ခုကတော့ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဆုံးရှုံးနေခြင်းပါပဲ။

လူကြီးတွေရဲ့ ဆုံးဖြတ်ချက်ကိုသာ အမြဲတမ်း လိုက်နာရပြီး သူတို့လေးတွေရဲ့ တကယ့် ရင်တွင်းခံစားချက်နဲ့ ဆန္ဒတွေကို လွတ်လပ်စွာ ဖွင့်ထုတ်ခွင့်၊ ရွေးချယ်ခွင့် မရတဲ့အခါ စိတ်ထဲမှာ အထီးကျန်မှုတွေ စုပုံလာတတ်ပါတယ်။ ဒီလို အပြင်လောကမှာ နားလည်ပေးမှု ကင်းမဲ့လာတဲ့အခါ ကလေးတွေဟာ digital တွေနဲ့ social media ရဲ့ ဖန်သားပြင်တွေဆီကို ထွက်ပေါက်တစ်ခုအနေနဲ့ အလွန်အကျွံ အားကိုးလာကြပါတယ်ဖန်သားပြင်ပေါ်က တုပထားတဲ့ ကမ္ဘာလေးထဲမှာ အချိန်ဖြုန်းရင်း တကယ့် လက်တွေ့ဘဝနဲ့ အလှမ်းဝေးလာကာ စိတ်ပိုင်းဆိုင်ရာ ပိုမို ထိခိုက်လွယ်လာကြပါတယ်။

ဒီလို ပိတ်လှောင်နေတဲ့ စိတ်ဖိစီးမှုတွေဟာ ကလေးတွေရဲ့ တောက်ပတဲ့ နေ့စဉ်ဘဝကို အုံ့မှိုင်းတဲ့ တိမ်မည်းတွေလို ဖုံးလွှမ်းသွားစေနိုင်ပါတယ်။ ကိုယ့်ရဲ့ ရင်သွေးလေးတွေ ဒီလို စိတ်ရှုပ်ထွေးမှုတွေကနေ ရုန်းထွက်ပြီး သူတို့ရဲ့ ခံစားချက်တွေကို မှန်မှန်ကန်ကန် နားလည် ကိုင်တွယ်ဖြေရှင်းတတ်စေဖို့ Mudraminds ကနေ Clear Blue Sky စာအုပ် serie ကို အထူးစီစဉ် ထုတ်ဝေလိုက်ပါတယ်။

Clear Blue Sky စာအုပ် serie ဟာ ကလေးတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ မွန်းကျပ်မှုတွေ၊ ဖိအားတွေနဲ့ digital ကမ္ဘာရဲ့ ဆွဲဆောင်မှုတွေကြားထဲကနေ ဘယ်လို လွတ်မြောက်ရမလဲဆိုတာကို သူတို့ရဲ့ အသက်အရွယ်နဲ့ ကိုက်ညီတဲ့ ရောင်စုံရုပ်ပုံလေးတွေ၊ ဆွဲဆောင်မှုရှိတဲ့ ဇာတ်လမ်းလေးတွေနဲ့ နွေးနွေးထွေးထွေး လမ်းပြပေးထားပါတယ်။

ပညာရေးဆိုတာ အသိပညာတစ်ခုတည်း မဟုတ်ပါဘူး။ ကလေးတစ်ယောက် မိမိကိုယ်ကို လုံခြုံပြီး တန်ဖိုးရှိတယ်လို့ ခံစားရစေမယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့လည်း အရေးကြီးတာမို့လို့ ကလေးတို့ရဲ့ နှလုံးသားလေးတွေ အုံ့မှိုင်းမှုကင်းစင်ပြီး အမြဲတမ်း ကြည်လင်တောက်ပတဲ့ ကောင်းကင်ပြာလေးလို လွတ်လပ်အေးချမ်းနေစေဖို့ Clear Blue Sky စာအုပ်လေးတွေနဲ့အတူ အနာဂတ်ရဲ့မျိုးဆက်သစ်ကလေးတွေကို ပွင့်လန်းနေစေအောင် ကူညီပေးကြပါစို့။

အဓိပ္ပာယ်ရှိတဲ့သင်ယူမှုတိုင်းအတွက် ...

မေတ္တာဖြင့် …
MudraMinds - မုဒြာမိုင်းစ်

International Day of Peace - အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ 🕊️🤍 Clear Blue Sky — တိမ်ကင်းစင်တဲ့ ကြည်ပြာရောင်ကောင်းကင...
21/09/2026

International Day of Peace - အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ 🕊️🤍

Clear Blue Sky — တိမ်ကင်းစင်တဲ့ ကြည်ပြာရောင်ကောင်းကင်။

တိဘက်ဗုဒ္ဓဘာသာ သင်ကြားမှုတွေမှာ စိတ်ရဲ့ မူလသဘာဝကို ကျယ်ပြန့်ကြည်လင်နေတဲ့ ကောင်းကင်ကြီးနဲ့ နှိုင်းယှဉ်တတ်ကြပါတယ်။

အတွေးတွေနဲ့ ခံစားချက်တွေကတော့ ကောင်းကင်မှာ ရောက်လာလိုက်၊ ပြန်လည်ရွေ့လျား ပျောက်ကွယ်သွားလိုက် ဖြစ်နေတဲ့ တိမ်တွေလိုပါပဲ။ တစ်ခါတလေ ကျွန်မတို့ရဲ့စိတ်ဟာ အတိတ်ဆီကို လှမ်းတွေးရင်း နောင်တ၊ ဒေါသနဲ့ နာကျင်မှုတွေထဲမှာ ပိတ်မိနေတတ်ပါတယ်။ အနာဂတ်ဆီကို လှမ်းတွေးတဲ့အခါမှာလည်း စိုးရိမ်မှု၊ ပူပန်မှုနဲ့ မရေရာမှုတွေကြားမှာ လွင့်မျောနေတတ်ပါတယ်။

ဒါပေမဲ့ ငြိမ်းချမ်းခြင်းဆိုတာ အတိတ်ကို မေ့ပစ်လိုက်ခြင်း၊ အနာဂတ်အတွက် မစီစဉ်ခြင်း၊ ဒါမှမဟုတ် ပူပန်စရာအတွေးတွေ လုံးဝမရှိခြင်းကို ဆိုလိုတာမဟုတ်ပါဘူး။

ပေါ်လာတဲ့အတွေးနဲ့ ခံစားချက်တွေကို အတင်းတွန်းဖယ်မယ့်အစား သတိနဲ့ သိမြင်ပေးခြင်း၊ အဲဒီအတွေးတွေထဲမှာ ပိတ်မိမနေဘဲ ပစ္စုပ္ပန်အခိုက်အတန့်ဆီ ပြန်လာနိုင်ခြင်းဟာ အတွင်းစိတ်ငြိမ်းချမ်းမှုရဲ့ အစတစ်ခုပါပဲ။

တိမ်တွေဖုံးနေတဲ့အချိန်မှာတောင် ကောင်းကင်ပြာကြီးက ပျောက်ဆုံးမသွားပါဘူး။ အတွေးနဲ့ ခံစားချက်တွေ လှုပ်ရှားနေတဲ့အချိန်မှာလည်း ကျွန်မတို့ရဲ့ ကြည်လင်တဲ့အသိတရားဟာ အတွင်းမှာ ရှိနေဆဲပါပဲ။

ငြိမ်းချမ်းရေးကို တည်ဆောက်ခြင်းဟာ ဒီလို ကိုယ့်အတွင်းစိတ်ကို သတိနဲ့ ပြန်လည်ကြည့်ရှုခြင်းကနေ စတင်ပါတယ်။

အတွင်းစိတ်မှာရှိတဲ့ ဒေါသနဲ့ အမုန်းကို သတိနဲ့ သိမြင်ပြီး မေတ္တာ၊ နားလည်မှုနဲ့ ကြင်နာမှုကို ပြန်လည်ရွေးချယ်နိုင်တဲ့အခါ အဲဒီငြိမ်းချမ်းမှုဟာ ကိုယ့်ရဲ့စကား၊ အပြုအမူနဲ့ ဆက်ဆံရေးတွေထဲကို ပျံ့နှံ့သွားနိုင်ပါတယ်။

ကလေးတွေကလည်း လူကြီးတွေရဲ့ နေ့စဉ်ပြုမူဆက်ဆံပုံကနေ ငြိမ်းချမ်းရေးကို သင်ယူကြပါတယ်။

• အိမ်မှာ ကလေးတွေရဲ့ အတွေးနဲ့ ခံစားချက်တွေကို အချိန်ပေး နားထောင်ပေးခြင်း၊
• စာသင်ခန်းမှာ မတူညီတဲ့အမြင်တွေကို လေးစားပြီး ကလေးတိုင်း ပါဝင်ပြောဆိုခွင့်ရအောင် ပံ့ပိုးပေးခြင်း၊
• သဘောထားမတိုက်ဆိုင်တဲ့အခါ အချင်းချင်း အပြစ်တင်ခြင်းထက် လေးစားစွာ နားထောင်ဆွေးနွေးခြင်း၊
• အခက်အခဲကြုံနေရသူကို မျက်ကွယ်မပြုဘဲ နားလည်ကူညီပေးခြင်း
ဒီလို နေ့စဉ်လုပ်ရပ်လေးတွေကနေ အချင်းချင်း နားလည်မှုနဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ပါတယ်။

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ရဲ့ ဆောင်ပုဒ်ကတော့—
“Investing in Peace: For Everyone, Everywhere, Every Day”
“ငြိမ်းချမ်းရေးအတွက် ရင်းနှီးမြှုပ်နှံခြင်း—လူတိုင်းအတွက်၊ နေရာတိုင်းမှာ၊ နေ့စဉ်နေ့တိုင်း” ဖြစ်ပါတယ်။

ကိုယ့်အတွင်းစိတ်၊ ကိုယ့်အိမ်၊ ကိုယ့်စာသင်ခန်းနဲ့ ကိုယ့်ပတ်ဝန်းကျင်ကနေ စတင်ပြီး ကြင်နာမှု၊ နားလည်မှုနဲ့ မေတ္တာတရားတွေကို နေ့စဉ်မျှဝေရင်း ပိုမိုငြိမ်းချမ်းတဲ့ လူမှုအသိုင်းအဝိုင်းတစ်ခုကို အတူတကွ တည်ဆောက်ကြရအောင်နော်။ 🕊️

နေ့စဉ်နေ့တိုင်း ကိုယ့်ရဲ့ကောင်းကင်ပြာကို ကြည်လင်နေအောင် စောင့်ရှောက်နိုင်ကြပါစေ။ ကိုယ့်အနားမှာရှိသူတွေရဲ့ ကောင်းကင်ပြာကိုလည်း ကြည်လင်လာအောင် ပံ့ပိုးပေးနိုင်ကြပါစေ။

မေတ္တာဖြင့်…
MudraMinds — မုဒြာမိုင်းစ်

အိမ်မှာ Eco Hero လေး ရှိနေပြီလား?ရေကို ချွေတာတာ၊ မီးပိတ်တာ၊ ပြန်သုံးလို့ရတဲ့အိတ်ကို အသုံးပြုတာ စတဲ့ နေ့စဉ်လုပ်နေတဲ့ ရွေး...
20/09/2026

အိမ်မှာ Eco Hero လေး ရှိနေပြီလား?

ရေကို ချွေတာတာ၊ မီးပိတ်တာ၊ ပြန်သုံးလို့ရတဲ့အိတ်ကို အသုံးပြုတာ စတဲ့ နေ့စဉ်လုပ်နေတဲ့ ရွေးချယ်မှုလေးတွေက Green Habit တွေရဲ့အစ ဖြစ်ပါတယ်။

ကလေးနဲ့အတူ ပုံထဲက Quiz ၄ ခုကို ဖြေကြည့်ပြီး
Eco Heroလေး ဘယ် Level ရောက်နေပြီလဲ စမ်းကြည့်ရအောင်။

** အဖြေမှန်လေးတွေ နောက်ဆုံးလေးမှာ ထည့်ပေးထားတာမို့ အဖြေတိုက်ကြည့်ဖို့မမေ့နဲ့နော်။

လာမဲ့အပတ်ထဲမှာ အတူစလုပ်ချင်တဲ့ Green Habit လေးတစ်ခုကို 1, 2, 3, 4 ထဲကရွေးပြီး Comment မှာ မျှဝေပေးပါဦးနော်။

Green Habit သေးသေးလေးတွေကနေ ပတ်ဝန်းကျင်အတွက် ပိုကောင်းတဲ့ မနက်ဖြန်ကို အတူစကြရအောင်။

အဓိပ္ပာယ်ရှိတဲ့ သင်ယူမှုတိုင်းအတွက်…

မေတ္တာဖြင့်…
MudraMinds – မုဒြာမိုင်းစ်

ဆရာ၊ ဆရာမတွေနဲ့ မိဘတွေအတွက် သင်ကြားရေးလမ်းညွှန် “ရှင်းပြပေးနေပေမဲ့ ကလေးက နားမလည်သေးရင် ဘယ်လိုနည်းနဲ့ ထပ်သင်ပေးရမလဲ?” “ကလ...
17/09/2026

ဆရာ၊ ဆရာမတွေနဲ့ မိဘတွေအတွက် သင်ကြားရေးလမ်းညွှန်

“ရှင်းပြပေးနေပေမဲ့ ကလေးက နားမလည်သေးရင် ဘယ်လိုနည်းနဲ့ ထပ်သင်ပေးရမလဲ?” “ကလေးတွေ သင်ယူချင်စိတ်ရှိလာအောင် ဘယ်ကနေ စတင်ရမလဲ?” အိမ်မှာ ကလေးနဲ့အတူ စာလုပ်ပေးရင်းဖြစ်ဖြစ်၊ စာသင်ခန်းထဲမှာ သင်ကြားပေးရင်းဖြစ်ဖြစ် ဒီလို မေးခွန်းတွေ ကြုံဖူးပါသလား?

ဒါဆိုရင်တော့ MudraMinds မှာ သင်ကြားခြင်းပညာ (Art of Teaching) စာအုပ်လေးရှိပါတယ်။

MudraMinds ရဲ့ “သင်ကြားခြင်းပညာ” စာအုပ်ကို သင်ကြားရေးအခြေခံအသိပညာ လေ့လာလိုတဲ့ မိဘ၊ အုပ်ထိန်းသူနဲ့ ဆရာ၊ ဆရာမတွေအတွက် ရည်ရွယ်ပြုစုထားပါတယ်။

စာအုပ်ထဲမှာတော့ ဖတ်ရှုလေ့လာဖို့ ဆောင်းပါးများ သင်ကြားခြင်းနဲ့ သင်ယူခြင်းဆိုင်ရာ အကြောင်းအရာတွေကို ဖတ်ရှုလေ့လာပြီး ကိုယ့်ရဲ့အတွေ့အကြုံတွေနဲ့ ချိတ်ဆက်စဉ်းစားနိုင်ဖို့ ဆောင်းပါးများ ထည့်သွင်းထားပါတယ်။

ကိုယ်တိုင်လုပ်ကြည့်ဖို့ လေ့ကျင့်ခန်းများ ဖတ်ရှုလေ့လာထားတဲ့ အကြောင်းအရာတွေကို နားလည်ရုံနဲ့ မပြီးဘဲ ကိုယ်တိုင်ပါဝင်လေ့ကျင့်ပြီး လက်တွေ့အသုံးချနိုင်ဖို့ လေ့ကျင့်ခန်းများစွာ ပါဝင်ပါတယ်။

ပြန်လည်သုံးသပ်ဖို့ မေးခွန်းများ “ကိုယ်သင်ပေးနေတဲ့ပုံစံမှာ ဘာတွေ အဆင်ပြေနေလဲ?” “ဘာတွေကို ပြောင်းလဲကြည့်နိုင်မလဲ?” ကိုယ့်ရဲ့သင်ကြားမှုနဲ့ အတွေ့အကြုံတွေကို ပြန်လည်သုံးသပ်နိုင်ဖို့ မေးခွန်းတွေအပြင် ကိုယ်ပိုင်အတွေး၊ သင်ယူမှုနဲ့ လက်တွေ့စမ်းသပ်မှုတွေကို မှတ်တမ်းတင်နိုင်မယ့် နေရာလေးတွေလည်း ထည့်သွင်းပေးထားပါတယ်။

သင်ကြားခြင်းဟာ အနုပညာတစ်ခုလို နက်နဲပြီး တန်ဖိုးရှိသလို နူးညံ့သိမ်မွေ့တဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်ပါတယ်။ ကိုယ်သိထားတဲ့ ပညာနဲ့ အတွေ့အကြုံတွေကို ကလေးတွေဆီ ထိထိရောက်ရောက် မျှဝေပေးနိုင်ဖို့ သင်ကြားခြင်းရဲ့ အခြေခံသဘောတရားတွေကို လေ့လာနားလည်ဖို့ လိုအပ်ပါတယ်။

ကလေးတွေအတွက် လေ့ကျင့်ခန်းစာအုပ်တွေ အများအပြားရှိပေမဲ့ သင်ကြားပေးသူတွေကိုယ်တိုင် ဖတ်ရှု၊ လေ့ကျင့်၊ ပြန်လည်သုံးသပ်ပြီး လက်တွေ့အသုံးချနိုင်မယ့် မြန်မာဘာသာ သင်ကြားရေးစာအုပ်တွေကို ရှာဖွေရတာ မလွယ်ကူသေးပါဘူး။

ဒီလိုလိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်ဖို့ “သင်ကြားခြင်းပညာ” စာအုပ်လေးကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

စာအုပ်ကို အသုံးပြုတဲ့အခါ ဆောင်းပါးတစ်ပုဒ် ဖတ်ပြီးတိုင်း ကိုယ်စမ်းသုံးကြည့်ချင်တဲ့ အချက်တစ်ခုကို ရွေးချယ်နိုင်ပါတယ်။ လက်တွေ့စမ်းသပ်ပြီးတဲ့အခါ
• ဘာတွေ အဆင်ပြေခဲ့သလဲ?
• ဘာအခက်အခဲတွေ ကြုံခဲ့ရသလဲ?
• နောက်တစ်ကြိမ် ဘာကို ပြောင်းလဲကြည့်မလဲ? ဆိုတာတွေကို ပြန်လည်စဉ်းစားပြီး မှတ်သားထားနိုင်ပါတယ်။

ကလေးတွေကို သင်ကြားပေးရင်း ကိုယ်တိုင်လည်း ဆက်လက်လေ့လာသင်ယူချင်သူတွေအတွက် “သင်ကြားခြင်းပညာ” က အတူလေ့လာဖို့ အဖော်ကောင်းတစ်အုပ် ဖြစ်စေချင်ပါတယ်။

📩 စာအုပ်ကို လက်ရှိ ဝယ်ယူရရှိနိုင်ပါပြီ။
အသေးစိတ်သိရှိလိုတာနဲ့ မှာယူလိုတာတွေအတွက် MudraMinds Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။


အဓိပ္ပာယ်ရှိတဲ့ သင်ယူမှုတိုင်းအတွက်...

မေတ္တာဖြင့်...
MudraMinds – မုဒြာမိုင်းစ်

#သင်ကြားခြင်းပညာ #ဆရာဆရာမများအတွက် #မိဘများအတွက်

15/09/2026

စိတ်ကူးစိတ်သန်းတွေကို ပုံဖော်ရင်း စိတ်နှလုံးအေးချမ်းစေမယ့် အနုပညာ 😉🖍️

ကလေးတစ်ယောက် အရောင်တစ်ရောင်ကို ရွေးတဲ့အခါ၊ ပုံတစ်ပုံကို ဆွဲတဲ့အခါ သူတို့စိတ်ထဲမှာရှိတဲ့ အတွေးတွေ၊ စိတ်ကူးတွေကို အတူတူ ဖော်ပြနေတတ်ပါတယ်။

တစ်ခါတလေ ကလေးတွေမှာ တွေးထားတာတွေ၊ ခံစားနေရတာတွေကို စကားနဲ့ ပြောပြဖို့ မလွယ်တဲ့အချိန်တွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ ပုံဆွဲခြင်း၊ အရောင်ခြယ်ခြင်း၊ စက္ကူခေါက်ခြင်းလို အနုပညာလှုပ်ရှားမှုလေးတွေကနေ သူတို့ရဲ့ ကိုယ်ပိုင်ကမ္ဘာလေးကို လွတ်လပ်စွာ ပုံဖော်နိုင်ပါတယ်။

အနုပညာဆိုတာ ပုံလှလှတစ်ပုံ ရလာဖို့တစ်ခုပဲ မဟုတ်ပါဘူး။ ကိုယ်ရွေးချယ်တဲ့ အရောင်လေးတွေ၊ ကိုယ်စဉ်းစားထားတဲ့ ပုံရိပ်လေးတွေကို
ပုံဖော်ခွင့်ရှိတာကလည်း ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းနဲ့ ဖန်တီးနိုင်စွမ်းကို အားပေးတာဖြစ်တဲ့အတွက် အရေးပါတဲ့ သင်ယူမှုတစ်ခု ဖြစ်စေပါတယ်။ အာရုံစူးစိုက်ပြီး အသေးစိတ်ကျတဲ့လုပ်ငန်းလေးတွေက စိတ်ရှည်မှု၊ သည်းခံတတ်မှုစတဲ့ အခြေခံ လူသားကျင့်ဝတ်တွေကိုလည်း
လေ့ကျင့်ပြီး ဖြစ်ပါတယ်။

ကလေးတွေရဲ့ စိတ်ကူးဖန်တီးနိုင်စွမ်း၊ အာရုံစိုက်နိုင်မှုနဲ့ လက်ချောင်းအသုံးပြုနိုင်မှု (Fine Motor Skills) တွေကိုလည်း လေ့ကျင့်နိုင်စေဖို့ MudraMinds မှာ Drawing Guide နဲ့ Craft Book ဆိုပြီး နှစ်မျိုးရှိပါတယ်။

Drawing Guidebook မှာ Drawing & Painting ( ပုံဆွဲခြင်းနဲ့ ဆေးရောင်ခြယ်ခြင်း အခြေခံလေ့ကျင့်ခန်းများ ) Color Theory ( အရောင်တွေအကြောင်း နားလည်ပြီး ကိုယ်တိုင်ပေါင်းစပ်ဖန်တီးနိုင်မယ့် လေ့ကျင့်ခန်းများ )စသဖြင့် လေ့လာရမှာဖြစ်ပါတယ်။

Craft Book မှာတော့ ကလေးတွေအတွက် လက်မှုပညာ အခြေခံအနေနဲ့ Origami & Craft Activities ( ရိုးရှင်းတဲ့ပစ္စည်းလေးတွေနဲ့ ကိုယ်တိုင်ဖန်တီးနိုင်တဲ့ လက်မှုပညာလှုပ်ရှားမှုများ )နဲ့ အခြားစိတ်ဝင်စားစရာ ဖန်တီးမှုလေးတွေကို လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။

ထိုစာအုပ်ပါအကြောင်းအရာလေးတွေကိုတော့ “Learning at Home Program” ကာလအတွင်း စေတနာ့ဝန်ထမ်း ပန်းချီဆရာ/ဆရာမများရဲ့ ပံ့ပိုးမှုနဲ့ ကလေးတွေ အိမ်မှာလည်း ကိုယ်တိုင်လေ့လာဖန်တီးနိုင်အောင်ပြင်ဆင် ရေးဆွဲထားပါတယ်။

ကလေးတို့ရဲ့ စိတ်ကူးလေးတွေကို အရောင်တွေနဲ့ ပုံဖော်ရင်း ဖန်တီးခြင်းရဲ့ ပျော်ရွှင်မှုကို ရှာဖွေနိုင်ဖို့ Drawing Guide၊ Craft Book တို့နဲ့ လေ့လာလိုက်ကြပါစို့ 🤗 🎨

📩 စာအုပ်မှာယူရန် MudraMinds Page Chat Box မှတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။






ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းနဲ့ ခံစားချက်တွေကို ထိထိမိမိ မှန်မှန်ကန်ကန် ဖွင့်ထုတ်ပြောပြနိုင်ဖို့ မြန်မာစာနဲ့ စတင်ပျိုးထောင်...
13/09/2026

ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းနဲ့ ခံစားချက်တွေကို ထိထိမိမိ မှန်မှန်ကန်ကန် ဖွင့်ထုတ်ပြောပြနိုင်ဖို့ မြန်မာစာနဲ့ စတင်ပျိုးထောင်ကြစို့

ကလေးအရွယ်ဆိုတာ စူးစမ်းလိုစိတ်တွေ အားကောင်းပြီး သူတို့ရဲ့ ဖြူစင်တဲ့ ခံစားချက်တွေနဲ့ စိတ်ကူးယဉ်ကမ္ဘာလေးတွေဟာ အံ့ဩဖွယ်ကောင်းလောက်အောင် အမြဲတမ်း ဆန်းသစ်ကွန့်မြူးနေတတ်တဲ့ အရွယ်ပါ။ သူတို့လေးတွေဟာ နေ့စဉ်ကြုံတွေ့ရတဲ့ အရာတွေကနေတစ်ဆင့် ရရှိလာတဲ့ ခံစားချက်တွေကို စိတ်ကူးစိတ်သန်းတွေအဖြစ် ပုံဖော်ကြပြီး၊ အဲဒီစိတ်ကူးတွေကို ပန်းချီဆွဲတာ၊ ပုံပြင်ပြောတာ၊ ဟန်အမူအရာ လုပ်ပြတာ စတဲ့ နည်းလမ်းမျိုးစုံနဲ့ သူတို့ရဲ့ ပြင်ပကမ္ဘာကို ရိုးသားစွာ ထုတ်ဖော်ပြသတတ်ကြပါတယ်််။ သူတို့ရဲ့ အတွေးလေးတွေဟာ ကန့်သတ်ချက်မရှိ လွတ်လပ်နေတတ်တာကြောင့် ဒီစိတ်ကူးတွေကို ဖော်ထုတ်တဲ့အခါ စကားလုံးအသုံးပြုတတ်ဖို့ လိုပါတယ်။

ဒီလို ထုတ်ဖော်ပြသရာမှာ ကိုယ့်ရဲ့ မိခင်ဘာသာစကားနဲ့ ထိထိမိမိ ပြောဆိုရေးသားနိုင်ဖို့က ကလေးတွေအတွက် အလွန်အရေးကြီးပါတယ်။ ဒါပေမယ့် ယနေ့ခေတ်ကာလရဲ့ အပြောင်းအလဲတွေ၊ အနောက်တိုင်း ယဉ်ကျေးမှုနဲ့ နည်းပညာစနစ်တွေရဲ့ လွှမ်းမိုးမှုတွေကြောင့် ကလေးတွေဟာ တခြားဘာသာစကားတွေကိုသာ ပိုမိုထိတွေ့လာရပါတယ်။ အကျိုးဆက်အနေနဲ့ ကိုယ့်ရဲ့ မိခင်ဘာသာစကားနဲ့ သူတို့ရဲ့ ခံစားချက်တွေကို မှန်မှန်ကန်ကန်နဲ့ ပီပီပြင်ပြင် ဖွင့်ထုတ်ရေးသားနိုင်ဖို့ အခက်အခဲတွေ ရှိလာကြပါတယ်။ ဝမ်းနည်းခြင်း၊ ဝမ်းသာခြင်း၊ အံ့ဩခြင်း စတဲ့ တကယ့်ရင်တွင်းခံစားချက်တွေကို စာသားတွေနဲ့ အသက်ဝင်အောင် ပုံဖော်တဲ့နေရာမှာ စကားလုံး အသုံးအနှုန်းတွေ လွဲချော်လာတာ၊ ထိရောက်မှု အားနည်းလာတာတွေကို မြင်တွေ့လာရပါတယ်။

ဒီလို လိုအပ်ချက်တွေကို သေချာနားလည်တဲ့အတွက် ကျွန်မတို့ Mudraminds ကနေ အထူးစီစဉ်ထုတ်ဝေထားတဲ့ မြန်မာစာအုပ်တွေထဲမှာ ကလေးတွေရဲ့ စိတ်ကူးစိတ်သန်းတွေကို လွတ်လွတ်လပ်လပ် ပုံဖော်နိုင်မယ့် လေ့ကျင့်ခန်းတွေကို စနစ်တကျ ဖန်တီးထည့်သွင်းပေးထားပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ သာမန် စာဖတ်၊ စာကူးရေးခိုင်းတဲ့ ရိုးရိုးပုံစံမျိုးတွေ မဟုတ်ဘဲ ကလေးတွေ သူတို့ရဲ့ နေ့စဉ်ဘဝမှာ တကယ်ကြုံတွေ့ရတဲ့ ခံစားချက်တွေကို ကိုယ်တိုင် ပြန်လည်တွေးတောပြီး ကိုယ်ပိုင်အသုံးအနှုန်းတွေနဲ့ မှန်မှန်ကန်ကန် ဖွင့်ဟရေးသားနိုင်အောင် လမ်းပြပေးထားတာပါ။

ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေကို မိခင်ဘာသာစကားနဲ့ ထိထိမိမိ ဖွင့်ထုတ်နိုင်စွမ်းဟာ ကလေးတွေရဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုအတွက် အခိုင်မာဆုံး အခြေခံအုတ်မြစ်တစ်ခုပဲ ဖြစ်ပါတယ်။ ကလေးတွေရဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေနဲ့ လှပတဲ့ စိတ်ကူးကမ္ဘာလေးတွေကို မှန်ကန်တဲ့ စကားလုံးတွေကတစ်ဆင့် အသက်ဝင်လာအောင် Mudraminds ရဲ့ မြန်မာစာအုပ်တွေနဲ့အတူ စတင်ပျိုးထောင်လိုက်ကြရအောင်‌နော် 🤗📚

📩 MudraMinds Page Chat Box



#မြန်မာစာ

10/09/2026

“သင်္ချာဆိုတာ နေ့စဉ်ဘဝမှာ အသုံးဝင်တဲ့ ပညာရပ်တစ်ခုပါ။”

“သင်္ချာ” လို့ပြောလိုက်တာနဲ့ ကျွန်ုပ်တို့တွေဟာ ကိန်းဂဏန်းတွေနဲ့ ပေါင်းနုတ်မြှောက်စားတွေမှာ အဖြေမှန်ရဖို့ တွက်ချက်ကြတာတွေလို့ အရင်ဆုံး တွေးမိတတ်ကြပါတယ်။ ဒါပေမဲ့ ကိန်းဂဏန်းတွေဟာ သင်္ချာ စာအုပ်တွေထဲမှာပဲ ရှိနေတာ မဟုတ်ပါဘူး။

ကျွန်ုပ်တို့ရဲ့ နေ့စဥ်ဘဝနဲ့လည်း ချိတ်ဆက်နေပါတယ်။ မုန့်ဖိုး ဘယ်လောက်ကျန်သေးလဲ တွက်တာ၊ ထမင်းချက်တဲ့အခါ ဆန်ဘယ်နှစ်ဗူး ချက်မယ်
စဥ်းစားတာ၊ ကျောင်းသွားဖို့ အချိန်ဘယ်လောက်
လိုမလဲ ခန့်မှန်းတာ၊ တစ်နေရာနဲ့တစ်နေရာ ဘယ်လောက်ဝေးလဲ သိချင်တာကအစ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝထဲမှာ သင်္ချာကို အမြဲတမ်း အသုံးပြုနေကြရပါတယ်။

ဒါကြောင့် ကလေးတစ်ယောက်ဟာ သင်္ချာလေ့လာတဲ့အခါ အဖြေမှန်ကို ရဖို့တစ်ခုတည်းအတွက်သာ အရေးကြီးတာ မဟုတ်ပါဘူး။

“ဒီအဖြေ ဘာကြောင့်ရတာလဲ?” “တခြားနည်းလမ်းနဲ့လည်း စဉ်းစားလို့ရမလား?” “ကိုယ်သာဆိုရင် ဒီပုစ္ဆာကို ဘယ်လိုဖြေရှင်းမလဲ?” ဆိုပြီး ကိုယ်ကိုယ်တိုင် စဉ်းစားကြည့်တတ်ဖို့ကလည်း အရေးကြီးပါတယ်။

တစ်ခါတလေ ကလေးက အဖြေမှားသွားနိုင်ပါတယ်။ အဲဒီအချိန်မှာ“မှားပြန်ပြီ” လို့ ချက်ချင်းပြောလိုက်တာထက် “ဒီနားလေးကို သားသား/ သမီးလေး ဘယ်လိုစဉ်းစားလိုက်လဲ ?” “ဒီနားလေးကို ပြန်ကြည့်ရင်ရော?” လို့ မေးပေးလိုက်တဲ့အခါ ကလေးက သူကိုယ်တိုင် ပြန်စဉ်းစားဖို့ အခွင့်အရေး ရလာပါတယ်။

မှားသွားတာက င်္သချာမတတ်မြောက်ဘူးလို့ဆိုလိုတာမဟုတ်ဘဲ အမှားကို ပြန်သုံးသပ်ခွင့်ပေးမယ်။ နည်းလမ်းအသစ် စမ်းကြည့်မယ်။ ကိုယ်တိုင် အဖြေရှာကြည့်မယ်။

အဲဒီလို တစ်ဆင့်ချင်းစီ စမ်းကြည့်ရင်းနဲ့ ကလေးတွေရဲ့အတွေးထဲမှာ “ငါလည်း လုပ်နိုင်တယ်” ဆိုတဲ့ ယုံကြည်မှုလေး တဖြည်းဖြည်း ရလာပါတယ်။

ဒီလို သင်္ချာကို နေ့စဉ်ဘဝနဲ့ ချိတ်ဆက်ပြီး ပျော်ပျော်ရွှင်ရွှင် လေ့လာနိုင်ဖို့ MudraMinds ရဲ့ Math Concept Book ကို ဖန်တီးထားပါတယ်။

စာအုပ်ထဲမှာ အခြေခံတွက်ချက်မှုတွေအပြင် မုန့်ဖိုးစုဆောင်းတာ၊ ဈေးဝယ်တာ၊ အချိန်နဲ့ အကွာအဝေးကို စဉ်းစားတာလို နေ့စဉ်ဘဝနဲ့ ဆိုင်တဲ့ Activity တွေ၊ ပုံသဏ္ဌာန်နဲ့ နေရာအထားတွေကို လေ့လာနိုင်တဲ့ Geometry Activity တွေ၊ ဖြစ်နိုင်ခြေကို စဉ်းစားရတဲ့ Probability Activity တွေနဲ့ ပဟေဠိ၊ Challenge လေးတွေပါ ထည့်သွင်းထားပါတယ်။

ဒီလို Activity လေးတွေက ကလေးတွေကို အဖြေမှန်တစ်ခု မှတ်ထားဖို့ထက် ကိုယ်တိုင်စဉ်းစား၊ စမ်းကြည့်ပြီး အဖြေရှာတတ်ဖို့ ကူညီပေးပါတယ်။

သင်္ချာကို “ခက်တယ်၊ မလုပ်တတ်ဘူး” ဆိုတဲ့ စိတ်နဲ့ ကြည့်နေမယ့်အစား “စမ်းကြည့်ရအောင်၊ ကိုယ်တိုင်အဖြေရှာကြည့်ရအောင်” ဆိုတဲ့ စိတ်လေး ဖြစ်လာဖို့က ပိုအရေးကြီးပါတယ်။

အဖြေမှန်တစ်ခု ရဖို့ထက် အဖြေကို ဘယ်လိုစဉ်းစားပြီး ရှာခဲ့လဲဆိုတာကလည်း သင်ယူမှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

နေ့စဉ်ဘဝထဲမှာ သင်္ချာကို လက်တွေ့စဉ်းစားရင်း ပြဿနာတွေကို ကိုယ်တိုင် ဖြေရှင်းတတ်လာဖို့နဲ့ သင်္ချာကို ပျော်ပျော်ရွှင်ရွှင် လေ့လာနိုင်ဖို့ Math Concept Book နဲ့အတူ စတင်ကြရအောင်။

📩 MudraMinds Page Chat Box
📞 09 448951831




08/09/2026

ကောင်းကင်ပြာလို ကြည်လင်အေးချမ်းတဲ့
စိတ်ခွန်အားကို ပျိုးထောင်ပေးခြင်း

တိမ်ကင်းစင်ပြီး ကြည်လင်နေတဲ့ ကောင်းကင်ပြာကြီးကို မော့ကြည့်လိုက်တဲ့အခါ စိတ်ထဲမှာ ပေါ့ပါးပြီး အေးချမ်းသွားတာမျိုး ခံစားဖူးကြမယ်ထင်ပါတယ်။ ဒါပေမဲ့ ကောင်းကင်ကြီးက နေ့တိုင်း ကြည်လင်နေတာမျိုးတော့ မဟုတ်ပါဘူး။ တစ်ခါတလေ တိမ်ထူမယ်။ တစ်ခါတလေ မိုးရွာမယ်။ တစ်ခါတလေ နေသာပြီး ကောင်းကင်ပြာပြာလေး ဖြစ်နေမယ်။ ကျွန်မတို့ရဲ့ စိတ်လည်း ဒီလိုပါပဲ။ ပျော်တဲ့အချိန်ရှိသလို ဝမ်းနည်းတဲ့အချိန်လည်းရှိတယ်။ စိတ်တိုတာ၊ စိုးရိမ်တာ၊ စိတ်ရှုပ်တာတွေလည်း ရှိနိုင်ပါတယ်။ တိဗက်ဗုဒ္ဓဘာသာမှာ
“ကြည်ပြာကောင်းကင်” ကို စိတ်ရဲ့ မူလအေးချမ်းမှုနဲ့ နှိုင်းယှဉ်ပြောလေ့ရှိပြီး စိတ်ထဲမှာပေါ်လာတဲ့ အတွေး၊ စိတ်ခံစားမှုတွေကိုတော့ ခဏတာ ဖြတ်သန်းသွားတဲ့ တိမ်တွေနဲ့ နှိုင်းယှဉ်ထားပါတယ်။ တစ်ခါတလေ အတိတ်မှာ ဖြစ်ခဲ့တာတွေကို ပြန်တွေးနေမိသလို၊ မဖြစ်သေးတဲ့အနာဂတ်အတွက်လည်း ကြိုပြီး စိုးရိမ်နေမိတတ်ပါတယ်။ အတိတ်နဲ့ အနာဂတ်အတွေးတွေကြားမှာ ရှုပ်နေတဲ့အခါ အခုလက်ရှိ ပစ္စုပ္ပန်မှာ ကိုယ် ဘာခံစားနေရလဲ ဆိုတာကိုတောင် မေ့သွားတတ်ပါတယ်။ ဒီလိုအချိန်တွေမှာ အတွေးတွေထဲ မမျောပါသွားဘဲ အခုလက်ရှိ ပစ္စုပ္ပန်မှာ ကိုယ် ဘာတွေ့နေရလဲ၊ ဘာကြားနေရလဲ၊ ကိုယ့်စိတ်ထဲမှာ ဘာဖြစ်နေလဲ ဆိုတာကို ခဏလေး ပြန်သတိထားကြည့်ဖို့ အရေးကြီးပါတယ်။

ဒီလို လက်ရှိအချိန်ကို ပြန်သတိထားကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ ဖြစ်နေတာတွေကို ပိုသတိထားမိလာပြီး ကိုယ့်ခံစားချက်ကိုလည်း ပိုနားလည်လာနိုင်ပါတယ်။ ကိုယ့်စိတ်ကို ဒီလိုသိရှိနားလည်တတ်တာ၊ ပျော်ရွှင်တဲ့အချိန်ကို ခံစားတတ်သလို အဆင်မပြေတဲ့အချိန်မှာလည်း ကိုယ့်ကိုယ်ကို ပြန်ဂရုစိုက်တတ်တာကို Well-being လို့ ရိုးရိုးရှင်းရှင်း နားလည်လို့ရပါတယ်။

ကလေးတွေအတွက်လည်း အတူတူပါပဲ။ လူကြီးတွေမှာ အလုပ်၊ မိသားစုနဲ့ နေ့စဉ်ဘဝကြောင့် စိတ်ဖိစီးမှုတွေရှိသလို ကလေးတွေမှာလည်း သူတို့အရွယ်နဲ့သူတို့ စိုးရိမ်ရတာတွေ ရှိပါတယ်။

သူငယ်ချင်းနဲ့ အဆင်မပြေတာ၊ စာသင်ခန်းထဲမှာ အမှားလုပ်မိမှာ ကြောက်တာ၊ ကိုယ်လိုချင်တာကို စကားနဲ့ မပြောတတ်တာ၊ အပြောင်းအလဲ တစ်ခုခုကြောင့် စိတ်ရှုပ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ ကလေးတစ်ယောက်က “အခု သား/သမီး ဘယ်လိုဖြစ်နေပါတယ်၊ ဘယ်လို ခံစားနေရပါတယ်” ဆိုတာကို အမြဲတမ်း ပွင့်ပွင့်လင်းလင်း
မပြောပြနိုင်ကြပါဘူး။ တစ်ခါတလေ စကားနဲ့
မပြောတတ်လို့ ငြိမ်သွားနိုင်တယ်။ စိတ်တိုလာနိုင်တယ်။ ငိုလာနိုင်တယ်။ စာလုပ်တဲ့အခါ အာရုံမစိုက်နိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အဲဒီအချိန်မှာ “မငိုနဲ့”၊ “စာကို အာရုံမစိုက်ဘူး” လို့ ပြောလိုက်တာထက် သူတို့ရဲ့ခံစားချက်ကို ပြောပြလို့ရပြီး နားထောင်ပေးမယ့်သူတစ်ယောက် ရှိဖို့က ပိုအရေးကြီးပါတယ်။

ဒီလို ကိုယ့်ခံစားချက်ကို သိတတ်ဖို့၊ နားလည်တတ်ဖို့နဲ့ ကိုယ့်စိတ်ကို ကိုယ်ပြန်ဂရုစိုက်တတ်ဖို့ ကျွန်မတို့ MudraMinds ရဲ့ Clear Blue Sky (ကြည်ပြာကောင်းကင်) စာအုပ် series လေးက ကလေးတွေကို အဆင့်ဆင့် လေ့လာနိုင်အောင် ကူညီပေးထားပါတယ်။

ကိုယ် ဘာခံစားနေရလဲ ပြန်စဉ်းစားကြည့်တာ၊ ခံစားချက်တွေကို သိရှိတတ်လာတာ၊ ချရေးကြည့်တာ၊ ပြောကြည့်တာ၊ အတူတူဆွေးနွေးတာနဲ့ လက်တွေ့လုပ်ကြည့်နိုင်တဲ့ activity လေးတွေ ပါဝင်ပါတယ်။

ဒါကြောင့် အိမ်မှာ မိဘတွေနဲ့အတူဖြစ်စေ၊ စာသင်ခန်းမှာ ဆရာ/ဆရာမတွေနဲ့အတူဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ကလေးတွေရဲ့ အသက် အရွယ်နဲ့ လေ့လာနိုင်မှုအလိုက် Level 1 မှ Level 5 အထိ စီစဉ်ထားပါတယ်။ အစပိုင်း Level တွေမှာ ကိုယ့်ခံစားချက်ကို သိတတ်ဖို့၊ ပြောပြတတ်ဖို့ကနေ စတင်ပါတယ်။ အဆင့်တွေ တက်လာတာနဲ့အမျှ စိတ်ဖိစီးတဲ့အချိန်တွေကို ဘယ်လိုရင်ဆိုင်မလဲ၊ ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်မလဲ၊ အခက်အခဲကြုံတဲ့အခါ ဘယ်လိုပြန်အားပေးမလဲ၊ ဘယ်လိုပြန်ရင်ဆိုင်ပြီး ရှေ့ဆက်မလဲ ဆိုတာတွေကို တဖြည်းဖြည်း လေ့လာနိုင်ပါတယ်။

ကလေးတစ်ယောက်အတွက် ပညာရေးဆိုတာ စာတော်ဖို့၊ ဗဟုသုတတွေ များလာဖို့တင် မဟုတ်ပါဘူး။

ကိုယ့်စိတ်ကို နားလည်တတ်ဖို့၊ ကိုယ့်ကိုယ်ကို ဂရုစိုက်တတ်ဖို့၊ အခုလက်ရှိမှာ ကိုယ်ဘာခံစားနေရလဲကို သတိထားတတ်ဖို့နဲ့ အဆင်မပြေတဲ့နေ့တွေကိုလည်း ဖြည်းဖြည်းချင်း ဖြတ်ကျော်တတ်ဖို့ကလည်း ကြီးပြင်းလာမှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။

တိမ်တွေရွေ့သွားတဲ့အခါ ကောင်းကင်ပြာလေး ပြန်ပေါ်လာသလို ကလေးတွေလည်း ကိုယ့်စိတ်ထဲက ခံစားချက်တွေကို သိရှိနားလည်ရင်း သူတို့ရဲ့ ကြည်ပြာကောင်းကင်လေးကို ကိုယ်တိုင် ပြန်ရှာတတ်လာဖို့ Clear Blue Sky နဲ့အတူ လေ့လာကြရအောင်။

📩 MudraMinds Page Chat Box
📞 09 448951831



#ကြည်ပြာကောင်းကင်

#ကလေးစိတ်ခံစားမှု

ကလေးတွေဟာ ကမ္ဘာမြေကြီးကို ပိုမိုလှပစေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ် “ကမ္ဘာမြေကြီး” လို့ အတွေးထဲမှာ စဉ်းစားကြည့်လိုက်တာနဲ့ အရေ...
06/09/2026

ကလေးတွေဟာ ကမ္ဘာမြေကြီးကို ပိုမိုလှပစေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်

“ကမ္ဘာမြေကြီး” လို့ အတွေးထဲမှာ စဉ်းစားကြည့်လိုက်တာနဲ့ အရောင်အသွေးစုံတဲ့ သဘာဝတရား၊ မတူညီတဲ့ သက်ရှိလေးတွေနဲ့ အားလုံးအတူတူ စုပေါင်းနေထိုင်ရာ နွေးထွေးတဲ့ရပ်ဝန်းလို့ မြင်ကြပါတယ်။တစ်ဖက်မှာလည်း “ကလေး” ဆိုတဲ့ စကားလုံးလေးကြားလိုက်တာနဲ့ ချစ်စရာကောင်းတ ယ်၊ စိတ်ကူးစိတ်သန်း၊ အားအင် အပြည့်နဲ့ ပျော်ရွှင်မှုတွေကို သူတို့ရှိနေတဲ့နေရာတိုင်းဆီ ယူဆောင်လာပေးတတ်တယ်ဆိုပြီး တစ်ခါတည်းအတွေးပေါ်လာတတ်ကြပါတယ်။ တစ်နည်းအားဖြင့် ကမ္ဘာမြေကြီးနဲ့ ကလေးတွေရဲ့ ဆက်နွယ်မှုက မိခင်နဲ့ သူမရဲ့ကလေးလေးလိုပါပဲ။

ကလေးတစ်ယောက်ချင်းစီမှာလည်း ကိုယ်ပိုင်ပုံစံ ရှိကြပြီး သူတို့ရဲ့ စိတ်အားထက်သန်မှု၊ စိတ်ကူးစိတ်သန်းနဲ့ မတူညီတဲ့ ကိုယ်ပိုင်အရောင်အသွေးလေးတွေကနေ ကမ္ဘာကြီးကို ပိုအသက်ဝင်ပြီး အရောင်စုံလာစေပါတယ်။ အဲ့ဒါကြောင့် မတူညီခြင်းဆိုတာ ခွဲခြားပေးတဲ့ အရာမျိုးမဟုတ်စေဘဲ တစ်ယောက်နဲ့တစ်ယောက် ဖြည့်ဆည်းပေးနိုင်တဲ့ အရာတစ်ခု ဖြစ်တယ်ဆိုတာကို ပြောပြပေးချင်ပါတယ်။

တစ်ယောက်က လူအများကြားမှာ စကားပြောရတာကို ကြိုက်နိုင်သလို၊ တစ်ယောက်ကတော့ တိတ်တိတ်လေးထိုင်ပြီး စဉ်းစားရတာကို ပိုကြိုက်နိုင်ပါတယ်။ တစ်ယောက်က ပန်းချီဆွဲရတာ ဝါသနာပါနိုင်ပြီး၊ တစ်ယောက်က ဂဏန်းတွေ၊ ပဟေဠိတွေနဲ့ အချိန်ကုန်ရတာကို နှစ်သက်နိုင်ပါတယ်။ ဒီမတူညီမှုတွေထဲမှာ ဘယ်သူကပိုတော်တယ်၊ ပိုကောင်းတယ် ဆိုတာမျိုး မရှိပါဘူး။ လူတိုင်းမှာ ကိုယ်ပိုင် အားသာချက်နဲ့ လိုအပ်ချက်လေးတွေ ရှိနိုင်ပါတယ်။ အားသာချက်၊ အားနည်းချက်တွေဟာ မတူနိုင်သလို၊ တစ်ယောက်ရဲ့ အမြင်ကလည်း တစ်ယောက်ကို နားလည်မှုအသစ်တစ်ခု ပေးနိုင်နေတာမျိုးလဲ ဖြစ်နိုင်ပါတယ်။

ကလေးတိုင်းက သူ့ကိုယ်ပိုင်အရောင်အသွေးနဲ့ ကိုယ်စီလှပနေပြီးသားပါ။
အရေးကြီးတာက အားလုံးကို အရောင်တစ်ရောင်တည်း ဖြစ်အောင် ပြောင်းပေးဖို့မဟုတ်ဘဲ မတူညီတဲ့ အရောင်တွေ အတူတူရှိနေတဲ့အခါ ဘယ်လောက်တောင် လှပနိုင်တယ်ဆိုတာ ကလေးတွေ နားလည်တတ်လာစေနိုင်ဖို့ ဖြစ်ပါတယ်။ ဒီလိုအမြင်လေးတွေကို ကလေးတွေ ငယ်စဉ်ကတည်းက တဖြည်းဖြည်း နားလည်လာနိုင်ဖို့ ကျွန်မတို့ Mudraminds မှ ထွက်ရှိထားတဲ့ Colorful Children (အရောင်စုံသော ကလေးများ) စာအုပ် serie မှာ လေ့လာဖတ်ရှုနိုင်ပါတယ်။

Colourful Children မှာ ကလေးတွေကို “မှန်တယ်၊ မှားတယ်” ဆိုတဲ့ အဖြေတွေကိုပဲ မှတ်သားစေတာမဟုတ်ဘဲ ကိုယ့်အကြောင်းကို ကိုယ်တိုင်ပြန်စဉ်းစားနိုင်ဖို့၊ ကိုယ့်ရဲ့အားသာချက်နဲ့ ခံစားချက်တွေကို သိရှိနိုင်ဖို့၊ ကိုယ်နဲ့မတူတဲ့သူတွေရဲ့ အမြင်ကိုလည်း နားလည်တတ်လာဖို့ စတဲ့ အချက်တွေကို ထည့်သွင်းရေးသားထားပါတယ်။ Interactive Workbook ပုံစံနဲ့ ဖန်တီးထားတာကြောင့် ဖတ်ရုံတင်မဟုတ်ဘဲ စဉ်းစားခြင်း၊ဆွေးနွေးခြင်းနဲ့ လက်တွေ့ပါဝင်ခြင်းတွေကနေ ကလေးတွေ ပျော်ရွှင်စွာ ကိုယ်တိုင် လေ့လာနိုင်ပါတယ်။ အိမ်မှာ မိဘတွေနဲ့အတူဖြစ်စေ၊ စာသင်ခန်းမှာ ဆရာ/ဆရာမတွေနဲ့ဖြစ်စေ ကလေးတစ်ယောက်ချင်းစီရဲ့ အမြင်ကို နားထောင်ပြီး အတူတူ ဆွေးနွေးနိုင်တဲ့ စာအုပ်စီးရီး လေးတစ်ခုလည်း ဖြစ်ပါတယ်။
ကလေးတွေရဲ့ အသက်အရွယ်နဲ့ ဖွံ့ဖြိုးမှုအဆင့်အလိုက် လေ့လာနိုင်ဖို့ Level 1 မှ Level 5 အထိ ရှိပါတယ်။

Level 1 မှာ ကိုယ့်ကိုယ်ကို သိရှိတန်ဖိုးထားတတ်ခြင်းကနေ စတင်ပြီး၊ အဆင့်တွေ တက်လာတာနဲ့အမျှ မတူညီတဲ့ အမြင်နဲ့ အတွေ့အကြုံတွေကို နားလည်ခြင်း၊ သူတစ်ပါးကို စာနာလေးစားခြင်း၊ အားလုံး ပါဝင်နိုင်တဲ့ ပတ်ဝန်းကျင်ကို အတူတူဖန်တီးတတ်ခြင်းအထိ တဖြည်းဖြည်း လေ့လာနိုင်မှာပဲ ဖြစ်ပါတယ်။

ကလေးတိုင်းက သူ့ကိုယ်ပိုင်အရောင်နဲ့ လှပနေပြီးသားပါ။
အရေးကြီးတာက အားလုံးကို အရောင်တစ်ရောင်တည်း ဖြစ်အောင် ပြောင်းပေးဖို့မဟုတ်ဘဲ မတူညီတဲ့ အရောင်တွေ အတူတူရှိနေတဲ့အခါ ဘယ်လောက်လှပနိုင်တယ်ဆိုတာ ကလေးတွေ နားလည်လာဖို့ပါ။ ကိုယ့်ကိုယ်ကို နားလည်တန်ဖိုးထားရင်း၊ သူတစ်ပါးရဲ့ မတူညီမှုကိုလည်း လေးစားတတ်တဲ့ ကလေးလေးတွေ ဖြစ်လာဖို့ Colorful Childrenနဲ့ အတူတူ လေ့လာကြပါစို့။




သဘာဝတရားနဲ့ သဟဇာတဖြစ်အောင် နေထိုင်တတ်ဖို့ ကလေးတွေကို ဘာတွေ ပြင်ဆင်ပေးနေပြီလဲ?သဘာဝတရားနဲ့ သဟဇာတဖြစ်အောင် နေထိုင်တယ်ဆိုတာ ...
03/09/2026

သဘာဝတရားနဲ့ သဟဇာတဖြစ်အောင် နေထိုင်တတ်ဖို့ ကလေးတွေကို ဘာတွေ ပြင်ဆင်ပေးနေပြီလဲ?
သဘာဝတရားနဲ့ သဟဇာတဖြစ်အောင် နေထိုင်တယ်ဆိုတာ သစ်ပင်လေးတစ်ပင် စိုက်တာ၊ ပလတ်စတစ်အိတ် လျှော့သုံးတာလောက်နဲ့ မပြီးပြည့်စုံပါဘူး။ ကိုယ့်ပတ်ဝန်းကျင်က ဂေဟစနစ်ကို သေချာနားလည်ပြီး သဘာဝအရင်းအမြစ်တွေကို တန်ဖိုးထားသုံးစွဲတတ်တဲ့၊ အပြန်အလှန် လေးစားမှုရှိတဲ့ တာဝန်သိ နေထိုင်မှုပုံစံကို ဆိုလိုတာပါ။ ဒီလို အသိတရားမျိုး ကလေးတွေဆီမှာ ကိန်းအောင်းလာဖို့ဆိုရင် ငယ်ငယ်လေးကတည်းက စနစ်တကျ ပြင်ဆင်ပေးဖို့ လိုအပ်ပါတယ်။ ရေနဲ့ လျှပ်စစ်မီးကို ချွေတာတတ်ဖို့ သင်ပေးတာ၊ အမှိုက်ကို စနစ်တကျ စွန့်ပစ်ခိုင်းတာနဲ့ သဘာဝပတ်ဝန်းကျင် အလှတရားတွေကို ကိုယ်တိုင်ခံစား သိမြင်စေတာတွေဟာ ကလေးတွေကို သဘာဝတရားနဲ့ ရင်းနှီးပြီး သဟဇာတဖြစ်စေမယ့် အကောင်းဆုံး အခြေခံအုတ်မြစ်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ခေတ် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေကြောင့် သဘာဝဘေးအန္တရာယ်ဆိုတာ အချိန်မရွေး၊ နေရာမရွေး ကျရောက်လာနိုင်တဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာနေပါပြီ။ ဒီလိုခန့်မှန်းရခက်တဲ့ အခြေအနေတွေအောက်မှာ ကလေးတွေအနေနဲ့ ကြောက်ရွံ့တုန်လှုပ်မနေဘဲ အခြေအနေအရပ်ရပ်ကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ဖို့၊ ဘေးကင်းအောင် နေထိုင်တတ်ဖို့ဆိုတာ မိဘတိုင်း မဖြစ်မနေ ကြိုတင်ပြင်ဆင်ပေးရမယ့် အရာတစ်ခုပါ။

ဒီလိုအပ်ချက်တွေကို အပြည့်ဝဆုံး ဖြည့်ဆည်းပေးနိုင်စေရန်ရည်ရွယ်ချက်နဲ့ Green Synergy (စိမ်းစိုမျှတလူမှုဘဝ) စာအုပ် serie ကို Mudraminds မှထုတ်ဝေထားတာဖြစ်ပါတယ်။ ဒီစာအုပ်ထဲမှာ မျှော်လင့်မထားတဲ့ သဘာဝဘေးအန္တရာယ်တွေ ကျရောက်လာတဲ့အခါ ကလေးတွေအနေနဲ့ အခြေအနေပေါ်မူတည်ပြီး ဘေးကင်းလုံခြုံအောင် ဘယ်လို အလိုက်သင့် တုံ့ပြန်နေထိုင်ရမလဲဆိုတဲ့ အသက်ရှင်သန်နည်းတွေကို လက်တွေ့ကျကျ ရေးသားထားပါတယ်။ ဒါ့အပြင် ဒီလို ဆိုးရွားတဲ့ ဘေးအန္တရာယ်တွေ ဘာကြောင့် ဖြစ်လာရသလဲဆိုတဲ့ အကြောင်းရင်းတွေနဲ့ ဒါတွေ ထပ်မဖြစ်အောင် သဘာဝတရားကို ဘယ်လို ဝိုင်းဝန်းထိန်းသိမ်းရမလဲဆိုတဲ့ အကြောင်းအရာတွေကိုပါ ရှင်းပြပေးထားပါတယ်။ အထူးခြားဆုံးကတော့ ဒီလို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး content တွေကို ကလေးတွေ ငြီးငွေ့မသွားစေဘဲ သူတို့ရဲ့ အသက်အရွယ်အလိုက် လွယ်လွယ်ကူကူ သင်ယူနိုင်အောင် အရောင်အသွေးစုံလင်ပြီး စိတ်ဝင်စားဖွယ်ရာ ရုပ်ပုံလေးတွေနဲ့ ဖတ်ရှုချင်စရာဖြစ်အောင် သေချာဖန်တီး ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ သားသားမီးမီးတွေကို သဘာဝတရားကို ချစ်မြတ်နိုးပြီး အခက်အခဲတွေကို ရဲရင့်စွာ ရင်ဆိုင်ကျော်ဖြတ်နိုင်တဲ့ မျိုးဆက်သစ်တွေအဖြစ် ပျိုးထောင်ပေးဖို့ ဒီ Green Synergy (စိမ်းစိုမျှတလူမှုဘဝ) စာအုပ် serie လေးက အကောင်းဆုံး လမ်းပြမြေပုံ ဖြစ်လာမှာ အသေအချာပါပဲ။ Green Synergy book series ထဲကမှမိမိကလေးရဲ့အသက်အရွယ်အလိုက် Mudraminds မှာဝယ်ယူရရှိနိုင်ပါပြီ ✨🌏



ที่อยู่

Chiang Mai
50230

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Mudraminds โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์