Feminist Hub Myanmar

Feminist Hub Myanmar No Peace Without Gender Justice
No Federal Democracy Without Feminist Leadership

Feminism ကို ရောချနေကြတာလား။Feminism ကို တကယ်လက်ခံရဲ့လား။ဒါမှမဟုတ် တကယ်ကော သက်ဝင်ယုံကြည်လို့ လုပ်နေကြတာလား။Feminism ဆိုတ...
17/09/2026

Feminism ကို ရောချနေကြတာလား။
Feminism ကို တကယ်လက်ခံရဲ့လား။
ဒါမှမဟုတ် တကယ်ကော သက်ဝင်ယုံကြည်လို့ လုပ်နေကြတာလား။

Feminism ဆိုတဲ့ စကားလုံးကို သုံးလိုက်တာနဲ့
ကျမတို့ဟာ feminist ဖြစ်သွားပြီလား။​

အလုပ်ထဲမှာ feminist တွေရဲ့ စည်းမျဥ်းတွေ (principles) ကို ပြောကြတယ်။
Gender equality အကြောင်း ပြောတယ်။
Power နဲ့ privilege အကြောင်း ပြောတယ်။
ဒါပေမယ့် ကိုယ့်အဖွဲ့အစည်းထဲမှာတော့—
ဆုံးဖြတ်ချက်တွေကို လူနည်းစုကပဲ ချနေတုန်းလား။
ကိုယ် ကိုယ်တိုင်ကကော လူကြီးတွေ ဆုံးဖြတ်ကြပါလိမ့်မယ်ဆိုတဲ့ အကြောင်းပြချက်ကို ကျော်လွန်ပြီး၊ Power ရှိသူတွေကို ထောက်ပြ၊ Feedback ပေးဖို့ ကိုယ့်ကိုကိုယ် စိန်ခေါ်ရဲပြီလား။
တစ်ဖက်က ပေးလာတဲ့ Feedback ကို ကော နားထောင်ရဲပြီလား။
Power ရှိသူကို မေးခွန်းထုတ်ဖို့ ခက်နေတုန်းလား။

Care, wellbeing နဲ့ dignity တွေကို “အလုပ်ပြီးမှ” ဆိုပြီး နောက်ဆုံးထားနေတုန်းလား။
တစ်ခါတလေ Care နဲ့ Wellbeing ကို ဂရုစိုက်တာနဲ့
ခက်ခဲတဲ့စကားတွေကို မပြောတော့တာ၊
Feedback မပေးတော့တာ၊
Accountability ကို ရှောင်တာတွေကို
ရောထွေးမိနေကြလား။

တစ်ယောက်ယောက် Burnout ဖြစ်နေတဲ့အခါ
“ပိုပြီး Care လိုတယ်” ဆိုတာမှန်ပေမယ့်
ဘာကြောင့် workload မနိုင်တာလဲ၊
ဘာ skill နဲ့ support လိုအပ်နေတာလဲ၊
တာဝန်တွေကို ဘယ်လို ပိုကောင်းအောင် စီမံမလဲဆိုတာကိုလည်း
အတူတူ ပြောနိုင်ဖို့လိုတယ်။
Care ဆိုတာ ခက်ခဲတဲ့အရာတွေကို မပြောတော့တာ မဟုတ်ဘူး။
Accountability ဆိုတာလည်း အပြစ်တင်တာ မဟုတ်ဘူး။
Feminism ကို ပြောရတာ လွယ်တယ်။
Feminism ကို တကယ်ကျင့်သုံးရတာက ခက်ပါတယ်။

Feminism က project တစ်ခုမဟုတ်ဘူး။
Position တစ်ခုမဟုတ်ဘူး။
Funding proposal ထဲမှာ ထည့်ရေးဖို့ keyword တစ်ခုလည်း မဟုတ်ဘူး။

ကိုယ်တိုင်က Power ရှိသူတွေနဲ့ တွေ့လာတဲ့အခါ—
ရဲရဲဝံ့ဝံ့ ရပ်တည်ရဲဖို့၊
Power ရှိသူကို မေးခွန်းထုတ်ရဲဖို့၊
မသင့်တော်တာကို မသင့်တော်ဘူးလို့ ရိုးသားစွာ ပြောရဲဖို့၊
ကိုယ့်ကို ထိခိုက်နိုင်တယ် ဆက်ဆံရေးကို ထိခိုက်နိုင်တယ်လို့ Risk ရှိနိုင်တယ်ဆိုတာ သိသိနဲ့
အတူတူ ပိုကောင်း ပိုတိုးတက်လာစေဖို့ အတွက် Feedback ပေးရဲဖို့။

တစ်ဖက်မှာလည်း
ကိုယ်တိုင် Power ရှိလာတဲ့အခါ—
ကိုယ့် Power ကို မစွဲကိုင်ထားဖို့၊
ကိုယ့်ကိုကိုယ် ပြန်မေးခွန်းထုတ်ခွင့်ပေးဖို့၊
Feedback ကြားရတဲ့အခါ နားထောင်ရဲဖို့၊
ကိုယ့်အမှားကို ဝန်ခံပြီး ပြောင်းလဲရဲဖို့။
ဒါတွေက personal level မှာတင် မပြီးဘူး။

Feminist organization ဆိုတာ
Feminism အကြောင်း ပြောတဲ့ organization ဖြစ်ရုံနဲ့ မလုံလောက်ဘူး။
ကိုယ့်ရဲ့ feminist values တွေကို
အဖွဲ့အစည်းရဲ့ culture၊ ဆုံးဖြတ်ချက်ချတဲ့ နေရာ၊ ခေါင်းဆောင်မှုပိုင်း (leadership)၊ မူဝါဒ (policies)၊ resource allocation နဲ့ နေ့စဥ်ဘ၀ရဲ့ လက်တွေ့တွေထဲမှာပါ မြင်ရဖို့လိုတယ်။

အပြင်မှာ Power ကို ဝေဖန်ပြီး
အတွင်းမှာ Power ကို မျှဝေမထားတဲ့ organization ဖြစ်နေမလား။
အပြင်မှာ Equality ကို ပြောပြီး
အတွင်းမှာတော့ Hierarchy ကို ပုံမှန်အတိုင်း ဆက်ပြီးကျင့်သုံးနေဦးမလား။
အပြင်မှာ Care ကို ပြောပြီး
အတွင်းမှာ လူတွေ burnout ဖြစ်တဲ့အထိ အလုပ်လုပ်နေကြတာလား။

Feminism ရဲ့ တကယ်စမ်းသပ်ခံရတဲ့နေရာက
ကျမတို့ ပြောတဲ့စကားတွေထက်
ကျမတို့ အသုံးပြုနေတဲ့ power တွေ၊
လုပ်နေတဲ့ဆုံးဖြတ်ချက်တွေ၊
တည်ဆောက်ထားတဲ့ relationship တွေ၊
ဖန်တီးထားတဲ့ workplace culture တွေထဲမှာပါ။
ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း မေးကြည့်ရအောင်—
“ငါ Feminism ကို ပြောလို့ကောင်းလို့ ပြောနေတာလား။ သက်သာတဲ့ ကောင်းတဲ့အပိုင်းလေးတွေပဲ ယူသုံးနေတာလား။

ဒါမှမဟုတ် "Feminism ရဲ့ တကယ့်အနှစ်သာရကို လက်ခံပြီး
မတရားမှုတွေကို ထုတ်ဖော်ပြောဆို နေထိုင်၊ အလုပ်လုပ်၊ ဦးဆောင်ဖို့ တကယ်ကြိုးစားနေတာလား။”

Feminism ဆိုတာ perfect ဖြစ်အောင် လုပ်ဖို့မဟုတ်ဘူး။
ကိုယ့်ရဲ့ power နဲ့ practice တွေကို အမြဲပြန်ကြည့်၊
မေးခွန်းထုတ်၊ feedback နားထောင်ပြီး ပြောင်းလဲနေဖို့ပါ။
အဲဒါကပဲ
Feminism ကို စကားလုံးတစ်ခုကနေ လက်တွေ့ဘ၀ထဲကို ရောက်လာ ပြောင်းလဲစေတာ။ 🌱

Inspired by:
CREA — Achieving Transformative Feminist Leadership
JASS — Power and Transformative Leadership
AWID — Practicing Shared Leadership
ို့ဝန်းကျင်

“အားကောင်းနေဖို့ မလိုတဲ့နေရာတစ်ခု ဖြစ်ကြရအောင်။”Feminist တွေရဲ့ဝန်းကျင်ဆိုတာအမြဲတမ်း အားကောင်းနေဖို့ မလိုတဲ့နေရာလေး ဖြစ်...
10/09/2026

“အားကောင်းနေဖို့ မလိုတဲ့နေရာတစ်ခု ဖြစ်ကြရအောင်။”

Feminist တွေရဲ့ဝန်းကျင်ဆိုတာ
အမြဲတမ်း အားကောင်းနေဖို့ မလိုတဲ့နေရာလေး ဖြစ်စေချင်တယ်။

မတရားမှုတွေကို ရင်ဆိုင်တိုက်ပွဲဝင်တဲ့အခါ
တစ်ယောက်နဲ့တစ်ယောက် အားပေးကြသလို၊

ပင်ပန်းတဲ့အခါလည်း
“နားလိုက်ပါ၊ ငါတို့ရှိတယ်” လို့ ပြောပေးနိုင်တဲ့နေရာ။

မခံနိုင်တော့တဲ့အခါ
အားနည်းတယ်လို့ မမြင်ဘဲ
အကူအညီတောင်းလို့ရတဲ့နေရာ။

မျက်ရည်ကျတဲ့အခါ
သန်မာနေမှ ဖြစ်မယ်လို့ မတောင်းဆိုဘဲ
ငိုလို့ရတဲ့နေရာ။

ဘာမှမလုပ်နိုင်တဲ့နေ့တွေမှာလည်း
ကိုယ့်တန်ဖိုးကို သက်သေပြနေစရာမလိုတဲ့နေရာ။

ဘာလို့လဲဆိုတော့—

Feminist Solidarity ဆိုတာ
အတူတူ တော်လှန်ဖို့ပဲ မဟုတ်ဘူး။
အတူတူ အသက်ရှင်ရပ်တည်နိုင်ဖို့လည်း ဖြစ်တယ်။
တစ်ယောက်အတွက် တစ်ယောက်
အတူတူ ရှိနေကြဖို့လည်း ဖြစ်တယ်။

ဒီ September မှာ
ကိုယ့်ပတ်ဝန်းကျင်ကို ပြန်ကြည့်ကြရအောင်။

“ဒီနေရာမှာ ငါ အားနည်းလို့ရရဲ့လား?”

အဖြေက “ရတယ်” ဖြစ်တဲ့
Feminist community လေးတွေ
ပိုများလာပါစေ။ 🤍

24/08/2026

“ကြောက်စိတ်အစား ယုံကြည်မှုတံတား”
ရှုပ်ထွေးပွေလီလှတဲ့ခေတ်မှာ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုအန္တရာယ်ကလည်း နည်းလမ်းမျိုးစုံနဲ့‌ ကြောက်မက်ဖွယ် ဖြစ်ပေါ်နေပါတယ်။ ဒီတော့ ဒီအဖြစ်ပျက်တွေကြုံရတဲ့ ဘယ်လိင်စိတ်ခံယူချက်ရှိသူမဆို ကြောက်စိတ်အစားအချင်းချင်းယုံကြည်မှုတံတား‌တွေ တည်ဆောက်ခြင်းနဲ့ ဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲ၊ ပတ်ဝန်းကျင်ကောင်းတွေ ဘယ်လိုပူးပေါင်းတည်ဆောက်ကြမလဲဆိုတာကို FHM နဲ့ BPN တို့စီစဉ်တဲ့ လက်ရည်တစ်ပြင်တည်းပေါ့ဒ်ကတ်စ်မှာ နားဆင်အတွေးပွား ဆင်ခြင်ကျင့်သုံးနိုင်ပါပြီ။

ဒီတစ်ပတ်မှာတော့ တို့တွေရဲ့ Feminist တို့ ၀န်းကျင်မှာ အာဏာရဲ့ မျက်နှာတစ်ခုဖြစ်တဲ့ အရင်းအမြစ်တွေအကြောင်း စဉ်းစားကြည့်ချင်ပ...
21/08/2026

ဒီတစ်ပတ်မှာတော့ တို့တွေရဲ့ Feminist တို့ ၀န်းကျင်မှာ အာဏာရဲ့ မျက်နှာတစ်ခုဖြစ်တဲ့ အရင်းအမြစ်တွေအကြောင်း စဉ်းစားကြည့်ချင်ပါတယ်။

အရင်းအမြစ်ဆိုတာ ဘာတွေလဲ။
တို့တွေ ရဲ့ ငြိမ်းချမ်းရေး လူမှုတရားမျှရေးလုပ်ဖို့ လိုအပ်တဲ့ Resources တွေ ဆိုပါတော့

သေချာတာတော့ အရင်းအမြစ်ဆိုတာ ငွေကြေးတစ်ခုတည်း မဟုတ်ပါဘူး။

အချိန်၊ အသိပညာ၊ ကျွမ်းကျင်မှု၊ သတင်းအချက်အလက်၊ နေရာ၊ ဆက်ဆံရေးနဲ့ ကွန်ယက်၊ အခွင့်အလမ်း၊ စောင့်ရှောက်မှု၊ လူတွေရဲ့ လုပ်အား တွေဟာလည်း အရင်းအမြစ်တွေပါပဲ။

ဒါပေမယ့် အရင်းအမြစ်တစ်ခု ရှိနေတာနဲ့ အားလုံးအတွက် တန်းတူအကျိုးရှိသွားတာ မဟုတ်ပါဘူး။

ဘယ်သူက ရရှိသလဲ၊ ဘယ်သူက လက်လှမ်းမီသလဲ၊ ဘယ်သူက အသုံးပြုနိုင်သလဲ၊ ဘယ်သူက ဆုံးဖြတ်နိုင်သလဲ ဆိုတာတွေက အရင်းအမြစ်နဲ့အတူ အာဏာကိုပါ ပုံဖော်နေပါတယ်။

အရင်းအမြစ်တွေကို ဘယ်လိုပေးနေကြလဲ။

“ငွေကြေး”
ရန်ပုံငွေ ပေးတယ်။
ဒါပေမယ့် ဘာအတွက်သုံးရမလဲ၊ ဘယ်လိုသုံးရမလဲဆိုတာကို အပြင်ကပဲ သတ်မှတ်ထားတယ်။
အရင်းအမြစ် ရှိတယ်။
ဒါပေမယ့် ဆုံးဖြတ်ပိုင်ခွင့်က ဘယ်သူ့ဆီမှာလဲ။

“အသိပညာ”
Research လုပ်တယ်။
အသိပညာရလာတယ်။
ဒါပေမယ့် research မှာ ပါဝင်ခဲ့တဲ့ လူထုကို ရလာတဲ့အသိပညာ ပြန်မပေးဘူး။
အသိပညာရှိတယ်။
ဒါပေမယ့် ဘယ်သူက သိခွင့်ရှိသလဲ၊ ဘယ်သူက အသုံးချခွင့်ရှိသလဲ။

“အခွင့်အလမ်းနဲ့ ကွန်ယက်”
သင်တန်းတွေ၊ အခွင့်အလမ်းတွေ၊ အဆက်အသွယ်တွေ ဖန်တီးပေးတယ်။

ဒါပေမယ့် အမြဲတမ်း အလွယ်တကူ လက်လှမ်းမီနိုင်တဲ့သူတွေပဲ ရရှိနေတယ်ဆိုရင်—

အရင်းမြစ် ရှိနေပေမယ့် ဘယ်သူတွေအတွက် ရှိနေတာလဲ။

ဒီထက် ကျယ်ကျယ်လေး ထပ်စဥ်းစားကြည့်ကြမယ်ဆိုရင်တော့
“သဘာ၀ သယံဇာတနဲ့ အရင်းအမြစ်” တွေ ဆိုရင်ကောပေါ့။

ဒါတွေအပြင် ဂရုစိုက်စောင့်ရှောက်မှုနဲ့ လူတွေရဲ့ ကောင်းမွန်စွာ ရပ်တည်နိုင်မှု ကိုလည်း အရင်းအမြစ်တစ်ခုအဖြစ် ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။

လူတွေအလုပ်လုပ်နိုင်ဖို့ ငွေကြေးနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ပေးတာတင် မဟုတ်ပါဘူး။ နားချိန်၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့၊ လုံခြုံတဲ့နေရာ၊ အနားယူနိုင်ခွင့်နဲ့ တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်ပေးနိုင်တဲ့အချိန် တွေဟာလည်း စိုက်ထုတ်ထားရတဲ့ အရင်းအမြစ်တွေပါ။

ဒါပေမယ့် အလုပ်ပြီးမြောက်ဖို့ကိုပဲ ဦးစားပေးပြီး လူတွေရဲ့ ကောင်းမွန်စွာ ရပ်တည်နိုင်မှုနဲ့ သူတို့ရဲ့ မိသားစုနဲ့ တကိုယ်ရည် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုကို စိုက်ထုတ်ထားရတဲ့ အရင်းအမြစ်တစ်ခုအဖြစ် မမြင်တဲ့အခါ လူတွေရဲ့ဘဝနဲ့ လိုအပ်ချက်တွေကို ပြန်မစဉ်းစားမိနိုင်ပါဘူး။

ဒီလိုပဲ—
အရင်းအမြစ်တွေ ရှိနေတယ်။
ဒါပေမယ့် အရင်းအမြစ်ကို ထိန်းချုပ်နိုင်တဲ့ အာဏာနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကတော့ အရင်နေရာမှာပဲ ရှိနေတယ်။

ဒါဆို အရင်းအမြစ်တွေကို ဘယ်လိုမျှဝေနေပြီဆိုရင်တော့ဖြင့် Feminist ဆန်ဆန် အရင်းအမြစ် မျှဝေခြင်းဖြစ်နေပြီလို့ ခေါ်နိုင်မလဲ။​

တန်းတူညီမျှမှုအတွက် အရင်းအမြစ်အသုံးပြုနေတာက ကောင်းတဲ့အစပြုချက်တစ်ခု ဖြစ်နိုင်ပါတယ်။

ဥပမာ အမျိုးသမီးတွေအတွက် အလုပ်အကိုင်အခွင့်အလမ်း ပိုရလာအောင် သင်တန်းပေးတာ မျိုးပေါ့။

ဒါပေမယ့် ဘာသင်တန်းလိုအပ်လဲ၊ ဘယ်လိုသင်ယူချင်လဲ၊ ရလာတဲ့အခွင့်အလမ်းကို ဘယ်လိုအသုံးချချင်လဲဆိုတာ အမျိုးသမီးတွေကိုယ်တိုင် ဆုံးဖြတ်ခွင့်မရှိဘူး ဆိုရင်—
တန်းတူညီမျှမှုကို ရည်ရွယ်ထားပေမယ့် အဲ့ဒီအတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကိုတော့ Feminist ဆန်ဆန် မျှဝေပေးနေပြီလို့ တန်းပြောလို့မရသေးပါဘူး။
ဘာကြောင့်လဲဆိုတော့ ရည်ရွယ်ချက်ကောင်းရုံနဲ့ မလုံလောက်လို့ပါ။

Feminist ဆန်ဆန် အရင်းအမြစ်များပေးခြင်း က အရင်းအမြစ်ကို ဘယ်လိုပေးသလဲဆိုတာအပြင်—
ဘယ်သူက ရရှိသလဲ၊ ဘယ်သူက လက်လှမ်းမီသလဲ၊ ဘယ်သူက ဆုံးဖြတ်သလဲ၊ ဘယ်သူတွေကို ချန်ထားမိသလဲ၊ အဲ့ဒီအရင်းအမြစ်က ဘယ်သူ့အာဏာကို ပိုခိုင်မာစေလဲ ဆိုတာကိုပါ ပြန်မေးပါတယ်။

ဒါကြောင့် အရင်းအမြစ်တစ်ခုဟာ လူတွေရဲ့ ရွေးချယ်ပိုင်ခွင့်၊ ပါဝင်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့် ကို ခိုင်မာစေပြီး၊ အရင်းအမြစ်ရဖို့ ပိုခက်နေသူတွေအတွက်လည်း လက်လှမ်းမီနိုင်အောင် ဖန်တီးပေးတဲ့အခါ၊ ရှိပြီးသား မညီမျှမှုတွေကို ပိုခိုင်မာစေမယ့်အစား မညီမျှမှုတွေကို လျှော့ချပြီး စုပေါင်းအင်အားကို ခိုင်မာစေတဲ့အခါ Feminist ဆန်တဲ့ အရင်းအမြစ်တွေ ဖြစ်ဖို့ နဲ့ ပိုနီးစပ်လာပါတယ်။

တစ်ဖက်မှာတော့ အရင်းအမြစ်ကို လူအနည်းငယ်ကပဲ ထိန်းချုပ်ပြီး၊ ဘယ်သူရမလဲ၊ ဘယ်လိုသုံးရမလဲဆိုတာ သူတို့ကပဲ ဆုံးဖြတ်နေတယ်၊ ရရှိသူတွေရဲ့ အသံနဲ့ ဆုံးဖြတ်ပိုင်ခွင့်ကို မထည့်သွင်းဘူးဆိုရင်—

အရင်းအမြစ် ရှိနေပေမယ့် Feminist ဆန်ဆန် အရင်းအမြစ်များ မျှဝေပေးနေတယ် လို့ ပြောလို့မရသေးပါဘူး။

ဘာကြောင့်လဲဆိုတော့ အရင်းအမြစ်ကို ထိန်းချုပ်နိုင်သူက အဲ့ဒီအရင်းအမြစ်နဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကိုပါ ထိန်းချုပ်
နိုင်လို့ပါ။

ဒါကြောင့် Feminist ဆန်ဆန် အရင်းအမြစ်များကို မျှဝေခြင်းလို့ ပြောတဲ့နေရာ မှာ အရင်းအမြစ်ကို မျှဝေတာတင်မဟုတ်ဘဲ အရင်းအမြစ်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ပိုင်ခွင့်နဲ့ သြဇာအာဏာ ကိုပါ ပိုမိုမျှတစွာ မျှဝေဖို့လိုပါတယ်။

အရင်းအမြစ်တွေကို ဘယ်သူ့ဆီ ရောက်စေမလဲဆိုတာက အရေးကြီးသလို၊ ဘယ်သူက ဆုံးဖြတ်နိုင်အောင် လုပ်ပေးမလဲဆိုတာကလည်း အရေးကြီးပါတယ်။

ဒါကြောင့် အရင်းအမြစ်တွေကို Feminist ဆန်ဆန် မျှဝေကြမယ်ဆိုတာ—

“ဘယ်လောက်ပေးမလဲ” ဆိုတာတစ်ခုတည်း မဟုတ်ဘဲ
“ဘယ်သူ့ဆီကို ရောက်မလဲ၊ ဘယ်လိုရောက်မလဲ၊ ဘယ်သူက ဆုံးဖြတ်မလဲ၊ အဲ့ဒီအရင်းအမြစ်က ဘယ်လိုအာဏာဆက်ဆံရေးကို ဖန်တီးပေးမလဲ” ဆိုတာကို ပြန်စဉ်းစားခြင်း ဖြစ်ပါတယ်။

အရင်းအမြစ် ကို မျှဝေတာတင် မဟုတ်ဘဲ
အရင်းအမြစ် နဲ့အတူ ပါဝါ တနည်းအားဖြင့် အာဏာ ကိုပါ ဘယ်လိုမျှဝေမလဲ။

အရင်းအမြစ်တွေကို ဘာလို့ Feminist ဆန်ဆန် မျှဝေသင့်တာလည်း ဆိုတာကို ပြန်စဉ်းစားဖို့ လိုအပ်တဲ့အကြောင်းရင်း လို့မြင်မလား။

အတွေးတွေ မျှဝေ ပေးကြဖို့ Feminist တို့ ၀န်းကျင်က ကြိုဆိုနေပါတယ်။

Inspired by the work of: Prospera International Network of Women’s Funds —Power dynamics and resource distribution literature

10/08/2026

အခုအပိုင်းမှာတော့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုအန္တရာယ်တွေ ကြုံတွေ့နေရတဲ့ ဘယ်သူမဆို ကြောက်စိတ်အစား ယုံကြည်မှုတံတားတွေ ဘယ်လိုတည်ဆောက်ကြမလဲ ဆိုတာကို နားဆင်ရမှာ ဖြစ်ပါတယ်။

" ဖီးမနစ်ဆန်သော ငြိမ်းချမ်းရေး "(မတရားမှုကို တိုက်ဖျက်ရင်း အကြမ်းဖက်မှုရဲ့ သံသရာထဲ မဝင်သွားဖို့)ငြိမ်းချမ်းရေးလို့ ပြောလ...
06/08/2026

" ဖီးမနစ်ဆန်သော ငြိမ်းချမ်းရေး "
(မတရားမှုကို တိုက်ဖျက်ရင်း အကြမ်းဖက်မှုရဲ့ သံသရာထဲ မဝင်သွားဖို့)

ငြိမ်းချမ်းရေးလို့ ပြောလိုက်ရင် လူအများက စစ်ပွဲမရှိတဲ့ အခြေအနေကိုပဲ တွေးမိတတ်ကြပါတယ်။

ငြိမ်းချမ်းရေးဆိုတာ လက်နက်သံတိတ်သွားတဲ့ အချိန်ကိုပဲ ဆိုလိုတာလား။
အိမ်ထဲမှာ တစ်ယောက်ယောက်ရဲ့အသံက အမြဲတိတ်နေရတယ်ဆိုရင်....
အလုပ်ခွင်မှာ တချို့လူတွေက အမြဲဆုံးဖြတ်ပြီး တချို့လူတွေက အမြဲနားထောင်နေရတယ်ဆိုရင်....
လူ့အသိုင်းအဝိုင်းထဲမှာ တချို့ဘဝတွေကို တခြားဘဝတွေထက် တန်ဖိုးနည်းတယ်လို့ သဘောထားနေတယ်ဆိုရင်....

အဲဒါကို ငြိမ်းချမ်းရေးလို့ ခေါ်နိုင်ပါ့မလား။
ဖီးမနစ်အမြင်အရ ငြိမ်းချမ်းရေးဆိုတာ အကြမ်းဖက်မှု မရှိရုံ မဟုတ်ဘဲ လုပ်ပိုင်ခွင့်ပါဝါကို တရားမျှတစွာ မျှဝေပြီး လူတိုင်း ဂုဏ်သိက္ခာနဲ့ ရှင်သန်နိုင်တဲ့ ဆက်ဆံရေးကို တည်ဆောက်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့် မတရားမှုဆိုတာ နိုင်ငံရေးအာဏာရှင်တွေရဲ့ လက်အောက်မှာပဲ ရှိနေတာ မဟုတ်ပါဘူး။
မိသားစုထဲမှာ—
"ဒီကိစ္စကို အဖေဆုံးဖြတ်မယ်။"
"ကလေးတွေက လူကြီးတွေ ပြောတာပဲ နားထောင်ရမယ်။"
"မိသားစုအတွက် အကောင်းဆုံးဆိုတာ ငါသိတယ်။"
ဒီလို စကားတွေဟာ ဆုံးဖြတ်ပိုင်ခွင့်နဲ့ အသံကို လူတစ်စုဆီ စုပုံစေတဲ့ ပါဝါဆက်ဆံရေးတွေ ဖြစ်ပါတယ်။

အလုပ်ခွင်ထဲရောက်လာတဲ့အခါ—
အစည်းအဝေးမှာ တချို့လူတွေရဲ့ အသံကိုသာ အရေးကြီးတယ်လို့ သတ်မှတ်တာ၊
အမျိုးသမီး၊ လူငယ်၊ လူနည်းစုတွေရဲ့ အကြံတွေကို "အတွေ့အကြုံမရှိသေးဘူး" ဆိုပြီး ဘေးဖယ်ထားတာ၊
"ပါဝင်ဆွေးနွေးပါ" လို့ ဖိတ်ခေါ်ပေမယ့် ဆုံးဖြတ်ချက်တွေက ကြိုတင်ပြီးသား ဖြစ်နေတာ—
ဒီလို လုပ်ပိုင်ခွင့်ပါဝါအသုံးချမှုတွေဟာ မတရားမှုကို နေ့စဉ် ပြန်လည်ထုတ်လုပ်နေတဲ့ ယဉ်ကျေးမှုတွေပါ။

တဖြည်းဖြည်းနဲ့—
"လူကြီးတွေ ဆုံးဖြတ်ကြလိမ့်မယ်။"
"ငါပြောလည်း မထူးဘူး။"
"ဝင်ပြောတဲ့သူပဲ ပြဿနာတက်မယ်။"
ဆိုတဲ့ အတွေးတွေ လူတွေထဲမှာ အမြစ်တွယ်လာတတ်ပါတယ်။

ဒီအခါ ဖိနှိပ်မှုဟာ အပြင်က လာတာတင်မဟုတ်တော့ဘဲ ကိုယ့်အတွင်းထဲမှာပါ နေရာယူလာတတ်ပါတယ်။ ကိုယ့်အသံကို ကိုယ်တိုင် မယုံကြည်တော့ဘူး။
ကိုယ်နဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေမှာတောင် ပါဝင်ဖို့ မဝံ့ရဲတော့ဘူး။ အာဏာရှင်စနစ်က လူတွေကို ထိန်းချုပ်ရုံတင်မဟုတ်ဘဲ၊ အာဏာရှင်ဆန်တဲ့ ယဉ်ကျေးမှုကို လူ့အသိုင်းအဝိုင်းထဲမှာ ပြန်လည်မွေးထုတ်နိုင်အောင် လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။

အဖွဲ့အစည်းနဲ့ လူမှုအသိုင်းအဝိုင်းထဲမှာလည်း—
ဘယ်သူ့အသံက ပိုတန်ဖိုးရှိသလဲ၊
ဘယ်သူ့အတွေ့အကြုံကို ယုံကြည်သလဲ၊
ဘယ်သူက ဆုံးဖြတ်ချက်ချခွင့် ရသလဲဆိုတဲ့ ပါဝါဆက်ဆံရေးတွေက မတရားမှုကို ဆက်လက်ထုတ်လုပ်နေတတ်ပါတယ်။

နိုင်ငံရေးအဆင့်ရောက်လာတဲ့အခါတော့—
လူတွေရဲ့အသံကို ဖိနှိပ်တာ၊
အာဏာကို လူနည်းစုတစ်စုတည်းက ချုပ်ကိုင်တာ၊
ကြောက်ရွံ့မှုနဲ့ အကြမ်းဖက်မှုကို အသုံးပြုပြီး လူတွေကို ထိန်းချုပ်တာတွေ ဖြစ်လာပါတယ်။
အဆင့်တွေ မတူပေမယ့် အခြေခံအကြောင်းရင်းကတော့ တူပါတယ်—
ပါဝါကို မညီမျှစွာ အသုံးပြုခြင်း။

ဒီလို မတရားမှုတွေကို အချိန်ကြာကြာ ခံစားလာရတဲ့အခါ စိတ်ဒဏ်ရာတွေ ဖြစ်လာတယ်။
ဒေါသတွေ ဖြစ်လာတယ်။ တစ်ခါတစ်ရံ အဲဒီဒေါသက ကိုယ်တိုင် မုန်းတီးခဲ့တဲ့ အကြမ်းဖက်မှုနဲ့ အာဏာရှင်ဆန်တဲ့ နည်းလမ်းတွေကို ပြန်ကျင့်သုံးမိတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် မတရားမှုကို တိုက်ဖျက်နေသူတွေအတွက် အရေးကြီးတဲ့ မေးခွန်းက—
"ဘယ်သူ့ကို အနိုင်ယူမလဲ" ဆိုတာတင် မဟုတ်ပါဘူး။
"ငါတို့ တည်ဆောက်ချင်တဲ့ လူ့အဖွဲ့အစည်းမှာ ပါဝါကို ဘယ်လိုအသုံးပြုမလဲ" ဆိုတာလည်း ဖြစ်ပါတယ်။
ဖီးမနစ်ဆန်တဲ့ ငြိမ်းချမ်းရေးဆိုတာ အာဏာကို ငြင်းပယ်လိုက်တာ မဟုတ်ပါဘူး။ ပါဝါကို တစ်ဦးတစ်ယောက်ရဲ့ လွှမ်းမိုးမှုအဖြစ် မသုံးဘဲ၊ လူတိုင်းရဲ့ ပါဝင်ခွင့်၊ ဂုဏ်သိက္ခာနဲ့ တာဝန်ယူမှုကို တိုးပွားစေမယ့် အင်အားအဖြစ် ပြန်လည်တည်ဆောက်ခြင်း ဖြစ်ပါတယ်။

ဒါကြောင့်—
မိသားစုထဲမှာ ကိုယ့်ထက်အားနည်းသူရဲ့အသံကို နားထောင်နိုင်တာ၊
အဖွဲ့အစည်းထဲမှာ လုပ်ပိုင်ခွင့်ပါဝါကို မျှဝေနိုင်တာ၊
ဆုံးဖြတ်ချက်ချရာမှာ လူတိုင်း အဓိပ္ပာယ်ရှိရှိ ပါဝင်နိုင်အောင် ဖန်တီးတာ၊
အာဏာရလာတဲ့အခါ အဲဒီအာဏာကို တာဝန်ယူမှု၊ တရားမျှတမှု၊ ဂရုစိုက်မှုတို့နဲ့အတူ အသုံးပြုနိုင်တာ—

ဒါတွေဟာ ဖီးမနစ်ဆန်တဲ့ ငြိမ်းချမ်းရေးကို နေ့စဉ်ဘဝထဲမှာ စတင်တည်ဆောက်နေခြင်းပါပဲ။

မတရားမှုကို တိုက်ဖျက်ရင်း မတရားမှုရဲ့ နည်းလမ်းတွေကို ပြန်မကျင့်သုံးဖို့။
အာဏာကို ဆန့်ကျင်ရင်း အာဏာရှင်ဆန်တဲ့ ယဉ်ကျေးမှုကို ပြန်မထုတ်လုပ်ဖို့။
အကြမ်းဖက်မှုကို တိုက်ဖျက်ရင်း အကြမ်းဖက်မှုရဲ့ သံသရာကို မဆက်ဖို့။

ဖီးမနစ်တို့အတွက် ငြိမ်းချမ်းရေးဆိုတာ တစ်နေ့နေ့မှာ ရောက်လာမယ့် အခြေအနေတစ်ခုကို စောင့်မျှော်နေခြင်း မဟုတ်ပါဘူး။

" ကိုယ်တို့ လိုချင်တဲ့ တရားမျှတပြီး ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းကို နေ့စဉ်ဘဝထဲက စပြီး၊ ကိုယ်တိုင် ကျင့်သုံးတည်ဆောက်နေခြင်းပဲ ဖြစ်ပါတယ်။ "

Inspired by the work of: Johan Galtung, bell hooks, Paulo Freire, Cynthia Cockburn, Elise Boulding, Cynthia Enloe, Carol Cohn, Diana Francis, Women's International League for Peace and Freedom (WILPF), and UN Women.

03/08/2026

“ကြောက်စိတ်အစား ယုံကြည်မှုတံတား”

ရှုပ်ထွေးပွေလီလှတဲ့ခေတ်မှာ လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုအန္တရာယ်ကလည်း နည်းလမ်းမျိုးစုံနဲ့‌ ကြောက်မက်ဖွယ် ဖြစ်ပေါ်နေပါတယ်။ ဒီတော့ ဒီအဖြစ်ပျက်တွေကြုံရတဲ့ ဘယ်လိင်စိတ်ခံယူချက်ရှိသူမဆို ကြောက်စိတ်အစားအချင်းချင်းယုံကြည်မှုတံတား‌တွေ တည်ဆောက်ခြင်းနဲ့ ဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲ၊ ပတ်ဝန်းကျင်ကောင်းတွေ ဘယ်လိုပူးပေါင်းတည်ဆောက်ကြမလဲဆိုတာကို FHM နဲ့ BPN တို့စီစဉ်တဲ့ လက်ရည်တစ်ပြင်တည်းပေါ့ဒ်ကတ်စ်မှာ နားဆင်အတွေးပွား ဆင်ခြင်ကျင့်သုံးနိုင်ပါပြီ။

အမျိုးသမီးတွေ ပါရှိနေရုံနဲ့  ဂျဲန်ဒါ တန်းတူညီမျှမှု ရှိလာနေပြီလား?အခုနောက်ပိုင်းမှာ "ဂျဲန်ဒါ တန်းတူညီမျှမှု", "အမျိုးသမီ...
23/07/2026

အမျိုးသမီးတွေ ပါရှိနေရုံနဲ့ ဂျဲန်ဒါ တန်းတူညီမျှမှု ရှိလာနေပြီလား?

အခုနောက်ပိုင်းမှာ "ဂျဲန်ဒါ တန်းတူညီမျှမှု", "အမျိုးသမီး ခေါင်းဆောင်မှု", "အမျိုးသမီးတွေရဲ့ ပါ၀င်မှု" ဆိုတဲ့ စကားလုံးတွေကို နေရာအနှံ့မှာ ပိုပြီး ကြားလာရပါတယ်။
အမျိုးသမီးတစ်ယောက်ကို ခေါင်းဆောင်နေရာမှာ ခန့်ထားတာ၊ ဆုံးဖြတ်ချက်ချတဲ့ စင်မြင့်ပေါ်မှာ ထိုင်ခုံတစ်ခု ပေးထားတာ၊ ဒါမှမဟုတ် ကိုယ်စားလှယ်အဖြစ် မြင်သာအောင် ဖော်ပြထားတာတွေကိုလည်း အားလုံးတန်းတူညီမျှမှု ရဲ့ သက်သေတစ်ခုလို ပြသလေ့ရှိပါတယ်။

ဒါပေမယ့် ဖီးမနစ်တွေရဲ့ ရှု့ထောင့် ကနေ ဆိုရင်တော့ ဒီထက်ပိုတဲ့ မေးခွန်းတွေကို မေးဖို့ ဖိတ်ခေါ်ပါတယ်။
- အဲဒီထဲမှာအမျိုးသမီးတွေသာမကပဲ လူမျိုး၊ဘာသာ၊ လိင်စိတ်ခံယူမှု ကွဲပြားနေတဲ့ လူနည်းစုမှာ တကယ်ဆုံးဖြတ်ပိုင်ခွင့် ရှိရဲ့လား။
- သူ့တို့တွေရဲ့အသံကို တကယ်အလေးထား နားထောင်ကြရဲ့လား။
- အာဏာ၊ အရင်းအမြစ်နဲ့ အခွင့်အရေးတွေကို မျှဝေထားရဲ့လား။
- ဒါမှမဟုတ် အမျိုးသမီးတစ်ယောက် ရှိနေတဲ့ပုံရိပ်ကိုပဲ အသုံးပြုပြီး မပြောင်းလဲသေးတဲ့ အာဏာဖွဲ့စည်းပုံတွေကို ဖုံးကွယ်ထားတာလား။
ဒီလိုအခြေအနေကို Gender Washing (ဂျဲန်ဒါ တန်းတူညီမျှမှု ရှိနေသယောင် ပုံရိပ်တည်ဆောက်ခြင်း )လို့ ခေါ်နိုင်ပါတယ်။

“ Gender Washing ဆိုတာ ဂျဲန်ဒါ တန်းတူညီမျှမှု ကို အမှန်တကယ် အကောင်အထည်ဖော်တာထက် ဂျဲန်ဒါ တန်းတူညီမျှမှု ရှိနေသလို ပုံရိပ်တစ်ခု ဖန်တီးဖို့ အမျိုးသမီးကိုယ်စားပြုမှု၊ ဂျဲန်ဒါ တန်းတူညီမျှမှု နဲ့ ဖီးမနစ် ဆိုင်ရာ စကားရပ်တွေ၊ အယူအဆတွေကို အသုံးချခြင်း ဖြစ်ပါတယ်။ “

ဒါပေမယ့် ဖီးမနစ်တို့ရဲ့ ပိုကျယ်ပြန့်နက်နဲတဲ့ အတွေးအမြင် ကတော့ "အမျိုးသမီးနှင့် အခြား လိင်စိတ်ခံယူမှု ကွဲပြားတဲ့သူတွေ ဘယ်နှစ်ယောက် ပါဝင်နေသလဲ" ဆိုတာထက် "ဖွဲ့စည်းပုံဆိုင်ရာ မညီမျှမှုတွေကို ဘယ်လောက် ပြောင်းလဲနိုင်သလဲ" ဆိုတာကို ပိုပြီး အရေးထားပါတယ်။

တစ်ချိန်တည်းမှာပဲ ဖီးမနစ်တို့ရဲ့ ရှူထောင့်ဟာ အမျိုးသမီးတွေရဲ့ အတွေ့အကြုံတစ်ခုတည်းကိုသာ မကြည့်ပါဘူး။ လူမျိုး၊ ဘာသာ၊ လူမျိုးနွယ်စု၊ အသက်၊ မသန်စွမ်းမှု၊ လိင်စိတ်ခံယူမှု၊ ကျား/မ ဖြစ်တည်မှု၊ စီးပွားရေးနဲ့ လူမှုရေးနောက်ခံ စတဲ့ မတူညီတဲ့ အခြေအနေတွေကြောင့် လူတွေ ကြုံတွေ့ရတဲ့ မညီမျှမှုတွေ အပြန်အလှန် ဆက်စပ်နေတတ်တာကိုလည်း ထည့်သွင်းစဉ်းစားပါတယ်။

ဒါကြောင့် ဖီးမနစ်တို့ ဆိုရင် မေးကြရမယ့် မေးခွန်းတွေက—
လူမျိုး၊ ဘာသာ၊ လူမျိုးနွယ်စု၊ မသန်စွမ်းမှု၊ အသက်၊ လိင်စိတ်ခံယူမှု၊ ကျား/မ လိင်ဖြစ်တည်မှုနဲ့ စီးပွားရေးနောက်ခံ မတူညီတဲ့ သူတွေနဲ့ အခြားဖိနှိပ်ခံအုပ်စုတွေရဲ့ အသံနဲ့ အတွေ့အကြုံတွေကို တကယ်ထည့်သွင်းစဉ်းစားထားရဲ့လား။ သူတို့တွေ အများစုနေ့စဥ် ကြုံတွေ့နေရတဲ့ ခွဲခြားဆက်ဆံမှုတွေ လျော့နည်းလာရဲ့လား။
ပညာရေး၊ အလုပ်အကိုင်၊ နိုင်ငံရေးနဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေကို ဝင်ရောက်နိုင်ဖို့ တားဆီးနေတဲ့ ဖွဲ့စည်းပုံဆိုင်ရာ အတားအဆီးတွေကို ဖယ်ရှားပေးနိုင်ရဲ့လား။
ကျားမအခြေပြု အကြမ်းဖက်မှု၊ မညီမျှတဲ့ လုပ်ခလစာ၊ အခကြေးငွေမရတဲ့ care work စတဲ့ မတရားမှုတွေကို အမှန်တကယ် ကိုင်တွယ်ဖြေရှင်းနေရဲ့လား။ —-ဆိုတဲ့ မေးခွန်းတွေကို ထည့်သွင်းစဥ်းစားရပါမယ်။

Gender Washing ဟာ ပုံရိပ်ယောင်တခုကို ပြပြီး တကယ့်မညီမျှမှုတွေကို ဖုံးကွယ်ထားနိုင်တဲ့ အန္တရာယ်ရှိတဲ့ လုပ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။

အမျိုးသမီးတွေ ပါဝင်နေပြီ၊ ဂျဲန်ဒါ တန်းတူညီမျှမှု ရှိနေပြီဆိုတဲ့ ပုံရိပ်ကို ဖန်တီးနိုင်ပေမယ့် အမျိုးသမီးအများစုနဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူတွေ နေ့စဉ်ကြုံတွေ့နေရတဲ့ မတရားမှုတွေ၊ ဖွဲ့စည်းပုံဆိုင်ရာ အတားအဆီးတွေနဲ့ မညီမျှတဲ့ အာဏာဆက်ဆံရေးတွေ မပြောင်းလဲသေးဘူးဆိုရင် အဲဒီပုံရိပ်က တကယ့်ပြောင်းလဲမှုကို အစားမထိုးနိုင်ပါဘူး။

ပိုပြီးစိုးရိမ်စရာကတော့ ဒီလိုပုံရိပ်တွေဟာ "ဂျဲန်ဒါ တန်းတူညီမျှမှု တကယ် ရှိနေပြီ" ဆိုတဲ့ အထင်အမြင်ကို ဖန်တီးပေးနိုင်တာပါ။ အဲဒီအခါ ဖွဲ့စည်းပုံဆိုင်ရာ မညီမျှမှုတွေကို ဖြေရှင်းဖို့ လိုအပ်နေသေးတဲ့ အရေးကြီးမှု၊ တာဝန်ခံမှုနဲ့ ပြုပြင်ပြောင်းလဲဖို့ ဖိအားတွေ လျော့နည်းသွားနိုင်ပါတယ်။ ရလဒ်အနေနဲ့ တန်းတူညီမျှမှုနဲ့ နဲ့ တရားမျှတမှု ဆီကို သွားတဲ့ လမ်းကြောင်းကို အဟန့်အတားဖြစ်စေပြီး တိုးတက်မှုကို နှောင့်နှေးစေနိုင်ပါတယ်။
ဒါကြောင့် ဖီးမနစ်စင် က အမျိုးသမီးတစ်ယောက်ကို မြင်သာတဲ့နေရာမှာ ထားဖို့ ထက် အမျိုးသမီးအများစုနဲ့ ဖိနှိပ်ခံအုပ်စုတွေ ကြုံတွေ့နေရတဲ့ မတရားမှုတွေကို ပြောင်းလဲဖို့၊ အာဏာကို မျှဝေဖို့၊ ဖွဲ့စည်းပုံတွေကို ပြုပြင်ပြောင်းလဲဖို့ ကို တောင်းဆိုတာ ဖြစ်ပါတယ်။

💬 သင်ရော ဘယ်လိုထင်ပါသလဲ။
သင့်ပတ်ဝန်းကျင်၊ လုပ်ငန်းခွင်၊ အဖွဲ့အစည်း၊ လူမှုရေးနဲ့ နိုင်ငံရေးအခြေအနေတွေကို ပြန်ကြည့်တဲ့အခါ—
ဂျဲန်ဒါတန်းတူညီမျှမှု ရှိနေသယောင် ဖော်ပြနေပေမယ့် တကယ့်ပြောင်းလဲမှု မရှိသေးတဲ့ အခြေအနေမျိုးတွေကို မြင်မိဖူးကြသလား။
💜 သင့်ရဲ့ အမြင်၊ အတွေ့အကြုံနဲ့ စဉ်းစားချက်တွေကို comment မှာ မျှဝေပေးပါဦး။
အမြင်မတူတာတွေကိုလည်း အပြန်အလှန်လေးစားမှုနဲ့ ဆွေးနွေးနိုင်တဲ့ ဖီးမနစ်တို့ ၀န်းကျင်တစ်ခုကို အတူတကွ ဖန်တီးကြရအောင်။

Inspired by feminist scholarship on representation, tokenism, and gender justice, including:
Pitkin, H. F. (1967). The Concept of Representation.
Phillips, A. (1995). The Politics of Presence.
Kanter, R. M. (1977). Men and Women of the Corporation. (Tokenism)
Batliwala, S. (2011). Feminist Leadership for Social Transformation.
UN Women. (2018). Turning Promises into Action: Gender Equality in the 2030 Agenda for Sustainable Development.
Fraser, N. (2009). Scales of Justice: Reimagining Political Space in a Globalizing World.

“ ရုပ်သံဂိမ်းပြိုင်ပွဲအစီအစဥ်မှာ ဝင်ရောက်ယှဥ်ပြိုင်ပြီး ဘတ်၁၀၀၀၀ ဆုဆွတ်ခူးနိုင်မယ့် အခွင့်အရေး (၃)ရက်သာ ကျန်ပါတော့တယ် ”“...
20/07/2026

“ ရုပ်သံဂိမ်းပြိုင်ပွဲအစီအစဥ်မှာ ဝင်ရောက်ယှဥ်ပြိုင်ပြီး ဘတ်၁၀၀၀၀ ဆုဆွတ်ခူးနိုင်မယ့် အခွင့်အရေး (၃)ရက်သာ ကျန်ပါတော့တယ် ”

“တင့်တင့်တို့အရွယ် အသိကြွယ်” အစီအစဥ်ဟာ ဆိုရင် အသက် ၁၅နှစ်မှ ၂၁နှစ်အရွယ်အမျိုးသမီးငယ်လေးတွေအတွက် ကိုယ့်ရဲ့ ကိုယ်စွမ်းဥာဏ်စွမ်းတွေကို ပြသပြီး ဆုငွေရယူနိုင်မယ့် အခွင့်အရေးပဲဖြစ်ပါတယ်။

ဒီအစီအစဥ်လေးရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာ့လူမှုအသိုက်အဝန်းမှာ အမျိုးသမီးငယ်တွေအပေါ် ဖိနှိပ်ထားတဲ့ အထင်အမြင်သေးတဲ့ အယူအဆတွေကို ဖယ်ရှားပြီး ရုပ်သံဂိမ်းပြိုင်ပွဲအစီအစဥ်ကနေတဆင့် ပြောင်းလဲဖို့ပဲ ဖြစ်ပါတယ်။

“တင့်တင့်တို့အရွယ်အသိကြွယ်” သရုပ်မှန် ရုပ်သံပြိုင်ပွဲအစီအစဥ်အတွက် ဇူလိုင်လ ၂၂ ရက်ထိ စာရင်းပေးသွင်းနိုင်ပါပြီ။

⏰ နေ့ရက် - သြဂုတ်လ ၃ ရက်မှ ၁၁ ရက်အထိ
🗺️ ပြိုင်ပွဲကျင်းပမည့်နေရာ - ချင်းမိုင်မြို့
🏘️ ကျင်းပမည့် ပုံစံ - အဖွဲ့လိုက် စခန်းသွင်းလေ့ကျင့်ခြင်းနှင့် ပြိုင်ပွဲအစီအစဥ်ရိုက်ကူးခြင်း

ဘယ်သူတွေပါဝင်နိုင်မလဲ?
🔶 အသက် - ၁၅ နှစ်မှ ၂၁ နှစ်အရွယ်
🔶 ဂျဲန်ဒါ - အမျိုးသမီး
🔶 နေရာဒေသ - ချင်းမိုင် နှင့် မဲဆောက်တွင် နေထိုင်သူ များ
🔶 ရိုက်ကူးရေးနှင့် တီဗီအစီအစဥ်တွင် မျက်နှာဖော်ပြ ပါဝင်နိုင်သူ
🔶 အသက် (၁၈) နှစ်အောက် ဖြစ်ပါက အစီအစဥ်တွင်ပါဝင်ရန် မိဘ(သို့မဟုတ်) အုပ်ထိန်းသူ ခွင့်ပြုချက်ရရှိထားသူ (ရွေးချယ်ခံရပါက သဘောတူညီချက်စာရွက်လက်မှတ်ထိုးရပါမည်)
🔶 သင်တန်းကာလနဲ့ ရိုက်ကူးရေးအတွက် စုစုပေါင်း အချိန် (၉)ရက် အပြည့်ပေးနိုင်သူ
🔶 ချင်းမိုင်မြို့သို့ အထောက်အထားဖြင့် ခရီးသွားလာနိုင်သူ

✨ ဘယ်လို ပါဝင်နိုင်မလဲ? ✨

ဒီအစီအစဥ်လေးမှာ ပါဝင်လိုသူများအနေနဲ့ ⬇️
(၁) အောက်ပါ ဖောင် လင့်ခ်မှာ ကိုယ်ရေးအချက်အလက်လေးတွေနဲ့ မေးခွန်းလေးတွေကို ပြည့်စုံစွာ ဖြည့်စွက်ဖြေဆိုပေးပါ။

https://docs.google.com/forms/d/e/1FAIpQLSe_waOzhezdA4_Nuw2ViDieYwfJf23jbS7NdEaw_ObLUsoHNQ/viewform

(၂) ပထမအဆင့် ရွေးချယ်ခံရသူများကို (၂)ပတ်အတွင်း email မှ တဆင့် အကြောင်းကြားသွားမှာဖြစ်ပါတယ်။
(၃) ပဏာမအဆင့် ရွေးချယ်ခံရသူများက စက္ကန့် (၃၀) မှ (၁) မိနစ်စာ မိတ်ဆက်ဗီဒီယို အတိုလေးကို ထပ်မံပေးပို့ရမှာဖြစ်ပါတယ်။
(၄) ဗီဒီယိုပေးပို့ပြီးနောက် ဒုတိယအဆင့်တွင် ထပ်မံရွေးချယ်ခံရသူများသာ ပြိုင်ပွဲမှာ ပါဝင်ခွင့် ရရှိမှာဖြစ်ပါတယ်။

🛑 မှတ်ချက်။ ။
🔶 စာရင်းပေးသွင်းခြင်းနှင့် အစီအစဥ်တွင်ပါဝင်ရန် အခကြေးငွေပေးစရာမလိုပါ။ နေထိုင် စားသောက်ခြင်းနှင့် သွားလာရေးအတွက် ပွဲစီစဥ်သူအဖွဲ့များမှ တာဝန်ယူပေးသွားမည် ဖြစ်ပါသည်။
🔶 ရွေးချယ်ခံရသူသည် အသက်(၁၈)နှစ်အောက်ဖြစ်ပါက မိဘ(သို့မဟုတ်) အုပ်ထိန်းသူတစ်ဦး ခေါ်ဆောင်ခွင့်ရှိသည်။

#တင့်တင့်တို့အရွယ်အသိကြွယ်


#မြစ်ရေစီးသံ

ที่อยู่

San Na Meng, San Sai District
Chiang Mai
50210

เว็บไซต์

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Feminist Hub Myanmar โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

ทางลัด

แชร์