Our Home - ငါတို့အိမ်

Our Home - ငါတို့အိမ် အိမ်ယာမဲ့ပြည်သူအတွက် ပြုလုပ်လျှက်ရှိသောအဖွဲ့အစည်းဖြစ်သည်

စစ်ဘေးရှောင်ပြည်သူတွေအတွက်အစဉ်တစိုက်ပါဝင်လှုဒါန်းကြ‌သည့်လူတွေပါ။🥰
19/05/2026

စစ်ဘေးရှောင်ပြည်သူတွေအတွက်အစဉ်တစိုက်
ပါဝင်လှုဒါန်းကြ‌သည့်လူတွေပါ။🥰

စစ်ဘေးရှောင်ပြည်သူများအတွက်ပါဝင်လှုဒါန်းလိုပါက Viber အကောင့်ကို Scan ဖတ်ပြီးစုံစမ်းမေးမြန်း၍ပါဝင်လှုဒါန်းနိုင်ပါတယ်။flag...
18/05/2026

စစ်ဘေးရှောင်ပြည်သူများအတွက်ပါဝင်လှုဒါန်းလိုပါက Viber အကောင့်ကို Scan ဖတ်ပြီးစုံစမ်းမေးမြန်း၍ပါဝင်လှုဒါန်းနိုင်ပါတယ်။

[email protected] ကိုလည်းဆက်သွယ်စုံစမ်းလှုဒါန်းနိုင်ပါသည်။

ခက်ခဲစွာရပ်တည်နေတဲ့စစ်ဘေးရှောင်ကလေးများ၊သက်ကြီးရွယ်အိုးများ၊ကျန်းမာရေးမကောင်းသူများအတွက်အလှုခံပါတယ်။မှတ်ချက်။ လူသားတွေဆီ...
18/05/2026

ခက်ခဲစွာရပ်တည်နေတဲ့စစ်ဘေးရှောင်ကလေးများ၊သက်ကြီးရွယ်အိုးများ၊ကျန်းမာရေးမကောင်းသူများအတွက်အလှုခံပါတယ်။

မှတ်ချက်။ လူသားတွေဆီကသာကအလှုငွေလက်ခံပါမည်။
(ကျားဖြန့်အန္တရာယ်သတိပြုရန်)

ငါတို့အိမ်အဖွဲ့သည်လက်ရှိစစ်ဘေးရှောင်များကို
အစဉ်တစိုက်ကူညီလျှက်ရှိရာယခုအခါစစ်ဘေးရှောင်များအတွက်အရေးပေါ်လိုအပ်ချက်များ
ရှိနေပါသည်။ ဤအချိန်စစ်ဘေးရှောင်များလည်း
လူသားဆန်စွာရှင်သန်လိုကြောင်းအထူးပြောရန်လိုမည်မထင်သလိုဤအချိန်မှာစစ်ဘေးရှောင်တွေမည်မျှခက်ခဲစွာရှင်သန်နေရကြောင်းကိုမျက်ရည်ခံထိုး
၍ရေးသားဖော်ပြရန်လိုမည်ဟုမထင်ပါ။
ထို့ကြောင့် လူချင်းအတူတူလူကကူမှသာလျှင်
လူပီသမည်ဟု အလ္လာ၊ခရစ်တော်၊ဗုဒ္ဓ၊ခရစ်ရှနား
တို့ကဆုံးမသွားမည်ဟုကျွန်ုပ်တို့ယုံကြည်သောကြောင့် သင့်လိုလူသားဆန်စွာနေချင်သော
စစ်ဘေးရှောင်လူသားများအတွက် အောက်ဖော်ပြပါအကူညီများကိုလူတွေဆီကသာအလှုခံပါကြောင်းတင်ပြအပ်ပါသည်။

၁။ကိုယ်ဝန်ဆောင်‌ကျန်းမာရေးစရိတ်တစ်ဦးလျှင် (၁)သိန်းကျပ်လှုဒါန်းနိုင်ပါသည်။

၂။ကျန်းမာရေးဆေးဝါးများဝယ်ယူစရိတ်အခမဲ့ဆေးခန်းတစ်ခန်းစာ (၃၀)သိန်းကျပ်

၃။ဆန်၊ဆီ၊ဟင်း ရိက္ခာစရိတ်မိသားစုတစ်စုလျှင်
လစဉ်(၁)သိန်းကျပ်

၄။ပညာသင်‌ထောက်ပံ့ကြေးကျောင်းသူကျောင်းသားတစ်ဦးလျှင် (၁)သိန်းကျပ်

၅။ အဝတ်အထည်၊ဖိနပ်၊ဖျာ၊စောင်၊မိုးကာ၊ခြင်ထောင် (၃၀)သိန်းကျပ်

အထူးသတိပြုရန်။ အွန်လိုင်းငွေလိပ်ဂိုဏ်းကျားဖြန့်များအားအထူးသတိပြုကာကွယ်နိုင်စေရန်အတွက်
လှုဒါန်လိုသည် "လူ"များအနေဖြင့် Viber သို့ Scan ဖတ်၍ Video Call ခေါ်ဆိုစုံစမ်းစစ်ဆေးမေးမြန်းပြီးမှသာလှုဒါန်းကြပါရန်။

Viber ပိုင်ရှင်မှာ ငါတို့အိမ်အဖွဲ့၏ဒါရိုက်တာဦးအောင်သူဖြစ်ပြီး ဦးအောင်သူ၏ရုပ်ပုံကို
Our Home -ငါတို့အိမ် page တွင်
တင်ထားပါသည်။

အရေးကြီးသောတာဝန်များထမ်းဆောင်နေရ၍ဒီနေ့ကျရောက်သည့် ၁၀နှစ်ပြည့်အခမ်းအနားကိုပျော်ရွှင်စွာမကျင်းပနိုင်တဲ့အတွက်များစွာစိတ်မကေ...
22/02/2026

အရေးကြီးသောတာဝန်များထမ်းဆောင်နေရ၍ဒီနေ့ကျရောက်သည့် ၁၀နှစ်ပြည့်အခမ်းအနားကိုပျော်ရွှင်စွာမကျင်းပနိုင်တဲ့အတွက်များစွာစိတ်မကောင်းဖြစ်မိပါကြောင်းတင်ပြအပ်ပါသည်။

ငါတို့အိမ်သည်ပြည်သူ့အတွက်အစဉ်အမြဲရပ်တည်၍ပြည်သူကောင်းကျိုးများဆက်လက်တာဝန်ထမ်းဆောင်နေမည်
ဖြစ်ပါကြောင်းကတိပြုပါသည်။

ကျနော်တို့အဖွဲ့ရဲ့ ဇန်နဝါရီလမှာကုန်ခဲ့တဲ့အသုံးစရိတ်ရှင်းတမ်းပါ။သုံးစွဲမှုအထောက်အထားစာရွက်စာတမ်းနဲ့တကွသက်ဆိုင်ရာNUG ကိုအစ...
10/02/2026

ကျနော်တို့အဖွဲ့ရဲ့ ဇန်နဝါရီလမှာကုန်ခဲ့တဲ့အသုံးစရိတ်ရှင်းတမ်းပါ။သုံးစွဲမှုအထောက်အထားစာရွက်စာတမ်းနဲ့တကွ
သက်ဆိုင်ရာNUG ကိုအစီရင်ခံထားပါတယ်ဗျ။
ဒီလမှာ Starlink bill ဆောင်ဖို့အတွက်‌အရေးပေါ်ငွေလိုနေပါတယ်။

အစီရင်ခံစာမထုတ်ပြန်နိုင်လို့စိတ်မကောင်းပါကြောင်း
01/02/2026

အစီရင်ခံစာမထုတ်ပြန်နိုင်လို့စိတ်မကောင်းပါကြောင်း

ဝိုင်းဝန်းထောက်ပို့ကြသောလူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများကို ငါတို့အိမ်အဖွဲ့မှအထူးပင်ကျေးဇူးတင်ရှိပါကြောင်း
17/01/2026

ဝိုင်းဝန်းထောက်ပို့ကြသောလူပုဂ္ဂိုလ်နှင့်
အဖွဲ့အစည်းများကို ငါတို့အိမ်အဖွဲ့မှ
အထူးပင်ကျေးဇူးတင်ရှိပါကြောင်း

CDM Support Program ကိုမဖျက်သိမ်းကြောင်းကြေညာခြင်း-------------------------------------ကျွန်ုပ်တို့ CDM Support Program ...
28/12/2025

CDM Support Program ကိုမဖျက်သိမ်း
ကြောင်းကြေညာခြင်း
-------------------------------------

ကျွန်ုပ်တို့ CDM Support Program သည်
စစ်အာဏာသိမ်းချိန် ၂၀၂၁၊ဖေဖော်ဝါရီ၊၁ ရက်နေ့မှစတင်၍ အကြမ်းမဖက်အာဏာဖီဆန်မှုဖြင့်တော်လှန်ခဲ့‌ကြသော
CDM ဝန်ထမ်းများအား အိမ်ရာငှားရမ်းပေး
ခြင်း၊စားဝတ်နေရေးနှင့်ကျန်းမာရေးဆိုင်ရာ
ထောက်ပံ့မှုများစွာပြုလုပ်ခဲ့ပါသည်။

တော်လှန်ရေးကာလကြန့်ကြာလာသည်နှင့်အမျှပြည်သူများ၏CDM များ‌အပေါ်စိတ်ဝင်စားမှုအားနည်းခြင်းနှင့်
CDM များကိုယ်တိုင်ကပူးပေါင်းပါဝင်မှု
မရှိသောကြောင့် CDM Support Program အားဖျက်သိမ်းရန်စီစဉ်ခဲ့‌ကြသော်လည်း
ယခုအခါ CDM Support Program ကို
ဖျက်သိမ်းခြင်းမပြုကြောင်းငါတို့အိမ်မှ
အတည်ပြုခဲ့ပြီးဖြစ်ပါသည်။

ထို့ကြောင့် CDM Support Program အား
ဆက်လက်ရပ်တည်နိုင်စေရန်တော်လှန်ပြည်သူများနှင့် CDM များထံအပ်နှံပါသည်။

18/12/2025
ကျနော်တို့ဖုန်းကံစမ်းမဲအစီအစဉ်ဟာသိပ်ကိုစိုးရိမ်စရာဖြစ်နေတဲ့အတွက်တော်လှန်ပြည်သူများအားလုံးဝိုင်းလို့ကူညီပေးစေလိုပါတယ်။ဖုန...
18/12/2025

ကျနော်တို့ဖုန်းကံစမ်းမဲအစီအစဉ်ဟာ
သိပ်ကိုစိုးရိမ်စရာဖြစ်နေတဲ့အတွက်
တော်လှန်ပြည်သူများအားလုံးဝိုင်းလို့
ကူညီပေးစေလိုပါတယ်။

ဖုန်းသုံးလုံးကကျနော်တို့ဝယ်ယူပြီးမဲဖောက်ရမှာဖြစ်ပြီးလက်ရှိမဲရောင်းချရာဝယ်ယူမဲ
ဖောက်မည့်ဖုန်းတန်ဖိုးကိုမရရှိသေးလို့
ကျနော်တို့ကြီးစွာအခက်ခဲဖြစ်နေပါတယ်။

လက်ရှိတော်လှန်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်မရှိမဖြစ် Starlink
အပါအဝင် Power Station, Laptop များ
ဝယ်ယူရန်အတွက်ယခုလိုကံစမ်းမဲအစီအစဉ်ဖြင့်ရန်ပုံငွေရှာဖွေရာမှာ
လိုအပ်သောပစ္စည်းများမဝယ်ယူနိုင်ပဲ
မဲဖောက်မည့်ဖုန်းသုံးလုံးအားမည်သို့
စိုက်ထုတ်ရမည်နည်းဆိုသောစိုးရိမ်
မှုများဖြစ်ပေါ်နေပါတယ်။

တော်လှန်ရေးညီအကိုအချင်းချင်းကူညီ
ပေးကြဖို့တောင်းဆိုပါတယ်။
ကျနော်တို့အနည်းဆုံး Starlink မှမဝယ်
နိုင်ရင်လက်ရှိဆောင်ရွက်နေသော CDM Support Program ထောက်ပံ့မှုလုပ်ငန်းစဉ်များနှင့်လက်ရှိလုပ်နေသောလုပ်ငန်းများ
အားရပ်နားရမည့်အခြေအနေနှင့်ရင်ဆိုင်
နေရပါတယ်။

တော်လှန်ရေးအင်အားစုညီအကိုများနှင့်
တော်လှန်ပြည်သူများပါဝင်ကူညီမှသာ
‌ကျနော်တို့ဆက်လက်တိုက်ပွဲဝင်နိုင်မှာ
ဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ ၁၀ ဖွဲ့လောက်က
PDF ညီအကိုတစ်ယောက်လျှင်တစ်မဲ
၂၀၀၀ ကျပ်ဖြင့်ဝယ်ယူအားပေးရင်ကို
တစ်ရက်တည်းနှင့်ကျနော်တို့အခက်ခဲများ
ကျော်လွှာနိုင်မှာဖြစ်ပါတယ်။

တော်လှန်မိဘပြည်သူများမှလည်းပါဝင်
ကူညီပါက ကျနော်တို့လိုအပ်နေတဲ့ပစ္စည်းများဝယ်ယူနိုင်ပြီးတော်လှန်ရေးလုပ်ငန်းများအရှိန်အဟုန်ကောင်းစွာဆက်လက်
တိုက်ပွဲနိုင်မည်ဖြစ်ပါကြောင်းတင်ပြ
အပ်ပါတယ်။

အရေးပေါ်ဝယ်ယူရန်လိုအပ်သော
အရာများ👇

၁။ Starlink
၂။Power Station
၃။Phone
၄။ Laptop
၅။ ရုံးအဆောက်အဦး(ဝါး၊ထရံ၊သွပ်၊သစ်သားပြားများ)
၆။အိမ်သာဆောက်လုပ်ရန်

ที่อยู่

Chiang Mai

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Our Home - ငါတို့အိမ်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์